ဆင်းရဲပေမယ့် ဘ၀ကို သမာအာဇီဝ ကျကျ ရှာစားချင်တဲ့ သူမ ဘဘင်သည် လောကမှာ နာမည်တစ်လုံးနှင့် ရပ်တည်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ သဘင်သည်တွေဟာ ဖက်ခွက်စား တွေပါကွာ၊ ယောင်္ကျားတစ်ကာ တွေဆီက ပိုက်ဆံကို ဘယ်နည်းနှင့်ရရ ချူစားနေ ကြတာပါလို့ လူတစ်ကာ ပြောတဲ့ အဲဒီ စကားကို သူမကြား ခဲ့ရတိုင်း မျက်ရည်ဆက်လက် ငိုကြွေးခဲ့ရပေါင်း လည်းများပြီ။
သားအမိ နှစ်ယောက်ပဲ ရှိသည့် သူမတို့ ဘ၀၊ လူတစ်ကာ လက်ညှိုးထိုး ပြီးအပြောခံ တဲ့အခါ သူမမိခင် ဖြစ်သူ ရင်ခွင်ထဲ ငိုကြွေးခဲ့ ရတာလဲ အကြိမ်ကြိမ်။အပြင်မှာ ဘယ်လိုပဲ ငိုကြွေးကြွေး ပရိတ်သတ်ရှေ့ ဇာတ်စင်ပေါ် မှာတော့ အပြုံးမပျက် ဖျော်ဖြေနိုင် ခဲ့ပါတယ်။ ဒါကြောင့်လဲ ဇာတ်သဘင် လောကမှာ နာမည်ကြီး မင်းသမီး ဖြစ်ခဲ့ရ တာပေါ့။ သူမဘ၀မှာ ပင်ပန်းဆင်းရဲစွာဖြတ်သန်းခဲ့ ရပေမယ့် တစ်ခါမှ မညည်းညူခဲ့။
တစ်ခါတစ်ခါ မင်းပွဲစိုးပွဲတွေမှာ ကပြရသလို ၊ နယ်ပွဲတွေလဲ ထွက်ကပြ ရလေသည်။ ကပွဲပြီးရင် မိတ်ဆက်ချင်တဲ့ ကာလသားတွေ ရဲ့ပိုးပန်း ရိသဲ့သဲ့ လုပ်ခြင်းကိုလဲ ခံရတာလည်း အကြိမ်ကြိမ်၊ တစ်ချို့က သဘင်သည်တွေဟာ ဖက်ခွက်စား တွေမို့ ပိုက်ဆံပေးရင် ရပါတယ် ကွာဆိုပြီး မထိတထိ လာစမ်းချင် ကြတယ်လေ။ ပိုးပန်းသူတွေ ဘယ်လောက်များများ စိတ်မ၀င်စားခဲ့။ လက်ဆောင်များ ကိုမှလည်း လက်မခံခဲ့။ သူမဘ၀ကို အရိုးသားဆုံးနှင့် အသန့်ရှင်းဆုံး ဖြတ်သန်းချင် ခဲ့ပါတယ်။တစ်နေ့ ဇာတ်ဆရာ ကိုဘအေးက သူမကိုခေါ်ပြီး ဘေးမှလူကို လက်ညှိုးညွှန်ပြကာ
“မင်းသမီးရေ....ဟောဒီမှာ မင်းသမီးနဲ့ မိတ်ဆက်ပေး မလို့ ၊သူက မောင်ရန်နိုင်ပါ။ စီးပွားရေး ကိစ္စနဲ့ ဒီမြို့ကို လာတုန်း ဦးတို့ ဇာတ်ပွဲကို လာအားပေးတာလေ။ အခု မင်းသမီးနဲ့ မိတ်ဆက်ချင် တယ်ဆိုလို့။”
“ဟုတ်ကဲ့ပါဆရာ။”
ထို့နောက် ကိုရန်နိုင်ဘက်သို့ လှည့်ကာ
“တွေ့ရတာ ၀မ်းသာပါတယ်ရှင်။ ဇာတ်ပွဲကိုလာ အားပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ် ။”
