၁ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု ခေါ်သည်။ ၁ ဂဏန်းပိုင်ရှင်များက အချစ် မေတ္တာဟူသည် နှလုံးသားနှင့်ဦးနှောက် ပေါင်းစပ်ဆုံး ဖြတ်ရသော အချင်းအရာ ဖြစ်သည်ဟု ယူဆကြသည်။ ဘ၀အဖေါ်ကို ရွေးချယ် သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစားလေ့ရှိသည်။ မိမိအပေါ် နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီ ခြင်းရှိသူကို ရွေးချယ်တတ်သည်။ ကံခေသည်မှာ အချစ်ဆုံးနှင့် ကွေကွင်းရတတ်ပြီး ချစ်သူက တစ်ယောက်၊ လက်ထပ်ရသူက တစ်ဦး ဖြစ်တတ်သည်။ အသက် ၁၆ မှ ၂၂ နှစ်ကြား မေတ္တာ ကံခေ၍ ၂၂ ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသောချစ်ခြင်းမေတ္တာ ပိုင်ဆိုင်ခွင့်ရှိမည်။
၂ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက်မွေးသူများကို ၂ ဂဏန်းသမားများ ဟုခေါ်သည်။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်
၃ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက် မွေးသူများကို ၂ ဂဏန်းသမား များဟုခေါ်သည်။ မျက်နှာပွင့်၍ လူချစ်လူခင် ပေါများမည်။ ချစ်သူရည်းစား တစ်ဦးမကရှိမည်။ သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျရမှ ကျေနပ်သူများ ဖြစ်ပေရာ အချစ်စိတ်နှင့် ခံယူမူမှာ ဆိုးနွဲ့ သမျှကို နားလည် ခွင့်လွှတ်သောသူ၊ အနိုင်ယူ ရမည့်သူကို ရွေးချယ်တတ်သည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို ပြန်ခံစားတတ်သည်။ နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည်။ တစ်ဦးကို အသည်းနှလုံး ပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူ တစ်ဦးအပေါ် ချစ်နိုင်စွမ်း ရှိသည်။ နှလုံးသားအပေါ် ဦးစားပေး လွန်းသူဖြစ်သည်။
၎ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့ မွေးသူများကို ၄ ကဏန်းသမားများ ဟုခေါ်သည်။ အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်း ကျလွန်းခြင်းကြောင့် နှလုံးသားရေးရာ စိတ်သောက ကြုံရတတ်သည်။ ဂုဏ်အနိမ့်အမြင့် မတူသူများ အနက် နိမ့်ကျသူကို ဦးစားပေး ရွေးချယ်၍ အလိုလိုက် အကြိုက်ဆောင်ကာ ဘ၀မြှင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။ စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား အမြဲတွေဝေ ဒွိဟဖြစ်ကာ မေတ္တာရေးရာ တွင်စိတ်ဓါတ် တက်လွယ်၊ ကျလွယ်သည်။ ဖြောင့်မှန်ရိုးသာ၍ မိမိကြောင့် တစ်ပါးသူ စိတ်ချမ်းမြေ့ အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာ ခံသည်။
၅ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်မွေးသူများကို ၅ ဂဏန်းသမားများ ဟုခေါ်သည်။ တွေဝေ ဒွိဟဖြစ်တတ်သော သဘော သဘာဝရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။ အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊ တစ်စုံတစ်ရာ အထောက် အကူပြုပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။ အရွေးရခက်အောင် အခွင့်အရေး နှစ်မျိုး ကြုံလာပါက နှလုံးသား၏ တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့် သူဖြစ်သည်။ မိမိနှင့် အသက် အရွယ်၊ ၀န်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။ ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ် ဆန်သော နှလုံးသားဖြစ်သည်။
၆ ဂဏန်း သမားများ
မည်သည့်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။ သံယောဇဉ်ကြီး၍ ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည်ဟူသော အယူအဆရှိသည်။ ချစ်ခဲ၍ အချစ်မြဲသည်။ မိသားစု အသိုင်းအ၀ိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့် ဆန့်ကျင်ရန် ၀န်မလေး။ အပျော်သဘော စိတ်ကစားခြင်း မရှိဘဲ သစ္စာ တရားရှိမှ အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော် သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်း သူရရန် ခဲယဉ်းပေသည်။ အချစ် မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည်။
