တစ်ခါသော် ပုဏ္ဏားကြီး တစ်ယောက်သည်မြတ်စွာဘုရား ထံသို့ ရောက်လာကြပြီး သူ့အသက် ဘယ်လောက်တွင် သေရမည်၊ သေပြီး နောက်ဘယ်ဘ၀သို့ ရောက်မည် ဆိုသည်ကို ဟောကြားပေးပါရန် လျှောက်ထား တောင်းပန်လေသည်။ မြတ်စွာဘုရား ကလည်းမည့်သည့် အသက်အရွယ်တွင် သေမည်။ သေပြီးနောက် ဤမည်သော တောကြီး၌ မျောက်ကြီး ဖြစ်လိမ့်မည်ဟု မိန့်တော်မူ လိုက်လေသည်။ သေရမည့် အသက်အပိုင်း အခြားကို လွန်ပြီးပါလျှက် မသေသေးသောအခါ ပုဏ္ဏားကြီးက ဘုရားရှင် ထံပြန် ရောက်လာပြီး၊
ဘုရားမိန့် လိုက်သည့် အသက်တွင် မသေဘဲ ရှိခဲ့ကြောင်း လျှောက်ထားပြန်သည်။
ဘုရားမိန့် လိုက်သည့် အသက်တွင် မသေဘဲ ရှိခဲ့ကြောင်း လျှောက်ထားပြန်သည်။
သည်တော့ ဘုရားရှင်က "အသင်ပုဏ္ဏား ငါဟောလိုက် ပြီးသည့်နောက် သင်မည်သည့် အမှုများကို ပြုသနည်း။"
"အရှင် ဘုရားဟော လိုက်သည့် အတိုင်း နောက်ဘ၀တွင် မျောက်ဖြစ်သွား သည်ရှိသော် ချမ်းသာစွာ နေနိုင်ရန်
ထိုတောကြီး သို့သွားပြီးလျှင် ရေကန်များကို တူးပါသည်။ ချိုမြိန်သော သီးပင်စားပင် များကိုလည်း စိုက်ပျိုးထားပါသည်။ ယခုဆိုလျှင် တောကြီးမှာ အလွန်သာယာလျက် ကျေးငှက် သတ္တ၀ါ အပေါင်းတို့ ပျော်မွေ့ရာ တောကြီး အဖြစ်သို့ ရောက်ရှိ နေပါသည်ဘုရား။" "အသင်ပုဏ္ဏား၊ သင်ယခုတိုင် အသက်ရှင် လျက်ရှိနေ သေးသည်မှာ ထိုကုသိုလ်ကြောင့် ဟုမှတ်လော့။"ဟုဘုရားကဟောကြားလိုက်လေသည်။
ဤ၀တ္ထုကို ထောက်လျှင် အတိတ်ကံကိုလည်း ပစ္စုပ္ပန်ကံက ထိုက်သင့် သလောက်ပြုပြင် နိုင်စွမ်းရှိ ကြောင်းထင်ရှားပါသည်။
ဆက်ရန်ရှိ သေးတယ်နော်၊ နောက်နေ့လည်း လာခဲ့။သိလား။
စေတနာ အကျိုးကျေးဇူးပေါ့
ReplyDelete