၂၀၀၈ရဲ့ နောက်ဆုံးညကို ဘယ်လိုကုန်ဆုံးသလဲတဲ့...ဦးဦးတိုတိုးရေး (ကိုတိုးလေး) က တက်ဂ် ထားလို့ရေး ပေးလိုက်တာပါ...ပြောရမယ် ဆိုရင် တနေကုန် မက်မက် အတွက်ကတော့ ရုံးမှာပဲ အချိန်ကုန်တာပေါ့။ မက်မက်တို့ရုံးက မလေးရှား မလေးတွေကတော့ ညကျရင် Sentosa ကမ်းခြေ သွားမယ်ဆိုပြီး ဖိတ်တဲ့သူက ဖိတ်တယ်။တချို့က ကျတော့လည် ညကျရင် မီးရှူးမီးပန်းဖောက်တာ သွားကြည့်မယ်၊ ပြီးရင် ကလပ်သွား မယ်ဆိုပြီး လာဖိတ်ပါတယ်။မက်မက်က ငါ့အိမ်မှာ ငါလုပ်စရာ တွေရှိလို့ မလိုက်တော့ ဘူးဆိုပြီး သူတို့ကို ငြင်းလွတ်လိုက်တယ်။ တကယ်လည်း အဲဒီလို နေရာတွေ သွားဖို့ကို စိတ်ကမပါပါဘူး။သွားလည်း မသွားချင်ဘူးလေ။ ကိုယ်က ဘလော့မှာ အမှတ်တရ ဘာပိုစ့် အသစ်တင်ရမလဲ ဆိုပြီးတော့ ကိုယ့်စိတ်ကူးနဲ့ ကိုယ်တွေးပြီး ပျော်နေတာ။ :) အိမ်ရောက်ရင် BLOGGING မယ်၊ တီတီဝါ တင်မယ့် ဆလိုက်ရှိုးကို ကြည့်ချင်တာလည်း ပါတယ်လေ။ မောင်နှမတွေကို အခုမှ မြင်ဖူးရ မှာလေနော့် :P အဟဲ .. အဲလောက်ကို သံယောဇဉ် တွေကကြီးတာနော်။
ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ လူထဲက လူသားတစ်ယောက်ဖြစ်တော့ တစ်နှစ်မှ တစ်ခါဆိုတဲ့ စိတ်နဲ့
နှစ်သစ်ကို ခြင်္သေ့ကျွန်းရဲ့ ခြင်္သေံ့သားပေါက်လေးရှိတဲ့နေရာမှာ မီးရှုးမီးပန်းအလှတွေ ဖောက်တာကို ကြည့်ပြီး စိတ်ထဲပျော်ခဲ့ရတယ်။လူတွေရဲ့ဟတ်ပီးနယူးရီးရားလို့အော်တဲ့အသံကိုတောင် မကြားနိုင်ဘဲ မီးပန်းအလှတွေမှာ ကြည့်ပြီး မိန်းမောခဲ့ရတယ်။ အဟဲ.. ရန်ကုန်မှာဆို ဒီလို ကြုံရမှာ မဟုတ်ဘူးလေ နော်... ) ဒါကြောင့် အမိအရ မီးပန်း အလှကို ဗီဒီယိုရိုက်ခဲ့တယ်။
အဲဒီမှာမက်မက် တို့အိမ်မှာ အတူတူနေတဲ့ ညီမလေးက ဖုန်းဆက်လာတယ်။ ညကျရင် မီးရှုး မီးပန်းဖောက်တာ ကြည့်ကြမယ်တဲ့။ လာခဲ့ပါတဲ့။ မက်မက်အစ်ကို နှစ်ယောက်ကိုလည်း ဖုန်းဆက်ပြီး ချိန်းထားပြီး ပြီဆိုပြီး ပြောလာတော့ အေးပေါ့။ ကိုယ်လည်း လူထဲက လူပဲလေ နော်။ အိုကေ..လာခဲ့မယ် ဆိုပြီး ရုံးမဆင်းခင် အချိန်လေးမှာ ပို့စ်အတွက် အမှတ်တရ ရေးဖို့တောင် မစဉ်းစားနိုင်တော့ပဲ သီတဂူဆရာတော်ကြီး ကြွလာတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ မေတ္တာပို့လေးကို နှစ်သစ်ဆုတောင်းလေးနဲ့ တွဲဖက်ပြီး ပိုစ်အသစ်ကို Scheduled အဖြစ်နဲ့ပဲ တင်ခဲ့လိုက် ရပါတယ်။
ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ လူထဲက လူသားတစ်ယောက်ဖြစ်တော့ တစ်နှစ်မှ တစ်ခါဆိုတဲ့ စိတ်နဲ့
နှစ်သစ်ကို ခြင်္သေ့ကျွန်းရဲ့ ခြင်္သေံ့သားပေါက်လေးရှိတဲ့နေရာမှာ မီးရှုးမီးပန်းအလှတွေ ဖောက်တာကို ကြည့်ပြီး စိတ်ထဲပျော်ခဲ့ရတယ်။လူတွေရဲ့ဟတ်ပီးနယူးရီးရားလို့အော်တဲ့အသံကိုတောင် မကြားနိုင်ဘဲ မီးပန်းအလှတွေမှာ ကြည့်ပြီး မိန်းမောခဲ့ရတယ်။ အဟဲ.. ရန်ကုန်မှာဆို ဒီလို ကြုံရမှာ မဟုတ်ဘူးလေ နော်... ) ဒါကြောင့် အမိအရ မီးပန်း အလှကို ဗီဒီယိုရိုက်ခဲ့တယ်။
ဒီလိုနဲ့ မီးပန်းအလှတွေ ကြည့်ပြီးတော့ အိမ်ပြန်လာတယ်။ အိမ်ရောက်ရောက်ချင်း ရေဆာတာတောင် မသောက်နိုင်ဘဲကမန်းကတန်း ကွန်ပြူတာဖွင့် ဘလော့ဖွင့်ကြည့် ဘယ်သူတွေလာလဲပေါ့၊ ပြီးတော့ တီတီဝါရဲ့ အိမ်ကို ပြေး။ဆလိုက်ရှိုးကြည့်၊ ပြီးတော့ တစ်အိမ်တက်ဆင်း ဘလော့မှာ wishing လုပ်၊ အွန်လိုင်းချက်တင်မှာ တွေ့နေတဲ့ သူငယ်ချင်းတွေကို Wishing လုပ်။အိမ်လိုက်လည်ရင်းနဲ့ ရင်ထဲတော်တော် စို့နစ်သွားတယ်။ နယူးရီးရားမှာ အပျော်လွန်ပြီး ထိုင်းနိုင်ငံရဲ့ နိုက်ကလပ် တခုမှာ လူတွေ သေဆုံးနေ ကြတဲ့သတင်းကို ဖတ်မိလိုက်ရတယ်လေ။ အဲဒီမှာ ကြည့်ပြီးသံဝေဂ တော်တော်ရသွားပါတယ်။
အော်.. လူ့ဘ၀.. တကယ်တော့ တိုတိုလေးပါလားလို့။ မသေခင်မှာ အပျော်လွန်ကြပြီး သေတော့ လည်း ပိုးဆိုးပက်ဆက် သေနေကြတဲ့ သတ္တ၀ါတွေကို ကြည့်ပြီးတကယ်လည်း တရားရပါတယ်။ ကြည့်တတ်ရင် သံဝေဂ ယူစရာပါနော်။ သေဆုံးသူတွေ အတွက်လည်း စိတ်မကောင်း ဖြစ်ရုံကတပါး အခြားမရှိ တော့ပါဘူး။ နှစ်သစ်မှာ ကောင်းမွန်ရာ ဘုံဘ၀ကို ရောက်ရှိပါ စေလို့ပဲ ဆန္ဒပြု လိုက်ရပါတယ်။
သွားတဲ့သူတွေ သွားကြပြီနော်..ငါတို့ရော ဘယ်တော့လဲ ဘယ်နေ့လဲဆိုတာကို တွေးပြီး ကိုယ့်အတွက် အချိန်သိပ် မကျန်တော့ပါလား ဆိုတာကို သိလိုက်ရတယ်။ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွား ကြပြန်ပြီနော်၊ အသက်တွေလည်း တစ်နှစ်ပိုကြီး သွားကြပြန်ပါပြီ။ဇာတိ ဇရာ မရဏကို ဘယ်သူမှ ကျော်လွန်လို့ မရပါဘူး။ကံကောင်းလို့ အသက် ၇၅နှစ်ထိ နေလို့ရခဲ့မယ် ဆိုရင်တောင် ကိုယ့်အတွက် အချိန်မကျန်တော့ ဘူးဆိုတာ ဒီဇယားလေးကို ကြည့်၍ သတိမူ မိပါတယ်။ကဲ.....သံသရာမှာ ကျင်လည်နေသမျှ ကိုယ်ရရှိလာတဲ့ ခန္ဓာမပြောင်းခင် ဘာလုပ်ကြမှာလဲ။ မိတ်ဆွေ ..... သင်ရော ဘာလုပ်မှာလဲ?
မက်မက်ကလည်း အစ်ကိုအစ်မတွေကို ပြန်တက်လိုက်မယ်နော့်။ ကဲ... ဒီတခါ DREAM BLOG ရဲ့ ၂၀၀၉ အစမှာ မဲပေါက်တဲ့ သူတွေကတော့... အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်....ဒူဝေေ၀.... :P အဟဲ.... မက်မက်ကို တီတီဒွင်း ပြောဖူးတယ်သိလား။ တက်ဂ်ပို့ ရေးပေးရင်တဲ့ တနှစ်တာလုံးမှာ အကောင်းတကာ့ အကောင်းဆုံး တွေကိုပဲ လက်ခံရရှိ တတ်တယ်တဲ့။ ပြီးတော့မျက်နှာမြင် ချစ်ခင်တယ်တဲ့။ရောက်လေရာမှာ လူချစ်လူခင် များတယ်ဆိုပဲ :P .....သူတို့တွေရော ဘယ်လို ဖြတ်သန်းလဲဆိုတာ စောင့်စားဖတ်လိုက်ကြရအောင်နော်....
1.(ဦးကောက်)ကိုသိင်္ခ
2.(ဦးဦးအောင်ဦး)ကိုအောင်ဦး done
3.(ဦးရီးတော်)ကိုအလှတရား
4.(ဦးဦးချင်တေ့)ကိုသီဟငြိမ်း
5.(ဦးဦးအိန်မဲခြင်)ကိုအိမ်မက်ရှင်
6.(ဦးဦးဥပသကာ) ကိုဥပသကာ done
7.(အဘမိုးဒေါက်) ကိုမိုးသောက်
8.(ဦးဦးရက်ရင့်နီ)ကိုရဲရင့်နီ2.(ဦးဦးအောင်ဦး)ကိုအောင်ဦး done
3.(ဦးရီးတော်)ကိုအလှတရား
4.(ဦးဦးချင်တေ့)ကိုသီဟငြိမ်း
5.(ဦးဦးအိန်မဲခြင်)ကိုအိမ်မက်ရှင်
6.(ဦးဦးဥပသကာ) ကိုဥပသကာ done
7.(အဘမိုးဒေါက်) ကိုမိုးသောက်
1.(တီတီဝါ၀ါ)အစ်မ၀ါ
2.(တီတီတန့်တန့်) အစ်မသက်တန့်
3.(တီတီ60)အစ်မဝေလေး
4.(တီတီဂုရု)အစ်မမယ်ဂုမီ
5.(တီတီတင်ချာ)အစ်မသဉ္ဇာ
6.(တီတီငွန်)အစ်မငွန်ငယ်
7.(တီတီပယဲ)အစ်မပုလဲ
8.(တီတီခေါင်ခေါင်)အစ်မခေါင်ခေါင်
မက်မက်ချစ်တဲ့ ကျန်တဲ့အစ်ကို အစ်မတွေကတော့ နောက်တစ်ဂ်မှာ တွေ့မယ်နော်။ များနေရင် အားနာလို့... ဟဲဟဲ.. :P :P
စာလာဖတ်သွားတယ်နော်။ ရေးပေးတဲ့အတွက်လည်းကျေးဇူးပါပဲပျော်။ 2008 ရဲ့နောက်ဆုံးညအကြောင်းလေးမှာ အားလုံးကတော့ပျော်ရွှင်မှုတွေရှိနေကျမှာပါပဲနှစ်သစ်ရဲ့အရသာလေးကိုခံစားချင်ကျလို့လေ။ တီတီပြောမှာပဲ လူ့ဘဝဆိုတာ ခဏလေးပဲနော်။ ဘယ်နေ့သေမယ်ဆိုတာတော့မသိဘူးနော်။ သေခြင်းတရာက အသက်ကြီးတာ ငယ်တာ ချမ်းသာတာ ဆင်းရဲတာတို့ကိုကြည့်နေတာမဟုတ်ဘူးလေ အချိန်တန်ရင်တော့ အားလုံးက မဖြစ်မနေအဲ့နေရာကိုပဲရောက်ကျမှာလေ။ အခုလိုမှတ်မှတ်ရရလေးရေးပဲတဲ့အတွက်ကျေးဇူးပါပဲတီတီရေ။ နှစ်သစ်မှာပျော်ရွှင်မှုတွေနဲ့ပြည့်စုံပါစေ တီတီရေ။
ReplyDeleteတူမကြီးရဲ့ အိမ်အသစ်ကလေးက နှစ်သစ်နဲ့စင်ပြိုင် လှနေ၊ ကျက်သရေ ရှိနေပါကလား ...
