ဒါက စုံတွဲရှိတဲ့ သူတွေ အတွက် ပေးမလို့..
ချစ်စရာဆင်လေးကတော့ တူလေးတွေ ဆော့လို့ရအောင်
တူတွေ တူမတွေ ဆင်ကြီးနဲ့ ဆော့လို့ ရတာပေါ့
ဒါက ဟင်္သာမောင်နှံပုံ....(တခုခုထည့်လို့ ရတယ်လေ)
ဒါက စောင်းပါ... ပျင်းနေရင် တီးပေါ့..
ဒါက ကျိုက်ထီးရိုး လက်ဆောင်ပါ..... မမတို့ အတွက်
ဒါကတော့ ဆွဲသီးလေးလုပ်လို့ ရပါတယ်။အမျိုးသမီးဆိုရင် အန်းကုန်းဘိုးတော် ဆောင်တယ်။ အမျိုးသားတွေကတော့ ကွမ်ရင်မယ်တော်ကို ဆောင်ကြတယ်။
ကျောက်စိမ်းလက်ကောက် (တီတီတို့ အတွက် )
တရုတ်မရွေးမုန့်လေးပါ။
ဆတ်သားနဲ့ ချေသားခြောက်ကြော်
ဒါကတော့ မုန့်လင်မယား :P
အားလုံးပဲ..........မ..........င်္ဂ........လာ.......ပါ...............အဟဲ... ရှာရာပိုပါဒွင်းနဲ့ ရှခီရှာမက်မက်တို့ တူအရီးတွေ မြန်မာပြည်ကနေ ပြန်ရောက်ပါပြီနော်.. :)
မက်မက်မရှိတုန်း မက်မက်ရဲ့ ဘလော့အိမ်လေးမှာ ပို့စ်မသစ် မရှိပေမယ့်လည်း လာလည်ကြတဲ့ သူငယ်ချင်းတွေ ဦးဦးတွေ တီတီတွေ အားလုံးကို အရမ်းကို အားနာရပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ဒီရက်ပိုင်းမှာ ပို့စ်အသစ်တင်ဖို့ မက်မက် အားမွေးနေပါတယ်။ ပြင်ဆင်နေပါတယ်နော်၊ အဟဲ.. တကယ်တော့ ဘာတင်ရမလဲ မသိသေးဘူး ဖြစ်နေတာ၊ ရေးချင်တာတွေ တင်ချင်တာတွေက များနေတယ်လေနော်.. ရေးရမယ်ဆိုရင်လည်း အများကြီး အများကြီး အဟီး.... :P မြန်မာပြည်မှာ တွေ့ဆုံခဲ့တဲ့ ဦးဦးတို့ တီတီတို့ ကိုလည်းကျေးဇူးတင်ပါတယ်.... ကဲ...ဦးဦး တို့ တီတီတို့အတွက် မြန်မာပြည်ပြန် လက်ဆောင်လေးတွေ ယူသွားပါဦးနော်...(ကလေးငယ်လေးက မုန့်လင်မယားစားချင်တယ် ဖွားမက်ဝယ်လာခဲ့ဆိုလို့ ၀ယ်လာခဲ့တာ။ သမီးရေ.. ပူတုန်းလေးစားလိုက် ):P ကျန်ဒါတွေကတော့ ရွှေမြန်မာပြည်ရဲ့ လက်ဆောင်ပေါ့လေ... ကြိုက်တာယူသွားနော်... ပစ္စည်းက များနေတော့ တခုချင်းလောက်ပဲ ဓာတ်ပုံရိုက်နိုင်တော့တယ်။ ကျောက်စိမ်းကတော့ သယ်ယူခွင့် မရှိပါဘူး... သို့ပေမယ့်..သို့ပေမယ့်ပေါ့လေ... အဟီး... :P မုန့်မုန့်ကတော့ အဲ့ဒါပဲ ပါတယ်...အဟီး....:P အကုန်သာစားသွားနော်....
