Subscribe:

Thursday, October 9, 2008

အားလုံးပဲသိရင် ပြောပြပေးပါနော်...











အားလုံးပဲ သိရင်ဖြေပေးကြ ပါနော်... သူ့အကြောင်းလေးကို သိချင်နေတာ ကြာပါပြီ။ အင်တာနက်မှာ ရှာတာလဲ မတွေ့ဘူး။သူဘယ်နိုင်ငံကလဲ ဘယ်သူလဲဆိုတာ သိသူများရှိရင် ပြောပြပေးပါ။နော်.... :) :)

လောကမှာ ထူးထူးဆန်းဆန်း လေးတွေလည်း ဖြစ်တတ်ပါတယ်။ ဆေးပညာအရ ကြည့်မယ်ဆိုရင် ဒါက ထူးဆန်းတယ်နော်။ ဒါပေမယ့် ဗုဒ္ဓဘာသာအရ ကြည့်မယ်ဆိုရင် သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့လေ။ အတိတ်ကံ မကောင်းခဲ့လို့သာလျှင် လူဖြစ်ရတာတောင် ဒီလိုဘ၀မျိုးနဲ့ လူဖြစ်ရတာ။ အင်မတန် ၀ဋ္ဋ်ကြီးတယ် လို့ဆိုရမှာပေါ့။
အတိတ်ကံဆိုတာ ဥပမာ အမိဗိုက်ထဲမှာ ပဋ္ဋိသန္ဓေတည် ကတည်းက အမျိုးညံ့ထဲမှာ တည်တာ၊ အမျိုးကောင်းထဲမှာ တည်တာ၊ ခြေလက်အင်္ဂါစုံတာ၊ ချွတ်ယွင်းတာ၊ မိန်းမဖြစ်တာ၊ယောင်္ကျားဖြစ်တာ၊ အဲဒါ တွေကရှေးက အတိတ်ကံကြောင့် ဖြစ်ရတာပါ။ အဲဒီအတိတ်ကံ အားကောင်းမကောင်းကို ပစ္စုပ္ပန်ကံက ပြုပြင် ယူလို့လည်းမရသလို ဖန်တီးယူလို့လဲမရဘူးလေ။ အခုဒီခေတ်မှာတော့ တိုးတက်လာကြတဲ့ ဆေးပညာတွေဟာ ဆိုရင်ဖြင့် အင်မတန်ကို ကြောက်ခမန်းလိလိကို အောင်မြင်နေတာပါ။ ယောင်္ကျားကနေ မိန်းမပုံစံပြောင်းမလား၊ မိန်းမကနေယောက်ျား ပုံစံပြောင်းမလား။ နှလုံးအစားသွင်းပဲ ကုမလား။ ရင်ချင်းဆက်တွေ ကိုပဲခွဲမလား၊ ခါးချင်း ဆက်တွေကိုပဲခွဲမလား၊ ဘာလုပ်ချင်သလဲ အကုန်လုံးကိုလုပ်လို့ ရပါတယ်။ဒီလို ခေတ်ပညာတွေ တိုးတက်လာလို့ ပစ္စုပ္ပန်ကံကို ပြောင်းလဲယူလို့ ရတာပါနော်။ဒီလိုပြောင်းလဲယူတာမှာ ကောင်းတာတွေ အများကြီးရှိသလို ဆိုးကျိုးတွေလည်း ဒုနဲ့ဒေးပါ။

သတ္တ၀ါတို့မှာ ကံသာလျှင် မိမိတို့ရဲ့ ကိုယ်ပိုင်ဥစ္စာ ဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောကြား ထားဖူးတာလဲရှိ ပါတယ်။

ဒီပုံလေးတွေကိုကြည့်ပြီး လောကမှာ ဆုတောင်း မမှားဖို့လည်း အရေးကြီးတယ် ဆိုတာလေးကို သွားသတိရ လိုက်သေးတယ်။ တချို့တွေရှိပါတယ် ငှက်ဖြစ်ရင်တောင် တကိုင်းထဲ နားရပါစေတို့ ဘာတို့ အစရှိသဖြင့်ပေါ့လေ။ :)

