Subscribe:

Friday, June 6, 2008

စွန့်  လွတ်ထွက်ခွာ သွားသောတစ်ချိန်ကချစ်သူ....

ဒီရင်ထဲကလာတဲ့စာသားလေးတွေကတော့မဂင်္ဂင်္ါဆိုတဲ့အစ်မတစ်ယောက်နဲ့ 
ဖြစ်ရပ်ခြင်းခံစားချက်ခြင်းထပ်တူညီ
လို့ ပါ။
..........................................


မင်းမှမင်းပဲ



မေ့လိုက်ပါပြီလို့ပြောတဲ့သူကို သတိရလွန်းလို့ မနေနိုင်တော့လွန်းလို့ဆက်သွယ်မိတာ
မှားတယ်ဆိုလည်း ခံဖို့အသင့်ပါပဲနေနိုင်အောင်နေမယ်လို့ဘယ်လိုပဲ စဉ်းစားထား...စဉ်းစားထား...
အနှောက်အယှက်ပေးချင်တာတော့မဟုတ်ပါဘူး။ဒါပေမယ့် မင်းကိုမြင်မိလားလို့ သွေးရူးသွေးတန်း ငါလူတိုင်းကိုလိုက်မေးနေမိတယ်။မင်းကတော့ ငါသွေးအေးနေတယ်လို့ထင်ကောင်းထင်လိမ့်မယ်
ငါ့ရဲ့ဘာမေးလ်မှမလာ..ဘာဖုန်းမှမလာ...ငါဖုန်းဆက်လိုက်ရင် အနှောက်အယှက်ဖြစ်သွားမလား
ငါပို့လိုက်တဲ့မေးလ်ကြောင့်..
မင်းစိတ်မကောင်းဖြစ်သွားမလား၊
မင်းကိုမေးလ်ပို့ရင်ငါရင်တွေပွင့်ထွက်မိလိမ့်မယ်..
ငါ့မေးလ်ကြောင့် မင်းရဲ့ဆုံးဖြတ်ချက်ကို မမှားယွင်းစေချင်ခဲ့ဘူး၊
အသနားခံသလိုဖြစ်ပြီး မင်းဆုံးဖြတ်ချက်ကို ဘယ်အရာကြောင့်မှ
မမှားစေချင်ဘူး။ငါ့ရင်ထဲကစေတနာတွေမင်းမြင်နိုင်ရင် ငါကျေနပ်ပါတယ်..
ကောင်လေးရယ်၊ငါလေ...နင်မရှိပဲမနေတတ်ဘူး
အရှင်းဆုံးပြောရရင် အရင်ကလည်းငါ့ဘေးမှာနင်မရှိနေပါဘူး
ဒါပေမယ့် တနေရာကနေငါ့ကိုချစ်နေတဲ့
မင်းအချစ်တွေကြောင့် ငါနေပျော်ခဲ့ပါတယ်
ခုတော့ငါ့ကိုအမြင်တွေစောင်းပြီး
နာကျည်းမုန်းတီးသွားတဲ့မင်းကြောင့်..
ငါ့ဘ၀မှာ ငါတကယ်မနေပျော်တော့ဘူး၊မင်းယုံချင်မှယုံလိမ့်မယ်၊
မင်းယုံကြည်မှာမဟုတ်လို့ငါမပြောပြချင်ဘူး..
ဒါပေမယ့် ငါ့ရင်ထဲမှာအရမ်းတင်းကျပ်နေပြီ
မင်းများဘယ်အချိန်အွန်လိုင်းမှာဘွားခနဲပေါ်လာမလဲလို့ငါစောင့်ကြည့်နေမိတယ်
တကယ်မင်းပေါ်လာရင်လည်း...ငါ ဘာမှပြောမှာမဟုတ်ပါဘူး
ငါ့ကောင်လေး စိတ်ညစ်သွားမှာ စိတ်ရှုပ်သွားမှာ စိုးရိမ်တယ်..
မင်းရဲ့ဖုန်းများလာမလားလို့ ညနေညနေ မပြန်ပဲ
အချိန်အကြာကြီးအထိစောင့်စောင့်နေတတ်တယ်
ဒါပေမယ့် မင်းဖုန်းတကယ်မဆက်ခဲ့ပြန်ဘူး...