:P :P :P
တီတီတို့ အတွက် အထူးအာဝါးးးးးးးးးးးးးးးးအမြှောက်တစ်သိန်းနော်...အဟဲ.. :P :P မတွေ့တာလည်း ကြာနေပြီ.. ဘလော့လေးကိုလည်း ပစ်ထားရတာ ကြာနေပြီ..အိမ်တကာ လိုက်မလည်တာလည်း ကြာနေပြီ... နောက်နေ့က စပြီး ဦးဦး တီတီတို့ဆီမှာ စာကြွေးတွေ တ၀ကြီး ထိုင်ဖတ်တော့မယ်...

ဟုတ်ကဲ့.. မြန်မာပြည်မှာ မက်မက်အရမ်း ပျော်ခဲ့ပါတယ်။ မြန်မာပြည်က သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်နော်....
လျှာမှာအပိုပါ မက်မက်ပြန်လာပြီလား။ နွေးထွေးစွာ ကြိုဆိုပါတယ်။
ReplyDeleteဟေး... ပြန်လာပြီ ဘာပါလဲဗျို့ စားစရာဆတ်သားနဲ့ ခြေသားတော့ လောလောဆယ် စားသါားတယ်ဗျို့ ကြည့်ရင်းတောင် တကယ် စားချင်လာပြီ။
ReplyDeleteကိုအိမ် စားသွားလို့ ချေသားနဲ့ဆတ်သား မကျန်ပေမယ့်
ReplyDeleteကလေးလေး အတွက်ဝယ်လာတဲ့ မုန့်လင်မယားကို လုစားသွားတယ် . ငိုနေရင်တော့ ကလေးလေးကို သွားချော့ပေတော့ ... အဟေးဟေး
ကိုအိမ်စားသွားလို့ ဆတ်သားလေးတော့ မကျန်ပေမဲ့လည်း မုန်လင်မယားတော့စားသွားတယ် တူမတော်ရေ။ အဆင်ပြေပါစေနော်။
ReplyDeleteကျောက်စိမ်း ဆင်ရုပ်လေး ယူသွားတယ်။
ReplyDeleteမုန့်ကတော့ အကုန်ဝါးသွားတယ်။
ဝေး.... ပြန်လာပြီလား.....
ReplyDeleteအားလုံးယူသွားဒယ်.. နောက်လူတွေအတွက်
ရှဲဒိုးတွေထားခဲ့တယ်...:P
sin dan lar
လက်ဆောင်လာယူတာ မရွေးစားသွားပြီရှင့်
ReplyDeleteရက်ကောက်ယူဆိုလို့ ယူသွားဘီကွ.
ReplyDeleteဟွင့် တရုပ်မရွေးလဲ စာချင်တာကို.. ယူမှာဗြဲ..
ယူပြီး ပြေးပြီ။ အဟေး
မုန့်လင်မယားလေးဘဲမသွားတယ် မက်မက်
ReplyDeleteအင်း.. မုန့်လင်မယားပဲ စားချင်တယ်။ အဲဒါပဲ ယူသွားတော့မယ်။
ReplyDeleteပေးတာအကုန်ယူသွားတယ် တူမတော်မက်မက်ရေ အလကားရမယ်ဆို တီတီကအကုန်မတတ်တယ် ဟီးးးးးးးးး စားလို့ရသမျှအကုန်စားပြီး လက်ဆောင်တွေလဲသယ်သွားတယ်ဗျို့ တူမလေးယောင်းယောင်းရေ......အာဝါးးးးးးးးးးးးး
ReplyDeleteပြန်လာဘီပေါ့လေ...
ReplyDeleteဒါအကုန်တော့ မဟုတ်လောက်သေးဘူးထင်တယ်.. ဖွက်ထားတာရှိရင် ကျွေးအုံး..း)။ ၀က်သားတုတ်ထိုးတွေ အိုးလိုက်ပါလာတယ်လို့ ကြားတယ်..ဖွက်မထားကြေးလေ...... ဟား.ဟားး။
အစ်မ မက်မက်ရေ..
ReplyDeleteလက်ဆောင်တွေလာ ကြည့်တာ။
အန်းကုန်း နဲ့ ကွယ်ရင် က ဘယ်လိုပါလာရပြန်တာလဲ။း)
ပျော်ရွှင်ချမ်းမြေ့ပါစေ အစ်မ။
ဟင် အရှေ့ကလူတွေ အကုန်ယူသွားလို့ ဘာမှ မကျန်တော့ဘူး အဲဒါပြောတာပေါ့ အားလုံး ပြီးဆုံးသွားပြီ ၂၅ မိနစ်အချိန်လေး ဆိုတာ ..
