ဒီနေ့ Dreamရဲ့E-mailထဲကိုသူငယ်ချင်းတယောက်က
ဟာသလေးsendပေးထားတာပါ။
ဒီဟာသလေးကိုသူငယ်ချင်းတွေကိုလည်းမျှဝေပေးလိုက်ပါတယ်။
အဲဒီဟာသလေးကငယ်ငယ်တုန်းကကျောင်းမှာ
သင်ခဲ့ရတဲ့သင်ပုန်းကြီးကိုမြန်မာမှုပြုပြီး
ဖြစ်ရပ်မှန်လေးကိုဟာသပြုထားတာပါ။
၂၀၀၈ခုနှစ်ခေတ်သစ်သင်ပုန်းကြီးဖတ်စာ
"တစ်နှစ်ကိုနာဂစ်
သုံးလေးလွတ်အောင်ပြေး
ငါးခြောက်ရေထဲရောက်
ခုနှစ်ရှစ်မသာဖြစ်
ကိုးတစ်ဆယ်၊ ၀ဋ္ဌ်ကျွတ်တယ်။"
"ဘယ်ကလာသလဲ၊ ဘယ်နယ်ကလည်း
အလယ်ကလူအသားဖြူ၏
ခင်ဗျားအလှူတစ်ပြားမရှူရ။"
"အစားအစာဝါးစားပါ။
အသားပါသလား၊ငါးပါသလား။
ဘီစကစ်ပါသလား၊ဘာပဲပါပါထားခဲ့ပါ၊"
"ဟိုဘက်ကမ်းကဗိုက်ပိန်ပိန်
ဒီဘက်ကမ်းကဗိုက်ပိန်ပိန်
အမိုးမကာမဲ့နေတဲ့မနှင်းတို့ အိမ်။"
"ဖိုးရွှေကြီး၊ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ဖိုးရွှေကြီး
ဖိုးရွှေကြီးကမိုက်တိုင်ထူ
ခွေးအကြီးနဲ့ တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။"
"တနင်္ဂနွေ ၊တနလာင်္
ဗိုက်မှောက်မျှော်နေတာ။
အင်္ဂါ၊ဗုဒ္ဒပာူး
ရောက်လုတဦးဦး
ကြာသပတေး၊သောကြာ
တစ်ယောက်မှပေါ်မလာ။
စနေမှာသေချာသွား၊ဘယ်သူမှမလာအား။"
"မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက်တို့ အပေါ်တင်
ပလ္လင်ပေါ်ကမျောက်မှူး
ဆင်းမလာတော့ဘူး
အာဏာရူး
အာဏာရူးကိုခွေးတွေယက်
မှောင်မိုက်မှာအူ
အူသူတွေအစာလုကြ
ငါတို့ ကိုဆွဲ တွဲလွဲ
တွဲလွဲရယ်ငိုတိုင်း
မိုးတောင်က မှိုင်း
မုန်တိုင်း"
"အလောင်းလေးများဖွေးလို့ စီ
မြစ်ညှာရိုးတလျောက်စီ
ရေပေါ်မှဗိုက်ကြီးဖောင်း
ငါတို့ ပူစီပေါင်း"
"ဘဘ၀၀ထလို့ က ဘဘ နိုင်ပြီဗျ
ကပါကပါဘဘရာ ဘဘခေတ်လေဗျာ
မဲလိမ်တွေကိုအမှန်ပြ ဘဘအကြံပိုင်ပါ
့ သူများတွေမသာဖြစ်တာဘဘနဲ့ မဆိုင်ပါ။
မုန်တိုင်းတွေဘယ်လိုသည်းသည်း
ဘဘနိုင်ဖို့ ပဲ။"
"ဘဘ၀၀စိတ်ဓာတ်ကျ
အနောက်ကပရက်ရှာရ
သူများအကူမယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာတစ်ခုကလွဲ
ဘဘသတ္တိခဲ
နိုင်ငံခြားငွေမြင်သောအခါ
ဘဘစိတ်ပြောင်းလာ။
အားရပါးရလာလှူကွဲ့ 
ဘဘအိတ်ထဲထည့်။"
"ဘဘ၀၀ထပ်လို့ ကဘဘခိုင်ပြီဗျ၊
လုပါယက်ပါ၊ဘဘရာ
ဘဘခေတ်လေဗျာ
မြစ်ပြင်မှာတော့အညှီတွေထ
ပုတ်ပုတ်ပွပွအနံ့ တွေရ၊
ဘဘကတော့ဆက်လို့ က
ဘဘဘယ်တော့မှကလို့ မ၀"
Monday, June 9, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment