အိမ်ရှင်တစ်ယောက်ရဲ့ ခံစားချက်
ကောင်လေးရေ.....
မင်းအလာမှာ
တံခါးမခေါက် ပါဘူး
ဟထားတဲ့အတိုင်းမင်း ၀င်လာခဲ့တယ်........။
ကောင်လေးရေ.....
မင်းအပြန်မှာ
နှုတ်ဆက်မသွား ပါဘူး
ဟထားတဲ့အတိုင်း ပြန်ထွက်သွားခဲ့တယ်....။
ကောင်လေးရေ......
မင်းနဲ့ ငါ့ကြားမှာ
ဘာမှတ်တမ်းမှ မရှိတော့
မင်းဘယ်သူလည်းငါမသိပါဘူး။
ကောင်လေးရေ......
မင်းရဲ့အကြည့်က ရင်ကိုနင့်လျှက်
မင်းရဲ့အကြည့်က ရင်ကိုနှောင်ဖွဲ့စေတယ်။
မင်းရဲ့အပြုံးကရင်ကိုအေးမြစေခဲ့တယ်။
ကောင်လေးရေ
မင်းအ၀င်အထွက်မှာ
တံခါးချပ်လေး
လေဟပ်လို့လှုပ်ခါသွားတာ
မင်းသိမှသိပါလေစ........။
အောင်ကြည်မင်း၏ ကဗျာကို ဆီလျော်အောင်ပြင်ဆင်ထားသည်။
0 comments:
Post a Comment