Subscribe:

Saturday, June 7, 2008

ကောင်းကင်ဆီအလည်တခေါက်....

သန်းရွှေနဲ့ အတုရောဂါ(ဟာသအတိုအထွာ)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေတစ်ယောက်နေပြည်တော်က
သူ့ ရဲရုံးခန်းမှာအလုပ်များနေပါတယ်။ ညွှန်ကြားချက်တွေကို
လက်မလည်အောင်ပေးနေရပါတယ်။

“အော်၊ အဲဒါလား။ ပြည်သူအတုတွေလို့ ဝါဒဖြန့် ခိုင်းလိုက်ကွာ”
“ဒီ သံဃာတွေကိုလည်း သံဃာအတုတွေလို့ သာဝါဒဖြန့် ခိုင်းလိုက်”
“လွယ်ပါတယ်ကွာ၊ ဒေါ်စုကိုထောက်ခံတဲ့ တိုင်းရင်းသားတွေကိုလည်း
တိုင်းရင်းသားအတုလို့ သတင်းထဲ ထည့်ခိုင်းလိုက်။
အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်နေသူတွေလို့ ပါပြောလိုက်”

အဲဒီ့ အချိန်မှာပဲ သူ့ ရဲ့ လက်ကိုင်ဖုန်းက အသံမြည်လာပါတယ်။
သူ့ အချစ်တော် မြေးလေးဆီကပါ။
“ဖိုးဖိုးကြီးရေ၊ အိမ်မှာ ဘွားဘွားကြီး မကြီးမငယ်နဲ့ 
ကုတင်ပေါ်တက်တာ လိမ့်ကျပြီးတင်ပါးနာသွားတယ်။”

တစ်နေကုန်အတုချည်းပဲ ပြောနေတဲ့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလဲ ယောင်ပြီး

“ဟေ အဲဒါကြီးလည်း အစကတည်းက
အစစ်မှ မဟုတ်တာ၊ အတုကြီးပဲ။”
ရေးသားသူ....ဂျင် (Mizzima News မှကူးယူဖော်ပြသည်။)

နောက်တခု...ဖတ်ချင်သေးလား?

နောက်ဆုံးပေါ် တံဆိပ်ခေါင်း

တနေ့ မှာဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပုံနဲ့ တံဆိပ်ခေါင်းအသစ်

(နောက်ဆုံးပေါ်နည်းပညာကိုအသုံးပြုထားတဲ့တံဆိပ်ခေါင်း)ထုတ်လိုက်သတဲ့။

ကပ်စရာကော်တောင်မလိုအောင်တီထွင်ထားတဲ့တံဆိပ်ခေါင်းက
super glueသုံးပြီးကပ်တာတောင်ဘယ်လိုမှ မကပ်ဘူးတဲ့။
ဗိုလ်ချုပ်ကြီးလဲအရမ်းဒေါသထွက်သွားပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်တော့တာပေါ့။
တရက်လောက်လဲစုံစမ်းပြီးရောထွက်လာတဲ့အဖြေကဒီလိုပါတဲ့။

“တံဆိပ်ခေါင်း တွင် မည်သည့်အပြစ်အနာအဆာမှမရှိပါ။
နည်းပညာအဆင့်အတန်းလည်းအလွန်မြင့်ပါသည်။
ကော် သုံးရန်ပင်မလိုပါ။ တံတွေးဖြင့်ပင်ကပ်နိုင်ပါသည်။
သို့ သော်လူများကတံဆိပ်ခေါင်း၏ကျောဘက်ကို
တံတွေးဆွတ်ရမည့်အစားဗိုလ်ချုပ်ကြီး၏ ပုံကိုသာ
တံတွေးဆွတ်ပြီးကပ်ကြပါသည်။လူများ၏ အပြစ်သာ ဖြစ်ပါသည်တဲ့။” ဟီ..ဟီ.. ရီရတယ်နော်.. :-D


0 comments:

Post a Comment