ကြက်ဥငါးပိချက်လေး... :P
အိုးလူးထမင်းလေးပေါ့.. :P
ကဲ..အားမနာနဲ့နော်.. အ၀စားသွား.. :P
ဒီမနက် ရုံးကိုရောက်တော့ ကော်ဖီသောက်ချင်နေတာနဲ့ ငါ့ဘယ်သူများ ကော်ဖီလာတိုက်မလဲဆိုပြီး ဘလော့ ဖွင့်လိုက်တာ...ဟဲဟဲ...တွေ့ပါပြီ ဦးလုံး(ကိုမျက်ဝန်းနက်)ကြီး......အိမ်ကိုလာလည်ရင် ကော်ဖီတိုက်တာ တီတီ ဒရင်းတယောက်ပဲရှိတယ်။အခုကော်ကော်တိုက်တဲ့.....ဟော....မက်မက်အိန်ဂျယ် လေးကလည်း ကော်ဖီ သောက်မယ်ဆိုပဲ။တိုက်ရမှာပေါ့နော့်။ :) ဟဲ...ဟဲ...တွေ့ပါပြီ.....နောက်တစ်ယောက် ကော်ဖီ ဒကာရှင်ကြီး ဦးမိုးတောက် (ကိုမိုးသောက်) က အန်တီဒွင်း အိမ်ကိုလာလည်ရင် ကော်ဖီတိုက်မယ်တဲ့။ :)
အတိုင်း ဦးလုံးနဲ့မက်မက်အိန်ဂျယ် အတွက် တာပေါင်း(ပါဆယ်)သယ်လာခဲ့တာပေါ့။ ဟော..တီတီမေကလည်း
တီတီဖျော်တဲ့ ကော်ဖီခါးခါး ကြိုက်ပါ့မလားတဲ့..မက်မက်တို့က ကော်ဖီဆိုရင် ခါးခါးမှကြိုက်တာ ဆိုတော့ ဂွတ်ပေါ့...ဘယ်ရမလဲ ထပ်သောက် လိုက်တာပေါ့။ တီတီ60ကလည်း ကော်ဖီခါးခါးကြိုက်တတ် တယ်ဆိုတော့ တီတီမေ့ဆီကနေ တာပေါင်း ထပ်ယူလာခဲ့တယ်။ဟဲ..ဟဲ.... :P
ဒါနဲ့မောမောနဲ့ ထိုင်နေတုန်း တီတီတန့်တန့့်် ကမက်မက်ရေ..... တီတီကို ရေတိုက်ပါဆိုလို့ အိမ်တိုင်ရာရောက် ရေသွားတိုက်တာ အမလေး တက်ဂ်နဲ့ညားတော့တာပဲ။ ဟင့်..ဟင့်...မက်မက်လေးကို တက်ဂ်ထားတယ်တဲ့။
တီတီလူဆိုး...ဂယ်ဖဲ..ဂယ်ဖဲ....ဟွန်း :P ဦးဦးတန်ယွင်(သံလွင်)ဆီသွားတော့လည်းတက်ဂ် နဲ့တိုးနေတယ်။ တက်ဂ်ထားဒါရေးပေးနော်တဲ့။ ဒါနဲ့ ဦးဦးအိန်(အိမ်)ကလည်း ကဲနောက်တစ်တက်ဂ်နော်တဲ့.... ဟယ် .... ဦးဦးအိန်ကဇွတ်ပဲ .. အရှေ့က တက်ဂ်အအကြွေးကို ဆပ်တောင်မဆပ်ရသေးဘူး။ နောက်တစ်တက်ဂ်နော်တဲ့။ ဟင့်ဟင့်....မှတ်ကရောပဲ..... :P
အဲလိုနဲ့ ရုံးမှာ ဘလော့အိမ်တွေကို စုံအောင်မလည် အားတော့ဘူး။ လုပ်စရာရှိတာတွေကို လုပ်ပြီး အလုပ်ကိစ္စနဲ့ အပြင်ကိုထွက်သွား လိုက်ရတယ်လေ။ အလုပ်ကလည်း မပြီးပြတ်သေးဘူး။ ဗိုက်ကလည်း တော်တော်ဆာနေပြီ။ တနေ့လာလည်း Chicken rice နောက်နေ့လာလည်း Chickenriceနဲ့ Foodcourt ကအစားအစာတွေ စားချင်တော့ ဘူးလေ။ ဒါနဲ့ နေ့ခင်းစာကို ဖြစ်သလို ရေသောက်ပြီး နေလိုက်တယ်။ အိမ်ရောက်မှပဲ ထမင်းဆွဲတော့မယ် ဆိုပြီး ပြန်လာတာပေါ့။