၇ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။ အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင် ဖြစ်သည်။ တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ စာနာနားလည်တတ်ည်။ အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင် တိုက်ခိုက်ရန် ၀န်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက် သဖြင့် မချစ်တတ် သောသူဟူ၍ အထင်မှားခံရတတ်သည်။ မိမိအား နားလည်မူ ရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။ အလွန်စန်းပွင့် သော်လည်း ချစ်သူများရန် ၀န်လေးသည် ဘ၀လမ်းကြောင်းတွင် မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှ ရတတ်သည်။
၈ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟုခေါ်သည်။ အရာရာတွင် ထိန်းချုပ်နိုင်သောစိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်ခြင်းမရှိ။ ချစ်သူကို အလိုလိုက်လွန်း၊ ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည်။ ချစ်သူကို အရာရာပြည့်စုံ စေလိုသဖြင့် ပေးဆပ်တတ်သော သဘာဝကြောင့် မိမိနှလုံးသားကို ခုတုံးလုပ်ခြင်း မျိုးပင် ခံရတတ်သည်။ သီးသန့် အေးချမ်းစွာနေတတ်ပြီး မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ် နေတတ်သော ခံစားချက်ရှိသည်။ သူတစ်ပါး ပစ်ပယ်ထားသူကို စာနာစိတ် အပြည့်နှင့် မေတ္တာ ထားတတ်သည်။
မည်သည့်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။ သံယောဇဉ်ကြီး၍ ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည်ဟူသော အယူအဆရှိသည်။ ချစ်ခဲ၍ အချစ်မြဲသည်။ မိသားစု အသိုင်းအ၀ိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့် ဆန့်ကျင်ရန် ၀န်မလေး။ အပျော်သဘော စိတ်ကစားခြင်း မရှိဘဲ သစ္စာ တရားရှိမှ အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော် သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်း သူရရန် ခဲယဉ်းပေသည်။ အချစ် မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည်။
၇ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။ အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင် ဖြစ်သည်။ တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ စာနာနားလည်တတ်ည်။ အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင် တိုက်ခိုက်ရန် ၀န်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက် သဖြင့် မချစ်တတ် သောသူဟူ၍ အထင်မှားခံရတတ်သည်။ မိမိအား နားလည်မူ ရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။ အလွန်စန်းပွင့် သော်လည်း ချစ်သူများရန် ၀န်လေးသည် ဘ၀လမ်းကြောင်းတွင် မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှ ရတတ်သည်။
၈ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟုခေါ်သည်။ အရာရာတွင် ထိန်းချုပ်နိုင်သောစိတ်ရှိသလော
၉ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်မွေးသူများကို ၉ ဂဏန်း သမားများဟုခေါ်သည်။ အလွန်အချစ်ခံလိုသည်။ မိမိ အပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးညံ့စွာ အလေးပေး ဆက်ဆံသူအား လိုလားသည်။ အချစ်အတွက် ဘာမဆို ပေးဆပ်ရဲသည်။ အလွန်မျက်နှာများ၍ ရည်းစား မှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစား အိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူ အရှိဆုံးသူနှင့် ဆုံဆည်းရတတ်သည်။ မည်မျှဆိုးသော အိမ်ထောင်ဖက်ဖြစ်စေ အိမ်ထောင် တစ်ဆက်တည်း မြဲစေရန် အစဉ်ကြိုးပမ်းလေ့ရှိသည်။ အပြင်ပန်းအရ ကြမ်းတမ်းခက်ထန် သည်ဟု ထင်ရလင့်ကစား အတွင်းစိတ်နူးညံ့၍ အပေးသမားသာဖြစ်သည်။
ကဲ..မိတ်ဆွေတို့ရော နံပါတ် ဘယ်လောက်လဲ? ပြီးရင်တော့ မက်မက်ကိုတော့ ပြောပြသွားဦးနော်။ ဟဲဟဲ.. စပ်စုတာ။ သိချင်လို့ :P :P
မက်မက်...
