Subscribe:

Thursday, October 23, 2008

နှုတ်ဆက်ပါတယ်အတိတ်ရယ်


မပြိုချင်ဘဲ
ပြိုခဲ့ရ......ကောင်းကင်
မရွာချင်ဘဲ
ရွာခဲ့ရ......မိုးသား
မငိုချင်ပဲ
ငိုခဲ့ရတဲ့...ငါ့နှလုံးသား
မလွမ်းချင်ဘဲ
လွမ်းခဲ့ရတဲ့.....ငါ့အတိတ်

နှလုံးသားဒဏ်ရာ
မျက်ရည်မိုး
သွန်းကာဖြိုးတော့
အလွမ်းဝေဒနာ
ငါ့ရင်မှာ မချိပြီ

အော်...
ခုတော့လည်း
ဒီ...အလွမ်းဝေဒနာ
အိပ်မက်မှာသာ
ကျန်ခဲ့ပြီမို့....
ငါလေ...ဟားတိုက်ပြီးသာ
ရယ်တော့မည်.. :) :D :
r
ဟားဟား..ဟားဟား.... :D

ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး။ဒီနေ့အပြင် သွားတော့ ပျင်းနေတာနဲ့
:d ရထားစီးရင်း အတွေးလေး ပေါ်လာလို့ :) :z ရေးလိုက်တာ။ ဟဲဟဲ.. ဟာသလေးပါ။

22 comments:

  1. အလွမ်း၊ အလွမ်းဝေဒနာနဲ့ အလွမ်းတို့ ကုန်ဆုံးခဲ့ပုံကို
    ကဗျာလေးအသွင်နဲ့ တင်ဆက်ထားတာကို
    ဖတ်ရှု ခံစားမိတော့
    မှတ်ချက်ပြုမိတာက ...
    ခံစားမှုတွေကို ကိုယ်စားပြုတဲ့ကဗျာကောင်းလေးတစ်ပုဒ်အသွင် ဖြစ်ပါကြောင်း ....

    ခင်မင်စွာဖြင့်

    ReplyDelete
  2. ဗျာဗျာလေးက ကောင်းမှကောင်း..:P
    မက်မက်နော်..!!
    တီတီ့ အလွမ်းတွေ ကူးကုန်ပြီထင်တယ်..
    အလွမ်းတွေဘဲကူးနော်..
    ဂေါက်တာဒွေ ကူးရပူးနော်..
    ဟွန်းးးး
    တီတီကြောက်ကြောက်..!! :D :D :D

    ReplyDelete
  3. စိုင်းစိုင်းလားရှိုးOctober 23, 2008 at 5:36 AM

    အောင်မလေး အလွမ်းမို့သာ တော်တော့တယ်။
    လွမ်းချက်ကတော့မိုင်ကုန်ပဲ။
    ဆန်းမယောင်နဲ့ ရိုးတာ ရိုးမလိုနဲ့ လန်းတယ်နော်။
    ကဗျာကြိုက်တဲ့ ရှင်ရဲထွတ်ကတော့ ခိုက်တယ်ဗျာ.......

    ReplyDelete
  4. ဟဟား.. နာ့ညီမလေး.. အလွမ်းတွေကို ခါချလိုက်ပြီ.
    ကောင်းမှကောင်း။
    သွားးးးးးးးးးးလွမ်းစရာတွေ...
    ဘယ်အလွမ်းမှ နာ့ညီမလေးနားမလာနဲ့..
    အနာဂတ်ကို ပျော်ပျော်ကြီး လက်တွဲချီတက်ကြရအောင်နော် ညီမလေး။

    ပျော်ပျော်နေတတ်ရင် ဘ၀မှာ ပျော်စရာတွေအများကြီး
    ပါ ညီမလေး ရယ်.
    မသေခင်လေးမှာ ပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့။

    ချစ်သော
    မမ၀ါ

    ReplyDelete
  5. နည်းနည်းလေးနဲ့ ထိတာ ဒါမျိုး

    ReplyDelete
  6. ဖွားမက်ရေ.. ကဗျာလေးက အရမ်းကောင်းတယ်။ ၀ါးဟားဟားလို့  အကျယ်ကြီးသာ အော်ပစ်လိုက်သိလား..
    သမီးကြားအောင် အော်နော်.. အဟီ

    ReplyDelete
  7. အန်တီဒွင်း တစ်ပိုဒ်လောက် ကောက်ထည့်လိုက်မယ်နော် အဟီး ..

