မင်းနဲ့အတူ
"မောင်"
ချည်နှောင်မိတဲ့
သံယောဇဉ်ကြိုး
တိုးလို့ခိုင်မာ
အနာဂတ်အတွက်
တွဲလက်တွေမြဲ
မခွဲတူတူနေမယ်နော် ...
အားပေးဖော်
ရင်မှာ
ဒဏ်ရာတွေများစွာနဲ့
ခါးသီးခဲ့ဖူးတဲ့ နေ့စွဲတွေအတွက်
နောက်ထပ်ဝမ်းမနည်းရတော့ဘူး
ချစ်သူက အနားမှာ
အမြဲ အားပေးနေခဲ့ပြီပဲ
တွဲလက်တွေ မြဲမြံဖို့
ငါတို့ ကြိုးစားတည်ဆောက်ကြမယ်နော် ...
စကားလုံးများ၏ မျက်နှာဖုံး
ချစ်သူ
မင်းနဲ့ဝေးရာ မင်းရဲ့အဝေးမှာ
ငါနေကြည့်မှ
ဘ၀ဆိုတာ ...
ကိုယ်ယုံကြည်ရာလမ်းကြောင်းအရ
ပြောင်းလဲဖြစ်တည်နေတာပဲလို့
မသိမသာ နားလည်လာတယ် ..........
ငါ ..မင်းကို
တမင်တကာလဲ မမေ့ခဲ့ဘူး
ရည်ရွယ်ပြီးလဲ မလွမ်းခဲ့ဘူး
အလှမ်းဝေးပြီလို့လဲ မယုံသေးဘူး
အနီးအဝေးသဘောတရားတစ်ခုက
ငါတို့ဘ၀ကို ...
သက်ရောက်မှုရှိတယ်ဆိုရင်လဲ
သစ္စာဆိုတဲ့ စကားလုံးတွေ
ဘာလို့ ဟစ်ကြွေးနေမှာလဲ .............
မင်းရဲ့ငါ"မောင်"
ချည်နှောင်မိတဲ့
သံယောဇဉ်ကြိုး
တိုးလို့ခိုင်မာ
အနာဂတ်အတွက်
တွဲလက်တွေမြဲ
မခွဲတူတူနေမယ်နော် ...
အားပေးဖော်
ရင်မှာ
ဒဏ်ရာတွေများစွာနဲ့
ခါးသီးခဲ့ဖူးတဲ့ နေ့စွဲတွေအတွက်
နောက်ထပ်ဝမ်းမနည်းရတော့ဘူး
ချစ်သူက အနားမှာ
အမြဲ အားပေးနေခဲ့ပြီပဲ
တွဲလက်တွေ မြဲမြံဖို့
ငါတို့ ကြိုးစားတည်ဆောက်ကြမယ်နော် ...
ဘာမှမရှိတဲ့ ဘ၀ထဲကို
ရဲရဲဝင်လာခဲ့တဲ့သူတစ်ယောက်အတွက်
အမှတ်တရ ....
စကားလုံးများ၏ မျက်နှာဖုံး
ချစ်သူ
မင်းနဲ့ဝေးရာ မင်းရဲ့အဝေးမှာ
ငါနေကြည့်မှ
ဘ၀ဆိုတာ ...
ကိုယ်ယုံကြည်ရာလမ်းကြောင်းအရ
ပြောင်းလဲဖြစ်တည်နေတာပဲလို့
မသိမသာ နားလည်လာတယ် ..........
ငါ ..မင်းကို
တမင်တကာလဲ မမေ့ခဲ့ဘူး
ရည်ရွယ်ပြီးလဲ မလွမ်းခဲ့ဘူး
အလှမ်းဝေးပြီလို့လဲ မယုံသေးဘူး
အနီးအဝေးသဘောတရားတစ်ခုက
ငါတို့ဘ၀ကို ...
သက်ရောက်မှုရှိတယ်ဆိုရင်လဲ
သစ္စာဆိုတဲ့ စကားလုံးတွေ
ဘာလို့ ဟစ်ကြွေးနေမှာလဲ .............
သူအလုပ်များနေမလား
စဉ်းစားတွေဝေပြီး နောက်မကျချင်ဘူး
သတိရတာလေးတွေ မျှဝေခံစားဖို့
ချစ်သူအနားကို ရောက်အောင်သွားမယ်
အရမ်းလွမ်းတာပဲဆိုတဲ့ Message လေးနဲ့ .....
သူသတိမရဘူးလား
သံသယတွေနဲ့ မခံစားဘူး
အနားမှာရှိခဲ့ဖူးတာတွေအတွက်
အမြဲကျေနပ်နေတတ်တယ်
ဆိုပြခဲ့ဖူးတဲ့ သီချင်းတွေနဲ့ ....
ချစ်သူရေ
ဘယ်နေ့ပြန်တွေ့ကြဦးမှာလဲ
ခဏခဏမမေးပါနဲ့
ငါ့ရင်ထဲ မင်းရှိနေသရွေ့
နေ့ရက်တွေတိုင်းမှာ
ငါတို့နှစ်ယောက်အတူတူရှိနေကြမှာပါ ...
0 comments:
Post a Comment