အင်္ဂလိပ်ပဲ ဖြစ်ဖြစ်၊ ဂျပန်ပဲ ဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ်၊ သူတို့ မာစတာ ဘ၀သက်ဆိုး ရှည်ချင်ကြ စမြဲကိုး.. ဒီတော့ သူတို့ခိုင်းသမျှ ဖြစ်စေလိုသမျှ လုပ်ပေးကိုင်ပေး မယ့်သူတွေကို မွေးကြရတောပေါ့၊ ရှေးကျမ်း အလိုအရ အဲဒီလို လူမျိုးတွေက ကျွန်လေးမျိုး စာရင်းမှာ သွတ်သွင်းပါတယ်။ အဲဒီကျွန် လေးမျိုးကတော့.....
၁-အန္တောဇာတ-(ခြံပေါက်ကျွန်/ရုံးပေါက်ကျွန်)
၂-ဓနတ္တိက-(ငွေဝယ်ကျွန်/လခပေးလျှင်ခွေးလိုလုပ်ရသောကျွန်)
၃-သယံဒါသ-(ကျွန်စော်နံ၍ကိုယ်တိုင်ကျွန်တော်မျိုးခံသောမေတ္တာရိကျွန်)
၎-ကရမရာနီက-(သုံ့ ပန်းကျွန်).. တဲ့ 
အင်္ဂလိပ်လက်ထက်၊ ဂျပန်လက်ထက် ဘယ်လက်ထက်ကိုပဲ ကြည့်ကြည့် မာစတာတွေဟာ သူတို့အုပ်ချုပ်ရာမှာ လက်ရင်းခြံ ပေါက်ကျွန်တွေကို အားကိုးအားထား ပြုကြပါ ၊ပြီးတော့ လွတ်လပ်ရေး လှုပ်ရှားမှု့ တွေမှာပါတဲ့ အချို့ သော ခေါင်းဆောင် တွေကိုဝယ်ယူဖို့  ကြိုးစားကြတာလဲ သမိုင်းမှာ တွေ့ ရပါတယ်၊ ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်မှာ လစာ ရာထူးတွေနဲ့  မျှားလိုက်တော့ ကျွန်သက် မစင်သေး တဲ့သူတွေ ပါသွားကြပြီး အချင်းချင်းလည်း ပဋိပက္ခတွေ ဖြစ်ကြတာ သမိုင်းမှာ အထင်အရှားပါပဲ။
စာဏကျနီတိကျမ်း စကားအရ ဆိုရင်လည်း ကျွန်ကျင့် ဆိုတာ သခင်မွေးတဲ့ ခွေးတွေကျင့် သလိုပဲတဲ့။ အဲဒီ အကျင့် တွေက
(၁)သခင့်အကြိုက် သခင့်အလို လိုက်ပြီး အကိုက်ခိုင်းလျှင် ကိုက်ခြင်း၊ အဟောင်ခိုင်းလျှင် ဟောင်ခြင်း၊ အဟိန်းခိုင်းလျှင် ဟိန်းခြင်း။
(၂)သခင်ပေးသဟာ ကျွေးသဟာ ခွေးစာပင် နည်းသော်လည်း ရောင့်ရဲ တင်းတိမ်ခြင်း။
(၃)ခေါင်းကျလျှင်ကျခြင်း၊ အရိပ်နိမိတ် မျှော်ပြီး အိပ်ပျော် လွယ်ခြင်း၊
(၄)ကိုယ့်အရှင်ကို ခင်မင်လွန်းခြင်း၊
(၅)မကြောက် မရွံနောက် မတွန့် ၍ စွန့် စွန့် စားစား သခင်အားရ ကျွန်ဒဏ်ဝ ဆိုသလို ဇွဲသန်ရခြင်း .. တဲ့။
(၁)သခင့်အကြိုက် သခင့်အလို လိုက်ပြီး အကိုက်ခိုင်းလျှင် ကိုက်ခြင်း၊ အဟောင်ခိုင်းလျှင် ဟောင်ခြင်း၊ အဟိန်းခိုင်းလျှင် ဟိန်းခြင်း။
(၂)သခင်ပေးသဟာ ကျွေးသဟာ ခွေးစာပင် နည်းသော်လည်း ရောင့်ရဲ တင်းတိမ်ခြင်း။
(၃)ခေါင်းကျလျှင်ကျခြင်း၊ အရိပ်နိမိတ် မျှော်ပြီး အိပ်ပျော် လွယ်ခြင်း၊
(၄)ကိုယ့်အရှင်ကို ခင်မင်လွန်းခြင်း၊
(၅)မကြောက် မရွံနောက် မတွန့် ၍ စွန့် စွန့် စားစား သခင်အားရ ကျွန်ဒဏ်ဝ ဆိုသလို ဇွဲသန်ရခြင်း .. တဲ့။
