Subscribe:

Tuesday, June 10, 2008

တခါကသူသိပါလေစ


သိခြင်းများ၏ညီမျှခြင်း

ငါတို့ ကံကြမ္မာဒီမှာတင်အဆုံးသတ်ပြီတဲ့လား
ငါကအခုမှစတယ်ထင်ခဲ့တာ...
လှည့်မကြည့်ပါနဲ့ ချစ်သူ
ဘယ်အချိန်မှာဖြစ်ဖြစ် သဘောထားချင်းထပ်တူမျှခဲ့သူတွေပါ
ကျောခိုင်းသွားတဲ့မင်းရင်ထဲ

ငါ့အရိပ်တွေစွဲမြဲနေဦးမယ်ဆိုတာဝန်ခံဖို့မှမလိုတာ....

စွပ်စွဲချက်များစွာအတွက်ခံယူချက်တွေမပြောင်းသလို
သံယောဇဉ်တွေလဲမလျော့ပါဘူး
ရင်ထဲကစကားတွေကို
နှလုံးသားနဲ့ နားထောင်မိတဲ့တစ်နေ့ မေ့နေပြီလားလို့
မေးမနေနဲ့
အချိန်မရွေး ပြန်လာခဲ့နိုင်တယ်..........

0 comments:

Post a Comment