လောကမှာ လူတွေ ခံစားရတတ်တဲ့ လိမ်ညာမှု ငါးမျိုးကို ဆရာကြီးဦးထွန်းလှိုင်က ဒီလိုဖော်ပြ ပေးထားပါတယ်။အဲဒီငါးမျိုးကတော့
(၁)ငွေကြေးဥစ္စာကို လိမ်ညာခံရခြင်း
(၂)အတတ်ပညာကို လိမ်ညာခံရခြင်း
(၃)အလုပ်ကိစ္စကို လိမ်ညာခံရခြင်း
(၄)အချိန်ကာလကို လိမ်ညာခံရခြင်း
(၅)တရားဓမ္မကိုလိမ်ညာခံရခြင်း တဲ့။
လူတွေဟာ အဲဒီငါးမျိုးနဲ့ လိမ်ညာခံ ကြရရာမှာ သူတပါးက မိမိကိုလာပြီး လိမ်ညာ ခံရတာလည်း ရှိသလို၊ မိမိကိုယ်ကို မိမိက ပြန်လိမ်ညာနေမှန်းမသိဘဲ လိမ်ညာခံ ရတာမျိုးလဲ ရှိပါတယ်တဲ့။အပြင်လူရဲ့ လိမ်ညာခြင်းကို ခံရတဲ့ သူတွေမှာတော့ လောဘကြီးလို့၊ အယုံလွယ်လို့၊ အယုံသွင်းခံရမှု တို့ကြောင့်ပဲ ဖြစ်ပါတယ်။ သတိဆိုတာ အင်မတန် အရေးကြီးပါတယ်။ သတိမမူ ဂူမမြင်တဲ့။သတိမူက မြူတောင် မြင်တယ်လို့ သိကြမှာပါနော်။
လူတွေ ဟာ သတိချို့ ယွင်းမှုကြောင့် မမှားသင့်တာတွေ မှားကြတယ်၊ မလုပ်သင့်တာ တွေလုပ်ကြတယ်။ မကြံသင့်တာတွေ ကြံကြတယ်။ ဒါကြောင့် လိမ်ညာသူတွေရဲ့ အလှည့်စား ခံရခြင်းကို မခံရ လေအောင် သတိဆိုတာကို လက်ကိုင်ထားသင့်ပါတယ်။ သတိဆိုတဲ့ ညဏ်ချို့ယွင်းရင် အလိမ်ခံ ရတတ်ပါတယ်၊စဉ်းစားဆင်ခြင် ဥာဏ်တွေ ပျောက်မှန်းမသိ ပျောက်သွားရတယ်။ပညာဥာဏ် ဖြစ်ပေါ်မှုမှာ သတိဟာ အဓိက အခရာ ဖြစ်တယ်နော်။ မဟာဗုဒ္ဓ၀င်မှာ သတိကြောင့် မမှားသင့်ပဲ မှားသွားတဲ့ ဇာတ်တော်တွေ ရှိပါတယ်။လူအများ သိကြတဲ့ အဂုင်္လိမာလ လို့ခေါ်တဲ့အဟိံသကရဲ့ အဖြစ်ပါနော့်။
အန္တပုဏ္ဏားကြီးနဲ့ မန္တာနီ ပုဏ္ဏားမမှာအဟိံသက လို့ခေါ်တဲ့ သားတစ်ဦး ရှိပါတယ်။ ပညာဥာဏ် ကောင်းလွန်းလို့ တက္ကသိုလ်ပြည် ကိုသွားပြီး ဒိသာပါမောက္ခ တစ်ဦးဆီမှာ ပညာသင် စေပါတယ်တဲ့။ဆရာ့ကိုလည်း ၀တ်ကြီး ၀တ်ငယ်ပြုစု၊ ပညာကလည်း ထူးချွန်လို့ ဆရာရဲ့ ချစ်ခင်မှုနဲ့ အရေးပေးမှုကို ခံရပါတယ်။ဒါကို ပညာသင်ဖက်ဖြစ်တဲ့ သူငယ်ချင်းတွေက မနာလို ဖြစ်ကြတာပေါ့။ဒီတော့ အဟိံသက နဲ့ ဒိတာပါမောက္ခခ ဆရာကြီးတို့ကို စိတ်ဝမ်းကွဲအောင် လုပ်ပါတယ်။ အဟိံသကကို ဆရာကတော်နဲ့ စွတ်စွဲသမုတ် ကြပါတယ်။

