ရှေးတံရောအခါက တိုင်းပြည်တစ်ပြည်မှာ သူဆင်းရဲသား တစ်ယောက်ရှိလေသတဲ့။သူဟာ ဆင်းရဲလွန်းလို့ လူ့လောကကြီးထဲမှာ မနေချင် လောက်အောင်ကို ထွက်သွားချင် နေတာပေါ့။ဒါကြောင့် သေဖို့ နေစဉ်နှင့် အမျှတွေးတောပြီး သေမင်းကို ရှာဖွေရန် ရှာပုံတော် ထွက်ခဲ့လေသည်။ လမ်းမှာ တွေ့သမျှ လူတိုင်းကို သေမင်း ဘယ်မှာလဲလို့ လိုက်မေးလေတော့ လူတွေက သူ့ကို အရှုးဆိုပြီး ကွေကွင်းရှောင်ရှား ကြတာပေါ့။တချို့ကတော့ သူ့မေးခွန်းကို ပြန်ပြီးအဖက်လုပ် အရေးတယူ စကားတောင် ပြန်မပြော ကြဘူးလေ။ ဒီလိုနဲ့ တစ်ရွာ ၀င်တစ်ရွာထွက် သေမင်းကို လိုက်ရှာတယ်။နောက်ဆုံးမှာ ပင်လယ်ကမ်းစပ်ကို ရောက်လာတော့ သေမင်းကတော့ ဒီပင်လယ် ကမ်းစပ်မှာ ရှိနိုင်လောက်မယ်ထင်ပြီး ကမ်းစပ်တစ်လျှောက်လိုက်ရှာတယ်။
တစ်နေ့တော့ သူ့ဆီကို အဖိုးအိုတစ်ဦး တောင်ဝှေးတစ်ချောင်း အဖော်ပြုပြီး တလှမ်းခြင်း လှမ်းလာနေတာကို တွေ့လေသည်။ အဖိုးအိုက ဘယ်သွားမလို့လဲ လူငယ်ဆိုပြီး ဆင်းရဲသားလေးကို မေးတာပေါ့ ။ဒီတော့ ဆင်းရဲသားလေးက ကျွန်တော် စိတ်တွေညစ်နေလို့ပါ၊ ဒီလူ့လောကကြီးမှာလဲ မနေချင်တော့လို့ သေမင်းကို လိုက်ရှာနေ တာပါလို့ ပြန်ဖြေလေသည်။ ဒီစကားကို အဖိုးအိုကြားတော့ အူလိုက်သဲလိုက် ရယ်တာပေါ့။ပြီးတော့ လူငယ် မင်းဟာ စိတ်နဲ့ကိုယ်နဲ့ မကပ်တော့ဘူးလို့ ပြောဆိုလိုက်လေသည်။ ဒီတော့ လူငယ်လေးကလည်း အဖိုးအို စကားကြောင့် လှည့်ထွက်မည်အပြု အဖိုးအိုက သူ့အား လက်လှမ်းဆွဲပြီး နေပါဦး လူငယ်၊ မင်းတွေ့ချင်လို့ ရှာနေတဲ့ သေမင်းဆိုတာ ငါပဲဟုပြောတော့ လူငယ်လေးက အားတက်သွားလေသည်။ ဒီတော့ လူငယ်ဆင်းရဲ သားလေးက ဒါဆိုရင် ကျွန်တော့ကို ဘာလို့မခေါ်တာလဲ၊ ကျွန်တော့အသက်ကို အမြန်နှုတ်ယူ ပါတော့လို့ ပြောတာပေါ့။
လူငယ် မင်းအခု သေမဲ့အချိန် မကျသေးဘူး။ မင်းသေဖို့ အချိန်မတန် သေးပါဘူး။ မင်းသေနေ့စေ့ရင် ကျိန်းသေ သေမှာပါ။ အဲဒီအခါကျ မသေချင်လို့ ဘယ်လိုပဲ ပုန်းနေပုန်းနေ သေခြင်းတရားက ရှောင်လွဲလို့ မရဘူးလို့ အဖိုးအိုက ပြောလေသည်။ ဒါဆိုကျွန်တော့်ကို ဘယ်နေ့ သေမယ်ဆိုတာ ပြောပြပေးပါ အရှင်သေမင်း။
ဒီတော့သေမင်းက မောင်မင်း ဒီနေရာကနေ ထွက်ခွာပြီး ရက်သတ္တပတ်မြောက်ရင် အလွန်ချမ်းသာလိမ့်မယ်။ သူဌေးဖြစ်ပြီးနောက် ဆယ်နှစ်ကြာတဲ့အခါမှာ မင်းသေလိမ့်မယ် လို့ပြောပြီး အလိုရှိရာ သုံးနိုင်ရန် လေးနဲ့မြှား ဆယ်ချောင်းကို ပေးလေသည်။ ခဏအတွင်းမှာ သေမင်း ပျောက်ကွယ် သွားလေသည်။လူငယ်လေးက လေးနဲ့မြှားကို ယူပြီး ခရီးဆက်လေသည်။ ခရီးလမ်းတလျှောက် ဆာလောင်လာတော့ လေးနဲ့မြှား ကိုထုတ်ပြီး တွေ့သည့်ငှက်ကို ပစ်လေသည်။ သူပစ်လွတ်လိုက်သည့် ငှက်မှာ ရွှေငှက်အဖြစ် အသွင်ပြောင်း သွားလေသည်။ရွှေငှက်အဖြစ် ပြောင်းလဲသွားသည့် ငှက်လေးအား လက်မှကိုင်ကာ လူငယ်လေး ပျော်ရွှင်စွာ ခရီးဆက်လေသည်။ဒီလိုနဲ့ မြို့တစ်မြို့ကို ရောက်တော့ အကောင်းဆုံး မြေကွက်တစ်ခုအား ရွှေငှက်နဲ့ လဲလှယ်ယူ လိုက်လေသည်။ ပြီးတော့ အဲဒီမြေကွက်ပေါ်မှာ စိန်ရွှေငွေ ရတနာ အပြည့်နဲ့ အိမ်တစ်လုံးကို ပေါ်လာစေရန် လေးနဲ့မြှားကို ထုတ်ကာပစ်ပြီး အမိန့်ပေး လိုက်လေသည်။မကြာခင်မှာ သူဆန္ဒ ရှိသည့်အတိုင်း စိန်ရွှေငွေ အပြည့်နဲ့ အိမ်တစ်လုံး ပေါ်လာပြီး သူဌေးကြီး ဖြစ်သွားလေသည်။