“အော်....ကျေးဇူးတင်ရမယ့် သူက ကျွန်တော်ပါ။ အခုလို ခင်မင်ခွင့် ပေးတဲ့အတွက် အင်မတန်မှ ကျေးဇူးတင် ပါတယ်ဗျာ။”
ထိုနေ့မှ စ၍ ဇာတ်ပွဲရှိရာသို့ ကိုရန်နိုင် နေ့တိုင်းလာ ကြည့်သလို မကြာမကြာလည်း ရောက်ရှိလာ ခဲ့ပါတယ်။သူမလာ ခဲ့ရင်တောင် သူမ မျှော်တတ်နေ ခဲ့ပါပြီ။ ဇာတ်ကရင်းနဲ့တောင် သူ့ကိုပရိတ်သတ် ကြားမှာ လိုက်ရှာ နေတတ်ခဲ့ပြီ။တစ်နေ့ ရင်းနှီးမှုမှ အစပြု၍ သူ့ထံမှ မမျှော်လင့်ဘဲ
“မဗေဒါ မဗေဒါကို ကျွန်တော်ချစ်တယ်။”
“ရှင်”
သူဆီမှ ဒီလိုစကား တနေ့ပြောလာမှာ သိနေပေမယ့် အခုလိုစောစော ပြောလာလိမ့်မည်လို့ မထင်မှတ်ထားခဲ့ပေ။
"စဉ်းစားပါ ကိုရန်နိုင်ရယ် မဗေဒါတို့ ဘ၀က သဘင်သည်တွေပါ။ လူတစ်ကာ လက်ညှိုးထိုး ခံရတဲ့ အငြိမ့်သမနဲ့ ကိုရန်နိုင်တို့လို သူဌေးသားနဲ့ မသင့်တော်ပါဘူး "
"အဲလိုတော့ မပြောပါနဲ့ မဗေဒါရယ်။ ကျွန်တော် မဗေဒါကို စွဲလမ်းနေမိပြီ။ မဗေဒါ မရှိရင် ကျွန်တော့ဘ၀ မစိုပြေတော့ဘူး ။ ကျွန်တော့ အချိန်တွေ အားလုံးကို မဗေဒါက သိမ်းပိုက်ထားပါပြီ။ ကျွန်တော့ကို ပြန်ချစ်ပါ မဗေဒါရယ်။"
"မဗေဒါကို စဉ်းစားခွင့် ပေးပါကိုရန်နိုင်၊ မဗေဒါ စဉ်းစားပါရစေဦး။ "
"ဒါဆို ကျွန်တော့ကို ဘယ်တော့ အဖြေပေးမှာလဲ မဗေဒါ။"
"မဗေဒါ အခုတစ်ခေါက် နယ်ကပြန်လာရင် ကိုရန်နိုင့်ကို အဖြေပေးပါ့မယ်။ "
"ကျွန်တော့အတွက် သတင်းကောင်းလေး ဖြစ်ပါစေ လို့ပဲ မျှော်လင့်ပါတယ် "
မဗေဒါ တစ်ယောက် ပြုံးရုံသာ ပြုံးနိုင်ခဲ့ လေသည်။တစ်ကယ်တမ်း ပြန်စဉ်းစားတော့ သူမလို အငြိမ့်မင်းသမီး တစ်ယောက်နှင့် ကိုရန်နိုင်လို သူဌေးသား ဘယ်လိုနည်းနှင့်မျှ ပေါင်းစပ်ဖို့ မဖြစ်နိုင်ပေ။ သို့သော်လည်း သူမ၏ နှလုံးသားကို လွန်ဆန်၍ မရပေ။ သူမလည်း ကိုရန်နိုင်ကို ချစ်နေမိသည် မဟုတ်ပါလား။ နှလုံးသားရဲ့ စေခိုင်းချက်အရ သူမ ကိုရန်နိုင့်ကို ချစ်ပါတယ်လို့ပဲ အဖြေပေး ရပေလိမ့်မည်။
"သမီးရေ…ဒီမှာ မောင်ရန်နိုင်ရောက်နေတယ့်ကွယ့်။ "
"ဟုတ်ကဲ့မေမေ..လာပါပြီ "
အခန်းထဲမှ မဗေဒါ ထွက်လာပြီး
"ဘယ်တုန်းက ရောက်နေတာလဲ ကိုရန်နိုင်၊သိပ်မကြာသေးပါဘူး မဗေဒါ၊ "