ဒါကိုဆရာကြီး ကလည်းလုံးဝ မယုံပါဘူး၊ဒါပေမယ့် ပြောဖန်များ လာတော့ သံသရ ၀င်လာတယ်။ ဒါကြောင့် တပည့်လုပ်သူရဲ့ အနေအထိုင်ကို ဂရုစိုက်စောင့် ကြည့်တာပေါ့။ ဆရာကတော် ကလည်းသူ့ကို ချစ်ခင်တယ် ဆိုတော့ အကျွမ်းတ၀င် ဆက်ဆံတာပါ။ ဒါကိုဆရာ လုပ်တဲ့သူက မယုံသင်္ကာ ဖြစ်သွားပြီး အဟိံသက ကိုစိတ်ဆိုးပါတယ်။ပညာရှိတို့ ထုံးစံအတိုင်း အမျက်မထွက်ချင် ယောင်ဆောင်ပြီး အဟိံသက လေးကိုသူ့ အလိုလို သေအောင်ဆိုပြီး အမျိုးမျိုး ကောက်ကျစ်စဉ်းလဲတဲ့ အကြံကို ကြံစည်တယ်။
ဒါနဲ့ တစ်နေ့တော့ ဆရာက တပည့်ဖြစ်သူကို ခေါ်ပြီးပြောပါတယ်။ချစ်သား အဟိံသက၊ မင်းဟာ အမျိုးလည်း မြတ်တယ်၊ ပညာအရာ မှာလည်း ထူးချွန်တယ်။ ၀တ္တရားလည်း ကျေတဲ့တပည့် ကောင်းဖြစ်တယ်။မင်းလို တပည့်မျိုး ရခဲလှတယ်။ ဒါကြောင့် မင်းကိုဆရာ တတ်သမျှ၊ သိသမျှ ပညာကို အကြွင်းမထားဘဲ သင်ပေးချင်တယ်။ ဒါပေမယ့် မင်းကငါ့ကိုပူဇော်မှသာလျှင် ငါသင်ပေး နိုင်မယ်လို့ ဆိုပါတယ်။
ဆရာဖြစ်သူရဲ့ အယုံသွင်း စကားကြောင့် တပည့်ဖြစ်သူ အဟိံသကာလေးမှာ လုံးဝယုံကြည် သွားတယ်လေ။ သူ့စိတ်ထဲမှာ ဆရာ့ဆီက ပညာရရင်ဖြင့် ဘာမဆို လုပ်ရလုပ်ရ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဆရာ့ကိုလည်း အကြည်ညို လွန်သွားတာကိုး။ ဒီတော့ ဆရာ၊ ကျွန်တော် ဘာလုပ်ပေးရ မလဲဆိုတာသာ ပြောပါ၊ ကျွန်တော် ဆရာ့ကို ပူဇော်ပါ့မယ်လို့ ကတိပေး လိုက်ပါတယ်။ ဒီတော့ဆရာက သူ့ကို လူတွေရဲ့ လက်ညှိုးပေါင်း တစ်ထောင်နှင့် ငါ့အားပူဇော်ရမယ်။ ဒါမှသာ ပညာကို ဆက်သင်ပေးနိုင်မယ်လို့ ဆိုလိုက်ပါတယ်နော်။ ဒါကိုတပည့်ဖြစ်သူက တကယ်ပဲ ယုံမှတ်တော့ သူ့ဆရာ့ စကားအတိုင်း လက်ညှိုပေါင်း တစ်ထောင်ပြည့်အောင် လူပေါင်းတစ်ထောင်ကို သတ်ပြီး လက်ညိုးတွေ ဖြတ်ယူပါတယ်။
နောက်ဆုံး မိခင်ဖြစ် သူကိုတောင် အလွတ်မပေးဘဲ သတ်ခါနီးလေးမှာ ကျွတ်ချိန်တန်လာတော့ မြတ်စွာဘုရားနဲ့ တွေ့ပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားရှင်ရဲ့ လက်ညှိုးကို ဖြတ်ဖို့အတွက် မြတ်စွာဘုရား နောက်ကို ပြေးလိုက်ပါတယ်။ ဒါပေမယ့်နော် သူဘယ်လောက် အမောတကော လိုက်လိုက် မြတ်စွာဘုရားကို