ReplyDeleteဗေဒင်ကြီးက တကယ်လားဟင်...
အဟင့်... :(
မက်မက်အတွက်ရော မှန်လား...
ဟုတ်တော့ဟုတ်သလိုပဲဗျား
ReplyDelete..မဟုတ်တာလည်း မဟုတ်ဘူးဗျ...
..ဟုတ်သလိုလို မဟုတ်သလိုလိုပေါ့ဗျာ..
စိတ်ဝင်စားစရာပါ
ဒါလဲရတာပဲဟ အဟီး ကောင်းတာဟေ့
ReplyDeleteငါ့ညီမလေးဆီက လာသင်ရဦးမယ်
ကိုယ့်ရဲ့အိမ်ထောင်ဘက်ကို အဟဲ
မက်မက်လေး ကောင်းပါ့...
ReplyDeleteမမ၀ါက စံဇာနည်ဘို ဖတ်ချင်နေတာ..
မှန်..မမှန်တော့ သိဘူး.. စိတ်ဝင်စားတယ်..
မမ က မွေးနေ့.. ၂၇ ( ၉)
၁၉၇၁ ဖွား ( ၉ )
နာမည်တွေအားလုံးကို အင်္ဂလိပ်လိုပေါင်းရင်လဲ ( ၉ )ပဲ
ဟတ်..ဟတ်.. ၉ ဂဏန်းသမားစစ်စစ်ပေါ့။
ညီမလေးသိချင်တယ်ဆိုလို့ပြောခဲ့တာ။။။
ဗေဒင်ကတော့ နဲနဲ တိုက်တယ်.. အဟေးဟေး
ချစ်တဲ့
မမ၀ါ
မှန်တယ်ကွယ့်။ ကိုယ် ဘာဂဏန်းလဲတော့ မပြောတော့ဘူး။ ရှက်လို့။
ReplyDeleteအိမ်က ၆ဂဏန်းပိုင်ရှင်ပါ။ဗေဒင်မှားနေပြီထင်တယ်
ReplyDeleteကျနော့မှာ ချစ်မဲ့သူလဲ မရှိ ကြိုက်မဲ့သူလဲ မရှိ
အကြောင်းသိအားလုံးကလဲ လန့်လွန်းလို့ ဘယ်သူမှကို အနားကပ်မခံတာ အဲဒါဘယ်လိုလုပ်ရမလဲငင်
တူမလေးရေ......တီတီကတော့နံပတ်(၅)......
ReplyDeleteဘယ်ဗေဒင်ပဲကြည့်ကြည့်ဒီလိုပဲဟောလွန်းလို့
စိတ်တောင်ညစ်တယ်...........ဟင့်
မက်မက်ရေ.. ကျတော်က ၉ ဂဏန်းသမားဗျ။ သိပ်တော့မမှန်ဘူးလားလို့
ReplyDeleteမက်မက်ကနံပါတ်လေး။ မှန်တယ်မမှန်ဘူးဆိုတာထက်
ReplyDeleteအားလုံးတော့တိုက်ဆိုင်တယ်လို့ ပြောလို့ရတယ်။
ဟီးဟီး.. :D :D
ဦးရီးတော်က လေးဗျား
ReplyDeleteမသိဘူးလေ
နံပါတ်ပေးရမှန်း
ဟာ
ReplyDeleteဒီမှာ ဂဏန်းတွေပေးတယ်ဟေ့
ဦးရီးတော် အတိတ်ကောက်လိုက်အုံးမယ်
ဦးရီးတော်က ၆
ဒေါ်ရီးတော်က ၇
အင်း နက်ဖြန် အပိုင်ပဲဟေ့ ၆၇ ၇၆ ကြိုက်တာ
ထိုးပေတော့ ဟေ့ဟေ့ ပျော်တယ်ဟေ့ ပျော်တယ်ဟေ့
နက်ဖြန် ၂ လုံးပေါက်ရင် မင်္ဂလာဆောင်မယ်ကွ ဟီးဟီး
နာကွ နာ နာ
ကျေးဂျူး အနန္တပါ တူမတော်လေးရေ.....