ဒီလိုနဲ့ အချိန်တွေက တရွှေ့ရွှေ့ကုန်ဆုံးနေတာကို စည်းစိမ်ချမ်းသာ ပြည့်စုံစွာနဲ့ ယစ်မှုးနေတဲ့ လူချမ်းသာ လူငယ်လေး သတိမမှုမိဘူး ဖြစ်နေတယ်။အဖိုးအိုရဲ့ စကားကိုလည်း မေ့လျှော့နေတာပေါ့။ဒီလိုနဲ့ ကိုးနှစ်နဲ့ကိုးလ ရောက်ရှိလာလေတဲ့။ တစ်နေ့မှာ သူမချမ်းသာခင်က နောက်ဆုံးနေ့လေးကို အိပ်မက်မြင်မက်ပြီး စိုးရိမ်ကြောက် လန့်မှုနဲ့ လန့်နိုးလာလေသည်။ အဖိုးအိုရဲ့ စကားကိုလည်း ပြန်လည်ကြား ယောင်နေလေသည်။နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး ကျန်ရှိနေသေးတဲ့ သုံးလဆိုသည့် အချိန်လေး ကုန်ဆုံးသွားမှာကို စိုးရိမ်ထိတ်လန့် နေလေသည်။
နောက်နေ့နံနက်မှာ သူ့ရဲ့အစေခံ ကျွန်ကိုခေါ်ပြီး ကြီးမားသည့် ရေလုံခံ သေတ္တာကြီး တစ်လုံးကို ယူစေကာ အစားအသောက် သုံးလစွာ ထည့်ယူစေလျက် ပင်လယ်ကမ်းစပ်သို့ ထွက်လာလေသည်။ကမ်းစပ်ရောက်တော့ သူ့အစေခံ အလုပ်သမားအား အထပ်ထပ်မှာ ကြားလေသည်။ သူသေတ္တာထဲ ၀င်ရောက်ပြီးနောက် သေတ္တာအား သေချာစွာ ပိတ်လျှက် ပင်လယ်ထဲသို့ နက်သထက် နက်အောင် ကြိုးရှည်ရှည် နဲ့ချရန်၊ ယနေ့မှစတင်၍ နောက်သုံးလ ကြာသောအခါ ရေထဲမှ သေတ္တာအား ပြန်လည်ဆယ်ယူရန် အထပ်ထပ် မှာကြားလေသည်။ အလုပ်သမားများကလည်း သူဌေးမှာ ကြားသည့်အတိုင်း သေတ္တာကြီးကို ကြိုးရှည်ရှည်နှင့်ချည်ကာ ရေနက်ပိုင်းထဲသို့ ချလိုက်ကာ ကျန်ကြိုးစတစ်ဖက်စွန်းအား သစ်ပင်ကြီး တစ်ပင်တွင် ချည်နှောင်ထား ခဲ့ကြလေသည်။
သေမင်းကလည်း သေစာရင်း နာမည်တွေကို စစ်ဆေးနေစဉ်မှာ လူငယ်လေး၏ သေဆုံးမယ့် အလှည့်သို့ ရောက်ရှိနေကြောင်းကို တွေ့ရှိသွားလေသည်။အိုးအို.. တို့တွေထပ် တွေ့ဆုံကြ ဦးမှာပေါ့ လူငယ်လေးရေဆိုပြီး ရေရွတ်လိုက်လေသည်။ဒီလိုနဲ့ လူငယ်လေးကို ရှာဖွေဖို့ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ တစ်အိမ်ပြီးတစ်အိမ် လိုက်ရှာလေရာ မတွေ့ပဲ ရှိနေလေသည်။ သေစာရင်း နာမည်တွေကိုလည်း ပြန်လည်စစ်ဆေးရာ လူငယ်လေး နာမည်ပါ နေသည်ကို တွေ့နေရပါလျှက် ထိုလူငယ်အား ရှာလို့မတွေ့ ရှိခြင်းကြောင့် သေမင်းအဖိုးအိုလည်း
အလွန်စိတ်ဓာတ် ကျနေတာပေါ့။ ဒါပေမယ့် လုံးဝမလျော့သောဇွဲနဲ့ တောတောင်တွေကို ဖြတ်ကျော်ပြီး လိုက်ရှာဆဲပဲလေ။