မမှီနိုင်ဘူး ဖြစ်နေတော့ ဒီရဟန်း နဲနဲတော့ထူးတယ်၊ ရှေးက ငါလိုက်လို့ မမှီတဲ့ သတ္တ၀ါဆိုတာ မရှိခဲ့ဘူးလို့ စဉ်းစားတယ်၊ ငါသူ့ကို ရပ်ခိုင်းမှ လို့ကြံပြီ ရဟန်း ရပ်ဦး၊ရပ်ပါလို့ အော်ပြောသတဲ့။ ဒီတော့ မြတ်စွာဘုရားက ငါကိုယ်တော် ရပ်နေတာပဲ၊အသင်သာ မရပ်ဘဲ တရစပ် ပြေးနေတာလို့ ပြန်ပြောပါတယ်။ဒါကို အဟိံသကက အို..ရဟန်း..သင်ဟာ မရပ်မနား သွားနေပြီး ဘာဖြစ်လို့ ငါ့အားရပ် နေပါတယ်လို့ မုသားဆို ရတာလဲ၊ ရဟန်းဖြစ်ပြီး မုသားဆို ရသလားလို့ ပြောပါတယ်။
လောကမှာ သူတစ်ပါးပြော စကားတွေကို ယုံလွယ်မိလို့ မှောက်မှားချောက်ကျ ရသူတွေ အင်မတန် များပါတယ်။ဘ၀အတွေ့အကြုံများမှု၊ သတိတရား လက်ကိုင်ထား မှသာ အခုလို အလိမ်ညာ ခံရတဲ့ ဘ၀က လွတ်မြောက်ကြမှာပါ။ ဒီဇာတ်ထုတ်မှာ ဆိုရင်နော်၊ ဣဿာ မစ္ဆရိယ ကြောင့်ပျက်လိုရာ ပျက်စီးကြောင့် သွေးထိုးတဲ့ အပေါင်းအဖော်တွေ ၊ဘယ်လောက်ပဲ အသိတရားနှင့် ပြည့်စုံပါ တယ်ပြောပြော၊ပညာဘယ်လောက် တတ်တတ်၊ တစ်ဖက်သားရဲ့ သွေးထိုးမှုကြောင့် မလုပ်သင့် မလုပ်ထိုက်တဲ့ အကြံကို ကြံခဲ့တဲ့ ဒိသာပါမောက္ခ ဆရာကြီးနဲ့ ဥာဏ်ပညာ ထက်မြတ်တဲ့၊ဆရာဖြစ်သူကိုလည်း အကြည်ညိုလွန်း သူဖြစ်တဲ့ အဟိံသကာလေး တို့ဟာ သတိ ချွတ်ယွင်းမှုကြောင့် အမှန်တရားကို မစဉ်းနိုင်၊ မဆင်ခြင်နိုင်ဘဲ ဖြစ်သွားရတာပါ။
ဒါတွေက မြတ်စွာဘုရားရဲ့ ထင်ရှားတဲ့ အောင်မြင်ခြင်း ရှစ်ပါးထဲက လေးခုမြောက် ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိမှာပါ.... ဒါကြောင့် .....
~~ရှေးသရောအခါ......သာဝတ္ထိပြည်ဌာနမှာ~~~လူဆိုးဗိုလ်~~~~~အင်္ဂုလိမာလဟာ~~~~
သန်လျက်ဓားကကို~~~~သူ့လက်ဖျားက....မချပါ....~~~~~ဓားမြကြီး........လုပ်၍ ဆိုးယုတ်ပုံမှာ..........လက်ညိုးတွေ.....ဖြတ်လို့သာ~~~~ထိုအခါ ဘုရားကြွလို့ ~~~~မမှားရအောင်~~~~တရားပြတော်မူရှာ~~~~မေတ္တာဓာတ်နဲ့.......ဗုဒ္ဓမြတ်စွာ ~~~~ဆောင်နှင်းခဲ့~~~~အောင်ခြင်း စတုတ္ထပါ~~~~~ဆိုပြီး မြတ်စွာဘုရားရှင်ရဲ့ အောင်ခြင်းဂုဏ်ကို သီချင်းစပ်ဆိုပူဇော် ထားတာကို လည်းကြားဖူး မှာပါနော်...