    နီစွေးတဲ့ အောင်လံ တစ်ခုကို စိုက်ချလိုက်တယ်
    တောင်ကမူပေါ်မှာ မဟုတ်ဘူး ..
    ငါ့ရင်ဘတ်ပေါ်မှာ ..

    ငါ ဟားတိုက်ရယ်ချလိုက်တဲ့ အချိန်မှာ
    ငါ့နှလုံးသားက ကွဲအက်သံ သဲ့သဲ့ကို
    ကြားလိုက်မိပါရဲ့ ....

    ပြန်လွမ်းအောင်တော့ လုပ်မိပြီထင်တယ် ..
    တားတားနဲ့ ဆိုင်ဘူးနော် အဟီး :P
    အလကား နောက်တာနော် အန်တီဒွင်း
    ပိုက်ဆံပေးရရင် မနောက်ဘူး :P :P
    အခုလိုလေး ဖတ်ရတာ ၀မ်းသာပါတယ်ဗျာ
    ပျော်ရွှင်ချမ်းမြေ့ပါစေ အန်တီဒွင်းရေ :)

    ReplyDelete
  8. ပျင်တော့ လွမ်းတယ်။ လွမ်းတော့ ကဗျာရေးတယ်။ တော်သေးတာပေါ့.. မရေးချင်ပဲ ရေးခဲ့ရတဲ့ ကဗျာ ဆိုတာမပါလို့။

    ReplyDelete
  9. DREAM ရေ-----
    ကြည့်စမ်း ပေါ်ပြီ---ကဗျာရေးတတ်တယ်---
    ကဗျာတွေလည်းရေးပါ--ဟာသ တင်မက--
    အလွမ်းအဆွေးသုတ ရသ စုံရေးပါ---
    တွေးပါ--ခံစားပါ---စာတွေဖတ်ပါ---
    ခေတ်ပညာတတ် မိန်းကလေးတွေ--မျိုးဆက်
    တွေ--အကျိုးရှိတာ တွေလုပ်တာ မွန်မြတ်တယ်-
    ခင်မင်လျက်

    ReplyDelete
  10. အဟမ်းအဟမ်း
    တူမတော်လေးက ဒါတွေလည်းသိတာပဲကိုး
    တော်ပါပေ့ဗျာ..
    "အလွမ်းဝေဒနာ
    အိပ်မက်မှာသာ
    ကျန်ခဲ့ပြီမို့"
    ဆိုတော့ အိပ်မက်တော့
    မက်ခဲ့ဖူးတယ်မှတ်တယ်..
    ဒါကြောင့် မက်မက်လို့ခေါ်တာလား...
    အင်းအင်း..ခုတော့
    မလွမ်းတော့ဘူးဆိုတဲ့အဓိပ္ပါယ်ပဲ
    "ငါလေ..ဟားတိုက်ပြီးသာ
    ရယ်တော့မည်"
    ဆိုထားတာကိုး...
    ကောင်းပါလေ့ဗျား။
    ငိုတာထက် စာရင် ရယ်တာကကောင်းတာပေါ့။
    ငယ်ငယ်လေးရှိသေးတာ ဘာလို့လွမ်းမှာလဲ
    လုပ်စရာတွေပုံလို့
    ဟုတ်ဖူးလား။
    လိမ်လိမ်မာမာနေဗျား..
ဲရိုက်ခံမထိစေနဲ့...
    တာ့တာ။

