ပုံရိပ်ယောင်များ
မင်းလိုချင်တဲ့ပုံစံတစ်ခု
ထုဆစ်ယူပြီးတဲ့ တစ်နေ့မှာ
ပြန်လာမှာပဲလို့ ယုံကြည်သမျှ
တစစနဲ့ မှားမှန်းသိလာတယ် ....
ဘယ်လိုပဲဖြစ်ဖြစ်
မချစ်တော့ဘူးဆိုရင်တောင်
ဟန်ဆောင်နှုတ်ဆက်ခွင့်မရှိပါဘူးလို့
တားမြစ်ချက်တို့ မရှိပါဘူးနော် ...
အတူပျော်ဖူးတဲ့အချိန်တွေ
တခါတလေလဲ သတိတရ
မင်းလဲ ငါ့လိုပဲဖြစ်မလားလို့
စဉ်းစားမိတဲ့အချိန်မျိုးတွေလဲရှိသေးတယ် ...
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ
ဘယ်နေရာကိုရောက်ရောက်
နည်းနည်းလောက်သတိရရင်
ခဏလေးသတိရပေး
မဝေးသေးဘူးလို့ ယုံကြည်နေဦးမှာ ......
တစ်ခါက... ချစ်သူသို့  .. တမ်းတချင်း....
နင်ပြောခဲ့ဘူးတဲ့စကားတွေ့ ကြောင့်
ငိုချင်ရဲ့လက်တို့ ဖြစ်နေဆဲ
ဘယ်လိုလဲချစ်သူ
အတူထားခဲ့ကြတဲ့ ကတိတွေက
တည်နေရာရဲ့ရွှေ့ လျားမှုနဲ့ 
အချိန်တွေရဲ့ တိုက်စားမှုအောက်မှာ့
ဒီလောက်တောင်ပြောင်းလဲသွားစေသတဲ့လား?
စိတ်ဓာတ်တွေအစမ်းသပ် မခံလိုက်တာ။
ယောင်ဆောင်မာနတွေ
လှည့်စားတတ်တဲ့အတ္တတွေကပြောတယ်
ကမ္ဘာကြီးရဲ့အဆုံးသတ်နေ့ စွဲတွေ့ မှမဟုတ်တာ
ဒီလောက်သွေးပျက်မနေစမ်းပါနဲ့ တဲ့ ။
ဘ၀မှာမင်းမရှိလည်းဖြစ်နေတဲ့အချိန်တွေအတွက်
တခါတလေ chat history လေးမသိမသာ
ပြန်ဖတ်မိနေတာမျိုးကလွဲရင်
အဆင်ပြေပါတယ် ဒီဘ၀ထဲ
(တယောက်ထဲလည်း) ငါနေရဲပါတယ်
မင်းလိုချင်တဲ့ပုံစံတစ်ခု
ထုဆစ်ယူပြီးတဲ့ တစ်နေ့မှာ
ပြန်လာမှာပဲလို့ ယုံကြည်သမျှ
တစစနဲ့ မှားမှန်းသိလာတယ် ....
ဘယ်လိုပဲဖြစ်ဖြစ်
မချစ်တော့ဘူးဆိုရင်တောင်
ဟန်ဆောင်နှုတ်ဆက်ခွင့်မရှိပါဘူးလို့
တားမြစ်ချက်တို့ မရှိပါဘူးနော် ...
အတူပျော်ဖူးတဲ့အချိန်တွေ
တခါတလေလဲ သတိတရ
မင်းလဲ ငါ့လိုပဲဖြစ်မလားလို့
စဉ်းစားမိတဲ့အချိန်မျိုးတွေလဲရှိသေးတယ် ...
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ
ဘယ်နေရာကိုရောက်ရောက်
နည်းနည်းလောက်သတိရရင်
ခဏလေးသတိရပေး
မဝေးသေးဘူးလို့ ယုံကြည်နေဦးမှာ ......
တစ်ခါက... ချစ်သူသို့  .. တမ်းတချင်း....
နင်ပြောခဲ့ဘူးတဲ့စကားတွေ့ ကြောင့်
ငိုချင်ရဲ့လက်တို့ ဖြစ်နေဆဲ
ဘယ်လိုလဲချစ်သူ
အတူထားခဲ့ကြတဲ့ ကတိတွေက
တည်နေရာရဲ့ရွှေ့ လျားမှုနဲ့ 
အချိန်တွေရဲ့ တိုက်စားမှုအောက်မှာ့
ဒီလောက်တောင်ပြောင်းလဲသွားစေသတဲ့လား?
စိတ်ဓာတ်တွေအစမ်းသပ် မခံလိုက်တာ။
ယောင်ဆောင်မာနတွေ
လှည့်စားတတ်တဲ့အတ္တတွေကပြောတယ်
ကမ္ဘာကြီးရဲ့အဆုံးသတ်နေ့ စွဲတွေ့ မှမဟုတ်တာ
ဒီလောက်သွေးပျက်မနေစမ်းပါနဲ့ တဲ့ ။
ဘ၀မှာမင်းမရှိလည်းဖြစ်နေတဲ့အချိန်တွေအတွက်
တခါတလေ chat history လေးမသိမသာ
ပြန်ဖတ်မိနေတာမျိုးကလွဲရင်
အဆင်ပြေပါတယ် ဒီဘ၀ထဲ
(တယောက်ထဲလည်း) ငါနေရဲပါတယ်
0 comments:
Post a Comment