ဓမ္မပဒ ဦးရွှေအောင် စာအုပ်မှ ကိုးကားပါသည်

အစက ဥာဏ်ပညာ ကောင်းရာမှာ သူမတူအောင် ရှိခဲ့တဲ့ အဟိံသကာလေးဟာ သူ့အသက်သတ်ခြင်း အမှုကို ပြုတဲ့နေ့က စပြီးတော့ စိတ်ပျံလွင့် သွားတဲ့အတွက် သတိချွတ်ယွင်းသွားပြီး လက်ညှိုးတစ်ထောင်ကိုတောင် ရည်တွက်လို့ မရတော့ လောက်အောင်ကို ဖြစ်သွားပါ တယ်တဲ့။ ရလာတဲ့ လက်ညှိုးတွေကိုလည်း ဟိုထား ဒီထား
ဆိုတော့ ပျောက်ရှတာလည်း ရှိခဲ့ပါတယ်တဲ့။ အမှန်ဆို လက်ညှိုးပေါင်း တစ်ထောင်ပြည့်ဖို့အတွက် လူအယောက် ငါးရာသာ သတ်ရမှာပါနော်၊ ဒါကို သူကလူပေါင်း တစ်ထောင် လောက်ကို သတ်မိပါတယ်နော်။
ဆိုတော့ ပျောက်ရှတာလည်း ရှိခဲ့ပါတယ်တဲ့။ အမှန်ဆို လက်ညှိုးပေါင်း တစ်ထောင်ပြည့်ဖို့အတွက် လူအယောက် ငါးရာသာ သတ်ရမှာပါနော်၊ ဒါကို သူကလူပေါင်း တစ်ထောင် လောက်ကို သတ်မိပါတယ်နော်။
နောက်ဆုံး မိခင်ဖြစ် သူကိုတောင် အလွတ်မပေးဘဲ သတ်ခါနီးလေးမှာ ကျွတ်ချိန်တန်လာတော့ မြတ်စွာဘုရားနဲ့ တွေ့ပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားရှင်ရဲ့ လက်ညှိုးကို ဖြတ်ဖို့အတွက် မြတ်စွာဘုရား နောက်ကို ပြေးလိုက်ပါတယ်။ ဒါပေမယ့်နော် သူဘယ်လောက် အမောတကော လိုက်လိုက် မြတ်စွာဘုရားကို မမှီနိုင်ဘူး ဖြစ်နေတော့ ဒီရဟန်း နဲနဲတော့ထူးတယ်၊ ရှေးက ငါလိုက်လို့ မမှီတဲ့ သတ္တ၀ါဆိုတာ မရှိခဲ့ဘူးလို့ စဉ်းစားတယ်၊ ငါသူ့ကို ရပ်ခိုင်းမှ လို့ကြံပြီ ရဟန်း ရပ်ဦး၊ရပ်ပါလို့ အော်ပြောသတဲ့။ ဒီတော့ မြတ်စွာဘုရားက ငါကိုယ်တော် ရပ်နေတာပဲ၊အသင်သာ မရပ်ဘဲ တရစပ် ပြေးနေတာလို့ ပြန်ပြောပါတယ်။ဒါကို အဟိံသကက အို..ရဟန်း..သင်ဟာ မရပ်မနား သွားနေပြီး ဘာဖြစ်လို့ ငါ့အားရပ် နေပါတယ်လို့ မုသားဆို ရတာလဲ၊ ရဟန်းဖြစ်ပြီး မုသားဆို ရသလားလို့ ပြောပါတယ်။
ဒီတော့ဘုရားရှင်က ချစ်သား အဂုင်္လိမာလ အဟိံသက၊ ငါဟာ သူ့အသက်ကို သတ်ခြင်းဆိုတဲ့ မကောင်းမှု ဒုစရိုက်ကိုလည်း မလိုက်စားဘူး၊ ငါ့မှာ အပါယ်လား စရာအကြောင်း မရှိဘူး၊ သုဂတိတို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ နိဗ္ဗာန်တံခါးဝမှာ ရပ်နေသူဖြစ်တဲ့အတွက် ရပ်နေတယ်လို့ ငါဆိုခြင်းဖြစ်တယ်၊ သင်ကတော့ ဒုစရိုက်များစွာ ကိုလည်းပြုတယ်၊ သတ္တ၀ါအပေါ် မှာလည်းသနား ကြင်နာခြင်းလည်း မရှိဘူး၊ ကောင်းမြတ်တဲ့ အကျင့်စာရိတ္တ လည်းမရှိဘူး၊ သင်သေရင် အပါယ်ကိုလားရမယ့် လူဖြစ်လို့
