မျက်လုံးခြင်းဆုံ ရင်ခုန်စွာဖြင့်
ဒီရင် အသဲ စွဲမြဲစေကွယ်
သွေဖယ်ခြင်းတို့  နိဂုံးချုပ်ကို
ငါ့....ရင်မှာစွဲ..
ရပ်စဲအောင်လို.
မင်းကစေစား…ထိုသို့ ဆိုစေ
ဆင်ခြေများကို နှစ်မြုပ်…
ဂုတ်သွေးစုပ်လဲ…
ကမ္ဘာ မြေဆုံးတိုင်
ခံယူသွားမယ်…
ကဗျာ၂ ။ပျောက်ဆုံးခြင်း
လိုချင်တာ အဖြေတွေမဟုတ်ခဲ့ဘူး ...
စကားလုံးတွေ အပြည့်ရှိနေလဲ
ဖြေရှင်းချက်တွေ အထင်မခံချင်ဘူး ...
ကိုယ်မကျူးလွန်တဲ့ အမှားတွေအတွက်
ဒဏ်ခံခတ်ရဖန်များလာတော့
အားနာခြင်းဆိုတဲ့ ဝေါဟာရ
ငါ့သမိုင်းထဲက ပျောက်ကွယ်သွားတယ် ...
ကြာပါပြီ ..ဒီလိုနဲ့ပဲ ...
ငါလဲ ငါမဟုတ်တော့တာ
နေ့ ရက် များစွာ ကြာနေပြီ .....
ကဗျာ ၃ "တကယ်လို့များ ... တစ်နေ့မှာ ..."
တခါတလေဘာမှမဟုတ်တဲ့ မာနဆိုတာတွေ
ခဏလောက်ဘေးဖယ်ထားပြီး
မင်းကို အပြေးလာတွေ့ချင်မိတယ် ......
ဘယ်လိုမှ ပြန်ဆက်လို့မရနိုင်တော့တဲ့
အပြီးသတ်ဇာတ်လမ်းတစ်ပုဒ်လို့
ဘယ်သူကသတ်မှတ်လိုက်တာလဲ
တကယ်ဆို ..
အတ္တကိုယ်စီရှိကြတာမှန်သလို
အလေးအနက်ထားချစ်ခဲ့ဖူးတာလဲ
အသေအချာပဲ မဟုတ်လား .......
ပြန်လာခဲ့ပါလို့
ဘယ်တော့မှ ကိုယ်ကစ
တောင်းပန်မိမှာမဟုတ်ပေမဲ့
ယောင်ယောင်နိုးတဲ့ ညတိုင်းမှာ
ရှိနေကျ မင်းအရိပ်တွေကို
ပြန်ရလိုရငြား
အားကိုးတကြီး တောင့်တမိပြန်တယ် .........
နုပျိုခြင်းရဲ့အနှစ်သာရကို
အိုမင်းရင့်ရော်ချိန်ကျမှ နားလည်တယ်တဲ့ ..
ကျန်းမာခြင်းရဲ့ တန်ဖိုးကို
နေထိုင်မကောင်းဖြစ်မှ ပိုသိလာတယ်တဲ့ ..
မင်းအနားမှာ ...
အဖြည့်ခံအဖြစ် ကိုယ်ရှိခဲ့ဖူးတာတွေကို
ပြန်လိုချင်လာတဲ့ တစ်နေ့ကျ
မင်းဘ၀မှာ ...
အားငယ်ဝမ်းနည်းနေမိတာမျိုးနဲ့
တိတ်တခိုး ကိုယ့်ကို သတိရနေခဲ့တယ်ဆိုရင်
(ချစ်သူရယ်)
မ၀ံ့ရဲမှုတွေနဲ့ စိတ်ညစ်မခံပါနဲ့နော်
ကိုယ်လဲမင်းလိုပါပဲလို့
အတ္တကင်းစွာဝန်ခံဖို့
(မင်းကို) နေ့ရှိသရွေ့ ကိုယ်စောင့်နေမှာပါ ..............
0 comments:
Post a Comment