အမှန်က ဒီည ဟင်းကောင်းကောင်း ချက်မယ်စိတ်ကူးထားတာ။ ဒါပေမယ့် ညနေအလုပ်က ပြန်လာတော့ လူက တော်တော်ကိုပင်ပန်းနေပြီ။ ဒါနဲ့ နေပစေတော့ ဖြစ်သလိုပဲ ကြက်ဥဟင်းပဲ စားမယ်ဆိုပြီး ရှိသမျှ ကြက်ဥတွေ အကုန်ထုတ် ကြော်ပဲစားတော့မယ်ပေါ့။ ဟဲ..ဟဲ..တကယ်တော့ အမြဲတမ်း ဖြစ်သလိုကြော်ပဲ စားနေရတာကို ငြီးငွေ့နေပြီ။အဲဒါနဲ့ မထူးပါဘူး။ ကြက်ဥအချဉ်ဟင်းလေး ချက်လိုက်မယ်လေဆိုပြီး ချက်တာပေါ့။ အစကတော့ ဟင်းကတော်တော်လေးပေါ့နေတာ။ဒါနဲ့ ငန်ပျာရည် နဲနဲလောက် ထည့်မယ်ပေါ့ဆိုပြီး ...အဟိ... :) .. ထည့်လိုက်တာ အဲဒီမှာ လက်ကချော်ပြီး ငန်ပျာရည်တွေ ဒယ်အိုးထဲကို တော်တော်များများ ရောက်ကုန်တယ်။
အဟဲ...ဘာဖြစ်မယ် ထင်သလဲ...တော်တော်လေးကို စားမရလောက်အောင် ငန်တာပေါ့။ ဟဲ....ဟဲ ..... သိတယ်မလား ဟင်းချက်တဲ့ နေရာမှာ အဲဒီလောက်တော်တာ ။ အဲဒါနဲ့ သိသလောက် မှတ်သလောက် အငန်ပျောက်အောင် မန်ကျည်းသီးဖျော်ပြီး လောင်းထည့်တာပေါ့၊ ရေကိုလည်း ဒယ်အိုးအပြည့်ကို ထည့်ထားပစ်လိုက်တယ်။
ဟားဟား... ကဲမှတ်ကရောပဲ။ဟွန်း ...ဒီလောက်တော့ အပျော့ပေါ့။ ဒါနဲ့ရေခန်းလို့ ပြန်လည်းမြည်းကြည့်ရော ... Ala Mak..တော်တော်ကို အခြေအနေဆိုးဆိုးနဲ့ ရွှေကြက်ဥတွေက ငန်နေတုန်း။ ဟားဟား... ဒါနဲ့....Online မှာမက်မက်ရဲ့ အစ်ကိုနဲ့ တီတီတန့်ကို တွေ့တော့လုပ်ကြပါဦး၊ ကြက်ဥဟင်းက တော်တော်ကို ငန်နေတာ၊ရေလည်း ရောပြီးပြီးပြီ၊ မန်ကျည်းသီး ဖျော်ရည်လဲ ထည့်ပြီးပြီ၊ ငန်နေတုန်းပဲ၊ အဲဒါမငန်အောင် ဘာလုပ်ရမလဲပေါ့။ လှမ်းမေး ရသေးတယ်။ သူတို့က မန်ကျည်းဖျော်ရည်ထည့်တဲ့။ အဲလိုမှမရရင် ဘဲဥရေဆေး အသစ်ပြန်ချက်တဲ့။ အဖြေလေးက အားရှိစရာလေးနော်။ :D ဒါနဲ့မထူးဘူး၊ ဒုတိယံမိ မန်ကျည်းသီးကို ရေဖျော်၊ပြီးတော့ ဒယ်အိုးထဲ ရေအပြည့်ထပ် လောင်းထည့်ပစ်လိုက်တယ်။ ပြီးတော့ငြုပ်ရုပ်သီးတောင့်နဲ့ နံနံပင်လေးပါအုပ်ပစ်လိုက်။ မှတ်ကရောပဲ။ ဟဲဟဲ..ရွှေကြက်ဥတွေက ဘယ်အငြိုးနဲ့ ဒီလောက် ငန်နေမှန်းကို မသိတော့ဘူး။ဟဲ..ဟဲ.. နောက်ဆုံးတော့ ရပါပြီ။ ငါးပိမပါတဲ့ ကြက်ဥငါးပိချက်...ဟားဟား... :P