"ကဲ..သမီးတို့ မောင်နှမတွေ စကားပြော နှင့်ကြဦး ၊ အမေ ခြံထဲဆင်း လိုက်ဦးမယ်။ မောင်ရန်နိုင် အန်တီ့ကို ခွင့်ပြုပါဦး။ "
"ဟုတ်ကဲ့အန်တီ"
အမေဖြစ်သူက ထွက်သွားတော့ နှစ်ယောက်ထဲ ကျန်နေခဲ့သည့် ဧည့်ခန်းထဲမှာ ကိုရန်နိုင် တစ်ယောက် သူမအနားသို့ တိုးလာကာ အဖြေတောင်းတော့ မဗေဒါ ရှက်သွေးဖြာ နေခဲ့လေသည်။
"မဗေဒါ"
"ရှင်"
"ဟို …. ကျွန်တော် တောင်းထားတဲ့ အဖြေလေ။ "
"ဟုတ်…"
"ကျွန်တော် မဗေဒါကို တကယ်ချစ်တာပါ။ မဗေဒါရော ကျွန်တော့ကို ချစ်လား။"
သူမခေါင်းကို ငြင်ငြင်သာသာ ညိမ့်ပြလိုက်လေသည်။
"ဟာ..၀မ်းသာလိုက်တာ မဗေဒါရယ်။ "
ကိုရန်နိုင် ပြောပြောဆိုဆို ၀မ်းသာအားရ မဗေဒါကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
"အို…ကိုရန်နိုင်ကလဲ…ဟိုမှာမေမေလာရင် တွေ့သွားတော့မယ်။ ဖယ်ပါ။ "
"တွေ့တော့ဘာဖြစ်လဲ။ ချစ်သူတွေပဲဟာ။ ယောက်ခမကြီးကို တစ်ခါတည်း နားဖောက်ပြီးသား ဖြစ်သွားတာပေါ့။ "
"အို..ကိုရန်နိုင် ကလဲ"
မဗေဒါတစ်ယောက် ရှက်သွေးဖြာ နေလေတော့သည်။
"သမီးရယ် သေချာစဉ်းစားပါဦး ။ သမီးတို့ နှစ်ယောက်ကို အမေ့ဘက်က ဘာမှ ပြောစရာ မရှိပါဘူးကွယ်။ သမီးစိတ်လေး စိတ်ချမ်းသာမယ် ဆိုရင်လုပ်ပါ။ ဒါပေမယ့် သူဌေးသား လေးဘက်က သဘောမတူရင် ငါ့သမီးလေးပဲ ခံစားရမှာ။ "
"သမီးနားလည်ပါတယ် မေမေရယ်။ "
မဗေဒါ အမေ့ရင်ခွင်ထဲ ခေါင်းဝှေ့ပြီး သက်ပြင်းချ လိုက်လေသည်။
"ကိုရယ်။ ကို့ အိမ်က မဗေဒါနဲ့ သဘောတူ ပါ့မလား ၊ "
"ဘာမှ မပူပါနဲ့ မဗေဒါရယ်။ ကို ရအောင်ပြောပါ့မယ်။ မဗေဒါနဲ့လဲ ကို မခွဲနိုင်ပါဘူး။ ဘာမှ အားမငယ်နဲ့နော်။ ဒီိတစ်ခါ ကိုပြန်ရင် မေမေတို့ကို ပြောလိုက်တော့မယ် "
နှစ်ယောက်သား အတွေးကိုယ်စီနှင့် ရှေ့ဆက် လျှောက်လှမ်းရမယ့် အကြောင်းကို ဆွေးနွေးပြီး တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာ ဖက်ထား လိုက်လေသည်။