အလကား စ တာနော် တူမတော်လေး
အဲလို ထူးထူးခြားခြားလေးတွေ ရှာဖွေတင်ဆက်ပေး
တတ်တဲ့ မက်မက်တစ်ယောက် အပျိုကြီးဘ၀က
လွတ်မြောက်လို့ ဒီသတင်းကျွတ်မှာ နှစ်ယောက်သား
ဗျောက်ဖောက်နိုင်ပါစေဗျား ........
ချစ်သော
ဦးရီးတော် (အုရင်မူး)
မှန်သလိုလိုပါပဲ
ReplyDeleteမှန်လည်းမှန်ဘူး ။ :( :P
ReplyDeleteဂဏန်းဗေဒင်ဆိုတာ အပျော်တမ်းဖတ်တာကနေ အဆင့်မြင့်အထိ လေ့လာသင်ယူလို့ရပါတယ်။ ကျနော်လည်း ပို့စ်အဟောင်းတွေမှာ ဘာဂဏန်းညာဂဏန်းဆိုပြီးရေးခဲ့ဖူးပါတယ် ကိုယ်ပိုင်အတွေ့ကြုံလေးတွေပါ။ ပိုက်သာဂိုရပ်စ်၊ အရစ်စ်တိုတယ်တို့ကတော့ ဂဏန်းသချာင်္ဟာ စကြာဝဠာကိုတောင် လွှမ်းမိုးထားတယ်လို့ ကြားဖူးပါတယ်။ ကုန်ကုန်ပြောရရင် ဂဏန်းဗေဒင်နဲ့ အင်း... လူတောင် သတ်လို့ရပါတယ်တဲ့ဗျာ။
ReplyDeleteနံပတ်ခြောက်ဗျ တိုက်တော့တိုက်ဆိုင်သလိုပဲ
ReplyDeleteမင်္ဂလာပါ တူမရေ
ReplyDeleteဗေဒင် လာ ကြည့်တယ်။ သိပ်မယုံဘူး၊ မှန်သလိုလိုပဲ ဟ ဟ။ ဦးလေးတော့ ၂ ဂဏန်းသမား၊ အိမ်မပြောင်းပါဘူး အရတိုင်းပဲလေ။ မုန့်မကြွေးရဘူးပေါ့နော်။
ရွှင်လန်းချမ်းမြေ့ပါစေ...
မီးမီး ရေ ဦးဦးက လမ်းဂနေး ပါကွယ်။ :)
ReplyDeleteမိုးကြယ်
မှန်တယ်ဗျာ..။ ညီမလေးစိတ်ကူးတွေသိပ်ကောင်းတယ်။ လာလည်သူတွေအတွက် ညီမလေး တစ်ခုခုပေးစွမ်းနိုင်ပါတယ်နော်...။
ReplyDeleteမက်မက် ဗေဒင် ဟောတက်တာ မသိခဲ့ဘူး။တီ တီ က၆ ဂဏာန်း သမားပေါ့။တကယ်ဟော မယ်ဆို မေးချင်တယ် ...ဟောပေးမှာလား..
ReplyDeleteကျွန်တော်က၂ဂဏန်းဗျ...ဟိ
ReplyDeleteDREAM ရေ---
ReplyDeleteလာလည်ပြီး ဖတ်ပါတယ်ရှင်---
ီDREAM လေးက စာတွေဖတ်တယ်မို့လား--
စာဖတ်အားကောင်းတဲ့--မြန်မာအမျိုးသမီး
ကောင်းလေးကို စာအုပ်တအုပ်ရှာဖတ်ဖို့
ရေးပေးခဲ့မယ်--ရှာဖတ်ပြီးရင်--ရေးနော်---
HOW TO LIVE AS A GOOD BUDDHIST
ီခင်မင်လျက်---
ဟား အန်တီဒွင်းရေ
ReplyDeleteဂဏန်းဆိုလို့ လန့်ပြီး ပြေးလာတာ ...