ဒီလိုနဲ့ လူငယ်လေးသေဖို့ နေ့ရက်ကလည်း တစ်ဖြည်းဖြည်း နီးလာပြီ၊ သေဖို့ရက်က သုံးရက်လောက်ပဲ လိုတော့တယ်။ သေမင်းကလည်း လုံးဝလက်မလျော့ဘဲ လိုက်ရှာမြဲပဲ။ဒီလိုနဲ့ နောက်ဆုံးမှာ သေမင်းလည်း ခြေကုန်လက်ပန်း ကျစွာနဲ့ ကမ်းခြေဆီ တဖြည်းဖြည်းလျောက်လှမ်း လာနေလေသည်။ ကမ်းခြေမှာ ခဏလောက် အမောအပန်းဖြေမယ်ဆိုတဲ့စိတ်ကူးနဲ့ လျှောက်လှမ်း လာနေတုန်း တစ်နေရာမှာ မမျှော်လင့်ပဲ ကြိုးတစ်ချောင်းနဲ့ ခလုတ်တိုက် လဲကျသွားတာပေါ့။ သေမင်းကလည်း စိတ်ဆိုးသွားပြီး အဲဒီကြိုးစကို တဖြည်းဖြည်း ဆွဲကြည့်တော့ နောက်ဆုံးမှာ ရေထဲက သေတ္တာကြီး ပေါ်ထွက်လာလေရောပေါ့။သေမင်းကလည်း အရမ်းအံ့သြပြီး အဲဒီသေတ္တာကို ဖွင့်ကြည့်တော့ အထဲမှာ လူချမ်းသာဖြစ်သွားတဲ့ လူငယ်လေးကို တွေ့ရှိသွားလေသည်။ သေမင်းက စိတ်ဆိုးတဲ့ လေသံနဲ့ လူငယ်လုလင်.... မင်းဒီလိုပုန်းရှောင်လို့ လွတ်မယ်များ ထင်နေလား၊ အခုချက်ချင်း ထွက်လာခဲ့လို့ အော်ပြောလိုက်လေသည်။
လူငယ်လေးကလည်း အလွန်ကြောက်ရွံပြီး သေမင်းကို အရှင်သေမင်း အကျွန်ုပ်ကို ခွင့်လွတ်ပါ။အသက်ကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါ။ အကျွန်ုပ်ပိုင်ဆိုင်တဲ့ စည်းစိမ်းချမ်းသာ တ၀က်ကို အရှင့်အားပေးပါမယ်လို့ သေမင်းကို တောင်းပန်တာပေါ့။ဒီတော့သေမင်းက အသင်လုလင် မောင်မင်းကို အရင်က မပြောခဲ့ဖူးဘူးလား။ လူတိုင်းဟာ သေနေ့မစေ့ပဲ သူဘယ်လောက်သေချင်နေပါစေ သေလို့မရသလို သေနေ့စေ့လို့ မသေချင် သေးဘူးဆိုပြီး ရှောင်ပုန်းနေလို့လည်း မရပါဘူး။သတ္တ၀ါတိုင်းဟာ သေခြင်းတရားကို ဘယ်လိုမှ ရှောင်လွဲလို့ ပုန်းကွယ်လို့မရပါ။အကြောင်းတရားတွေကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်တယ်။မွေးဖွားခြင်းရှိသလို သေဆုံးခြင်း ဆိုတာလည်း ရှိနေတဲ့ ကာမသဘောတရား တွေပါလုလင်။
အရင်က သေနေ့မစေ့ဘဲ သေချင်နေတဲ့ ဆင်းရဲသား လူငယ်လေး၊ ချမ်းသာလာ တဲ့အခါ သေနေ့စေ့တာတောင် သေဖို့ပုန်းရှောင်နေတဲ့ လူချမ်းသာ လူငယ်လေး၊သူဘာပဲပြောပြော သေမင်းက လက်မခံဘဲ နောက်ဆုံး သေရွာကို ခေါ်ဆောင်သွားတဲ့ THE MAN WHO LOOKED FOR THE LORD OF DEATH ဆိုတဲ့ပုံပြင်လေးကို SELECTED MYANMAR TALES ဆိုပြီး ၁၀တန်း သင်ရိုးညွန်းတန်း ဖတ်စာအုပ်လေးကို စာအုပ်စင် ရှင်းလင်းရင်း အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့တာပါ။အဲဒီသင်ရိုး ညွန်းတန်းထဲမှာ ပုံပြင် ၁၅ခု ရှိသည့် အနက်မှ သေမင်းကို ရှာဖွေသည့် လူငယ်လေး ဆိုသည့်ပုံပြင်ကတော့ ၈ခုမြောက်ပေါ့။ ဒီပုံပြင်လေးကို ပြန်လည်ဖတ်နေတဲ့ အချိန်မှာတော့ ငယ်ငယ်တုန်းက ဆယ်တန်းကျောင်းသူ ဘ၀မှာ ကျူရှင်ဆရာရဲ့ လျပ်တပြတ် မေးခွန်းတွေကို ခဏခဏ ထမေးခြင်း ခံရပြီး ဆုခဏခဏ ရခဲ့ရတဲ့ အဖြစ်လေး ကိုလည်းပြန်လည် သတိရ လွမ်းဆွတ်မိပါတယ်။ :) ဟိဟိ.. ကြုံတုန်းကြွားတာနော်.. :P
အဲဒီအချိန် တုန်းကတော့ အင်္ဂလိပ်စာ ဘာသာမှာ ပုံပြင်က ၁၅ခု ကဗျာက ၁၅ခုပါ။အခုခေတ် ကျောင်းသား ကျောင်းသူ တွေကတော့ သင်ရိုးညွန်းတမ်း တွေပြောင်းလို့ မသင်ရ လောက်တော့ဘူး ထင်တယ်နော်။ ဒါကြောင့် မက်မက် ဆယ်တန်းတုန်းက စာအုပ်လေးကို အမှတ်တမဲ့ ပြန်လည်ရှာတွေ့လို့ အမှတ်တရ အဖြစ်နဲ့ ဖတ်ရတာ အဆင်ပြေအောင် မြန်မာလို ပြန်လည်ရေးပေး လိုက်ပါတယ်။ မက်မက်လိုပဲ ဒီပုံပြင် သင်ရိုးညွန်းတန်း စာအုပ်ပြဌာန်းတဲ့ နှစ်အထိ သင်ခဲ့ရတဲ့ အစ်ကို အစ်မတွေလည်း မိမိတို့ရဲ့ ဆယ်တန်းကျောင်းသား/သူလေး ဘ၀တုန်းက အဖြစ်လေးကို ပြန်လည် အမှတ်တရ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်နော်။
