Subscribe:

Friday, June 13, 2008

ဟိုဟိုဒီဒီရှာတွေ့သမျှ

ယောကျာင်္းနှင့်မိန်းမ

အိုဘယ့် မိန်းမ

ရုပ်အဆင်းလှရင် အချက်အပြုတ် မကျွမ်း၊ ချက်တာ ပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊နူးညံ့ နွဲ့နှောင်းတော့ ကိုယ်ပိုင် အတွေးအခေါ် ကမရှိ၊ ကိုယ်ပိုင်အတွေးရှိ တာကျတော့ ယောက်ျားဆန်၊ မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊ ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊ ခေတ်မှီ တာကျတော့ စိတ်မချရ၊ စိတ်ချရတာ ကျတော့ ဘယ်လိုမှ ကြည့်လို့ မလှပြန်။

အိုဘယ့်ယောက်ျား

အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး ၊ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊ အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊ အရာရာ ဖြစ်ထွန်းအောင်မြင် တယ်ဆိုတဲ့ လူမျိုးကျတော့ အနုအရွလေးတွေနဲ့ ရိုမက်တစ် မဆန်တတ်ပြန်ဘူး၊ အီစီကလီ ကျွမ်းကျင်ပြီး ရိုမက်တစ် ဆန်တတ်ပြန်တော့ စိတ်ချအားကိုး လို့ရဘူး၊ အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရ ရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေ တစ်ယောက် လိုနေမယ်။
ီိ

နှစ်မျိုးပေါင်းလိုက်ရင်တော့

ပါးနပ်တဲ့ ယောက်ျားနဲ့ ဥာဏ်ရှိတဲ့ မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ ယောက်ျားနဲ့ အူတူတူ မိန်းမနဲ့ ဆိုရင် တိတ်တိတ်ပုန်း အချစ်တွေ ဖြစ်လာနိုင်တယ်။ ဥာဏ်ရှိတဲ့ မိန်းမနဲ့ တုံးအတဲ့ ယောက်ျား တွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။ ယောက်ျားရော မိန်းမပါ ငထုံငအ တွေဆိုရင်တော့ ကိုယ်ဝန် ရသွားနိုင် ပါတယ်တဲ့ :P မိန်းမတွေဟာ အနာဂတ်အတွက် စိတ်ပူကြတာ ယာက်ျားရ သွားတဲ့အထိပဲ။ ယောက်ျား တွေကျတော့ မိန်းမမရမချင်း အနာဂတ် ဆိုတာကို ခေါင်းထဲ မထည့်ကြဘူး။ အောင်မြင်တဲ့ ယောက်ျားဆိုတာ သူ့မိန်းမ သုံးဖြုန်းတာ ထက်ပိုရှာနိုင်တဲ့ လူကိုခေါ်တာ အောင်မြင်တဲ့ မိန်းမကျတော့ အဲသလို ယောက်ျားမျိုး ရှာနိုင်သူကို ခေါ်တာတဲ့..

1 comments:

  1. အောင်မြင်တဲ့ ယောက်ျားဆိုတာ သူ့မိန်းမ သုံးဖြုန်းတာ ထက်ပိုရှာနိုင်တဲ့ လူကိုခေါ်တာ၊ အောင်မြင်တဲ့ မိန်းမကျတော့ အဲသလို ယောက်ျားမျိုး ရှာနိုင်သူကို ခေါ်တာ၊ ဆိုတဲ့ စကားလေးတွေက ချစ်ဖို့သိပ်ကောင်းတာပဲ။ ရှာရှာဖွေဖွေဖေါ်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မက်မက်ရယ်။

    ReplyDelete