ဘာလို့ လန့်တာလဲ မပြောတော့ဘူးနော် အဟီး ..
အရမ်းခင်တဲ့ သူတွေတော့ သိတယ် :P
အနော်က ၉ ဂဏန်းဗျ ..
ဒါပေမယ့်
" အလွန်မျက်နှာများ၍ ရည်းစား မှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစား အိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူ အရှိဆုံးသူနှင့် ဆုံဆည်းရတတ်သည်။ "
အဲ့ဒါကြီးတော့ မဟုတ်လောက်ဘူး ထင်တယ်နော် :P
ရည်းစားက တစ်ကယ် မှိုလိုရှားခဲ့တာပါ ...
ဈေးအရမ်းကြီးတယ်လေ .. :P
ပြီးတော့ အချစ်ဆုံးသူကို ရအောင် လက်ထပ်မယ်လို့လည်း ဆုံးဖြတ်ထားလို့ပါ ( ကြုံကြွားလေးပေါ့ :D )
ဘာပဲ ပြောပြော ကျေးဇူး ကျေးဇူး :P
ကျွန်တောမျိုးက ၈ ဂဏန်းပါဗျ၊ အဟီး
ReplyDeleteမှန်ပါ့မလားနော်၊ ဗေဒင်က
ဟဲဟဲ ယုန်လေးကတော့ (၂)ဂဏန်းသမား။ အဲ့ဒါတွေ အမှန်ပဲလားဟင် ယုံလည်း ယုံချင်တယ် ယုံလည်း မယုံ ရဲဘူး ဟီဟီ
ReplyDeleteမက်မက်ရေ...
ReplyDeleteဦးနော် ရဲ့ နေ့ကို ပြောပြတော့ဖူး.. တူများတိရင် ရှက်စရာ.. :P
တီတီငယ်က “မက်မက်နဲ့ ရက်တူတူပဲတဲ့ မှန်တယ်” တဲ့.. :D
ကလေးလေးက “တိဖူးတိဖူး” တဲ့.. ဟီးး..
ဦးနော် တီတီငယ် ကလေးလေး
မ Dream ပုလဲကနံပါ၎ပါ မဟုတ်သေးတော့မသိသေးဘူးပေါ့ ဒါပေမယ့် ကျေးဇူးတင်ပါတယ်နော် :D
ReplyDeleteမက်မက်ရေ ဂယ်လားဟ
ReplyDeleteတူမတော်ရေ ဦးရီးတော်က ၃ ဂဏန်းသမားဗျ။ ဒါပေမယ့် နဲနဲလွဲနေတယ်။ သူတစ်ပါးကပဲ အနိုင်ယူ ဗိုလ်ကျသွားလို့  အောင့်သက်သက်နဲ့  ငြိမ်နေရတာဗျ။ ဟီးဟီး စိတ်ကတော့ အရင်ဆုံးဆီလည်လိုက်၊ အလယ်ကို ရောက်လိုက်၊ အနောက်ဆုံးကို ပြန်ပြေး လိုက်နဲ့  နောက်ဆုံးတော့ ဟေဟေ. လူပျိုကြီးပဲ လုပ်တော့မယ်။ ဒန် တန် တန့် ။
ReplyDeleteအင်း..ချင်းချင်းတို့ ကချစ်ဂဏန်းသမား..ဟီးဟီး
ReplyDeleteအရမ်းချစ်တတ်တာလေ..မှန်တော့မှန်တယ်..
