အချစ်..အချစ်..အချစ်..အချစ်...
တကယ်တော့ အချစ်ဟာ ဘာလဲ... အချစ်ဆိုသည်မှာ ဘာလဲ.. အိပ်မက်ဆိုတဲ့ ကောင်မလေး အူကြောင်ကြောင် နိုင်စွာနဲ့ တော်တော်လေး ကိုစဉ်းစား လိုက်ရပါတယ်။
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
ငါကိုယ်တိုင် အချစ်ဟာ ဘာလဲ မသိတော့ပါ။ တခါတလေမှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်း လိုက်ချင်လည်း ..တခါတလေတော့ အချစ်နဲ့ ဝေးချင်တယ်။
အချစ်ဆိုတာကို မြန်မာနိုင်ငံက လူတွေသာမက ကမ္ဘာမှာ ရှိရှိသမျှသော သူတွေက အဓိပ္ပာယ်မျိုးစုံနဲ့ ဖွင့်ဆိုခဲ့ကြပါတယ်။ လူတိုင်းလူတိုင်းဟာလည်း ကိုယ်အားသန်ရာ အတွေးတွေနဲ့ အမျိုးမျိုး ဖွဲ့ဆိုကြပါတယ်။ အချစ်ဆိုတာကို ကဗျာဆရာက ကဗျာလေးတွေ နဲ့ဖွဲ့ဆိုကြသလို၊ ဒဿန ဆရာတွေကလည်း ဒဿနလေး တွေနဲ့ဖွဲ့ ဆိုကြပါတယ်။ တရားဟော ဆရာတွေကလည်း ဓမ္မလေးတွေနဲ့ ဖွဲ့ဆိုကြပြန်ရော၊ စသဖြင့်ပေါ့လေ။ အမျိုးမျိုးပေါ့။
တကယ်တော့ အချစ်ဆိုတာ လူသားတွေရဲ့ နှလုံးသားကို ဝေဒနာတို့ဖြင့် ရှင်သန်နေစေတာပါ။ ဒါကDream နားလည်သလောက်ပါ။ နဲနဲချစ်ရင် နဲနဲပဲဝေဒနာခံစားရမယ်။ အများကြီးချစ်ရင် အများကြီးခံစားရမယ်။
ဒါဆိုရင် ဝေဒနာတို့ဖြင့် နှလုံးသားကို ရှင်သန်စေသော အရာကိုအချစ်ဟုခေါ်သည် လို့အဓိပ္ပာယ် သတ်မှတ်လို့ ရသွားပြန်တယ်နော်။နေ့တစ်နေ့ကို ပေါ့ပါးလန်းဆန်းစွာ နိုးထစေခဲ့ပြီး ဝေဒနာတို့ဖြင့် ရှင်သန်မှုပေးသော အရာကို အချစ်ဟုခေါ်သည်။
မေတ္တာ၊ ကရုဏာ၊ စေသနာ ၊မုဒိတာ စတာတွေက 528ကိုနွယ်ပြီး၊ သမီးရည်းစား အချစ်ကြတော့ 1500လို့ခေါ်တဲ့ တဏှာဘက်ကို ကူးသွားတော့ လူတွေကို ဝေဒနာတွေနဲ့ ပူလောင်စေ ပြန်တယ်နော်။ တွေးတောရင်း နဲ့တောင် အင်မတန် စိတ်မှာ ပူလောင်ရပါတယ်။