အဟင့်...ဟင့်.. ဒီနေ့တော့ ဖြစ်သလို ကြက်ဥငါးပိ ချက်လေးနဲ့ ထမင်းအိုးလူး လေးနဲ့ပဲနှစ်ပါးသွား ရတော့မယ်။ :( ကဲစားချင်ရင် တစ်ခါတည်း စားသွားနော်။ ကြက်ဥတွေက ၁၀လုံးတောင် ချက်ထားတာ။ ပျော်ပျော်ပါးပါး ကြက်ဥ ငါးပိချက်လေးနဲ့ အတူတူ စားလိုက် ကြရအောင်...နော်.... :D
ဦးဦးသံလွင်၊ဦးဦးအိမ်နဲ့တီတီတန့်တန့်တို့ရေ ဒီလောက်နဲ့ပဲ ကျေနပ် လိုက်တော့နော်။ ပြီးရင်လည်း ထမင်း တစ်ခါတည်း စားသွားဖို့ မမေ့နဲ့နော်။အားမနာနဲ့ ။ ဟီးဟီး.. :P
အဲဒါကတော့ 7.10.2008 ရဲ့ဖြစ်သလို စားလိုက်ရတဲ့ တစ်နေ့တာ အမှတ်တရလေးပါပဲ။ :)
တက်ဂ်ထုံးစံအရ မက်မက်ကလည်း ပြန်တက်ဂ် ချင်သေးတာပေါ့။ အခုတက်ဂ် ပေးရမယ့်သူတွေကတော့
ဦးဦးတိန်လို့ခေါ်တဲ့ ကိုဖေသိန်း (ရေးပြီးသွားပါပြီ)
ဦးဦးလစ်လို့ခေါ်တဲ့ ကိုကျော်သက်လတ်
ဦးဦးခင်ရေးလို့ခေါ်တဲ့ ကိုမောင်ခင်လေး
ဦးဦးဖားကြီးလို့ခေါ်တဲ့ ကိုဖားကြီး
ဦးဦးလုံးလို့ခေါ်တဲ့ ကိုအနက်ရောင်မျက်လုံး
တီတီယောင်းယောင်းလို့ခေါ်တဲ့ မမီးလေး
တီတီငယ်လို့ခေါ်တဲ့ မခင်လေးငယ်
တီတီမေလို့ခေါ်တဲ့ မမေအိခင်(ရေးပြီးသွားပါပြီ)
တီတီတွန်းတွန်းလို့ခေါ်တဲ့ မစ်(စ်)သွန်းသွန်း
တို့ပဲဖြစ်ပါတယ်။ မက်မက်ကို ခင်တယ်၊ချစ်တယ် ဆိုရင်တော့ တက်ဂ်ပေးကြမယ်လို့ မျှော်လင့်တာပဲ။ :P
ဗိုက်ဆာသွားပြီ.. မက်မက်လုပ်လို့.... :P
ReplyDeleteကြက်ဥငါးပိချက်ဆိုလို့ ဘာများလည်းလို့ ငံနေတုန်းလား နောက်တစ်ခေါက်ချက်တော့လည်း.... :P
စားသွားတယ် ဗိုက်ဆာဆာနဲ့ .... ဒီနေ့အိမ်မှာထမင်းစားလို့မကောင်းဘူး.... :P :D
တူမလေးရေ အိမ်မှာဟင်းမရှိလို့ သတင်းကြားတာနဲ့လိုက်လာစားတာပဲ တော်ပါသေးတယ်အများကြီးကျန်သေးလို့ တူမလေးချက်ထားတာလေးကစားချင်စရာလေးပါနော်..ဟမ်း..ဟမ်.. ရေဆာလိုက်တာ တစ်လုံးပဲယူသွားတော့မယ်နော် သူများအတွက်မကျန်မှာဆိုးလို့...ဟဲဟဲ..