တကယ်တော့ သေခြင်းတရားဆိုတာ အသက်ကြီးသည် ငယ်သည်မရွေး၊ ဘယ်လိုမှ ရှောင်လွဲလို့ မရဘူးလေနော်။
ကဲ....မိတ်ဆွေရော ဒီပုံပြင်လေး ဖတ်ပြီးတော့ ဘာတွေများ ခံစားလိုက် ရလဲနော်...။ :)နောက်နေ့နံနက်မှာ သူ့ရဲ့အစေခံ ကျွန်ကိုခေါ်ပြီး ကြီးမားသည့် ရေလုံခံ သေတ္တာကြီး တစ်လုံးကို ယူစေကာ အစားအသောက် သုံးလစွာ ထည့်ယူစေလျက် ပင်လယ်ကမ်းစပ်သို့ ထွက်လာလေသည်။ကမ်းစပ်ရောက်တော့ သူ့အစေခံ အလုပ်သမားအား အထပ်ထပ်မှာ ကြားလေသည်။ သူသေတ္တာထဲ ၀င်ရောက်ပြီးနောက် သေတ္တာအား သေချာစွာ ပိတ်လျှက် ပင်လယ်ထဲသို့ နက်သထက် နက်အောင် ကြိုးရှည်ရှည် နဲ့ချရန်၊ ယနေ့မှစတင်၍ နောက်သုံးလ ကြာသောအခါ ရေထဲမှ သေတ္တာအား ပြန်လည်ဆယ်ယူရန် အထပ်ထပ် မှာကြားလေသည်။ အလုပ်သမားများကလည်း သူဌေးမှာ ကြားသည့်အတိုင်း သေတ္တာကြီးကို ကြိုးရှည်ရှည်နှင့်ချည်ကာ ရေနက်ပိုင်းထဲသို့ ချလိုက်ကာ ကျန်ကြိုးစတစ်ဖက်စွန်းအား သစ်ပင်ကြီး တစ်ပင်တွင် ချည်နှောင်ထား ခဲ့ကြလေသည်။
သေမင်းကလည်း သေစာရင်း နာမည်တွေကို စစ်ဆေးနေစဉ်မှာ လူငယ်လေး၏ သေဆုံးမယ့် အလှည့်သို့ ရောက်ရှိနေကြောင်းကို တွေ့ရှိသွားလေသည်။အိုးအို.. တို့တွေထပ် တွေ့ဆုံကြ ဦးမှာပေါ့ လူငယ်လေးရေဆိုပြီး ရေရွတ်လိုက်လေသည်။ဒီလိုနဲ့ လူငယ်လေးကို ရှာဖွေဖို့ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ တစ်အိမ်ပြီးတစ်အိမ် လိုက်ရှာလေရာ မတွေ့ပဲ ရှိနေလေသည်။ သေစာရင်း နာမည်တွေကိုလည်း ပြန်လည်စစ်ဆေးရာ လူငယ်လေး နာမည်ပါ နေသည်ကို တွေ့နေရပါလျှက် ထိုလူငယ်အား ရှာလို့မတွေ့ ရှိခြင်းကြောင့် သေမင်းအဖိုးအိုလည်း
အလွန်စိတ်ဓာတ် ကျနေတာပေါ့။ ဒါပေမယ့် လုံးဝမလျော့သောဇွဲနဲ့ တောတောင်တွေကို ဖြတ်ကျော်ပြီး လိုက်ရှာဆဲပဲလေ။
ဒီလိုနဲ့ လူငယ်လေးသေဖို့ နေ့ရက်ကလည်း တစ်ဖြည်းဖြည်း နီးလာပြီ၊ သေဖို့ရက်က သုံးရက်လောက်ပဲ လိုတော့တယ်။ သေမင်းကလည်း လုံးဝလက်မလျော့ဘဲ လိုက်ရှာမြဲပဲ။ဒီလိုနဲ့ နောက်ဆုံးမှာ သေမင်းလည်း ခြေကုန်လက်ပန်း ကျစွာနဲ့ ကမ်းခြေဆီ တဖြည်းဖြည်းလျောက်လှမ်း လာနေလေသည်။ ကမ်းခြေမှာ ခဏလောက် အမောအပန်းဖြေမယ်ဆိုတဲ့စိတ်ကူးနဲ့ လျှောက်လှမ်း လာနေတုန်း တစ်နေရာမှာ မမျှော်လင့်ပဲ ကြိုးတစ်ချောင်းနဲ့ ခလုတ်တိုက် လဲကျသွားတာပေါ့။ သေမင်းကလည်း စိတ်ဆိုးသွားပြီး အဲဒီကြိုးစကို တဖြည်းဖြည်း ဆွဲကြည့်တော့ နောက်ဆုံးမှာ ရေထဲက သေတ္တာကြီး ပေါ်ထွက်လာလေရောပေါ့။သေမင်းကလည်း အရမ်းအံ့သြပြီး အဲဒီသေတ္တာကို ဖွင့်ကြည့်တော့ အထဲမှာ လူချမ်းသာဖြစ်သွားတဲ့ လူငယ်လေးကို တွေ့ရှိသွားလေသည်။ သေမင်းက စိတ်ဆိုးတဲ့ လေသံနဲ့ လူငယ်လုလင်.... မင်းဒီလိုပုန်းရှောင်လို့ လွတ်မယ်များ ထင်နေလား၊ အခုချက်ချင်း ထွက်လာခဲ့လို့ အော်ပြောလိုက်လေသည်။