ReplyDeleteနှစ်သစ်ကို ပျော်ရွှင်မှုအပေါင်း၊ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ဖြတ်ကျော်တာဟာ လူသားထဲက လူသားတစ်ယောက်ရဲ့ လုပ်သင့်တဲ့အရာတစ်ခုပဲလို ထင်မြင်မိတယ်၊ တူမကြီးပျော်တယ်ဆိုတာကို သိမြင်ကြားရတော့ ထပ်တူဝမ်းသာမိပါတယ် ...
ဟက်ပီးနယူးရီးယားနော် ... နှစ်သစ်မှာ ပျော်ရွှင်ပါစေ
TAG ထားတာလေး ရေးပေးမယ် ... ဟုတ်ပြီလား ... စောင့်ဖတ် ... :)
တူမတော်ရာ..
ReplyDeleteဦးရီးတော်လည်း အဲသတင်းကို ဖတ်လိုက်ရတာဗျာ..
သတိကင်းလွတ်တုန်းသေကြရတာ ဖြစ်တဲ့အတွက်.. ဒုက္ခများရှာမှာတော့ပဲ..
ဥပေစ္ဆဒက ကံနဲ့တူပါရဲ့နော်..
အိမ်း..ဒါနဲ့
တူမတော်.. စတိုင်ကတော့ တယ်ထုတ်ပဲ..
(ရုပ်ရှင်မင်းသမီးလိုလိုဘာလိုလိုနဲ့)
ဒေါက်မြင့်ဖိနပ်နဲ့ဆို ခြေထောက်လည်း နာနေဦးမဗျနော်..။
:P :P
တူမတော်ရေ လာတယ် ဖတ်တယ် ဝေသန္တရာ...
ReplyDeleteအဲမှား လို့နော် သံဝေဂ ရတယ်
အချိန်က သိပ်မကျန်တော့ သလို ပဲဗျ။
ကောင်းပါလေရဲ့ကလေးရေ...နှစ်သစ်နဲ့အတူ သံဝေဂ တရားလေးတွေနဲ့ ကြုံတော့လည်း တရားတွေပိုသိတာပေါ့
ReplyDeleteကွယ် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေကလေးရေ
မက်မက်ရေ.. လေးစားစွာနဲ့ မန်ခဲ့ပါတယ်။ တကယ်ကောင်းတာတွေလုပ်ခဲ့တာကိုး..နေစဉ်လဲလုပ်နိုင်ပါစေ
ReplyDeleteနေ့စဉ်လဲလုပ်နိုင်ပါစေ..ဘုန်ဘုန်းဥူးဆေကိန္ဒပြောသလို
ဆိုရင် နေစဉ်အလုပ် နေ့စဉ်လုပ်ပေါဗျာ...