ReplyDelete:((
မုန့်လင်မယားဘဲ စားသွားတယ်..။သားသား ကြိုက်လို့..။ကလေးအတွက်တော့ ကျန်တော့ဘူး။ စာကောင်းကောင်းနဲ့ စားလိုက်တာ ကုန်သွားပြီ..။ :-)
ReplyDeleteဟဲ့ မိရွှေမက်..
ReplyDeleteညည်းဟာလေ.. ဦးနော် ရဲ့ငှက်ပျော်ခိုင်ကြီး ဘယ်မှာ ကျန်ခဲ့တာတုန်း.. ဖုန်းဆက်ပြီး သေချာ မှာထားတာကို..
ညည်းမယ်မယ် ခင်လေးစုတ် မှာတဲ့ သနပ်ခါးကျောက်ပြင်ကြီးရော..
ဒီကောင်မလေး တွေ့ဦးမယ် မှာတာတွေ တစ်ခုမှမပါ..
ဟဲ့.. မုန့်လင်မယားက ဦးနော်တို့အိမ်က “ကလေးလေး” အတွက်လား “ကလေးငယ်လေး” အတွက်လား..
ဒီကလေးနှစ်ယောက် ခဏခဏမှားနေကြတယ်.. ရှင်းအောင်လုပ်..
ဟို.. အခြောက်လေးတွေတော့ မြည်းဖို့ နည်းနည်းယူသွားတယ်ကွယ် (ဆတ်သားခြောက်)
ဦးနော်
နှုတ်ဆက်စကားကို နောက်မှ ပြောကြတာပေါ့
ReplyDeleteလောလောဆယ် မရွေးမုန့်စားသွားတယ်။
လက်ဆောင်တွေ ယူသွားတယ် ..
မက်မက်လေးရေ...
ReplyDeleteမက်မက်ကို တီတီပေးမယ်ဆိုတဲ့ လက်ဆောင်လေးတောင် မပေးလိုက်ရဘူး...
အဟင့်... :(
ပို့လိုက်မယ်နော့...
ဘာလက်ဆောင်လဲ သိတယ်ဟုတ်... :P
ဘာမုန့်ပါလဲဝေ့
ReplyDeleteရှာလကာဗိုလ်ပါလေးရေ့ လာအားပေးသွားတယ်နော်။
ReplyDelete၀ါး တီဒွင်း ပြန်ရောက်ဘီယား ...
ReplyDeleteဘယ်မှာလဲ တား အတွက် လက်ချောင် အဟဲ ..
တားအတွက် မပါလို့ကတော့ Sharapoa မက်မက် ကို ပြန်ပေးဆွဲမယ် ... ဟင်း မဖြစ်သေးပါဘူး
တော်ကြာ မပြန်တော့ဘူးဆို ဒုက္ခ .. အဲ့ ကလေးမ က ပြောလို့ ရတာ မဟုတ်ဘူး အဟိ
အလကား နောက်တာ အဟဲ လက်ချောင်ပေးတော့ :P
အော် .. သယ်ရင်း ပြန်ရောက်ပြီကိုး ..။
ReplyDeleteစောစောက ပြောလို့ အခုမှ မသိတာ
ပြန်မယ်ဆို နောက်မှပြော .. ကြိုပြောတော့ နောက်ကျမှသိတာ ..။ ငှဲငှဲငှဲ ..။
သောချိတ် ၂ ခုယူသွားပါတယ်...
ReplyDeleteတစ်ခု က ဦးဦးဖို့..
တစ်ခု က ဒေါ်လေးဖို့..
နောက်ကျသွားပြီကွယ်
ReplyDeleteတီတီ့ဖို့ကျန်တော့ဘူးရယ်လား
အဟင့် အဟင့် ဗြဲ.... လို့အော်နိုမှာနော်
( ငိုပြီးနေပြီကို နော့် )
ကီးချိန်းလေးတွေ ယူတွားပြီ တားနဲ့ ယူတွားပြီး)