Subscribe:

Monday, October 13, 2008

သီတင်းကျွတ်လပြည့်အမှတ်တရ



မနက်ဖြန် 14.10.2008နေ့ ဆိုရင် သီတင်းကျွတ်လပြည့်နေ့ လေးရောက်ပြန်ပြီပေါ့။ ဒါကြောင့် ဒီနေ့အလုပ်က ပြန်လာတော့ ဘုရား မျက်နှာသစ်တော်ရေ၊ သောက်တော်ရေချမ်း၊ ပန်း၊ ဆီမီးများ ဆပ်ကပ်ပြီး လှူန်းပါတယ်။ ပြီးတော့ သီတင်းကျွတ်လ အတွက် ကိုသံလွင်ဟီရိုး ရဲ့တက်ဂ်ကြွေး ကလည်းဆပ်စရာ ရှိသေးတယ်လေ။ သတင်းကျွတ် လပြည့်နေ့ အကြောင်းလေးကို ရေးရမယ်ဆိုတော့ အတိုချုပ်လေးပဲ ရေးတော့မယ်နော်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း သိပြီးသား တွေမို့လို့ပါနော်။

ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဟာဘုရား ဖြစ်တော်မူပြီးနောက်သတ္တမမြောက်ဝါကို တာဝတံသာ နတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သား အားအမှုးပြု၍ စကြ၀ဠာ နေရာအနှံ့မှ နတ်ဗြဟ္မာ အပေါင်းတို့အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြား တော်မူပါသည်။ သီတင်းကျွတ် လပြည့်နေ့ ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ စိန်စောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက် ကြွမြန်းတော်မူသည်။ မြတ်စွာဘုရားရှင်ဟာ မယ်တော်အမိ နတ်သားကို တရားဟောခြင်းဖြင့် မိဘကျေးဇူးကို ဆပ်လိုက်တာပါ။

ဒီသတင်းကျွတ် လပြည့်နေ့ ရောက်တိုင်း ရောက်တိုင်း ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာ ပျော်ပွဲရွှင်ပွဲတွေ၊ မင်္ဂလာဆောင်ပွဲ တွေကျင်းပကြတယ်။ လူကြီးသူမများကို ရိုသေလေးစားပြီး ကန်တော့လေ့ ရှိကြပါတယ်။ တစ်နှစ်တာလုံးမှာ ပြုလုပ်ခဲ့တဲ့၊ မောက်မှားပြစ်မှား မိခဲ့တဲ့ မိမိတို့ရဲ့ အပြစ်တွေကို ကြေစေရန်အလို့ငှာ ရှစ်ခိုးကန်တော့၍ ပူဇော်ကြပါတယ်။ နှစ်တိုင်းနှစ်တိုင်း မိသားစုစုံညီစွာနဲ့ အပြန်အလှန် ရှစ်ခိုးကန်တော့ ကြတဲ့ဒီ သီတင်းကျွတ်ပွဲမှာ မက်မက် အဝေးကနေပဲ မိဘနှစ်ပါးကို ပူဇော်ကန်တော့ ရတာအခုဆိုရင် သီတင်းကျွတ် နှစ်ကြိမ် နှစ်နှစ်တိုင် ခဲ့ပြန်ပြီလေ။ :( နောင်နစ် နောင်နစ်တွေမှာ မိဘနှစ်ပါး စုံညီစွာနဲ့ ပူဇော်ခွင့် ရရပါလို၏လို့ပဲ ဒီနစ်သီတင်းကျွတ်မှာထပ် ဆုတောင်းလိုက်ပါတယ်။ မက်မက် သီတင်းကျွတ်မှာ မိဘနှစ်ပါးလုံးကို ကိုယ်တိုင် ကိုယ်ကြ မကန်တော့ရတာ အင်မတန် ၀မ်းနည်းပါတယ်။တွေးကြည့်မိတိုင်းလည်း စိတ်မကောင်း ဖြစ်တယ်။ :(

ဒီနှစ် သီတင်းကျွတ်မှာ မကြုံလိုက်ရပေမယ့် နောင်နှစ်တွေမှာ မိဘနှစ်ပါးလုံးကို မျက်မြင်ကိုယ်တိုင် ကိုယ်ကျ ပူဇော်ကန်တော့ခွင့် အခွင့်အရေးရရပါလို၏။ အဝေးရောက် သမီးဖြစ်တဲ့ Dreamလေ အဖေအမေတို့ကို ကျန်းကျန်းမာမာ သက်ရှိထင်ရှားနဲ့ နောင်နှစ် သီတင်းကျွတ်မှာ ပူဇော်ကန်တော့ ရပါလို၏လို့ ဆုတောင်းပါတယ်။

Blogger အစ်ကို၊ အစ်မတွေလည်း တက်ဂ်ကြွေးတွေနဲ့ ပိနေကြတယ် ဆိုတော့ ဒီတက်ဂ် လေးကိုတော့ ဘယ်သူမှ မရေးခိုင်းတော့ဘူးနော်။ :D

