Subscribe:

Tuesday, June 10, 2008

တနေ့ တာရှာဖွေရသမျှ ဒဿန

ဒဿန-၁

ယောက်ျားကောင်းတစ်ယောက် ဆိုတာ....
မိန်းမရင်ငွေ့နဲ့ ချက်မှကျက်တဲ့

ဟင်းတခွက်တော့မဟုတ်ပါ....

ဒဿန-၂
အမှန်တကယ်တော့ လူဆိုတာ
"ကြွက်"တွေပါပဲ....

တယောက်အမြှီးကိုတယောက်ကကိုက်ပြီးတော့...

ဘာမှန်းမသိတဲ့နေရာဆီသွားနေကြတာပါ...

3 comments:

  1. အေးဒီစာစုလေးဘယ်ကရသလဲညီမလေးရေ
    ဆိုလိုတဲ့သူက အတွေးအမြင်ကိုဆိုလိုတာလား
    သေခြင်းတရားကိုဆိုလိုတာလား
    ဒသန ၂ လေးကိုနားလည်ရင်ရှင်းပြပေးပါလား

    ReplyDelete
  2. အကယ်၍ ......
    ယောက်ျားကောင်းဖြစ်ခြင်း၊
    ယောက်ျားကောင်းဟု သတ်မှတ်ခံရခြင်း၊ ယောက်ျားကောင်းဖြစ်ဟန်ဆောင်ခြင်း၊
    ယောက်ျားကောင်းတို့၏ သွင်ပြင်လက္ခဏာများ၊
    ယောက်ျားကောင်းတစ်ယောက်ဖြစ်ရန် (၀ါ) ယောက်ျားကောင်းဟု သတ်မှတ်ခံရရန် ကြိုးစားသင့်/မသင့် ... စသည့်ကိစ္စရပ်များကို အနုလုံပဋိလုံ ဆင်ခြင်ကြည့်မည်ဆိုလျှင် ယောက်ျားကောင်းဆိုသည်မှာ ဒဏ္ဍာရီထဲမှ ဓားကိုင်သူရဲကောင်းလိုလို၊ မင်းသိင်္ခ၀ထ္ထုထဲမှ စိတ်ကူးယဉ်ဇာတ်ကောင် စနေမောင်မောင်လိုလို၊ လရောင်အောက်မှ မိန်းမတစ်ယောက်၏ ပကတိအလှကို လျစ်လျူရှုနိုင်သော စိတ်ထားလိုလို ထင်မြင်မိ၏။ ကျွန်တော့်အတွက်မူ မိန်းမတစ်ယောက်၏ ရင်ငွေ့ဖြင့် ချက်ပြုတ်ခံထားရခြင်း မရှိသော မနူးမနပ် ဟင်းတစ်ခွက်သာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဤအတွက်လည်း ကျေနပ်မှုရှိပါသည်။

    ReplyDelete
  3. ဘာလဲဗျ အာဝါးးးး .... :P ပျော်ပျော်နေတတ်တယ်နဲ့တူတယ်.... လာလည်တဲ့သူတောင် အပျော်ကူးချင်သလိုဖြစ်မိသလားပဲ :)

    ReplyDelete