တကယ်တော့ အချစ်ဆိုတာကို ဘယ်သူမှ ရေရေရာရာ တိတိကျကျ မသိကြပါဘူး။ အချစ်ဆိုတာ ဘာလဲသိကြရင် အဖြေတွေကလည်း ဒီလိုအများကြီး ထွက်လာ စရာမရှိဘူးလေ။ အချစ်ဆိုတာဘာလဲ သူတို့ကိုယ်တိုင်တောင် မသိကြပါဘူး။ Dreamလည်းမသိပါဘူး။ လူတိုင်းမှာ ချစ်တတ်တဲ့ စိတ်ကလေး တွေတော့ ရှိကြတာပဲ။ လူတွေမပြောနဲ့ တိရိစ္ဆာန်တွေ တောင်ချစ်တတ်ကြပါတယ်။ ချစ်တတ်တာတော့ သိတယ်။ ဟုတ်ပြီ၊ ဘာကြောင့်ချစ်တာလဲ၊ အကြောင်းတရား တော့ရှိရမှာပေါ့နော်။ ဥပမာ မုန့်ဟင်းခါးကို ချစ်လို့စားတာလား၊ ကြိုက်လို့စားတာလား။ စဉ်းစားစရာဖြစ်လာပြီ... :D ဟဲဟဲ.. ကြိုက်လို့စားတာပေါ့လို့ အားလုံးက တစ်ညီတညွတ်ထဲ ဖြေမှာ ကျိန်းသေပါတယ်။ ဒါဆိုရင် စဉ်းစားကြည့်လိုက်ပေါ့။ ကြိုက်တယ်ဆိုတာ ပိုင်ဆိုင်မှု သဘောသက်ရောက် သွားပြီနော်။ အချစ်ဆိုတဲ့ အဓိပ္ပာယ် ကျတော့ ဆန့်ကျင်ဘက် ဖြစ်သွားပြန်ရော။
ဘ၀ဒဿန စာရေးဆရာ ရဲ့ ကဗျာလေးကို ဖတ်ရတော့ အလှနဲ့အချစ် ဟာဒွန်တွဲနေတယ် ဆိုတာ သိလိုက်ရတယ်။
ဒါဆိုရင် လှတယ်ဆိုတာ လူတယောက်ရဲ့ စိတ်ကို စွဲဆောင်နိုင်သော အရာကိုခေါ်တာပါ။ သူအပေါ်ဖြစ်ပေါ်လာတဲ့အချစ်ဟာ ပေးကမ်းရန်သာ ဖြစ်ပြီး ရယူပိုင်ဆိုင်ဖို့ မဟုတ်ပါဘူး။ ဥပမာ မိန်းမလှ တယောက်ကို တွေ့ရင် သင့်နှလုံးသားက အဲဒီအလှကို လွမ်းမိုးဖို့ ဆွဲယူပါလိမ့်မယ်။ အဲဒီအခါသင့် ကိုယ်မှာ ကြေကွဲခြင်းဝေဒနာနဲ့ ပျော်ရွှင်ခြင်းဝေဒနာတို့ ပေါင်းစပ်မိသွားကြတယ်။ ဒီလိုပေါင်းစပ်တာကို သင်ကိုယ်တိုင် သိမှာမဟုတ်ပါဘူး။ သိခဲ့တယ်ဆိုရင်တောင် ၀ိုးတိုးဝါးတား လောက်ပဲဖြစ်မှာပါ။ဒါကြောင့် ဘ၀ဒဿန စာရေးဆရာ ကာလီဂျီဗရန်း(1883-1931)က
"သဘာဝတွင် အလှသည် အဓိက
အလှ ဟူရာတွင်လည်း...