သင်ဟာ ရပ်နားတဲ့ လူမဟုတ်ဘူး၊ သင်ကတော့ သွားနေသူ ဖြစ်တယ်လို့ ငါဆိုလိုခြင်းသာ ဖြစ်တယ်လို့ ဟောကြားလိုက်တဲ့ အခါမှာတော့ အဂုင်္လိမာလရဲ့ ဘ၀င်မှာ ချက်ချင်း သတိတရားဝင်ပြီး ဥာဏ်အမြင် တစ်ခုဖြစ်ပေါ် လာပါတယ်။

အို..ဒီစကားဟာ အနှစ်သာရ ရှိလှပါတကား၊ တစ်သက်လုံး အောက်မေ့ထိုက်တဲ့ စကားမျိုးပါလား၊ ဒီစကားကို သာမန်လူတော့ ပြောနိုင်မှာ မဟုတ်ဘူး၊ ငါကြားဖူးတဲ့ သာကီဝင် မင်းမျိုးထဲကဖြစ်တဲ့ ဘုရားဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဒီပုဂ္ဂိုလ်ပဲဖြစ်ရမယ်၊ နှစ်ပေါင်းများစွာ မကောင်းမှု အကုသိုလ်တရားကို အကျင့်မှားပြီး ဒုဂ္ဂတိသို့ လားရတော့မှာ
ကိုမြင်လို့ ငါ့ကိုမြတ်စွာဘုရားက သနားပြီး ကယ်တော်မူတာပဲ ဆိုတဲ့အသိ ဖြစ်ပေါ်လာပါတယ်။ ဒီတင်အဂုင်္လိမာလ သတိသံဝေဂရပြီး ဘုရားကို ၀န်ချတောင်းပန် ပါတယ်။
ကိုမြင်လို့ ငါ့ကိုမြတ်စွာဘုရားက သနားပြီး ကယ်တော်မူတာပဲ ဆိုတဲ့အသိ ဖြစ်ပေါ်လာပါတယ်။ ဒီတင်အဂုင်္လိမာလ သတိသံဝေဂရပြီး ဘုရားကို ၀န်ချတောင်းပန် ပါတယ်။
လောကမှာ သူတစ်ပါးပြော စကားတွေကို ယုံလွယ်မိလို့ မှောက်မှားချောက်ကျ ရသူတွေ အင်မတန် များပါတယ်။ဘ၀အတွေ့အကြုံများမှု၊ သတိတရား လက်ကိုင်ထား မှသာ အခုလို အလိမ်ညာ ခံရတဲ့ ဘ၀က လွတ်မြောက်ကြမှာပါ။ ဒီဇာတ်ထုတ်မှာ ဆိုရင်နော်၊ ဣဿာ မစ္ဆရိယ ကြောင့်ပျက်လိုရာ ပျက်စီးကြောင့် သွေးထိုးတဲ့ အပေါင်းအဖော်တွေ ၊ဘယ်လောက်ပဲ အသိတရားနှင့် ပြည့်စုံပါ တယ်ပြောပြော၊ပညာဘယ်လောက် တတ်တတ်၊ တစ်ဖက်သားရဲ့ သွေးထိုးမှုကြောင့် မလုပ်သင့် မလုပ်ထိုက်တဲ့ အကြံကို ကြံခဲ့တဲ့ ဒိသာပါမောက္ခ ဆရာကြီးနဲ့ ဥာဏ်ပညာ ထက်မြတ်တဲ့၊ဆရာဖြစ်သူကိုလည်း အကြည်ညိုလွန်း သူဖြစ်တဲ့ အဟိံသကာလေး တို့ဟာ သတိ ချွတ်ယွင်းမှုကြောင့် အမှန်တရားကို မစဉ်းနိုင်၊ မဆင်ခြင်နိုင်ဘဲ ဖြစ်သွားရတာပါ။
ဒါတွေက မြတ်စွာဘုရားရဲ့ ထင်ရှားတဲ့ အောင်မြင်ခြင်း ရှစ်ပါးထဲက လေးခုမြောက် ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိမှာပါ.... ဒါကြောင့် .....