လူငယ်လေးကလည်း အလွန်ကြောက်ရွံပြီး သေမင်းကို အရှင်သေမင်း အကျွန်ုပ်ကို ခွင့်လွတ်ပါ။အသက်ကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါ။ အကျွန်ုပ်ပိုင်ဆိုင်တဲ့ စည်းစိမ်းချမ်းသာ တ၀က်ကို အရှင့်အားပေးပါမယ်လို့ သေမင်းကို တောင်းပန်တာပေါ့။ဒီတော့သေမင်းက အသင်လုလင် မောင်မင်းကို အရင်က မပြောခဲ့ဖူးဘူးလား။ လူတိုင်းဟာ သေနေ့မစေ့ပဲ သူဘယ်လောက်သေချင်နေပါစေ သေလို့မရသလို သေနေ့စေ့လို့ မသေချင် သေးဘူးဆိုပြီး ရှောင်ပုန်းနေလို့လည်း မရပါဘူး။သတ္တ၀ါတိုင်းဟာ သေခြင်းတရားကို ဘယ်လိုမှ ရှောင်လွဲလို့ ပုန်းကွယ်လို့မရပါ။အကြောင်းတရားတွေကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်တယ်။မွေးဖွားခြင်းရှိသလို သေဆုံးခြင်း ဆိုတာလည်း ရှိနေတဲ့ ကာမသဘောတရား တွေပါလုလင်။
အရင်က သေနေ့မစေ့ဘဲ သေချင်နေတဲ့ ဆင်းရဲသား လူငယ်လေး၊ ချမ်းသာလာ တဲ့အခါ သေနေ့စေ့တာတောင် သေဖို့ပုန်းရှောင်နေတဲ့ လူချမ်းသာ လူငယ်လေး၊သူဘာပဲပြောပြော သေမင်းက လက်မခံဘဲ နောက်ဆုံး သေရွာကို ခေါ်ဆောင်သွားတဲ့ THE MAN WHO LOOKED FOR THE LORD OF DEATH ဆိုတဲ့ပုံပြင်လေးကို SELECTED MYANMAR TALES ဆိုပြီး ၁၀တန်း သင်ရိုးညွန်းတန်း ဖတ်စာအုပ်လေးကို စာအုပ်စင် ရှင်းလင်းရင်း အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့တာပါ။အဲဒီသင်ရိုး ညွန်းတန်းထဲမှာ ပုံပြင် ၁၅ခု ရှိသည့် အနက်မှ သေမင်းကို ရှာဖွေသည့် လူငယ်လေး ဆိုသည့်ပုံပြင်ကတော့ ၈ခုမြောက်ပေါ့။ ဒီပုံပြင်လေးကို ပြန်လည်ဖတ်နေတဲ့ အချိန်မှာတော့ ငယ်ငယ်တုန်းက ဆယ်တန်းကျောင်းသူ ဘ၀မှာ ကျူရှင်ဆရာရဲ့ လျပ်တပြတ် မေးခွန်းတွေကို ခဏခဏ ထမေးခြင်း ခံရပြီး ဆုခဏခဏ ရခဲ့ရတဲ့ အဖြစ်လေး ကိုလည်းပြန်လည် သတိရ လွမ်းဆွတ်မိပါတယ်။ :) ဟိဟိ.. ကြုံတုန်းကြွားတာနော်.. :P
အဲဒီအချိန် တုန်းကတော့ အင်္ဂလိပ်စာ ဘာသာမှာ ပုံပြင်က ၁၅ခု ကဗျာက ၁၅ခုပါ။အခုခေတ် ကျောင်းသား ကျောင်းသူ တွေကတော့ သင်ရိုးညွန်းတမ်း တွေပြောင်းလို့ မသင်ရ လောက်တော့ဘူး ထင်တယ်နော်။ ဒါကြောင့် မက်မက် ဆယ်တန်းတုန်းက စာအုပ်လေးကို အမှတ်တမဲ့ ပြန်လည်ရှာတွေ့လို့ အမှတ်တရ အဖြစ်နဲ့ ဖတ်ရတာ အဆင်ပြေအောင် မြန်မာလို ပြန်လည်ရေးပေး လိုက်ပါတယ်။ မက်မက်လိုပဲ ဒီပုံပြင် သင်ရိုးညွန်းတန်း စာအုပ်ပြဌာန်းတဲ့ နှစ်အထိ သင်ခဲ့ရတဲ့ အစ်ကို အစ်မတွေလည်း မိမိတို့ရဲ့ ဆယ်တန်းကျောင်းသား/သူလေး ဘ၀တုန်းက အဖြစ်လေးကို ပြန်လည် အမှတ်တရ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်နော်။
တကယ်တော့ သေခြင်းတရားဆိုတာ အသက်ကြီးသည် ငယ်သည်မရွေး၊ ဘယ်လိုမှ ရှောင်လွဲလို့ မရဘူးလေနော်။
အစ်မရေ...