"ဘာပြောတယ်သား။ အဖေတို့ လုံးဝသဘော မတူနိုင်ဘူး ။ ဒီမှာ သား … သားကို အဖေတို့နဲ့ ဂုဏ်ရည်တူတဲ့ မိသားစုနဲ့ လူကြီးချင်း ပြောဆိုပြီး သွားကြပြီ။ စကားတွေလဲ လွန်ထားကြပြီ။ ဒီတော့သားရယ် အဖေ့တို့ မျက်နှာကို အိုးမဲ မသုတ်ပါနဲ့။ အဖေတို့စကားကို နားထောင်ပါကွာ။"
ရန်နိုင်တစ်ယောက် မိဘစကားကို ဘယ်လိုနည်းနှင့်မျှ မလွန်ဆန်နိုင်ပေ။ နောက်ဆုံး သူရင်နာ နာနဲ့ပဲ မိဘစကားကို လက်ခံလိုက် ရလေသည်။
"ဒီမယ်…ကလေးမ… ဦးတို့ပေး တဲ့ငွေက ကလေးမတို့ အနေနဲ့ နည်းမယ်မထင် ပါဘူးကွယ်။ ဒီတော့ ဒီငွေကို ယူပြီး ဦးတို့သားနဲ့ အဆက်အသွယ် မလုပ်ပါနဲ့။
"ရှင်"
"ဒီမှာ ဦး.. ကျွန်မ ကိုရန်နိုင်ကို ချစ်တာ သူ့ရဲ့ကြွယ် ၀မှုကို မဟုတ်ပါဘူး ။ ကျွန်မတို့ဟာ လူဆင်းရဲပေမယ့် အဲလို ကိုယ့်ကျင့် တရားတော့ မဆင်းရဲပါဘူး ။ ဦးတို့ငွေကိုလဲ ဦးတို့ပြန် ယူသွားပါ။ ပြီးတော့ ကျွန်မကိုလဲ စကားတွေနဲ့ ထပ်ပြီး မစော်ကား ပါနဲ့တော့ ။"
မဗေဒါ ပြောပြောဆိုဆို ရှိုက်ကြီးတစ်ငင် ငိုကြွေးပြီး အခန်းထဲ ပြေးဝင်သွား လေသည်။ သူမချစ်တဲ့ ချစ်သူကို လက်လွှတ် ဆုံးရှုံး ရတော့မှာလား။
"သား..သားတို့ မင်္ဂလာပွဲကို ဒီအပတ်ထဲမှာ ကျင်းပဖို့ စီစဉ်လိုက်ပြီ။ "
"ဗျာ"
သူအရမ်း အံသြနေမိသည်။ ယခုလောက် မြန်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့။ သူ့ကိုလဲ အိမ်ထဲမှ အိမ်ပြင်ပေး မထွက်တော့ပေ။ နှလုံးသား ကိုစတေး၍ သူချစ်တဲ့ သူမကို စွန့်လွတ်ရ ပေတော့မည်။ မိဘစကားကိုလဲ မလွန်ဆန် နိုင်တော့ သူ့မှာ ခေါင်းညိမ့်ရုံမှ တစ်ပါး ဘာမှ ပြောစရာ မရှိခဲ့ ။
"မဗေဒါ ဒီပွဲလေးကို အကောင်းဆုံး ဖျော်ဖြေပေးပါ။ ဂုဏ်သရေရှိ မင်းကတော်တွေရဲ့ မင်္ဂလာ ဧည့်ခံပွဲမှာ ဆရာတို့ ဘာမှအမှားခံလို့ မဖြစ်ဘူးနော်။ "
"ဟုတ်ကဲ့ပါ ဆရာ"
သူမ မင်္ဂလာဆောင် ဖိတ်စာနှင့် ပွဲငှားစာအိတ်ကို ဖောက်ဖတ်လိုက်တော့ သူတို့သား နေရာမှာ သူမ သိပ်ချစ်တဲ့ ကိုရန်နိုင် သူတို့သမီး နေရာ၌ ခင်မမမျိုးသူမ မျက်ရည်များ ချက်ချင်း စို့တက်သွား လေသည် ။ ဒီပွဲကို သူမ မကချင်ပေ။
"ဆရာ..ကျွန်မ ဒီပွဲကို မကလို့ မရဘူး လားရှင်။ "
