Subscribe:

Sunday, June 15, 2008

နေ့တနေ့ရဲ့နံနက်စာ

ကိုBDဆီသို့ အလည်တခေါက်

Dream ဒီနေ့ အားနေတာနဲ့ dream လေးစားရတဲ့ အစ်ကိုအစ်မတွေဆီကို အလည်သွားပါတယ်။ အဲဒီထဲက ကိုအနက္က..အဲမှားလို့ ....ကိုအနက်ရောင် အိမ်မက်ရေးတဲ့ ၀တ်ရုံတခုရဲ့ ရာဇ၀်နဲ့ နံနက်စာလေးကို အရမ်းနှစ်သက်ပါတယ်။ ကိုBDရေး သလိုပါပဲ ဒီဝတ်ရုံဟာ အရာရာကို ပြောင်းလဲပေး ခဲ့ပါတယ်။ dreamတို့ ချစ်သူနှစ်ဦးကို ကွဲစေခဲ့တာ ဒီဝတ်ရုံလေးကြောင့်လည်း တစိတ်တပိုင်းပါတယ်။ ကိုBDရေးတာ ဖတ်ပြီးရင်ထဲမှာ အရမ်းခံစား ရပါတယ်။ သူ့ကိုလည်း ခုချိန်ထိ မမေ့နိုင်ဘဲ သတိရနေ ပါသေးတယ်။ dreamမှာ အခွင့်အရေး ထပ်ရှိရင် အဲဒီဝတ်ရုံနဲ့ ၀တ်ရုံရှင်လေးကို .......???? ဒါပေမဲ့ ခုတော့... dreamဆီကို သူပြန်လာမှာ မဟုတ်ဘူးဆိုတာ သိနေပေမဲ့လည်း မျှော်လင့်ချက်လေးနဲ့ စောင့်နေတယ်ဆိုတာ သူစေချင်လိုက်တာ။ ခုတော့လည်း အိမ်မက်တပိုဒ် လိုပါပဲလေ ...သူရွှေအိမ်စံမှာ ပျော်နေရင် ပြီးတာပါပဲ....

နံနက်စာကိုတော့ သူငယ်ချင်းတွေလည်း စားရအောင် ဖော်ပြပေး လိုက်တယ်နော်..

ကျွန်တော်နှင့် နံနက်စာ

ကျွန်တော်။ ။ကိုယ့်ကို“အိပ်မက်” တစ်ပွဲပေးကွာ ညီလေး....“မျှော်လင့်ချက်” များများထည့်… “ အတိတ်ဆိုး” တွေမထည့်နဲ့… “အနာဂတ်” ရွှဲရွှဲလေးစမ်းကွာ …“ခံစားချက်” ကိုထည့်ရင် ဒီအတိုင်း မထဲ့နဲ့ ကပ်ကြေးလေးနဲ့ ညှပ်ပြီးထည့်… အဲမေ့လို့… မင်းတို့ဆိုင်မှာ ရှိမယ်ဆိုရင်တော့ “ဘ၀”ကို နဲနဲလေး ပါးပါးလှီးပြီး ထည့်ကွာ…။ ဘ၀ဆိုတာက ပါးပါးလှီးထား မှကောင်းတာ… အတုံးလိုက် အတစ် လိုက်ဆို သိပ်မကောင်းဘူး။ လူကို ဒုက္ခပေး တတ်တယ်

ကောင်လေး။ ။ ဟုတ်ကဲ့ အစ်ကို…အော်…ဒါနဲ့…“မျက်ရည်” ထည့်အုံးမလား အစ်ကို??

ကျွန်တော်။ ။အေး…ရှိရင်တော့ ထည့်ကွာ!နဲနဲပေါ့… အိပ်မက်ဆိုတာက မျက်ရည်ပါမှ ကောင်းတာကွ။

ကောင်လေး။ ။ဘာသောက် အုံးမလဲ အစ်ကို….“ဖြစ်ချင်တာလား”…“ဖြစ်သင့်တာလား”…???

ကျွန်တော်။။ကိုယ်ကတော့ “ဖြစ်သင့်တာ” သောက်နေကျကွ… ဒါပေမယ့် ဒီတစ်ခါတော့ အပြောင်း အလဲလေး ဖြစ်အောင် “ဖြစ်ချင်တာ” တစ်ခွက်ပေးကွာ …“နောင်တ”တော့ လျော့ထည့်ကွာ ညီလေး … ငါ့ဘ၀မှာ“ ဖြစ်သင့်တာတွေ” ချည်းသောက် နေရတာ ကြာတော့လည်း စိတ်ကုန်လာပြီ....။

ဒီလိုနဲ့ပဲ… ကျွန်တော့်ရဲ့ နံနက်စာကို “မျက်ရည်နဲနဲ ပါတဲ့ အိပ်မက် တစ်ပွဲ” …“ နောင်တနဲနဲ လျော့ထည့် ထားတဲ့ဖြစ်ချင်တာ တစ်ခွက်”နဲ့ကို အပြီးတိုင် နှုတ်ဆက် ထွက်ခွာပြီးလို့ ....................

3 comments:

  1. good တယ်ဗျာ go on >>>>

    ReplyDelete
  2. သိပ်ကိုကောင်းတဲ့ပို့စ်လေးတစ်ခုပါပဲ။ဖြစ်သင့်
    တာလေးကိုပဲသောက်သွားချင်ပေမဲ့ဖြစ်ချင်
    တာကိုလဲသောက်ချင်နေမိသေးတယ်။

    ReplyDelete
  3. ဒီကောင်ကြီးကို မနက်စာ စားဖို့ နားရွက်ဆွဲ ခေါ်ခဲ့မယ်။

    ReplyDelete