~~ရှေးသရောအခါ......သာဝတ္ထိပြည်ဌာနမှာ~~~လူဆိုးဗိုလ်~~~~~အင်္ဂုလိမာလဟာ~~~~
သန်လျက်ဓားကကို~~~~သူ့လက်ဖျားက....မချပါ....~~~~~ဓားမြကြီး........လုပ်၍ ဆိုးယုတ်ပုံမှာ..........လက်ညိုးတွေ.....ဖြတ်လို့သာ~~~~ထိုအခါ ဘုရားကြွလို့ ~~~~မမှားရအောင်~~~~တရားပြတော်မူရှာ~~~~မေတ္တာဓာတ်နဲ့.......ဗုဒ္ဓမြတ်စွာ ~~~~ဆောင်နှင်းခဲ့~~~~အောင်ခြင်း စတုတ္ထပါ~~~~~ဆိုပြီး မြတ်စွာဘုရားရှင်ရဲ့ အောင်ခြင်းဂုဏ်ကို သီချင်းစပ်ဆိုပူဇော် ထားတာကို လည်းကြားဖူး မှာပါနော်...
ဓမ္မပဒ ဦးရွှေအောင် စာအုပ်မှ ကိုးကားပါသည်
ဗဟုသုတ လေးကို ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ReplyDeleteနောက်လည်း လာဖတ်မယ်နော် ......
ဆက်လက်ရေးသားနိုင်ပါစေ...
သာဓု ၊ သာဓု ၊ သာဓုပါဗျာ။
ReplyDeleteသိင်္ခကပြောပါတယ်။
ဘွားမက်လည်းဘာသာရေးလိုက်စားတယ်တဲ့။
ကောင်းတယ်ဟ။
တကယ်တမ်းတော့ အားကိုးစရာဒါပဲရှိတယ်လေ။
ဟုတ်တယ်မလား။
အရမ်းကောင်းတယ်
ReplyDeleteမရိုးသားတဲ့ သူတွေလည်းရှိနေတော့
သိပ် အ လို့မဖြစ်ပေဘူး...
အစ်မမက်မက်ရေ..
ReplyDeleteတန်ဖို့ရှိတဲ့ပိုစ့်လေးပါပဲ။ ကိုယ်တိုင်လဲ ဗိုလ်ငါးပါး နဲံ့ ပြည့်စုံဖို့ လိုအပ်သလို ဆရားကောင်းကိုလဲ ရွေးချယ်တတ်ဖို့ လိုတယ်ဆိုတာကို ပုံဖော်ပြလိုက်တာပါပဲ။
ယူတတ်မယ်ဆိုရင် အများကြီး သင်္ခန်းစာရတယ်။
နောက်ဆုံးတော့ အင်္ဂုလိမာလလဲ ဘုရားရှင် ဆိုတဲ့ ဆရာကောင်းကို တွေ့လိုက်တော့ အာသဝေါ တရားကုန်တဲ့ ရဟန္တာဖြစ်သွားတာပါပဲ။ ဒီနေရမှာ ဆရာကောင်း ဆိုတာ အင်မတန် အရေးကြီးကြောင်း သိသာပါတယ်။ လုပ်ခဲ့တဲ့ အကုသိုလ်ကံတွေအတွက် ၀ိပါက ၀ဋ်ကတော့ ခံစားရတယ်။ ဆွမ်းခံရင် ခဲနဲ့ အပေါက်ခံရတာ၊ အရိုက်ခံရတာတွေ ရှိခဲ့တာပဲ။ ဒီတော့ ၀ိပါက ၀ဋ်ကို ပယ်လို့မရဘူး။ ကိလေသ ၀ဋ်ကိုပဲ ပယ်ရမယ်။
နောက်လဲ ဒီလို စာတွေများများရေးပေးပါ။ မက်မက် ရေးတော့ ကျနော်တို့တွေ သိရတာပေါ့။
စိတ်ချမ်းသာပါစေ.. အစ်မ
အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်ပင် ၀ဋ် ကျွေးများကိုပရိနိဗ္ဗာန်ပြုခံနီးခံရသလိုမျိုး အင်္ဂုလိမာလလဲ ဘယ်လို ၀ဋ် ကျွေးနဲ့ ပရိနိဗ္ဗာန်ပြုရသလဲ သိချင်ပါတယ်။သိရင် ဖေါ်ပြပေးပါ။
ReplyDelete( http://winlatt2008.blogspot.com/2008/04/blog-post_10.html ) လာဖတ်ကြည့်ပါဦး။
ကျေးဇူးတင်ပါတယ် မက်မက်ရေ။ နောက်လဲ ဒါမျိုးလေးတွေ ရေးဦးနော်။ အများကြီး ဗဟုသုတလည်းရ၊ ပညာလည်းရ၊ သံဝေဂလည်း ရစရာတွေပါ။
ReplyDeleteအဂုင်္လိမာလသုတ်များ ကျက်နေရော့လား
ReplyDeleteလိမ္မာလိုက်တဲ့ တီဒွင်း တော်လိုက်တဲ့ တီဒွင်း ..:P
ReplyDeleteသာဓု သာဓု သာဓု ပါဗျာ ..
