နင်ယုံရဲ့လား

ပေါ့ပျက်ပျက်
ရယ်သွမ်းသွေး
လောကကြီးကို
အရေးမထားတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
လေးနက်ခြင်းတွေရှိတယ်။
နင်သိရဲ့လား

မထီမဲ့မြင်နဲ့
လောကကြီးအတွက်
ကဗျာမဆန်တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
နူးညံ့တဲ့သံစဉ်တွေရှိတယ်။
နင်ထင်ရဲ့လား
ပြုံးစပ်စပ်မျက်နှာပေးနဲ့
ပျော်ရွှင်ခြင်းးသာရှိတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
လွမ်းဆွေးခြင်းဆိုတာရှိတယ်။
နင်မြင်နိုင်လား
မချစ်တတ်ဘူး
နင်ထင်ခဲ့တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
ချစ်ခြင်းအပြည့်ရှိတယ်။
နင်သိထားပါ
လွတ်လပ်ပွင့်လင်း
ဟန်ဆောင်ခြင်းကင်းတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
ပြင်းထန်တဲ့
မာနတွေရှိတယ်။
သူအတွက် သီးသန့်လေးတွေ အမြဲရှိနေတတ်တဲ့ ကောင်မလေး တစ်ယောက်ရဲ့ အချစ်က ကံကောင်းပါစေကွာ။
ReplyDeleteိနင်ယုံမယုံတော့မ
ReplyDeleteသိဘူး..............
အမရာတော့ယုံတယ်............
သိစေချင်
ReplyDeleteနင်သိရဲ့လား...
ပေါ့ပျက်ပျက်
ရယ်သွမ်းသွေး
လောကကြီးကို
အရေးမထားတဲ့
နင့်ရဲ့ လေးနက်ခြင်း ဆိုတာ
ငါ ယုံချင်တရ်...
မထီမဲ့မြင်နဲ့
လောကကြီးအတွက်
ကဗျာမဆန်တဲ့
နင့်အတွက်
နူးညံ့တဲ့သံစဉ်တွေရှိတယ် ဆိုတာ
ငါ ယုံချင်တရ်...
နင်ထင်နေလား
ပြုံးစပ်စပ်မျက်နှာပေးနဲ့
ပျော်ရွှင်ခြင်းးသာရှိတဲ့
ကောင်မလေးတစ်ယောက်
ငါရင်ထဲမှာ မရှိဘူးဆိုတာ...
နင်မြင်နိုင်လား
ငါရင်ထဲက ဖြစ်ပျက်နေတာကို
နင်ထင်ခဲ့တဲ့
မချစ်တတ်တဲ့ နှလုံးသားကို
ငါမပိုင်ဘူး
လွတ်လပ်ပွင့်လင်း
ဟန်ဆောင်ခြင်းကင်းတဲ့
နင်ရဲ့ရင်ထဲမှာ
ပြင်းထန်တဲ့
မာနတွေရှိတယ်ဆိုရင်တောင်...
အဟီး။ ဘာသာပြန်ရင်နှင့် သူရည်းစားဘက်မှ ပြန်ရေးသလိုဖြစ်သွားသည်။
ကဗျာလေးက အရမ်းကောင်းတာဘဲ ကောင်လေးသာသိရင်တော့ အရမ်းကြွေသွားမယ်
ReplyDelete