တကယ်ပါ..အစကတော့ သူ့ကို photo shop နဲ့ ပြင်ထားတယ် ထင်နေတာ။အဲဒီလူရဲ့ အကြောင်းလေးကို
သိခွင့်ရမယ်ဆိုရင်ဖြင့် မက်မက်ကို ပြောပြပေးပါလို့ တောင်းဆိုပါရစေနော်...။

27 comments:

  1. Dream ရေ ကျနော်လဲ သိဘူးဗျ .. မြင်ဖူးတာတော့ ကြာပြီး ဒါပေမဲ့ ကျနော်ကတော့ Computer နဲ့ ပြင်ထားတယ်ထင်တာပဲ..

    ReplyDelete
  2. တကယ် မဖြစ်နိုင်ဘူးလို့ ရိုးသားစွာ မြင်မိပါတယ်။ အညစ်အကျေးစွန့် အင်္ဂါတွေ မပါပဲနဲ့ အသက်ရှင် ရပ်တည်ဖို့က အလွန်ခက်ခဲပါတယ်။

    ReplyDelete
  3. dream ရေ ဦးရီးတော် ထင်တာကတော့ photo affect လေးပါကွာ.. ကိုဂျူလိုင်ပြောသလို
    ဖြစ်နိုင်ဖို့သိပ်ခက်ပါတယ်..

    ReplyDelete
  4. Photoshop နိုင်ငံသား။
    ကွန်ပြူတာရဲ့သား။
    :)

    ReplyDelete
  5. မျက်နှာက မနှစ်က America Idol မှာဝင်ပြိုင်တဲ့လူနဲ့
    တော်တော်တူပါတယ်..ခု Channel 5 မှာပြန်ပြနေတယ်လေ..
    ဟိုလူကတော့ခေါင်းတစ်လုံး၊ကိုယ်တစ်ခုပါပဲ

    ReplyDelete
  6. Oh my god!!
    I donn't know who is he ?
    May be photo affect my sister . :P

    ReplyDelete
  7. သိဘူး ဒွင်းရေ photo shop နဲ့ ဆက်ထားတာပဲ ဖြစ်မှာပါ .. အဲ့လိုကြီး ရပ်တည်ဖို့ ဆိုတာ တစ်ကယ် မဖြစ်နိုင်ဘူး ...

    ReplyDelete
  8. ခေါင်းနှစ်လုံးပါတဲ့ ကလေး အကြောင်း တုန်းကတောင်
    ဟိုးလေးတကြော် ဖြစ်သေးတာ ရယ်၊ အသက်အရွယ်အရလည်း သိပ်ကြီး နေတာကိုထောက်ပြီး မဖြစ်နိုင်ဘူး လို့ ထင်တာပဲ dream ရေ...
    အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေမပါဘဲ တစ်ရက်တစ်မနက် အသက်ရှင်ဖို့ မလွယ်ဘူးကွယ်..
    အပြတ်တော့မပြောနိုင်ဘူးပေါ့ ကွယ်...
    ဟုတ်ဖူးလား

    ReplyDelete
  9. ဟုတ်တယ်နော်...မက်မက်လည်းမဖြစ်နိုင်ဘူးဆိုတာ
    ပဲပြောရဲတယ်။ ဖြစ်နိုင်ရင် မီဒီရာလောကမှာ
    ပျံနှံ့နေတာ ကြာပီပေါ့.

    လုံးဝကိုမဖြစ်နိုင်ပါ။ အဲတကယ်လို့သာ ဖြစ်နိုင်တယ်
    ဆိုရင်တော့ဖြင့်..အဲဒါကြိးကတော်တော်လေးကိုကြောက်
    စရာကောင်းနေပြီနေနော်...

    ReplyDelete
  10. မင်္ဂလာပါ တူမ

    အခုမှပဲ မြင်ဖူးလိုက်တယ်။ တမျိုးကြီးပဲ၊
    ကျွန်နော်တော့ မထင်ဘူးဗျာ။ အပြင်မှာ မရှိနိုင်ဘူးလို့ မြင်တယ်။

    ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete
  11. အာ........ဘာကြီးတွေလဲလို့.... စိတ်ဝင်စား (အင် ဟုတ်ပါဘူး) လန့်သွားတာ... Photoshop ပါ ဒွင်းရေ... အဲ...မူရင်းပုံတွေကို ကြည့်ချင်ရင်တော့ ဦးဦးအန်ဒီ ဆီမှာ အများကြီးရှိတယ်ကွဲ့... အဲ...အူယင်မူး တို့ဘာတို့ဆီမှာလဲ ရှိမှာသေချာပါတယ်ကွယ်...