(မြတ်စွာဘုရား လူ့ပြည်သို့ ပြန်လည် ရောက်ရှိ လာတဲ့အခါ ဥာဏ်အရာမှာ ကြီးမြတ်တော်မူတဲ့ အရှင်သာရိပုတ္တရာ ကမေးမြန်းပါတယ်။ အရှင်ဘုရား နတ်ပြည်မှာ ဘာတရားတွေများ ဟောကြားတော် မူခဲ့ပါသလဲဆိုတော့ မြတ်စွာဘုရားက ချစ်သားသာရိပုတ္တရာ ငါဘုရား ဟောကြားတော် မူတဲ့တရားတော် အကျဉ်းချုပ်ကတော့ ယေဓမ္မာဟေတုတ္ပဘ၀ါ ပဲဖြစ်ပါတယ်ဆိုပြီး အတိုချုံး ဖြေကြားပါတယ်။ဒီစကားလုံး တော်ကို အကျယ်ချဲ့ လိုက်ရင် အင်မတန် မြောက်မြားစွာသော တရားတွေ ရလာပါတယ်။ ပိတိဋ္ဋတ်သုံးပုံရဲ့ အနှစ်ချုပ်ကတော့ ယေဓမ္မာ ဟေတုတပဘ၀ါ ပဲဖြစ်ပါတယ်။) ဒါက မက်မက်သိ သလောက်လေးပါနော်....

မှားတယ် ဆိုရင်လည်း မက်မက်ကို ပြောပြပေးဖို့ တောင်းဆိုပါတယ်။ :D :D

ဒီသီတင်းကျွတ်မှာ မက်မက် ထက်အသက်ကြီးတဲ့ Blogger အစ်ကို၊အစ်မ တွေကိုလည်း
ဒီသီတင်းကျွတ် တက်ဂ်ပို့စ်လေး နဲ့အတူ ဂါရ၀ပြု ကန်တော့ လိုက်ပါတယ်

ပြီးရင်တော့ မုန့်ဖိုးပေးဖို့ပြင်ထားတော့နော်.... ဟိ..ဟိ... :P :P :P

14 comments:

  1. ဗဟုသုတ ကြွယ်ဝတဲ့ ကလေးလေး
    လိုအင်ဆန္ဒ တစ်လုံး တစ်ဝထဲ ပြည့်စေဗျာ...

    ReplyDelete
  2. နောင်နစ် နောင်နစ်တွေမှာ မိဘနှစ်ပါး စုံညီစွာနဲ့ ပူဇော်ခွင့် ရ
    ပါစေလို့ ဆုတောင်းပေးပါတယ်ဗျ။
    တက်ကြွေးတွေကတော့ ပိနေတာ အမှန်ပဲ ။ :(
    ဒီနေ့ ညတော့ ဘုရားရှိခိုးရင်း တက်ဂိမ်း ကြီး မြန်မြန် ပြီး
    ဆုံးပါစေလို့ တောင် ထည့်ဆုတောင်းရမလို ဖြစ်နေပြီ။ :D

    ReplyDelete
  3. တူမလေးယောင်းယောင်းရေ...သာဓုပါရှင်သာဓု..... နှစ်ခါပဲခေါ်ထားဦးမယ်နော် မနက်ဖြန်မှဘာလုပ်လဲထပ်မေးပြီးမှပြန်ခေါ်မှာနေက်တစ်ခွန်း ဟီး..ပျော်ရွှင်ပါစေနော်

    ReplyDelete
  4. လိမ္မာလိုက်တဲ့ DREAM လေး ဗဟုသုတ
    တွေလည်းကြွယ်ဝလိုက်တာ---
    မြန်မာအမျိုးသမီးကောင်းလေး
    ကျန်းမာချမ်းသာပါစေရှင်----

    ReplyDelete
  5. အန်တီဒွင်းရေ မိသားစုနဲ့ နှစ်နှစ် ခွဲပြီး သီတင်းကျွတ်ကို ကျော်ဖြတ်ရလို့ စိတ်မညစ်ပါနဲ့ ..
    အနော်ဆို ၈ နှစ် ရှိသွားပြီ .. ပြောရင်းနဲ့ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ အီးးးး...
    အန်တီဒွင်းက တော်တော် သိတာပဲ ..
    တော်တယ် .. ကြိုးစားထား ..
    နောက်ထပ်လည်း ဒီထပ် ပိုစုံတာလေးတွေ ရေးနိုင်ပါစေဗျာ :)

