အဖေ
၎နှစ်သားတုန်းက ငါဖေဖေကြီးကဘာမဆိုလုပ်တတ်တယ်။
၅နှစ်သားတုန်းက ငါ့အဖေကြီးမသိတာမရှိဘူး။
၆နှစ်သားတုန်းက ငါ့အဖေကမင်းအဖေထက်တတ်တယ်ကွ။
၈နှစ်သားတုန်းက တို့အဖေကအကုန်းလုံးတော့လည်းအတိအကျ မသိဘူး။
၁၀နှစ်သားတုန်းက အဖေတို့ငယ်ငယ်တုန်းကနဲ့အခုနဲ့ကတခြားဆီပဲ။
၁၂နှစ်သားတုန်းက အင်းအဲဒါကတော့အဖေလည်းဘယ်သိပါ့မလဲ၊သူကအသက်သိပ်ကြီးပြီဆိုတော့
ကလေးတုန်းကအကြောင်းတွေမမှတ်မိနိုင်တော့ဘူး။
၁၄နှစ်သားတုန်းက အဖေတော့ထည့်မပြောပါနဲ့၊သူကရှေးရိုးသမားကြီး။
၂၀နှစ်သားတုန်းက အဘိုးကြီးလား ...ထားပါ၊အောက်နေပြီ၊လုံးဝအောက်နေပြီ။
၂၅နှစ်သားတုန်းက အဖေလည်းနည်းနည်းပါးပါးတော့သိတယ်၊မသိလို့လည်းမဖြစ်ဘူးလေ၊လူကြီးပဲဟာ။
၃၀နှစ်သားတုန်းက အဖေ့ကိုနည်းနည်းပါးပါးမေးကြည့်ရင်ကောင်းမယ်ထင်တယ်၊
ဘာပဲပြောပြောသူကအတွေ့အကြုံအများကြီးရှိတယ်။
၃၅နှစ်သားတုန်းက အဖေ့နဲ့တိုင်ပင်ပြီးမှပဲဒီကိစ္စအတွက်ငါတစ်တစ်ခုခုလုပ်နိုင်မယ်။
၄၀နှစ်သားတုန်းက အဖေသာဆိုရင်ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲမသိဘူး၊အဖေကအတွေ့
အကြုံစုံတယ်အမြော်အမြင်လည်းရှိတယ်။
၅၀နှစ်သားတုန်းက ဒီကိစ္စအခုနေသာအဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင်ဘယ်လောက်ပေးရပေးရ
ငါပေးပါတယ်၊အဖေအရည်အချင်းတွေသူရှိတုန်းကကောင်းကောင်းသတိမထားခဲ့
သိပ်နှမြောမိစရာကောင်းတယ်၊
တကယ်ဆိုငါ့အဖေဆီကပညာအများကြီးရလိုက်ဖို့ကောင်းတယ်။
0 comments:
Post a Comment