"သူတို့က မဗေဒါ ကိုပဲက စေချင်လို့ မဗေဒါ နာမည်နဲ့ကို ပွဲလာငှားတာ မင်းသမီးရ။ ကဲပါ..မင်းသမီးရယ် အကောင်းဆုံး ဖျော်ဖြေပေးလိုက် ကြတာပေါ့။ "
သူမနေရာမှ ထထွက်လာခဲ့ လေသည်။ အော်…..ရက်စက်ပါပေ့ ကံတရားရယ် ကိုယ့်ချစ်သူရဲ့ မင်္ဂလာဆောင်မှာ ကိုယ်ကိုတိုင် ကပြဖျော်ဖြေပေး ရမယ်တဲ့လား။ ဘယ်လိုအငြိုးနဲ့ ဒီလောက်ထိ ရက်စက် ရတာလဲ ကံတရားရယ်။ သီချင်းသံကြားမှာ မျက်ဝန်းမှ ပုလဲမျက်ရည် ကျနေပေမယ့် အပြုံးပန်း ပန်ဆင်ကာ ချစ်သူရဲ့ မင်္ဂလာပွဲကို လှလှပပ ဖျော်ဖြေပေး နေတဲ့ ဇာတ်စင်ပေါ်မှ မဗေဒါ ၊ ရင်ထဲမှာ ရှိုက်ငိုနေတာ ဘယ်သူများ သိနိုင်ပါ့မလဲ။
နှလုံးသား တစ်စုံလုံးကို စတေးပြီး ကိုယ်မချစ်တဲ့ မိန်းမတစ်ယောက်နဲ့ လက်ထက်ရလို့ ခံစားရတာထက် ကိုယ့်ချစ်သူ ခံစားနေရပြီး ကပြအသုံးတော် ခံနေတာကို ကြည့်ကာ စိတ်မကောင်းပို ဖြစ်မိလေသည်။ အရက်ကို မူးအောင်သူ သောက်နေလေ လိုက်သည်။ သူတို့သမီး ခင်မမ ကတော့ ပျော်မဆုံးနိုင်ခဲ့ပေ။ ထို့ကြောင့်လည်း မဗေဒါ၏ ကပြ အသုံးတော် ခံမှုကို သဘောကျလို့ သူမ၀တ်ထားတဲ့ စိန်လက်စွပ် တကွင်းကို ချွတ်ကာ ဆုချ လိုက်လေသည်။
~~~~~ဖြောင်း…ဖြောင်း….ဖြောင်း…..~~~~
မင်္ဂလာပွဲလာ ပရိတ်သတ်များ၏ အားပေးလက်ခုတ်သံများ ၊ ရင်ထဲမှာ ငိုကြွေးနေရသူက မဗေဒါနှင့် ကိုရန်နိုင်။
ထိုနေ့မှ စ၍ အသဲကွဲ သမား ကိုရန်နိုင်တစ်ယောက် သူ့ဘ၀ကို မိုးလင်းမိုးချုပ် အရက်နှင့် အဖော်လုပ် နေလေတော့သည်။ ခေတ်ဆန်လွန်းတဲ့ ခင်မမကလည်း မနက်ကတည်းက အပြင်ထွက်ပြီး သူငယ်ချင်း အိမ်မှာ ဖဲကစားလိုက် ၊ ပါတီတက်လိုက် နိုက်ကလပ် တက်လိုက်နှင့် မိန်းမ၀တ္တရား တာဝန်မကျေ၊ ဒါပေမယ့် ကိုရန်နိုင် ဘာမှမပြော၊ အားလုံးကို မသိသလို သည်းခံနိုင် ခဲ့လေသည်။ ခင်မမ ကလည်း ညအချိန် မရှိမှ ပြန်လာ ၊ ခနဲ့တဲ့တဲ့ စကားနဲ့ ကိုရန်နိုင်ကို ရန်လုပ်နဲ့ အိမ်ထောင်ရေးမှာ ကတောက်ကဆ ဖြစ်လေပြီး အဆင်မ ပြေခဲ့ပေ။
