Subscribe:

Friday, June 27, 2008

ကံကောင်းခြင်း၊ကံဆိုးခြင်းဆိုတာ

လူတစ်ယောက် ကံကောင်းတယ် ၊ကံဆိုးတယ်ဆိုတာ ဘာကို အခြေခံပြီး သတ်မှတ်တာလဲ? လူတော်တော် များများက ကံဆိုတာ အလုပ်လို့ ပြောကြတယ်။ ဘာတွေလုပ်ရင် ရောကံကောင်းမှာလဲ။ တကယ်တော့ ကံဆိုတာ
အချိန်၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတာတွေ ပေါ်မှာ မူတည်တယ် ဆိုလည်း မမှားနိုင်ပါဘူး။ Dream ဖတ်ဖူးတဲ့ စာအုပ် တွေထဲက ပုံပြင်လေး တွေနဲ့ နှိုင်းယဉ် ကြည့်ရအောင်နော်။ တရုတ်ပညာရှိကြီး လင်ယုတန်၏ ပုံပြင်လေးပါ။ ပုံပြင်နာမည်က"တရုတ်ခွစာကြီး"တဲ့။

တစ်ခါက ရွာလေးတစ်ခုတွင် တရုတ်သားအဖ နှစ်ယောက်နေ ကြလေသည်။ သူတို့က မြင်းမွေးကြသည်။ တစ်နေ့တွင်တော့ မြင်းတစ်ကောင် ပျောက်သွားလေသည်။ အိမ်နီးချင်းတွေက တရုတ်အဖိုးကြီးကို သနားလေသည်။ "စိတ်မကောင်းပါဘူးဗျာ၊ ခင်ဗျားကံဆိုး ရှာတယ်။" "ဘာဖြစ်လို့ ကံဆိုးတယ်လို့ ပြောတာလဲ" "ခင်ဗျားမှာ မြင်းတစ်ကောင် ပျောက်သွားတယ် မဟုတ်လား" "မြင်းတစ်ကောင် ပျောက်သွားတာနဲ့ ကံဆိုးတယ်လို့ ခင်ဗျားဘာကြောင့်ပြောနိုင်တာလဲ" ဤသို့လျှင် လုံးလည်ပတ်ချာ လိုက်နေလေတော့ အိမ်နီးချင်း တွေက ခွစာကြီးဆိုပြီး ဘာမျှ ဆက်မပြော ကြတော့ချေ။ သည်လိုနှင့် တစ်ပတ်ဆယ်ရက် လောက်ကြာတော့ မြင်းဆိုသည်မှာ အဖော်ခင်တတ်သည့် သတ္တ၀ါများ ဖြစ်ကြသည့် အတိုင်း ပျောက်သွားသော မြင်းပြန်ရောက် လာသည်။ ရောက်လာတော့ တစ်ကောင်တည်း မဟုတ်၊ မြင်းရိုင်း တစ်ကောင်ပါ အပိုပါလာသေးသည်။ ဒီတော့ အိမ်နီးချင်းများက"ခင်ဗျား ကံကောင်းတယ်ဗျာ""ဘာဖြစ်လို့လဲ""ခင်ဗျားမှာ မြင်းတစ်ကောင် တိုးလာတယ်လေ"
"မြင်းတစ်ကောင် တိုးလာတာနဲ့ ကံကောင်းတယ်လို့ ဘာကြောင့်ပြောတာလဲ"



ရှေးနည်းအတိုင်းပင် ခွစာကြီးကို ဆက်မပြော ကြတော့ သည်လိုနှင့် နောက်ရောက် လာသော မြင်းရိုင်းကို သားဖြစ်သူက စီးကောင်းကျင့်ရာ မြင်းပေါ်မှ လိမ့်ကျပြီး ခြေကျိုးသွား သည်နှင့် ခြေထောက် ကလေး ထော့နင်း ဖြစ်သွားရှာ လေသည်။ အိမ်နီးချင်းတွေက စိတ်မကောင်းကြ။ "ခင်ဗျားကံဆိုးတယ်ဗျာ" "ဘာဖြစ်လို့လဲ" "ခင်ဗျားမှာ ဒီသား တစ်ယောက်ပဲ ရှိတာ ခြေကျိုး သွားတာကိုး။" "ကျူပ်သား ခြေကျိုးတာနဲ့ ကံဆိုးတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ" ရှေးနည်းအတိုင်း ခွစာကြီးကို ဆက်ပြီး ဘာမျှမပြော ကြတော့ချေ။ သည်လိုနှင့် တစ်နေ့တော့ ပြည်နယ်ချင်း စစ်ဖြစ်ကြရာ ပြည်နယ် ဧကရာဇ်က တစ်နယ်လုံးရှိ ရဲယောင်သန်မာ သူလူငယ် မှန်သမျှ စစ်ထဲလိုက်ရမည်ဟု အမိန့်ထုတ်ပြန် ခေါ်ငင်သွားရာ သူ့သားလေး တစ်ယောက်သာ ခြေထောက် ထော့နင်း ဖြစ်နေသောကြောင့် ချမ်းသာရာရခဲ့၏။ သည်တော့ အိမ်နီးချင်းတွေက တရုတ်ကြီး ကံကောင်းတယ်.... ဟူသတဲ့။

ကဲဒီပုံပြင်လေးကို လင်ယုတန်က "ကံကောင်းတယ်၊ ကံဆိုးတယ်" ဆိုသော အချက်မျိုးကို များသောအားဖြင့် အချိန်က ဆုံးဖြတ်သည်ဟု ဆိုလိုကြောင်း သိသာပါတယ်။ လှသလောက် အတွေးပါတဲ့ ပုံပြင်လေးပါ။

ဆက်ရန် ရှိသေးတယ် သိလား၊နောက်နေ့ကျမှ ထပ်ရေးမယ်နော်။ နောက်နေ့ လာဖတ်ဦးပေါ့။

5 comments:

  1. သဇင်ဏီJune 27, 2008 at 8:59 PM

    ဆက်ရန်ရှိသေးသည်ကိုမျှော်နေပါမည်.. =)

    ReplyDelete
  2. ကောင်းတယ်နော် ရေးထားတာလေးတွေ မျှဝေထားတာလေးတွေရောပဲ။ ဆက်ရန် ကို ဆက်ပြီးရင် လက်တို့လိုက်ပါဦး။ အခုမှ ရောက်ဖူးတာ ထင်တာပဲ။

    ReplyDelete
  3. တစ်ခါတစ်ရံကိုယ်က ကံဆိုးတယ်ထင်တာတွေက ကံကောင်းတတ်တာ အမှန်ပါပဲ...အားပေးပါတယ်..ဆက်ရေးနော် ...

    ReplyDelete
  4. ကံဆိုးလိုက်ကံကောင်းလိုက်နဲ့ 
    ဒီလိုပါပဲ...
    လူ့ ဘ၀ ဆိုတာ

    ReplyDelete
  5. တကယ့်ဟာသကောင်းလေးပဲဗျ။
    ဖတ်ရင်းနဲ့ တစ်ခုပီးတစ်ခု ဘာဖြစ်မလဲ ဆက်တွေးနေမိတယ်။
    အင်း... ကံဆိုတာ ကောင်းတယ် ဆိုးတယ်ကို
    အချိန်ကပဲ အဆုံးအဖြတ်ပေးတယ်ပေါ့..

    ReplyDelete