ReplyDeleteရတဲ့အချိန်မှာ ကြိုးစားပြီး ရေးပေးတာ လေးစားပါတယ်။ တကယ်လဲ သိသင့်တဲ့ အမှန်တရားလေးပါပဲ။ ၁၀ တန်းတုန်းကတော့ သာမန်ပဲ သဘောပေါက်တာပါ။ နောက်ပိုင်း လေလေးနက်နက်စဉ်းစားကြည့်မှ အသိတွေရလိုက်တာပါ။ သေခြင်းဆိုတာ ရှောင်လို့ ဘယ်တော့မှ မရဘူးပဲ။ ကျနော်တို့လဲ တွေ့မှာပဲ။ အဲဒီအချိန်မှာ ပြုံးပြုံးလေးနဲ့ နှုတ်ဆက်နိုင်ဖို့ ပြင်ရမှာပေါ့။
အခုအချိန်လေးပဲ အကောင်းဆုံးပါပဲ။ အစ်မလဲ ကြိုးစားအားထုတ်နိုင်ပါစေ..
သေမင်းကိုလိုက်ရှာနေတဲ့လူငယ်ကလေးကို ဖတ်ပြီး သေခြင်းတရားကို သံဝေဂပွါးမိပါတယ်။
ReplyDeleteစဉ်းစားကြည့်တော့ အားလုံးဧည့်သည်တွေချည်းဘဲလေ။
သေမင်းကို ရင်ဆိုင်ရမဲ့သူတွေချည်းပါဘဲ။
မက်မက်လဲ မြန်မာရောက်တုန်း အပျော်လွန်ပြီး သေမင်းကို မေ့မနေနဲ့ဦး။ အထုပ်ကလေးတွေလဲ ရသလောက် များများထုပ်ဦးပေါ့။ သံသရာခရီးအတွက် ရိက္ခာထုပ်ကို ပြောပါတယ်။
ပျော်ရွှင်နိုင်ပါစေ။
သေမင်းကို စိန်ခေါ်ဝံ့သူဖြစ်နိုင်ပါစေ မက်မက်။
ReplyDeleteလူငယ်လေးလို ပုန်းအောင်းနေရင်လဲ လွတ်မှာမှ မဟုတ်တာ။ တနေ့နေ့တော့ ရောက်လာမှာ မလွဲပါဘဲလေ။
ဘယ်နေ့ ဘယ်ရက်လို့ ပြောမရပေမဲ့
သေချာတာကတော့ တစ်ရက်ရက်ဘဲ။
သေမင်းတဲ့..ကြားရင်တောင် ကျောချမ်းစရာ..
ReplyDeleteတကယ်တော့လည်း ရှောင်လို့ မရ တိန်းလို့ မရတဲ့
သဘာဝ တရားပါ... အခု လို အမှတ်တရ အထက်တန်းတုန်းက ပုံပြင်လေး တင်ပေးထားကျေးဇူးပါ မ Dream ရေ..
အော် ... ပို့စ်သာ ဖတ်သွားရသည်
ReplyDeleteနားလည်ပေမယ့် တစ်မူထူးခြားလို့ အသွင်ထူးသွားတယ် ..
အင်းပိုစ့်လေးတော့လာဖတ်သွားပါတယ်နော်။ အားတဲ့အချိန်လေးကိုတင်ပေးတဲ့အတွက်လေးစားပါတယ်ဗျာ။ အဆင်ပြေပျော်ရွှင်နိုင်ပါစေဗျာ။ တူမတော်ရေ......
ReplyDeleteပို့စ်လေးက တန်ဖိုးလည်းရှိတယ်
ReplyDeleteမှတ်သားစရာတွေရောပဲ
တစ်ချိန်ချိန်တော့ အဲ့နေ့ကိုရောက်လာမှာပါပဲ
ကြိုးစားပါဦးမည်
ဟုတ်တယ် တိတီမက်ရေ ရှောင်လွှဲလို့မရတဲ့
ReplyDeleteအမှန်တရားပါပဲ
ပြန်ရောက်နေပြီကိုး...