အလှ၌ အချစ်စစ်သည် တည်သောကြောင့်ဖြစ်၏။
အလှတွင် တည်သော အချစ်ကို တွေ့ရခြင်းသည်
ဘ၀၏ ပြင်းစွာသော မျှော်လင့်ချက်ပင်" ဖြစ်သည်ဟု စပ်ဆိုထားပါတယ်။
ဒါဆို စိတ်နှင့်ဝိညာဉ်ကို စွဲစောင်နိုင်သော အရာကိုအလှဟုခေါ်သည် လို့အဓိပ္ပာယ်ဖွင့်လို့ရပြန်ရော။ သူ့အပေါ်၌ ဖြစ်ပေါ်လာတဲ့ အချစ်သည်ပေးကမ်း ရန်သာဖြစ်ပြီး ရယူရန်မဖြစ်တော့ဘူး။
အချစ်ဆိုတာ သေဆုံးခြင်း မရှိသောအရာပါ။ ဒါပေမယ့် ဘ၀ကို ပြာကျစေနိုင်တဲ့ အရာလည်းဖြစ်ပြန်ရော။ ကဗျာ ဆရာတွေ ဘယ်လိုဖွဲ့နွဲ့ခဲ့ကြမှန်း Dreamမသိ၊ ဒဿနဆရာတွေ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုကြမှန်း Dream နားမလည်။ Dream သိတာကတော့ သူ့ကိုချစ်ခဲ့ဖူးသည်။ သူမမှာ အင်မတန် ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်တာတော့ သူမသိသည်။ အချစ်ဆိုတာ သေဆုံးခြင်း မရှိသော ဘ၀ကိုပြာကျ စေနိုင်သော မီးတောက်မဲ့ အိပ်မက်မြစ် တစ်ခုလိုမျိုး ပါပဲနော်..
~~~~အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ် တစ်ခု၊ ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါအခု။ မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တခု.....528ထက်ပိုရင် နှောင်ဖွဲ့တွေစု... ~~~~ :P :P
ဟယ်..ဂယ်ဖဲ..ဂယ်ဖဲ..ထရေးဂို ဘာဒွေ ရာတက်ဂ်ခိုင်း မှန်းမတိဖူး.. ကဲကဲ..ဦးဦးဟံတစ်ညိမ်(ဟန်သစ်ငြိမ်), ဦးဦးကျယ်ချင်တွေး(ကြယ်စင်သွေး)နဲ့ ဦးဦးသောင်ပေါ်တား(တောင်ပေါ်သား)ရေဒီ လောက်ဆို ကျေနပ် နိုင်မယ်လို့ ယုံကြည်စွာ မျှော်လင့်မိပါတယ်။ :P
မက်မက်လည်း ကျန်တဲ့ ဦးဦးတို့ တီတီတို့ကို တက်ဂ်ချင် သေးတာပေါ့။ များများတော့ မဟုတ်ပါဘူး။ နဲနဲပါးပါး လောက်ပါပဲ။နော်..နော်.. :D :)
ဦးဦးဂျင်ရော်(ကိုဇင်ယော်) done
ဦးဦးမိုးဂျယ် (ကိုမိုးကြယ်) done
ဦးဦးယံအော်(ကိုရန်အောင်) done
ဦးဦးမိုးတောက်(ကိုမိုးသောက်) done
ဦးဦးဝန်းချော်(ကိုဝင်းဇော်) done
ဦးဦးကောက်(ကိုကောက်တေး) done
ဦးရီးတော်(ကိုဝင်းမင်းဆန်း) done
ဦးဦးအန်တီ(ကိုအံဒီ) done
ဦးဦးမိုးဝေယွင်(ကိုမိုးဝေလွင်)
ဦးဦးတန်ယွင်(ကိုသံလွင်ဟီးရိုး) done
ဦးဦးအိန်(ကိုအိန်) done
ဦးဦးတိန်(ကိုပုသိမ်) done
ဦးဦးညံ့(ကိုခပ်ညံ့ညံ့ကောင်) done
ဦးဦးပန်းဂျဂါး(ကိုပန်းစကား) done
တီတီဝါ(မ၀ါဝါခိုင်မင်း) done
တီတီမေ(မမေအိခင်) done
တီတီဇင်(မသက်ဇင်)
တီတီ60(မဝေလေး) done
တီတီတန့်တန့်(မသက်တန့်) done
တီတီမေတူ(မမေသူ) done
တီတီယောင်းယောင်း(မမီးလေး) done
တီတီရှင်းမရေး(မချင်းမလေး) done
တီတီတင်ချာ(မသဉ္စာ) done
တီတီယောင်ပန်(မရောင်ပြန်) done
တီတီဆောင်း (မဆောင်းဦး)
ဟယ်...အားနာလိုက်တာ နဲနဲလေး များသွားလား မသိဘူးနော်.. ဟိ..ဟိ.. :P အို... မတတ်နိုင်ဘူး.. ချစ်တာကိုး.. ဒါတောင် ကျန်သေးတယ်.. အကုန်လုံး ဆိုရင် တစ်ခြားလူတွေ တက်ဂ်စရာမရှိ ဖြစ်မှာစိုးလို့ အားနာတတ် ပုံများနော်...ဟင်း..ဟင်း...ခုဒီမှာ မပါတဲ့ သူတွေ နောက်တစ်တက်ဂ်မှာ ပြန်တွေ့မယ်နော်.. မျက်ခုံးသာ လှုပ်နေပေတော့.. ဟဲဟဲ... :P :P

Dream ရဲ့အချစ်တွေကိုနားလည်သွားပါတယ်................