နောက်လည်း ဒီလို မှတ်သားစရာတွေ အများကြီး ရေးနိုင်ပါစေ :)
ဗဟုသုတ လေးအတွက်ကျေးဇူးပါပဲနော်တီတီ...... နောက်လည်းမျှဝေပေးပါနော် အားပေးလျှက်ပါတီတီ။
ReplyDeletewww.toetoelay.blogspot.com
လူမိုက်ကြီးလုပ်ထားတဲ့ သတ်ထားတဲ့ကံတွေအကျိုးပေးခွင့်
ReplyDeleteမရလိုက်ဘူးနော်။ပစ္စုပ္ပန်ကံတစ်ခုပဲအကျိုးပေးခွင့်ရလိုက်
တယ်။ဒုတိယဘ၀အကျိုးပေးမဲ့ကံရယ် ၊တတိယဘ၀က
စပြီးသံသရာတခွင်မှာ အကျိုးပေးမဲ့ကံတွေဟာ
ဝိပဿနာလုပ်တဲ့မဂ်ကံက ဖျက်ပေးလိုက်တော့အကျိုးပေး
ခွင့်မရတော့ဘူးတဲ့။ကံကောင်းတယ်နော်။နင်လဲသူလိုငါလို
ထဲမှ ရုန်းထွက်နိုင်ပါစေဗျာ။
မီးမီးရေး သာဓုပါဗျာ..
ReplyDeleteဘာသာရေးပိုစ့်လေးတွေ များများရေးနိုင်ပါစေကွယ်။
မိုးကြယ်
မက်မက် ကိုသတိရလို့လာလည်တာ--
ReplyDeleteအိမ်အသစ်လေးနဲ့ ငြိမ်းချမ်းတဲ့နေရာလေးကို
ရောက်လာတယ်--
သာဓုခေါ်ပါတယ်--မက်မက်ရယ်---
ရွှင်လန်းချမ်းမြေ့ပါစေ---
သာဓုပါဗျာ သာဓုပါ သာဓုပါ ... တူမကြီးရေ
ReplyDeleteအင်မတန်တန်ဖိုးရှိလှတဲ့ ပိုစ့်ကောင်းပိုစ့်မြတ်လေး ဖြစ်တာမို့ ၀မ်းမြောက်ဝမ်းသာ ဖတ်ရှု ပြီးသာဓုခေါ်ဆိုမိပါတယ် ... ။
အေးဗျာ မေ့တောင်နေပြီဗျ အခုလို ပြန်ဖော်ပြတာကျေးဇူးပါပဲဗျ
ReplyDeleteအင်ဂုလိမာလဆိုလို့ သွားသတိရတယ် ကျနော့်အဖေလေ သူ့သား ကျနော့်အကို အူအတက်ပေါက်လို့ ဗိုက်ခွဲရတာကို ခွဲခန်းအ၀မှာ ထိုင်
ပြီး အင်ဂုလိမာလသုတ် ရွတ်နေတာကိုသွားသတိရတယ်
ဟီးဟီး