မမြင်ရမတွေ့ ရလို့
မလေးနက်ဘူးထင်လို့လား....
ပြောခဲ့တဲ့စကားတွေကို
မုသားဖက်တယ်ထင်လို့လား...
ရင်တွင်းကချစ်ခြင်းတွေကို
အတုအယောင်တွေလို့ ထင်လို့ လား...
အနေဝေးလို့ 
သွေးအေးသွားမယ်ထင်လို့ လား
သံသယတွေပိုကဲလာရင်
အမုန်းစည်းလေးခြားမှာစိုးမိတယ်...
နားလည်မှုလေးတွေနဲ့ 
အမုန်းမရှိတဲ့ကမ္ဘာလေးဆီလှမ်းချင်လို့ 
ဒို့ လက်ကိုမြဲမြဲကိုင်ထားစမ်းပါ...
ယုံကြည်မှုလေးတွေနဲ့ အပြုံးဆက်ပြီးလှမ်းမှာပေါ့
ဒို့ ရင်ထဲကလေးနက်တဲ့ချစ်ခြင်းက
မုသားဖက်တဲ့အတုအယောင်မဟုတ်တာမို့ 
အနေဝေးရင်သွေးအေးသွားဖို့ 
ဖြစ်နိုင်ပါ့မလား...စဉ်းစားလေ...
ဒီတစ်ခါ...အမှိုက်ကားလာရင်...
သံသယလေးတွေအရင်သွားပစ်လိုက်နော်....
Friday, June 13, 2008
Subscribe to:
Post Comments (Atom)
ဒီကဗျာလေးက အရမ်းမိုက်လို့ အရမ်းခိုက်တယ် :) မမအိမ်မက်လေး
ReplyDelete