    ReplyDelete
  11. မက်မက်ရေ အလွမ်းလေးပါလား
    ဟုတ်တယ်နော် မလွမ်းချင်ဘဲ လွမ်းနေမိတာ
    ခံစားလို့ကောင်းတယ် ကဗျာရှင်းရှင်းလေး
    အားပေးသွားတယ်ဗျို့ နော်

    ReplyDelete
  12. ကောင်းတယ် ငိုကြွေးပြီး ၀မ်းနည်းနေရတာနဲ့ စာရင် ဟားတိုက်ပြီး ရယ်မောနေတာ ပိုကောင်းတယ်။ လွတ်လွတ်လပ်လပ် အော်ပြီးတော့သာ ရယ်လိုက်။ အဲ ရထားပေါ်မှာတော့ မရယ်နဲ့ ဗျ။ တော်ကြာ စိတ်မနှံ့ ရှာဘူး ထင်သွားရင် ဒုက္ခ။ တူမတော်က ဒါမျိုးတွေ လည်း ရတာပဲကိုး။ အားကျပါပေ့ဗျာ။

    ReplyDelete
  13. ဟင်... ကောင်းကင်ကဘယ်တုန်းက ပြိုတာလဲ သိလိုက်ဘူး။ မိုးရွာတာတော့ မိုးတွင်းလေဗျာ ရွာမှာပေါ့။
    ဒါနဲ့ နှစ်လုံးရဲ့အသားက ငိုတတ်လို့လား ကြား..ကြားဖူးပေါင်...
    နှလုံးသားဒဏ်ရာရမှတော့ သေပြီပေါ့ဂျ
    မျက်ရည်မိုးရွာတယ်ဆိုတော့ မြန်မာပြည်ခေါ်ထားမှပဲ ဆောင်းနဲ့နွေဆို ရေမရှိလို့ လျှပ်စစ်မရတာနဲ့အတော်ပဲ
    အလွမ်းဝေဒနာကျန်ရင် ၀မ်းနဲနေရမှာ ဘယ့်နဲ့ သူ့ကျမှ
    ဟားတိုက်ရယ်မယ်ဆိုပါလား
    ဟိဟိ စတာနော
    စိတ်ဆိုးရဘူး

    ReplyDelete
  14. သူငယ်ချင်းရေ... ပျော်ရွှင်ပါစေ...

    ReplyDelete
  15. ကောင်းပါတယ် မက်မက်ရေ
    ပျော်ရွှင်ဖွယ် အနာဂါတ်ကို ပိုင်ဆိုင်နိုင်ပါစေနော်.......

    ReplyDelete
  16. ကဗျာလေးကို ရမ်းရမ်းခိုက်တယ် တီတီ dream ရေ

    ReplyDelete
  17. ကဗျာလေးကိုရမ်းရမ်းခိုက်တယ် ကြိုက်တယ် တီတီdream ရေ....။ ကော်ဖီမကြိုက်ဘူး နော် အအေးတိုက် :P

    ReplyDelete
  18. သက်တန့်October 24, 2008 at 12:10 AM

    မက်မက်ရေ...
    တီတီတန့်တန့် ၀ိုင်းကူပြီး ရယ်ပေးသွားတယ်နော်... :)
    ပစ္စုပ္ပန်မှာ အကောင်းဆုံးနေပြီး အနာဂတ်အတွက် ပြင်ဆင်ကြတာပေါ့လေ...
    ရှေ့မှာ အနာဂတ်တွေ အများကြီး ရှိသေးတယ်... ချီတက်ကြစို့ တူပျော်ပျော်ပေါ့... :D

    ReplyDelete
  19. Dream လေးနဲ့ အတူ ရောရယ်လိုက်ပြီ။ ဟား..ဟား...ဟား...ဟား...

    ReplyDelete
  20. ပန်းခရမ်းလိုပဲ ၊၊ ဟာသလေး ဆိုတော့ ၀င်ပြီး ရောရယ်(ရီ) ပေးလိုက်တယ် ၊၊ ဟာသဆိုပြီး မရယ်ရင် မကောင်းဝူးလေ၊၊ ဟီး (စတာပါ)

    ReplyDelete