    ReplyDelete
  12. မက်မက်ရေ......
    ဒီလိုကြီးတော့မဖြစ်နိုင်ဘူးထင်တယ်နော်..
    ပြောကြသလိုပဲ Photo shop နဲ့ပြင်ထားတာဖြစ်လိမ့်မယ်ထင်တယ်.. :P

    ReplyDelete
  13. သက်တန့်October 9, 2008 at 10:00 PM

    မဖြစ်နိုင်ဘူးလို့ ထင်ပါတယ် မက်မက်ရေ...
    ဘယ်သူ လက်စွမ်းပြထားတာလဲ မသိ... :)

    ReplyDelete
  14. ဖားကြီးOctober 10, 2008 at 3:27 AM

    အင်္ဂါဂြိုလ်က ထင်တယ် မနက်ဖြန် အင်္ဂါဂြိုလ်ရောက်ရင် ရှာပေးမယ် တွေ့ရင်ဘာပြောပေးရမလဲဆိုတာသာပြော

    ReplyDelete
  15. ဟုတ်တယ်အမရေ .. အဲဒါ လူစင်စစ်ဆိုလည်း အဲဒီအရွယ် အထိ အသက်ရှင်လာစရာ အကြောင်းမရှိဘူးလို့ ထင်တယ်

    ReplyDelete
  16. တိဝူးဂျာ... တားတားကြောက်ကြောက်တွေဂျို့...။ fotoshop လက်ချက်ဖြစ်နိုင်တယ်ဂျ...။

    ReplyDelete
  17. ဘယ်လိုကြီးပါလိမ့်...။ မဟုတ်သေးပါဘူးဟာ..။ ဒွင်းကလည်း စိတ်ညစ်ခံမနေနဲ့ တကယ်မဖြစ်နိုင်ပါဘူး။

    ReplyDelete
  18. မင်္ဂလာပါညီမရေ
    သိပ်ကောင်းတဲ့ graphic လက်ရာပဲနော်
    စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ လူတကာကို အံ့သြအောင်လုပ်နိုင်တာ တစ်ကယ်ကိုတော်ပါတယ်
    ခင်မင်လျက် - ဝင်းဇော်
    www.winzaw-mdy.blogspot.com

    ReplyDelete
  19. ဒေါ် Dream ရေ ..
    ကြည့်ရတာတမျိုးကြီးပဲ နော်
    ဟိ ဟိ ပြောရင်း ကြက်သီထတယ်.

    ReplyDelete
  20. DREAM ရေ မေမိုးတို့တော့မသိဘူး
    အခုမှဘဲမြင်ဖူးတယ် ခေါင်းချင်းဆက်တို့ဘာတို့တော့ တွေ့ဖူးတယ်.
    သိပ်တော့မယုံချင်ဘူး
    မေမိုးမခ

    ReplyDelete
  21. တူမတော် ကြံကြံဖန်ဖန် ဘယ်ကရှာဖွေတွေ.ရှိလာ ပြန်ပြီလဲ။ တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် ခေါင်းစားတတ်ပါ့။ photoshop လက်ချက်ပဲနေမှာပါ။