ReplyDeleteမက်မက်ေ၇ ခုပဲ တင်လိုက်တာ အဲဒီတက်ပို့စ်ကို.....
ReplyDeleteနာမည်ထပ်ထည့်ပေးမယ်....
" အချစ်ဆိုတာ လူသားတွေရဲ့ နှလုံးသားကို ဝေဒနာတို့ဖြင့် ရှင်သန်နေစေတာပါ။ "
ဟုတ်ပနော်.... မှန်၏....
တူမလေးမက်မက်ရေဦးဦးရေပြီးသွားပြီနော်...
ReplyDeleteဦးဦး တက်လေးလဲရေးပေးပါအုံး...
တူမလေးရေထဲတဲ့အချစ်အဓိပ္ပာယ်
ဖွင့်ဆိုချက်နှစ်ခုကိုကိုခံစားသွားပါတယ်....
ဟီး...ခုမှပဲကိုယ်ကိုကိုယ်..ဦးဦးလို့ခေါ်ဘူးတော့တယ်..:P
၁၅၀၀ အချစ်မှာလည်း အေးချမ်းတဲ့ အချစ်မျိုးတွေ ရှိပါတယ် မမရေ... သူစိတ်ချမ်းသာရင် ကိုယ်လည်းစိတ်ချမ်းသာတယ် ဆိုတဲ့ စိတ်မျိုးထားလိုက်ပီ ဆိုရင်လေ.....
ReplyDeleteအောက်မြတ်ငေး...
ReplyDeleteမီးမီးမက်မက်လေးရယ်...
"Dream သိတာကတော့ သူ့ကိုချစ်ခဲ့ဖူးသည်။ သူမမှာ အင်မတန် ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်တာတော့ သူမသိသည်။ အချစ်ဆိုတာ သေဆုံးခြင်း မရှိသော ဘ၀ကိုပြာကျ စေနိုင်သော မီးတောက်မဲ့ အိပ်မက်မြစ် တစ်ခုလိုမျိုး ပါပဲနော်.."
တော်ပါပေ့ အချစ်ဒဿနတစ်ခု.
...................................
ဦးဦးတိန်ပါမှ ပါပါ့မလားလို့အသေအချာပြူးပြဲရှာမိပါသေးတယ် နံပါတ်(၁၂)
ဟီး..ဟီး..
အချစ်မရှိလို့ ပန်းခြံတောင်မရောက်ဖူးဘူးဗျ.. ဟီး
မ Dream ရေ အချစ်ရဲ့ ဒဿနများကို လာရောက် ခံစားသွားပါတယ်... နောက်ဆုံးတော့ အချစ်ဆိုသည်မှာ အချစ်ပါပဲလို့ ထပ်ပေါင်းလိုက်တာ အကောင်းဆုံးပါပဲနော့်
ReplyDeleteမှန်၏... ထောက်ခံ၏... :)
ReplyDeleteတီတီက Tagမလို့ဟာကို...