မနက်မနက်ဆိုလည်း ဖုန်းထဲမှာများ မစ်စ်ကောလ်ဝင်နေမလားဆိုပြီး အပြေးအလွှားကြည့်မိတယ်
ငါ့ မျှော်လင့်ချက်တွေမဲ့နေသလိုပဲ..ငါမင်းဆီကဘာမှမမျှော်လင့်ရဲတော့ဘူး
မင်းအခုလောက်ငါ့အပေါ်ပြတ်သားနိုင်သွားတာ.....ဘာ့ကြောင့်များလဲ
ငါဆက်မတွေးရဲဘူး...
ငါအချိန်တိုင်းမင်းအကြောင်းတွေးနေတယ်ဆို မင်းက ခနဲ့ပြီးရယ်ဥိးမှာမဟုတ်လား
ငါပြင်ဆင်လို့မရတဲ့ဘ၀တခုမှာပဲ ငါကိုယ်ငါ မင်းကိုတိတ်တဆိတ်သတိရနေဦးမှာပါ
ဒါပေမယ့်..မင်းသိခြင်း မသိခြင်းတွေကတော့...
မနက်က လမ်းလျှောက်လာတော့ လေအေးတွေတိုက်တယ်
ဒီအချိန် ဒီမှာ မြောက်ပြန်လေခေါ်တဲ့ ခြောက်သွေ့သွေ့လေတွေတိုက်တယ်...အေးနေတာပဲ
ငါ့ရင်တွေကတော့ ပူဆဲပါပဲ နောက်ပြီး ငါခံစားမှုတခုကို ခံစားလိုက်ရတယ်
လေအေးတွေတိုက်ပြီးး...နေကနွေးနွေးလေးပူနေတယ်..
ငါဒီလိုမျိုးကိုခံစားဖူးပါတယ်လို့ တွေးမိလိုက်တော့......ငါတော်တော်ငိုချင်သွားတယ်
အဲဒီတုန်းက မင်းရှိနေခဲ့တယ် လေအေးအေးလေးနဲ့ နေပူပူအောက်မှာမင်းနဲ့ငါ တချိန်က...
အတူတူဆိုတာတွေ...ငါ ၀မ်းနည်းခြင်း..ကြည်နူးခြင်းလွမ်းဆွတ်ခြင်းနာကျင်ခြင်း
တွေကိုတပြိုင်နက်ခံစားလိုက်ရသလိုပဲ အဲခံစားချက်ကိုငါလိုချင်တယ်..
မျက်စိလေးမှိတ်ပြီး မင်းကငါ့ဘေးမှာလို့ စိတ်ကူးယဉ်လိုက်ချင်တယ်..
ခဏတာကြည်နူးမိတာမှန်ပေမယ့်
တကယ်မဟုတ်ဘူးဆိုတာကိုသိလိုက်ရချိန်မှာ ငါရင်ထဲ လွမ်းလာတယ်
နောက်ပြီး မင်းငါ့ကိုမချစ်တော့ဘူးဆိုတာ ထိတ်လန့်စွာ အသိဝင်လာချိန်မှာတော့
ကောင်လေးရယ် ငါ့ရင်တွေနာကျင်နေအောင်.....ငါ ခံစားလိုက်ရတယ်..
တချိန်တုန်းကနမ်းခဲ့ဖူးတဲ့ ပါးပြင်လေး
မေ့လို့မရတဲ့ တို့ရဲ့နေ့စွဲများ
ခြောက်ခြားစွာနေ့တွေများရယ်ရောက်လို့လာခဲ့
အခုတော့ငါ့မျှော်လင့်ချက်ဝေးသွားမလား
ငါနမ်းပစ်ခဲ့တဲ့ပါးပြင်လေးရယ် မေ့ပစ်လို့ကိုမရ...
တိုးတိုးလေးညည်းမိရင်း....မျက်ရည်တွေကပါးပေါ်ရောက်လာတာငါမသိလိုက်ဘူး..
ငါအသိစိတ်နဲ့..ခဏခဏ ကင်းကွားသွားတတ်တယ် ။
ငါ့စိတ်တွေကမင်းဆီပဲရောက်ရောက်နေတယ်တယ်
မင်းရင်ထဲကစိတ်ကိုအနီးအနားကပ်လာပြီးပြေးကြည့်မိတာခဏခဏပဲ.
ဒါပေမယ့်...မင်းပျောက်နေတယ်နော်..