ReplyDeleteပရမတ်တွေပါလို့ ဖတ်လို့အဆင်ပြေပါတယ်ဗျာ...
ဆယ်တန်းတုံးက ဒီပုံပြင်လေး သင်ခဲ့ရတုံးကတော့ ဘာမှကို မစဉ်းစားခဲ့မိတာ...
ReplyDeleteခု မက်မက် တင်ထားတာကို ဖတ်မှပဲ ပုံပြင်လေးရဲ့ အနှစ်သာရကို သေချာ ခံစားမိတော့တယ်...
ပုံပြင်ကို ဖတ်ရလို့ ဆယ်တန်းဘ၀ကို ပြန်သတိရမိသလို အချိန်တွေ ပိုနီးကပ်လာတာကိုလည်း တွေးမိသွားတယ်...
ကျေးဇူးတင်ပါတယ် မက်မက်ရေ... :)
မက်မက်ရေ... အပေါ်ကလူတွေ ပြောသွားတဲ့အတိုင်းပဲ။ :P အနော်ကတော့ ကြောက်တယ်။ မသင်းမေရေ မလာနဲ့ဦးနော်။ လုပ်စရာတွေ အများကြီးကျန်သေးလို့ပါ။ တခြားသူတွေကို အလှည့်ကျော်ပေးလိုက်နော်။ စိတ်မဆိုးပါဘူး။ :P
ReplyDeleteဟုတ်ပါတယ် ဆယ်တန်းဘ၀ကို ပြန်သတိရမိတယ်။ ယုံကြည်ချက်တွေနဲ့ ရွက်လွှင့်နေတုန်း မုန်တိုင်းက ဆွဲနစ်ချသွားတယ်။ ခုထိ ဘ၀က နစ်မွန်းနေတုန်းပါပဲ။ အဲဒီသေမင်းကို ပြောလိုက်ပါ။ ပင်လယ်အောက်မှာ ပုန်းနေတာမဟုတ်ဘူး ... တက်မလာနိုင်သေးတာ။ ကျွန်တော့်ကို ရှာမတွေ့ဖြစ်နေရင် ပြောပြလိုက်ပါ။ ရေအောက်မှာ ရှိတယ်လို့ .... :-)
ReplyDeleteသေခြင်းတရားတို့ဆိုတာမျိုးတွေကို တွေးမိလေတေဲ့အချိန်မျိုးမှာ ကျွန်တော်က သူများတွေလို ကြောက်လည်းမကြောက်ဘူး သေရမှာကို..ဒါပေမယ့် ကျွန်တော်လုပ်ခြင်တာက အဲဒီအချိန်ကစပြီးတော့ လူ့ဘောင်လောကမှာလူတွေအတွက်မဖြစ်မနေလုပ်ကိုင
ReplyDelete်စား
သောက်ဖို့အတွက်လုံးပန်းနေရတဲ့ တစ်နေ့တာအလုပ်တွေ ဂုဏ်တွေရှိအောင် ငွေတွေရှိအောင် ရာထူးတွေရှိအောင်ပညာတွေရှိအောင် အမျိုးမျိုးသောအလုပ်တွေကို မမက်မောတော့ဘူးဗျ..လုပ်ကိုင်ခြင်စိတ်လည်းပျောက်
သွားတယ်
တရားဘာဝနာကိုပဲ အပြီးပိုင်လုပ်ပစ်လိုက်ခြင်တာ..အေးချမ်းစွာနဲ့ပေါ့ဗျာ..ဒါကြောင့်
မဖြစ်နိုင်သေးတဲ့အချိန်ရယ်မို့ လွန်ဆန်ပြီးလုပ်လို့မရသေးတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် မိမိစိတ်ကို မနည်းထိန်းထားရတယ်ဗျ...လူဘောင်မှာနေနေသမျှ
တော့ လူတွေလုပ်တဲ့အလုပ်ကို လုပ်နေရအုံးမှာဆိုတော့ ဘာသာရေးဘက်ကိုအများကြီးမလုပ်နိုင်ဘူးဗျာ..အဲဒီ
လို ကွန်ပလိန်းတတ်လို့မရမှန်းသိပါတယ်..အသက်ငယ်
သည်ကြီးသည်မဟုတ်
ဘာသာရေးဆိုတာလုပ်ရမှန်းသိပါ့တယ်..ဒါပေမယ့်ခုန
ပြောသလိုပေါ့
လုပ်ပြီဆိုရင် အပြီးပိုင်ပဲ ကျွန်တော်လုပ်ခြင်တာ..ဒါကြောင့်မို့လို့ ဘာသာရေးကိုတော့တတ်နိုင်သလောက်တော့လုပ်
တော့
အများကြီးတော့ မတွေးဘူး..ဘာသာရေးအကြောင်းတွေးနေရင် နောင်တတွေရသလိုလို သံဝေဂတွေရသလိုလိုနဲ့ လူဘောင်ကို စိတ်ကုန်သလိုလို လူတွေလုပ်ကိုင်နေတဲ့အလုပ်တွေကို ငြီးငွေ့လာသလိုလိုခံစားရလွန်းလို့ ဘာသာရေးကို သိပ်ပြီး မတွေးရဲဘူးဗျ...ဘာသာရေးကိုတော့ လုပ်တယ် ဒါပေမယ့် မတွေးဘူး..အခုလိုဘာသာရေးတွေနဲ့ပတ်သတ်ပြီး
တော့ ရေးပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ..