လက်ဦးသွားတယ်နော်... ဟင်းဟင်း... :P
ဟိုက်..ရေးချက်တွေက လွင့်နေတာပဲ။ တူမတော် က သီချင်းပါဆိုလိုက်သေးကိုး။ မှတ်သားလောက် ပါတယ်ဗျာ။ ဘာရေးရမှန်း ကောင်းကောင်း မသိသေးလို့  သူများရေးပြီးသားတွေ လှည့်လည်ဖတ်ရှု လိုက်ဦးမယ်။ စာမေးပွဲလည်း နီးနေလို့  ခဏတော့ စောင့်ပါ တူမတော်ရေ။ ( ဟွန်း တက်တော့ ထိပ်ဆုံး၊ မုန့် ကျွေးရင် နောက်ဆုံးက ပြောချင်ဘူး :P )
ReplyDeleteကလေးမို့လို့နော် ဂယ်ဖဲ ဂယ်ဖဲ
ReplyDeleteလူကြီးဆိုလို့ကတော့ ထိန်းကို နိုင်မှာ မဟုတ်ဘူး .. :P
အချစ်အကြောင်းတွေ ပြောသွားတာ စုံစိနေတာပဲ ..
အချစ်ဋိကာ စာအုပ်ထုတ်ရင်တော့ ရပြီ ..
ဟေး ဘာတွေလည်းတောင်နားမလည်အောင်မြင့် တယ်ဟေ့။ Dream ကအချစ်ဆရာမကြီးပဲ
ReplyDeleteဟီဟီ
အချစ်တဲ့....................
ReplyDeleteရသစုံလင်တဲ့ ခံစားချက်ပေါင်းစုံကို
သူ့ကိုပေးချင်တယ် သူသိစေချင်တယ်
ပြောရရင် အရှည်ကြီးပဲ.......................
ဒါကို ဒဿန ဆရာတွေက ခြုံငုံပြီးတော့
အတိုကောက် ခေါင်းစဉ်ပေးသွားတယ်.........
ရသစုံလင်တဲ့ ခံစားမှု အားလုံးကို အချစ်ဟု
ခေါ်ဝေါ်သုံးစွဲ ကြစေသတည်းတဲ့ ။
DREAM လေးရေ---ပေးပြန်ပြီ တာ့
ReplyDeleteနောက် --တမျိုးပေါ့လေ---
အရင်တာ့ လည်းမရေးရသေး--
အချစ်ဆိုသည်မှာ-----
တကယ်တော့---မသက်ဇင် ရဲ့ နှင်းဆီနီပွင့်
ဖတ်ပေါ်က ပျားရည်တစက်မှာ---ပိုစ့် အခန်း
ဆက် အဖြစ် ---အချစ်ဖြစ်တည်မှုကို အငွေ့
အသက် တစွန်းတစ---ပြနေပြီလေ---
လောလောဆယ်--ကျေနပ်နော်---
နောက် ထပ်မကျေနပ်သေးရင်---
သပ်သပ် ထပ်ရေးပါအုံးမယ်----
DREAM လေး အမြဲတမ်းချစ်နိုင်ပါစေ----
“အချစ်ဆိုတာ သေဆုံးခြင်း မရှိသော ဘ၀ကိုပြာကျ စေနိုင်သော မီးတောက်မဲ့ အိပ်မက်မြစ် တစ်ခုလိုမျိုး ပါပဲနော်..“
ReplyDeleteအဲဒီစာသားလေးကိုပို ကြိုက်တယ်။ ဖတ်လို့ ကောင်းလို့ သေသေချာချာ ဖတ်သွားပါတယ် မမ ။ အရမ်း ကောင်းပါတယ် ဖတ်လို့ ။
အမယ်အမယ်... မက်မက် တော်တော် အရေးကောင်းပါလား.. အချစ်ဆိုတာကို ပြောသွားလိုက်တာ..