သူများကိုသာပြောတာဗျ..ကျတော်ကတော့ ...ကြာလှပေါ့
သွားတဲ့သူတွေ သွားကြပြီနော်..ငါတို့ရော ဘယ်တော့လဲ ဘယ်နေ့လဲဆိုတာကို တွေးပြီး ကိုယ့်အတွက်အချိန်သိပ် မကျန်တော့ပါလားဆိုတာကို သိလိုက်ရတယ်။ ဒါလေးဆင်ခြင် သွားပါတယ်ဗျာ။
ReplyDeleteမက်မက်တို့ကတော့ ကလင်ဒါ ကျတွေပါလားဟ..... မဆိုးဘူး။ တွက်ခြေကိုက်မှာပါ။ ဒီပုံစံဆိုရင်တော့ ၈ဝ ဆိုလည်း ဖြစ်နိုင်ပါသေးတယ်။ ဟဲဟဲ။
ReplyDeleteအိုး စိတ်မကောင်းစရာပဲနော် သတင်းပဲနော်
ReplyDeleteနှစ်သစ်မှာ အိမ်သစ်သစ်လေးနဲ့
တီတီမက် အဆင်ပြေပါစေ
မက်မက်ရဲ့ နှစ်တစ်နှစ်နောက်ဆုံးညကို ဖတ်သွားပါတယ်ကွယ်
ReplyDeleteသီတင်းကြောင့်စဉ်းစားမိတယ်သိလား
ကမ္ဘာကြီးမှာလေ လူတွေအားလုံးကို မမြင်ရဘူး
ကိုယ်ကဒီဘက်မှာ နှစ်ကူးညအတွက်ပျော်နေသလို
ဟိုထောင့်တကွေ့မှာတော့ လူ့ဘ၀သက်တမ်းတွေဆုံးနေကြတယ်
လူ့ဘ၀သက်တမ်းဆိုတာ မက်မက်ပြောသလိုတိုပါတယ်
ခုတောင် ဘာလိုလိုနဲ့တစ်နှစ်ကူးသွားပြန်ပြီပဲနော်
မက်မက်လေးလည်း နှစ်သစ်မှာ အဆင်ပြေခြင်းများစွာ ပျော်ရွှင်ခြင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ
ခင်မင်နွေးထွေး ချစ်ခြင်းတရားတွေလည်းရရှိပါစေနော်
နောက်ဆုံးညလေးကို ကျော်ဖြတ်သွားတာ အေးဆေးပါလား တီဒွင်းရ ..
ReplyDeleteကောင်းပါတယ် အဲ့ဒါလည်း အန္တရယ် ကင်းတာပေါ့ ...
တီဒွင်းရေ
တားတားကတော့ နောက်ဆုံးညမှာ ဘာမှ ကောင်းတာ မလုပ်ခဲ့ဘူး အဟဲ
ရေးဆိုတော့လည်း ရေးရမှာပေါ့ ...
: အဟဲ.။... အခုမှ အပြင်က ပြန်ရောက်တယ် ဗျ... ဒီလောက် ဘလော့ကို လာတာ ရက်ပေါင်းမ နဲ တော့ဘူး.. ဒိစာက လူမှားပြီးရေးတာလား ဘာလဲဗျ အိမ်လာလည်တာပဲ အိုသေတော့မယ် အခုမှဒီစာ
ReplyDeleteရေးတော့ အတော် မျက်စေ့လယ်သွားတယ်ဗျ
အိမ်ဆိုတဲ့ သီချင်းလေးကို အခုမှ ကြားတယ်...
ဆိုတော့ အရင်ကစာတွေသေသေချာချာမဖတ်
တာပေါ်ပြီပေါ့။သီချင်းက အိမ်လာတာနဲ့ ကြားရ
အောင်လုပ်ထားတာလေ။
သီချင်းလိုချင်ရင် မေးလာထားခဲ့ပေါ့ ပို့ပေးမယ်။
စာတွေဖတ်သွားသဗျ နှစ်ကူးမှာ ကဲသွားတာ
တွေဖတ်သွားတယ် ထိုင်းကလူတွေသေတာ
သေပါစေ ဒီကောင်တွေက သိပ်ဘိုဆန်ချင်တာ အခုတော့ ဘိုဆန်ဆန်လေး သေသွားကြတာပေါ့ဗျ။ပြီး
တော့ မြန်မာဆို ဒီကောင်တွေက ခွေးလောက်တောင် တန်ဖိုးမထားတာ ဒီတော့
ကျနော်တို့ကလဲ အနေသာကြီးပဲဗျ ဟုတ်ပါတယ်နော။တဖက်စောင်းနင်းဖြစ်တယ်ပဲ
ပြောပြော စိတ်ထဲရှိတာပြောလိုက်တာပါ။
ရှာကီရာမက်မက်
ReplyDeleteတဂ်ပို့စ်လေးကို လာအားပေးပါတယ်။
အိမ်အသစ်လေးက ရှင်းသန့်နေတာပဲ။
ယိုးဒယား night club က ၆၃ ယောက်လောက် သေသွားတယ်ထင်တယ်။ စိတ်မကောင်းပေမဲ့ ..
http://winzaw-mdy.blogspot.com
မက်မက်ရဲ့ 2008နောက်ဆုံးနေ့က အများကြီးကုသိုလ်တွေပါပါတယ် .
ReplyDeleteနှစ်သစ်မှာပျော်ရွှင်ပါစေညီမလေး
တွေ့ ဆုံ ကြုံ ကွဲ...
ReplyDeleteလောကကြီးပါဗျာ...