ဘာသာရေးကိုတကယ်မလုပ်နိုင်သေးဘူး(လူ့ဘောင်လော
ReplyDeleteကကိုကျောခိုင်းမသွားနိုင်သေးဘူး)ဆိုရင်တော့ ဘာသာရေးတွေကို အရမ်းမတွေးပါနဲ့လို့ပြောခြင်ပါတယ်
ဒါကကျွန်တော့်ရဲ့ခံယူချက်ပါဗျာ..ဘာသာရေးမလုပ်ခိုင်း
တာမဟုတ်ဘူးနော်..မတွေးခိုင်းတာပါ...နေ့စဉ်အမြဲ
တမ်းလုပ်နေရမှာ ဘာသာရေးဆိုတာကို အသိလေးနဲ့ပေါ့.
ဒါပေမယ့် ခုနကပြောသလိုပဲ အရမ်းကြီးအတွေးမနက်ပါစေနဲ့..အဲဒီလိုဘာသာရေးတွေ
ကိုအရမ်းကြီးတွေးလိုက်ရင် လောကကြီးကိုစိတ်ကုန်သလိုလိုခံစားပြီးတော့ ဘာမှကိုလုပ်ကိုင်ခြင်စိတ်မရှိတော့ပဲ တရားကိုအာရုံစိုက်ပြုလိုက်ခြင်တဲ့စိတ်တွေပေါ်လာလိမ့်မယ်..
ဒါကကောင်းတဲ့ အချက်ပါ..တကယ်လုပ်နိုင်သွာံးရင်ကောင်းတာပေါ့ နိဗာန်ကိုရည်မှန်းပြီးတော့..ကျွန်တော်ပြောတာကတကယ်
မလုပ်နိုင်သေးတဲ့သူတွေကိုပြောတာပါ...ဘာသာရေးကို
လုပ်ပါ အရမ်းမတွေးပါနဲ့...အရမ်းတွေးတော့ ခံစားမှု့တွေများလာပြီးတော့ လောကကြီးကို စိတ်ကုန်လာလိမ့်မယ်..အဲဒီလိုတွေမဖြစ်အောင် ကျွန်တော်ကပြောတာပါ...ကျွန်တော်ပြောတာတွေက
စကားတွေက ထက်နေပါပြီဗျာ..နောက်ဆုံးတစ်ခုပဲပြောပါတော့မယ် ဘာသာရေးကိုနေ့စဉ်နဲ့အမျှအသိလေးနဲ့လုပ်ပါ ဒါပေမယ့် တကယ်ဘာသာရေးကို လုံးဝ(လုံးဝ)မလိုက်စားနိုင်သေးဘူးဆိုရင်တော့ ဘာသာရေးကို နက်ရှိုင်းစွာ မတွေးပါနဲ့လို့ ပြောခြင်တာပါဗျာ...
လေးစားစွာဖြင့်
အောင်အောင်
ဘယ်ဆီမှာလည်း သေမင်းရယ် အမြဲတမ်းတ ညတိုင်းပဲ.. အဟေး.... သေမင်းလာနဲ့ဦး လာနဲ့
ReplyDeleteအင်း မသင်ဖူးခဲ့တဲ့ စာတစ်ပုဒ် ကို ဖတ်လိုက်ရလို့ ကျေးဇူးပါပဲ ဒရင်းရေ..
ReplyDelete၁၀တန်းလား ၉တန်းတုန်းကလား မသိဘူး အဲ
ReplyDeleteလိုပုံပြင်မျိုးသင်ဖူးတယ်ဗျ ဟိုကတော့ သေမင်းကို ရှောင်ပုန်းတဲ့ ပုံပြင်လေးဗျ။
အဲဒီ ပုံပြင်လေးကို ဆယ်တန်းတုန်းက သင်ဖူးတဲ့အတွက် ဒီကမိတ်ဆွေ ဒရင်းနဲ့ သင်ရိုးတစ်ခုထဲ သင်ဖူးမယ်လို့ထင်ပါတယ်။ ပုံပြင်က ဘယ်လိုသဘောထားလဲဆိုတော့ ပုံပြင်ပေါ့ဗျာ။ ဒါဟာ သင်္ကေတနိမိတ်ပုံတွေနဲ့ ဖွဲ့စည်းထားတယ်။ အပေးအယူ သစ္စာကတိတွေကိုလည်း ဖော်ညွှန်းထားတယ်ထင်ပါတယ်။ တည့်တည့်ရင်ဆိုင်ချိန်မှာ ရှောင်ပြေးပြီး ရှောင်ပြေးပါတယ်ဆိုမှ တည့်တည့်တိုးတဲ့ ဖြစ်ပုံကိုလည်း သတိပြုမိပါတယ်။ ဘာပဲဖြစ်ဖြစ် ပြန်ဖတ်ရတော့လည်း ဆယ်တန်းကိုလွမ်းသားဗျ။
ReplyDelete