ReplyDeleteမိုက်တယ်ဗျာ သူများတွေများ ဖြစ်သိုစားတာ ဖွယ်ဖွယ်ရာရာပါပဲ ကောင်းပါ့ ကြည့်ရင်းတောင် သရေကျလာပြီဗျာ
ReplyDeleteမနက်ဖြန်ကျမှ အဲလိုမျိုးလုပ်စားဦးမယ်။ :)
ReplyDeleteမက်မက်လေး...အွန့်နာလိုက်တာ...အခုပဲကင်ချီခေါက်
ReplyDeleteဆွဲကိုပြုတ်ပီးသွားပြီ...အခွင့်ရေးတော့လက်လွှတ်ခံလို့
ဘယ်ဖြစ်မလဲ...နက်ဖြန်ကျောင်းမသွားခင်လေးဝါးကြော
လုပ်ဖို့တာပေါင်းနော်...ငံရင်လည်းကိစ္စမရှိဘူး...ရေနည်း
နည်းရောပြီးသကြားထည့်လိုက်မယ်.ဖြစ်တယ်မဟုတ်
လား...chicken rice ဘဲသိပ်မစားနေနဲ့နော်...တားတား
တော့အခုduck riceပြောင်းစားနေတယ်... :P
ဝေ့.. များလှချည်လား။ ဘယ်နှစ်ယောက်စာလည်းဗျ။ ဖြစ်သလိုသာပြောတာနော စားချင်စရာဗျ။
ReplyDeleteသုခမိန်(E-Journal)
အယ်....ဖြစ်သလိုကလည်း တယ်ဟုတ်ပါလား။ ခုတော့ ဗိုက်ပြည့်နေလို့  မစားတော့ဘူး။ မနက်စာအတွက် တာပေါင်းသယ်သွားပြီ။ ကြည့်ရတာ ဖြစ်သေးဘူး။ ရေနဲနဲရောမှ အဆင်ပြေမယ်။ တော်ကြာ သွေးတိုးပြီး ဆေးခန်းကို အပြေးဂိုးနေရဦ်းမယ်။
ReplyDeleteအောက်မြတ်ငေး- မက်မက်ရေ
ReplyDeleteညစာဖိတ်ကျွေးလို့ အပြေးအလွှာလာစားပါတယ် အခုတော့--
ဒီကြားထဲ အင်တာပျက်ထဲ ထိုင်စောင့်လိုက်ရတာ နောက်တစ်နေ့ထဲတောင်ရောက်သွားတယ်-
မက်မက်လေးရေ စားရတာနင်သွားပြီ
ဦးဦးတိန်ကိုအကြွေးမှတ်ထားပေးနော်-ဟဲ ဟဲ :D
ဦးဦးတိန်(ခေါ်)ဦးဦးဖေသိန်း(pe thein)
ဟင် ကြက်ဥက ၁၀ လုံးဆိုပြီးတော့ ၉ လုံးထဲပါလား
ReplyDeleteဧကန်န တော့ အန်တီဒွင်း ကြက်ဥ တစ်လုံး ဘုန်းထားတယ် ထင်တယ် ... :P
အငန်ပျောက်အောင် ဘယ်လို လုပ်ရလဲ သိလား ..