    ReplyDelete
  6. ဆီမီးရယ်ထိန်၊ အိုင်မင်းရေကြည်က၊ ကြာငါးမည် ငုံအာစွင့်တယ်၊ ဖူးပွင့်ချိန်ခါ၊ အဿဝဏီ ယှဉ်ကာချဉ်းပါလို့၊ လင်းလာတဲ့ ငွေတာရိန်ရယ်၊ ပြာမှိန်လျက် မြူချေဆိုင်း၊ ဂါရဝေ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ၊ မစဲပေါင် ကုသိုလ်နှိုးကြတယ်၊ မျိုးမြန်မာတိုင်း။ ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်း ကြွချီမြန်းလာ အိုလူသားတို့၏သခင် ဗုဒ္ဓအရှင်ကို ဆီးမီးရောင်ရှိန် ထိန်ထိန်လင်းလို့ နှလုံးစိတ်ဝမ်း အစဉ်လမ်းကာ တုနှိုင်းမဲ့တွင် ဘုရားရှင်ကို ပူဇနိယ ပူဇော်ကြသည် သီတင်းကျွတ်လပြည့် ထိုတစ်နေ့။

    ReplyDelete
  7. ညီမလေးရေ..
    နောက်နှစ်ကျရင် ညီမလေးရဲ့ ဖေဖေ နဲ့မေမေ ကို
    လက်အုပ်ချီမိုး ပူဇော်ကန်တော့ခွင့် ရမှာပါကွယ်။
    ကြိုးစားထားနော် ညီမလေး ။
    ညီမလေးက လိမ္မာပြီးသားဆိုတော့ပြောစရာမလိုတော့
    ပါဘူး။ ဘုရားစဉ်လေးကြည့်ပြီး လေးစားသွားတယ်
    ညီမလေးကို။
    အဆင်ပြေပျော်ရွှင်ပါစေ ညီမလေး ရေ..
    တီတီဝါ၀ါ မုန့်ဖိုးပေးမယ်နော် ။ 1000$ ဒရင်းလေးဖို့။

    ချစ်ခင်လျှက်
    တီတီဝါ၀ါ

    ReplyDelete
  8. ကျမဆို (4)နှစ်ရှိပြီ။ ကိုယ်ထိလက်ရောက်မကန့်တော့ရတာ။ ဒါပေမယ့်၊ စိတ်ထဲမှာ အမြဲရှိပြီး သတိရတိုင်း မိဘကို တိုင်တည်ကန့်တော့လေ့ ရှိပါတယ်။ ဒီလို နေ့ထူးနေ့မြတ်တွေမှာဆိုရင် အထူးပေါ့နော်။ အခုပဲ အိမ်ကို ဖုန်းဆက်ပြီး မိဘ၊ ဘိုးဘွားတွေကို ကန့်တော့ ၊ လူကြီးသူမတွေပေးတဲ့ မေတ္တာခံယူပြီးသွားပြီ။ :P :P

    ReplyDelete
  9. (¯`(¯`*•.¸,¤°´'`°¤,¸.•*´¯) ¸,¤°´'`°•.¸O¸.•°´'`°¤,¸ ♥ Have A Nice Thadingyut Full Moon Day ♥ ´'`°¤¸¸.•'´O`'•.¸¸¤°´'` (_¸.•*´'`°¤¸'¸¤°´'`*•.¸_)*•.¸,¤°´'`°¤,¸.•*´¯) ¸,¤°´'`°•.¸O¸.•°´'`°¤,¸ ♥ Have A Nice Thadingyut Full Moon Day

    ReplyDelete
  10. အမရေ လာသွားပါတယ်။ သီတင်းကျွတ် အမှတ်တရလေး ဖတ်သွားပါတယ်။ နောင်နှစ်တွေမှာ အမနဲ့ အတူ မိဘနှစ်ပါး စုံညီစွာနဲ့ ပူဇော်ခွင့် ရ
    ပါစေလို့ ဆုတောင်းပေးပါတယ်ဗျ။

    ReplyDelete
  11. မက်မက်ရေ.. လိုအင်ဆန္ဒတစ်လုံးတစ်ဝ ပြည့်စုံပါစေ..

    ဦးနော် တီတီခင်လေး..

    ReplyDelete
  12. တူမလေးမက်မက်-
    စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ
    ကြိုးစားသမျှအရာထင်လို့ အောင်မြင်ပါစေ။
    ကဲ--ဦးဦးဆုတောင်းပေးပြီးပြီ
    မုန့်ဖိုးပေးခဲ့မယ် စားချင်တာစာနိုင်ဖို့
    ပြား၅၀ ပေးခဲ့မယ် ကျန်ရင်ချန်ထားဦး ကြားလား။

    ReplyDelete
  13. စိုင်းစိုင်းလားရှိုးOctober 15, 2008 at 3:21 AM

    ခုလို မိဘကို အမှတ်တရ ရှိနေတဲ့ အတွက်
    ဘ၀ဟာ တန်ဖိုးရှိ ပြည့်စုံပါပြီ မိန်းခလေး လိမ္မာပါပေတယ်

    ReplyDelete
  14. လိုအင်ဆန္ဒတစ်လုံးတစ်ဝ ပြည့်စုံပါစေဗျာ။

    ReplyDelete