ReplyDelete~~~~အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ် တစ်ခု၊ ဆိုပါလား.... ဟုတ်လို့လား..!!
ဒါက တစ်ဖက်ကကြည့်တာနော်..
နောက်တစ်ဖက်ကကြည့်ရင်..
အေးမြတဲ့ မြူနှင်းပွင့်လေး ဖြစ်ရင်ဖြစ်နေမှာ...
နောက်တစ်ဖက်ကကြည့်ဦးမလား.. မိုးဖွဲလေးတွေကျနေတဲ့ ထီးကလေးလည်းဖြစ်နိုင်တာပဲ..
အင်း.. ခက်ပါတယ်.. အချစ်ဆိုတာ.. အရောင်အမျိုးမျိုး.. ပုံသဏ္ဌာန်အမျိုးမျိုး.. အရသာအမျိုးမျိုး..
အဲ့ အနံ့လေးကတော့ တစ်မျိုးတည်းရယ်.. ဘာနံ့လဲသိလား... ဟီးးး... သနပ်ခါးနံ့လေး.... :))
ဦးနော်..
ကျေးဇူးပဲဗျို့...
ReplyDeleteပြောတော့... `ထရေးဂို ဘာဒွေ ရာတက်ဂ်ခိုင်း မှန်းမတိဖူး.. ´ ဆိုပြီး ဖြေထားလိုက်တာ ဦးပုညရှုံးလောက်တယ်။
ပြန်တက်ဂ်ထားလိုက်တာလည်း ဟန်သစ်ငြိမ် ငိုလောက်အောင်ပဲဗျို့...။
အောင်မာ... Dream ရေ။ ညည်းလေးက လက်ဘနွန်ကဗျာဆရာကြီး Kahlil Gibran တောင်သိနေပါလား။ Tears and Laughter စာအုပ်ဖတ်ထားတယ်နဲ့ တူတယ်။ “အနီးကပ်ဆုံး အချစ်မှာတောင် ကွပ်လပ်ကလေးရှိစေချင်တဲ့” သူရေးသွားတာလေးပါ love ပို့စ်ထဲမှာ ထည့်ရေးရမှာ။
ReplyDeletetag ထားတာ ရေးပြီးပြီနော်။ သံခမောက်ဆောင်းပြီး လာဖတ်လှည့်။
မှတ်သားသွားတယ်.. အချစ်ကျောင်းသူပါ.. အားးး မေ့လို့ ဘ၀ကျောင်းသူ..
ReplyDeleteအဲတော့ မက်မက် က ဘလော့တကမ္ဘာလုံးကို တက်ထား တာကိုး။ တီတီဆောင်း ခံယူချက်ကတော့ လူ၎ယောက် သာ တက်မှ ရေးပေးမှာနော်. အခု က တသီတတန်းကြီး
ReplyDeleteအချစ်ဆရာမကြီးပဲ လက်စွမ်းပြတာတွေကို ဖတ်လိုက်တာ မျက်စိတောင် တော်တော် ညောင်းသွားတယ် :P
ReplyDeleteမက်မက်လေးရေ...
ReplyDeleteရေးပြီးသွားပြီကွ..
ဒီမှာ.
http://www.yanaung.net/2008/12/blog-post_07.html
တာဝန်ကျေပါတယ်နော်.
း)
Y.
~~~~အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ် တစ်ခု၊ ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါအခု။ မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တခု.....528ထက်ပိုရင် နှောင်ဖွဲ့တွေစု... ~~~~ .........
ReplyDeleteဒါလေး ငါကြားဖူးပါတရ် ။ ဘယ်နားမှာ ကြားဖူးပါလိမ့် ... စဉ်းစား စဉ်းစား ..... ဟီးးးး ။ ရှဲရှဲ တီတီမက်မက် .....
(ကိုရဲ)