"မင်းသမီးရေ…ဒီတစ်ခါ တို့တွေ မြန်မာ့အသံမှာ လွင့်မယ့် အစီအစဉ်အတွက် သွားပြီးက ပြရမယ်ကွဲ့။ မြန်မာအသံမှာ လွင့်တော့ တို့တွေ ဇာတ်အဖွဲ့ကို တစ်နိုင်ငံလုံးက အားပေးလို့ ရတာပေါ့။ ဒီလို အောင်မြင်မှု ရလာတာဟာ မဗေဒါ ရဲ့ကြိုးစား မှုကြောင့်ပါ။ "
"ဆရာ…ကျွန်မ ဒီတစ်ခေါက် စာချုပ်ပြည့်ရင် လုံးဝမ ကတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ အမေနဲ့ မွေးရပ်ဇာတိ ပြန်ပြီး ခြံလုပ်ငန်း ကိုပဲဦးစီး လုပ်ကိုင်တော့မယ် ဆရာ။ ဒီတစ်ခေါက် ကပြီးရင် မဗေဒါ ဆိုတာ ဒီဇာတ်လောကမှာ ပျောက်ကွယ်တော့မှာပါ။"
"အော်..မင်းသမီးရယ်"
မဗေဒါနှင့်ကိုရန်နိုင်တို့ အကြောင်းကို သိထားတဲ့ ဇာတ်ဆရာ ကိုဘသောင်း တစ်ယောက် သက်ပြင်းရှည် အခါခါချလို့ မဗေဒါ အတွက် စိတ်မကောင်းဖြစ် နေရလေသည်။
ကိုရန်နိုင် တစ်ယောက် အရက်ပုလင်းကို အဖော်ပြုလို့ သူချစ်တဲ့ မဗေဒါ ကပြနေတဲ့ မြန်မာ့အသံမှ အစီအစဉ်ကိုကြည့်ရင်း ပါးပြင်ပေါ် မျက်ရည်များ တလိမ့်လိမ့်ဆင်းကာ အရက်ကိုကြီး ဖိသောက်နေ လေတော့သည်။
(ညို…ပြာ..ပြာ…လသာပြင်…ခြေရင်း…လှိုင်းတက်ရာ…...ဗေဒါတက်…လှိုင်းတက်ရာဆင်း…)2
(ဆင်းရလည်း မတတ်သာ…အုန်းလက်ကြွေ…ရေပေါလော မျောစုန်လို့...လာ..)2
(အဆင်းနှင့် အလာ…ဗေဒါမှအတွေး…အုန်းလက်ကြွေ…သူ့နဘေး…စောင့်ခဲ့ရသေး…) 2
(စောင့်ခဲ့လည်း မတတ်သာ…. နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ။ မြုပ်လေပေါ့…ပေါ်မလာ…..မဗေဒါ အလှတစ်လှံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ) 2
ပေါ်ပြန်လည်း မတတ်သာ….ချောင်းအစွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ…ဘဲအုပ်က တစ်ရာ၊ နှစ်ရာ မဗေဒါက တစ်ပင်တည်း။ အယက်အကန်ခံလို့ ဗေဒါပြန် အံကိုခဲ…ပန်းပန်လျှက်…ပဲ….)
စားပွဲမှ အရက်ခွက်အား ခင်မမ ယူလိုက်ကာ ကိုရန်နိုင် ခေါင်းပေါ်သို့ လောင်းချလိုက်ပြီး
"မဗေဒါက အချစ်မိုးတွေ ရွာချ မမက အရက်မိုးတွေ ရွာချ …. ဟား..ဟား…"
"ဟန်နီ…..မင်း…ဒါဘာလုပ်တာလဲ……"
"ဟား…ဟား… အချစ်မိုးတွေ ရွာချပေး လိုက်တာလေ။ ဒီဘာမဟုတ်တဲ့ အငြိမ့်သမ ကိုအခုထိ မေ့မရနိုင် ဖြစ်နေတာ ဒါလင် သိပ်လွန်တာပဲကွယ်…."