မင်းဘယ်မှာလဲ တချိန်ကချစ်သူကောင်လေးရယ်
ငါလွမ်းလွန်းလို့သေတော့မယ်လို့ မရှက်တမ်းပြောရင်.....မင်း...ငါ့ကိုအပြစ်တင်ဥိးမှာလား...
မင်းပြောတဲ့စကားလုံးဒဏ်တွေကိုငါကြောက်တယ်..မင်းနဲ့ဆုံချင်ပေမယ့်...မဆုံရဲဘူး
မင်းအသံကြားချင်ပေမယ့် ... ဖုန်းမဆက်ရဲဘူး။
ပြောင်းလဲသွားတဲ့မင်းကို....ငါရင်မဆိုင်ရဲဘူး
တကယ်လို့မင်းသာပြတ်ပြတ်သားသားတခုခုပြောလိုက်ရင်
အဖြစ်မှန်ပါဆိုတာ ငါကိုယ်ငါ လက်မခံရဲဘူး
မင်းရဲ့ ငါ့ကိုမေ့ပစ်လိုက်ပြီ ဆိုတဲ့ မေးလ်ကို ငါကိုယ်တိုင်မဝေခွဲတတ်တဲ့
အခါမျိုးမှာတချို့သူငယ်ချင်းတွေကိုပြ ကြည့် တော့ စိတ်မကောင်းမဖြစ်ပါနဲ့
သူတကယ် အစ်မကိုမေ့လိုက်ပြီ ဆိုတဲ့ ငါနဲ့နင့်အကြောင်းသိတဲ့...
အမကို အကိုကပြန်ဆက်မှာမဟုတ်တော့ဘူးထင်တယ် ဆိုတဲ့
နင်တို့အဆောင်က ကောင်လေးးးးး
စိတ်မကောင်းဖြစ်စရာတွေမတွေးပါနဲ့အမရယ်...
အကိုကလည်းနေနိုင်လိုက်တာဆိုတဲ့....
မင်းညီလေးတွေကျနော် အကု့်ကိုမမြင်မိတာကြာပြီ ...
ဆိုတဲ့ မင်းပတ်ဝန်းကျင်ကကောင်လေးတွေ
ငါမကြားချင်ဆုံး သုံးသက်ချက်ကိုပဲငါရရနေရတယ်..
ဘာကြောင့်လဲ ငါကိုယ်တိုင်လည်းနင်နဲ့ ပက်သက်တဲ့သူတွေကိုပဲ
နင့်အကြောင်းတွေလိုက်မေး..
နင်ကိုမြင်မိလားလိုက်မေး ငါအရူးတပိုင်းကိုဖြစ်နေပြီ....
နင်ကတော့ နေနိုင်ရက်လိုက်တာဟာ....
သူငယ်ချင်းတယောက်လိုတောင် နင်သဘောမထားနိုင်.တော့ဘူး
ငါမကောင်းဘူး..ငါမတရားဘူး..ငါဟာလူမိုက်မ..ငါဟာ ......
နင်မကေင်းတာတွေစွပ်စွဲခဲ့ပေမယ့် ငါနင့်ကို မမုန်းဘူး..စိတ်မနာဘူး...
နောက်ပြီး...နင့်အကြောင်းတွေကို ကြုံ တိုင်းမေးမိနေတုန်း...
နင့်ဆီကတခုခုကိုမျှော်နေတုန်း
ဒီလိုပဲအချိန်တွေ တရွေ့ရွေ့ကုန်ခဲ့ပေမယ့်....
နင်...ငါ့ရှေ့ကပျောက်ဆုံးနေဆဲပဲကောင်လေးရယ်..

1 comments:

  1. ဒီကဗျာလေးကို ဖတ်မိတော့ ကွယ်ပျောက်နေပြီလို့ ထင်ထား တဲ့ ခံစားချက်လေးတွေက ပေါ်လာတယ် ။ အမှန်အတိုင်း ၀န်ခံ ရရင် သူများလား လို့ တောင် တွေးလိုက်မိသေး ။ ဒါပေမဲ့  sg ကဆိုတာရယ် ။ ကဗျာမှာ အစိမ်းရောင်လေးနဲ့ ရေးထားတဲ့ နေရာကိုရောက်မှ မဟုတ်ဘူးဆိုတာ သေချာ သွားတော့တယ် ။

    ReplyDelete