    ReplyDelete
  22. မီးမီးရေ ဦးဦးကတော့
    လူတစ်ကိုယ်စိတ်နှစ်မျိုးလို့ထင်တာပဲ။ :)

    photoshop နဲ့ဖြတ်ညှပ်ဆက်ထားတာ။

    မိုးကြယ်

    ReplyDelete
  23. တူမရေး...။အလုပ်တွေ များနေလို့ ခုမှရောက်တော့တယ်။အော် ဒါကို ခုဘယ်သူမှ မသိတော့
    ဘူးမှတ်လား။တီတီ နောက်ကြတော့ ပေါက်ကရတွေ ပြောကြပြီပေါ့။အော် ဘော်၂ တွေ ဗဟု တုသ အတော်နဲ သကိုး။တီတီ လေး မပြောရင်ဘယ်သူမှ တူမရေး ကို ကူ
    ညီမှာ မဟုတ်ဘူးရယ်။တကယ်တော့ ...ဒါက..ဒီလို..ပါ။
    အဟီး..တီတီ..လည်းမတိဝူး။နောက်တာ..ချိတ်ချိုးသွားလား။တီတီ ကအပျိုကြီးလုပ်မှာ။ခေါင်းမစား စမ်းပါနဲ့ တူမရေး ရယ်။အတော်ကြာ ခေါင်းမွှေးတွေ ဖွေးကုန်းမှာချိုးလိုနော်...ဟိ..ဟိ

    ReplyDelete
  24. အဖြေကရှင်းနေတယ်ဗျို့။ ကွန်မင်းအားလုံးက မသိတာနဲ့ မဟုတ်တာနဲ့ချည့်ဘဲတွေ့တယ်.။ ကျွန်တော်လည်း ....

    ReplyDelete
  25. မမက်မက်ရေ..
    အဲဒီလူက အီရန်နှိင်ငံက ပါးရှန်လူမျိုးတစ်ယောက်တဲ့။
    ကျွန်တော့်ဆီရောက်လာတဲ့မေးလ် မှာတွေ့တာ။
    အဲဒီစာကိုမမက်မက်ဆီပို့ပေးချင်ပေမယ့်
    မမက်ရဲ့ မေးလ် လိပ်စာမသိလို့။
    snap shot၈ျာနယ်မှာပါတယ်။
    vol 2, no 9 မှာဖတ်ရတာ။

    ReplyDelete
  26. ကျေးဇူးပါ ကိုသစ်နဲ့ကိုသိန်းရေ....
    အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပါနော့်။
    အခုတော့ သူ့အကြောင်းကို သိသွားပါတယ်။ :D

    ReplyDelete
  27. လုံးဝ (လုံးဝ) မဖြစ်နိုင်ဘူးလို့ ပြောပါရစေ မက်မက်ရေ...။
    Identical Twin တွေထဲမှာ အထူးဆန်းဆုံးကတော့ အဖြူနဲ့အမဲလေးမွေးလာတဲ့ သာဓကတစ်ခုတော့ သိခဲ့ပါတယ်။ ခုလိုမျိုးကြီး ဆက်နေတဲ့အနေအထားကတော့ မဖြစ်နိုင်ပါဘူး။ Graphic နဲ့ လက်ရာမြောက်မြောက် ဖန်တီးထားချက်မျှပါ။ မက်မက်က တရားသဘောနဲ့ ၀ဋ်နာကံနာတွေအထိ လိုက်ခံစားမိတော့ စိတ်မကောင်းဖြစ်ရတာပေါ့.. ခစ်ခစ်...။ ကြုံလို့ ဖန်တီးထားတာ (Make up) မဟုတ်တဲ့ ထူးဆန်းထွေလာ တစ်ခု လက်တို့ပါရစေ။ Treeman လို့ နာမည်ကြီးနေတဲ့ အင်ဒိုနီးရှားနိုင်ငံက လူကနေ သစ်ပင်ဘ၀ကိုပြောင်းနေတဲ့ ရောဂါဆန်းတစ်မျိုးခံစားရတဲ့ ဝေဒနာရှင်တစ်ယောက်ပါ။ အတုမဟုတ်ဘဲ အစစ်လို့ယူဆပါတယ်။ ဆေးမတွေ့သေးဘူး ဆိုပဲ...။ U Tube က Video Link လေး ပေးပါရစေ...။ အော်... ဒါနဲ့ ဒီနေ့ အာဝါးတွေမနည်းတော့ဘူးနော်... (ဟုတ်တယ်... ဒါပဲ.. စိတ်ထဲမှာတွေးနေတာ.. မပြောနဲ့ သိနေတယ်.. :P )
    http://www.youtube.com/watch?v=DStwXsmZ3OE

    ReplyDelete