ရေးထားတာလေးတွေက..တော်တယ်.. :P :P
ကျေးဇူးတင်တယ်
ReplyDeleteအင်း ဗေဒင်ဆရာမ လုပ်တော့မယ်နဲ့တူတယ် အကြောင်းကြားနော် လာမေးမယ် ဗေဒင်။ ဟီဟီ ... တော်တော်စုံတဲ့ ဘလော့စ်လေးပါပဲ ကောင်းတယ်ဗျို့...
ReplyDeleteအပျော်သဘော စိတ်ကစားခြင်း မရှိဘဲ သစ္စာ တရားရှိမှ အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော် သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်း သူရရန် ခဲယဉ်းပေသည်။ အချစ် မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည်။
ReplyDelete(ဒါတော့ သွေးထွက်အောင်မှန်သွားပြီထင်တယ်)
Dream ညိလေး ထင်နေတာ ညီမလေးဖြစ်နေတာကိုးဗျ ကောင်းပါတယ်ဂဏန်းလေးတွေအကြောင်းရေးထားတာ
ReplyDeleteတချို၈ဏန်တွေဖွင့်ဆိုချက်က နည်းနည်းလိုနေတယ် ထင်တယ် ကျနော်လည်းဂဏန်းတွေကို စိတ်ဝင်စားပြီး လေ့လာဘူးတယ် နောက်တော့ ပြောကြတာပေါ့ နော်။
ဗေဒင်ဆြာမကြီးဟောချက်ကမှန်သားဗျ...ကျနော်ကငါးဂဏန်းသမားဆိုတော့ကာ...
ReplyDeleteမိမိနှင့် အသက် အရွယ်၊ ၀န်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။ ဟေ...ဘယ်သူလဲသိဝူးနော်...စလုံးမလေးလား အင်ဒိုချောချောလေးလားသိဝူး ဟီဟီး
အရွေးရခက်အောင် အခွင့်အရေး နှစ်မျိုး ကြုံလာပါက နှလုံးသား၏ တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့် သူဖြစ်သည်။
မှန်ပါ့ဗျာ...
အလွန်စိတ်ကူးယဉ် ဆန်သော နှလုံးသားဖြစ်သည်။
ဒါလည်းမှန်၏ ။ တားတားအကြောင်းတွေပေါ်ကုန်ပီ .....
အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင်၊ တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ စာနာနားလည်တတ်သူ၊ အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင် တိုက်ခိုက်ရန် ၀န်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက် သဖြင့် မချစ်တတ် သောသူဟူ၍ အထင်မှားခံရတတ်သူပါ..ညီမလေးDream ရေ။
ReplyDeleteကျွန်တော်က ၃ ဂဏန်းသမားဗျ၊
ReplyDelete“မျက်နှာပွင့်၍ လူချစ်လူခင် ပေါများမည်။”
အဲဒါတော့ မှန်တယ် ... :D
ကျေးဇူးပါဗျာ ညီမငယ် Dream ရေ ...
အစ်မရေ အရောက်နောက်ကျလေခြင်းဗျို့..။
ReplyDeleteကျွန်တော် က ၁ ဂဏန်းသမား...။
တားတားကံမကောင်းပါလား...တစ်ခြားဆီရမယ်တဲ...။
နံပါတ်သုံးပါဗျား
ReplyDeleteကျနော် ကတော့ ၄ ပါ
ReplyDeleteသိပ်မှန်..အရမ်းမှန်..အကုန်မှန်..အာ
မှန်တွေတောင် ကွဲ ကုန်ပြီး အဟီး
ရင်တံခါးဖွင့်ထားတယ်..လာခေါက်အုံး
:P
အစ်မအတွက်လည်း တော်တော်များများ မှန်တယ် Dream ရေ... ပြန်မျှဝေပေးတာ ကျေးဇူးတင်ပါတယ် ညီမလေးး)
ReplyDeleteတို့ကတော့ (1)မှန်လိုက်တာကွပ်တိပဲအရာရာကိုဦးနှောက်နဲ့ဦးစားပေးတယ်ဆိုတာပိုမှန်တယ်
ReplyDeleteကျေးဇူးတင်ပါတယ်ရှင်