ကျွန်ဆိုတာကတော့ မာစတာရဲ့ မျက်နှာရိပ် မျက်နှာကဲကိုကြည့်နေတာ၊ ကိုယ်မှန် တယ်ထင်အတိုင်း မပြောဘဲ မာစတာ ကြားချင်တဲ့ စကားမျိုး ပြောကြတာကိုး။ အဲဒီစိတ် ရှိတဲ့သူကို အသပြာ ရာထူးနဲ့ လည်းမျှားရော.. အရာလုတွေ ဖြစ်ကုန်ရော မဟုတ်လား။ ဒါကြောင့် ဒီလိုလူတွေရဲ့ စိတ်ဓိတ်ရေးရာ အောက်တန်းကျ ခဲ့တာဟာ ဖြင့် သခင်စိတ်နဲ့ ကျွန်စိတ် ဆိုတဲ့ မြန်မာတွေရဲ့ စိတ်ဓိတ်ရေးရာ သမိုင်းမှာ အမည်းစက် ထင်ခဲ့တယ်လို့ ပြောရမှာပဲ။ ဒါကြောင့်လည်း တို့ ဗမာ သီချင်းထဲမှ သခင်ကျင့် ကိုကျင့်ကြပါ။
သခင်မျိုးဟေ့တို့ဗမာ။မိုးအောက်မြေပြင်မှာအထက်တန်းစိတ်နဲ့စာမဏီသွေးတို့ဗမာရယ်လို့.....ရေးခဲ့တာပဲထင်ပါတယ်။
မိုးအောက် မြေပြင်မှာ အထက်တန်းစိတ ဆိုတဲ့ စာလုံးလေးကို မမေ့ကြဖို့ လိုကြမယ် ထင်ပါတယ်။။ ငါသာလျှင် ငါ၏ အရှင်သခင် ဖြစ်သည်။ သခင် စိတ်ဓိတ်ဟာ ဗုဒ္ဒတရားတော်နဲ့ လည်းကိုက် ညီပါတယ်။ ဗုဒ္ဒဘာသာဝင် လို့ပြောနေ ပေမဲ့လည်း ဗုဒ္ဒသြ၀ါဒတွေနဲ ညီအောင်မနေတဲ့ လူတွေလည်း အများကြီး ရှိနေတာပဲ မဟုတ်လား။ ဒီတော့ လူပုဂ္ဂိုလ် အားဖြင့် ပြောရင် သခင်ဆိုတဲ့ သူတွေထဲမှာ ကျွန်စိတ်ပေါ် နေတဲ့သူ တွေလည်းရှိနိုင် ပေတာပေါ့။ ဒါလောက ဓမ္မာတာပါပဲ။ ဗုဒ္ဒဘာသာဝင် တစ်ယောက် အကျင့်မကောင်းလို့ ဗုဒ္ဒအကျင့် ကတော့ မကောင်းဘူးလို့  ဘယ့်နှယ် ပြောနိုင်ပါ့မလဲ။
မြန်မာတို့ရဲ့ သမိုင်းမှာ မြင့်မြတ်တဲ့ သခင်စိတ်ဓိတ် ပေါ်ပေါက်ခဲ့သလို အောက်တန်းကျတဲ့ ကျွန်စိတ်ဓိတ်နဲ့ ယုတ်ညံ့တဲ့ မာစတာ စိတ်ဓိတ်တွေ လည်းပေါ်ပေါက် ခဲ့ဖူး၊ ရှိခဲ့ဖူးတယ် ဆိုတာကို သိကြပြီး ကောင်းတာကိုယူ မကောင်းတာကို ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ သမိုင်း သင်ခန်းစာ ဆိုတာ...ဒါပဲကိုး။
ဒီတော့ လူပုဂ္ဂိုလ်ဆို တာတွေကို ဖျောက်ထားပြီး၊ စိတ်ဓိတ်တွေ၊ အကျင့်တွေကို မြင်ကြ၊ ပြောကြ တာက အကျိုးများပါ။ သမိုင်းက သင်ခန်းစာ မယူတတ်ရင်၊ အနာဂတ်ဟာ အနာဂတ် ဖြစ်မလာဘဲ အတိတ်ပဲ ဖြစ်လာပါတယ်။ ကိုယ့်တစ်ဦး ချင်းစီရဲ့ ဘ၀မှာ ဖြစ်ပျက်ခဲ့ သမျှကိုလည်း ဒီလိုပဲ သုံးသပ်ကြ ရပါတယ်။
မြန်မာတွေကို သခင်စိတ်ဓိတ်နဲ့ လူတွေ အဖြစ်ပဲ သိစေချင် ပါတယ်။ကျွန်ထူး ကျွန်ချွန် တွေအဖြစ် မသိစေချင် ပါဘူး။
***Note***
မည်သူ့ ကိုမှ မရည်ညွှန်းပါ။ တစ်နေ့ တာ ဖတ်ခဲ့ရ သမျှများကိုသာ သူငယ်ချင်း များအား မျှဝေပေးခြင်း သာဖြစ်ပါသည်။
0 comments:
Post a Comment