ငန်ပြာရေ နောက်တစ်ဇွန်းခပ်ပြီး ဒီအတိုင်းကြိတ်မှိတ်ပြီးတော့ သောက်ပစ်လို့
ပြီးမှ အဲ့ဒီ ကြက်ဥဟင်းလေးကို ပြန်မြည်းကြည့်လိုက်
လုံးဝ မငန်တော့ဘူး ဟီးဟီး :P
ဒါနဲ့ စကားမစပ် ကြက်ဥ တစ်လုံး ယူသွားမယ်နော်
အိမ်က ကလေးအတွက်ပါ :P :P
ကောင်းပါ့ဗျာ ၊၊ ဒီလောက် ကြက်ဥ ချည်ဟင်းတွေ ဖြစ်သလိုချက်စားတော့ ဒုက္ခတော့ ရောက်ကုန်တော့မှာပဲ ၊၊ ဟီး (ပတ်ဝန်းကျင်လေထု ကို ဆိုလိုတာပါဗျာ )
ReplyDeleteဟဟဟား..တီတီလည်း ကြက်ဥ ငါးပိချက် ချက်စားဦး
ReplyDeleteမှပဲ... ညီမလေးပုံကိုကြည့်ပြီး စားချင်လိုက်တာ ..ဂလု
နဲနဲတော့မြည်းသွားတယ်.. အားပါးပါး.. နဲနဲတော့ငံပါ့..အဟီး.. ဒါနဲ့ နေပါဦး ညလေး ရဲ့.. ကြက်ဥဟင်းက
အများကြီးပါလား။ ဘယ်နှစ်ရက်စာချက်တာတုန်း ။း)
ဟယ်...
ReplyDeleteထမင်းစား မကောင်းရင် သူ့ဟင်းတွေကြည့်ပြီး လာစားမှပဲ
မက်မက်ရေ...
ReplyDeleteကြက်ဥငပိချက်နဲ့ အိုးလူးထမင်းကို တာပေါင်းယူသွားပြီ... ;)
ငံနေသေးလားဟင် ကြက်ဥငပိချက်က...
မငံတော့ရင် တီတီကြောင့်... :D
ငံနေသေးရင် မက်မက်ကြောင့်... :P
ကြက်ဥကနော် ၉လုံးပဲတွေ့တယ်...
တစ်လုံးဖွက်ထားတယ်ပေါ့လေ... ဟွန့်... :P
ဥမကြိုက်လို့ မစားတော့ဘူး
ReplyDeleteမယ်ဂုမိကို ခေါ်ကျွေး သူကအရမ်းကြိုက်
အဟဲ.. တော်သေးတယ်နော် ။ Tag တဲ့ ထဲမပါလို့၊ မချက်တတ်ဘူးလေ။ :)
ReplyDeleteကြက်ဥချဉ်ဟင်း လာစားပါတယ်။ နည်းနည်းပဲစားသွားတယ်။ တခြားသူဖို့ မကျန်မှားစိုးလို့
ReplyDeleteထမင်းစားခေါ်ပြီး ဘဲဥ ကငန်တယ်ပြောထား
ReplyDeleteတော့ စားရမှာကြောက်တယ် DREAM ရေ---
ဒါပေမဲ့ ပုံလေးတွေကြည့်ပြီး ဗိုက်ဆာလာတာ
တော့အမှန်ပါ---
ဟင်းအိုးလူး ပဲစားသွားတယ်နော်---
သာယာအေးချမ်းပါစေ---DREAM လေး-----
ဒီနေ့ ဘာဟင်းမှ ရှိဝူး။ ကေပီဇက် အတွက်ဆိုရင်တော့ အဲလိုဟင်းက ဖြစ်သလိုမဟုတ်ဘူး။ တော်တော်ကောင်းနေပီ ...:P
ReplyDeleteThis comment has been removed by the author.
ReplyDeleteကြက်ဥဟင်းက များလှချည်လား..ကြက်တွေတော့မေတ္တာ
ReplyDeleteပို့ကုန်ရော့မယ်..။ ဒါပေမဲ့..ကြက်ဥငပိချက်လေးရေ ဂလုဂလု..။
အိုးလူးထမင်းလေးရေ ဂလုဂလု..။
ကြည့်တာနဲ့စားချင်လာပြီနော်..ဟင်းဟင်း...။