ငှက်တကောင်၏မျက်ရည်
သူငယ်ချင်းရေ..နင်နားထောင်မယ်ဆိုရင်ငါလေနင့်ကိုပြောပြချင်တဲ့
စကားတွေအများကြီးရှိတယ်ဟာ။
အဲဒီထဲကမှနင့်ကိုပုံပြင်တပိုဒ်ကိုအရင်ဆုံးပြောပြမယ်နော်။
ပုံပြင်ကငှက်လေးနှစ်ကောင်ရဲ့အကြောင်းပါ။
ဟိုးတနေ့သောအခါက...တဲ့
ငှက်နှစ်ကောင်ရဲ့ဘ၀အစဟာဖြူစင်ခြင်းတွေနဲ့အစပြုခဲ့ကြတယ်။
တနေ့တော့ကံကြမ္မာရဲ့ပန်းချီဆရာကငှက်နှစ်ကောင်ရဲ့
ဘ၀ကိုလှပတဲ့ဆေးစက်လေးတွေနဲ့ ဆေးရောင်ခြယ်ခဲ့တယ်။
ဒီလိုနဲ့နှစ်ကောင်လုံးဟာအချစ်ကြီးချစ်အပျော်ကြီးနေခဲ့ကြတာပေါ့။
ဒါနဲ့တနေ့မှာမမျှော်လင့်တဲ့မုန်တိုင်းတခုကသူတို့
နှစ်ဦးကြားကိုဝင်ရောက်တိုက်ခတ်လာပါရောလား။
ငှက်မလေးကအဲဒီလေပြင်းမုန်တိုင်းတွေရဲ့ကြားမှာသူ့
ချစ်သူကိုရှာနေလေရဲ့။ကံတရားရဲ့ရက်စက်မှုကြောင့်
သူချစ်သူဟာရက်စက်လှတဲ့မှန်တိုင်းနဲ့အတူဟိုးအဝေးကြီး
ကိုလွှင့်မျှောရောက်ရှိသွားလေရဲ့။ငှက်မလေးကတော့
မုန်တိုင်းတိုက်နေတုန်းမှာသူ့ချစ်သူကိုမတွေ့ရပေမဲ့မုန်တိုင်းပြီးလို့
လေပြေလာရင်သူ့ချစ်သူကိုတွေ့ရမှာပဲဆိုတဲ့စိတ်နဲ့
ခုချိန်ထိမျှော်လင့်စိတ်နဲ့ရှာနေလေရဲ့။ဒါပေမဲ့
ငှက်ကလေးကတော့မုန်တိုင်းဒဏ်ကြောင့်အတိတ်မေ့
ပြီးမာယာတောထဲကကြီးမားတဲ့ရွှေအိမ်စံပေါ်မှာသွားသောင်တင်နေလေရဲ့။
ငှက်ကလေးကတော့အတိတ်မေ့နေတာဆိုတော့
ငှက်မလေးကိုသတိမရဘဲမာယာတောထဲကရွှေအိမ်စံမှာအပျော်ကြီးပျော်နေတာပေါ့။
ငှက်မလေးခမျာမှာတော့မစားနိုင်မအိပ်နိုင်နဲ့
သူ့ချစ်သူငှက်ကလေးအလာကိုစောင့်စားနေရင်းနဲ့ 
အလွမ်းဝေဒနာတွေကိုခံစားရင်း
အလွမ်းသီချင်းတွေဆိုငြီးနေတယ်ဆိုပဲ။
တနေ့မှာကံတရားကသူကိုသူ့ရဲ့ချစ်သူအတိတ်မေ့နေတဲ့ငှက်လေးနဲ့
ပြန်တွေ့ပေးပါလေရောဆိုပဲ..
ငှက်မလေးဟာသူ့မျှော်လင့်ချက်အတိုင်းပန်းချီလေးကို
အသက်သွင်းဖို့သူ့ချစ်သူသတိရအောင်အမျိုးမျိုးကြိုးစားရှာတာပေါ့၊
သူဘယ်လိုပဲကြိုးစားကြိုးစားသူ့ရဲ့မျှော်လင့်ချက်တွေဟာအရာ
မထင်လာပါဘူး။သူ့ရဲ့ချစ်သူငှက်လေးကတော့လက်ရှိ
အတိတ်မေ့တဲ့ဘ၀မှာပဲပျော်နေပြီးမာယာတောထဲကရွှေအိမ်စံအိမ်ကြီးဆီ
ကိုပဲပျံသန်းသွားတော့တယ်။ငှက်မလေးကတော့ချစ်သူနဲ့
ဝေးရတဲ့ကျိန်စာအတိုင်းတယောက်ထဲခံစားနေရတာပေါ့။
ဒီလိုနဲ့ငှက်မလေးကသူ့ချစ်သူနဲ့ဝေးရာမှာကွဲကြေသွားတဲ့
နှလုံးသားတစုံနဲ့သူ့ရဲ့မျှော်လင့်ချက်ပန်းချီကားလေးကိုရင်မှာပိုက်ပြီး
သူ့ချစ်သူငှက်ကလေးအတွက်နေ့တိုင်းနေ့
တိုင်းအလွမ်းတေးသီချင်းတွေသီဆိုနေသတဲ့လေ။
ကဲသူငယ်ချင်းရေ...ပုံပြင်လေးကတော့ဒါပါပဲ။်
Monday, June 16, 2008
Subscribe to:
Post Comments (Atom)
Dream ....
ReplyDeleteဝိုင်ဝိုင်း၊ ထူးအိမ်သင်၊ အယ်လ်လွန်းဝါ၊ အဲလက်စ်၊ မျိုးကျော့မြိုင် စသည် အလွမ်းသီချင်း ဆိုသူများ ကျိန်စာသင့်ခဲ့တာနေမှာနော်...
သရော်တာမဟုတ်၊ ခင်လို့...