"ဘာပြောတယ် ဟန်နီ။ ဟန်နီ..ဒါလင့်ကို ပြောချင် သလို ပြောပါ။ မဗေဒါကိုတော့ မပြောပါနဲ့ကွာ။ "
"ဘာလဲ ဒါလင်က မဗေဒါကို ထိလို့ နာနေတာလား။ "
"ဟန်နီ…မင်းလွန်လာပြီနော်။ မင်းအပြင်မှာ ယောင်္ကျားတစ်ကာ နဲ့တွဲပြီး နိုက်ကလပ် တက်တာတွေ ဖဲရိုက်တာတွေကို တစ်ခုမှ မပြောခဲ့ဘူးနော်။ အေး…အခုတော့ ပြောရလိမ့်မယ် ခင်မမ။ မင်းကိုလဲ ငါဆက်ပြီး သည်းခံပေါင်းလို့ မရတော့ဘူး ။ ဒီတော့ တို့တွေ ကွာရှင်းလိုက် ကြရအောင်။ "
ခင်မမ တစ်ယောက် ဒေါသငယ်ထိပ် ရောက်ကာ
"အိုကေလေ… ဒီလိုဆိုလည်း ကွာရှင်းလိုက် ကြတာပေါ့။ "
ခင်မမ အရက်ကို အလွန်အကျွံ သောက်၍ ဆိုဖာခုံ ပေါ်မှာပဲ မှောက်သွားလေတော့သည်။
ယခုမှ လှောင်အိမ်မှ လွတ်လာတဲ့ ငှက်လေးကဲ့သို့ ကိုရန်နိင် တစ်ယောက် ပေါ့ပါးလွတ် လပ်စွာ မဗေဒါ တို့ဇာတ်အ ဖွဲ့ရှိရာ မြို့လေးဆီသို့ ရောက်လာခဲ့ လေတော့သည်။
"ဗျာ…ဘယ်ကိုပြောင်းသွား ရတာလဲဗျာ။ "
"ဟုတ်တယ် မောင်ရန်နိုင် မဗေဒါ တို့သားအမိ မွေးရပ်ဇာတိကို ပြန်သွားကြပြီ။ အငြိမ့်လည်း မကတော့ဘူး ။ "
"ကျေးဇူးပါပဲ ဦးဘကောင်း။ ကျွန်တော့ကို ခွင့်ပြုပါဦး။ ကျွန်တော့ မဗေဒါဆီ လိုက်သွားလိုက်ပ့ါမယ်။ "
"အေး…အေး…"
ထို့နောက် အလျှင်မြန်ဆုံး နှုန်းထားနှင့် ကားကိုမောင်း ထွက်လာခါ သူချစ်သော မဗေဒါ ရှိရာသို့ ခရီးနှင် ခဲ့လေသည်။
"ဒေါ်ဒေါ်…"
"ဟေ..မောင်ရန်နိုင် ဘယ်ကိုလာ တာလဲကွဲ့ မောင်ရင်ရဲ့။ "
"ကျွန်တော် ဒီကိုပဲ လာခဲ့တာပါ ဒေါ်ဒေါ်၊ ဒါနဲ့ မဗေဒါ တစ်ယောက်ရော ခင်ဗျာ။ "
"အေး…..မဗေဒါက အခုနကပဲ ပန်းခူးဖို့ ခြံထဲဆင်း သွားလေရဲ့။ တွေ့ချင်ရင်တော့ ခြံထဲလိုက်သွား မောင်ရင်။ "
"ဟုတ်ကဲ့..ဒေါ်ဒေါ် ဒါဆိုကျွန်တော် လိုက်သွားလိုက် ဦးမယ်နော်။ "
ပြောပြောဆိုဆို ရန်နိုင်တစ်ယောက် မဗေဒါ ရှိရာသို့ အပြေးလေး ထွက်လာခဲ့သည်။
"…..မဗေဒါ…."
"ဟယ်…ကိုရန်နိုင်"
အံသြခြင်း များစွာနဲ့ မဗေဒါ ကိုရန်နိုင်ကို ကြည့်ပြီး
"ဘယ်ကနေ လိုက်လာတာလဲ ကိုရန်နိုင်
"ကျွန်တော် ဦးဘကောင်း ဆီကလိပ်စာယူပြီး လိုက်လာတာပါ။ မဗေဒါဆီကိုပဲ ပြန်လာခဲ့တာပါ။မဗေဒါ ရဲ့ရင်ခွင်မှာ ထာဝရ နားစက်ပါရစေ။ မဗေဒါ သဘောတူ မယ်ဆိုရင်ပေါ့။ "
"ကျွန်တော့ရဲ့ အမည်ခံ ပဲရှိပြီး မလှပတဲ့  အိမ်ထောင်ရေးကိုလဲ ကျွန်တော်ဖြေရှင်း လိုက်ပါပြီ။ ခင်မမနဲ့လည်း တရားဝင် ကွာရှင်းခဲ့ပါပြီ မဗေဒါ။ မဗေဒါ အနားမှာ ကျွန်တော့ကို နားခိုခွင့် ပေးပါ။ ကျွန်တော့ဘ၀မှာ မဗေဒါပဲ ရှိပါတော့တယ်။ မဗေဒါကသာ ကျွန်တော့ကို ရက်စက်….ခဲ့....."
မဗေဒါ တစ်ယောက် သူမရဲ့ ဖော့ဖယောင်းလို သွယ်လျတဲ့ လက်ချောင်း လေးတွေနဲ့ ကိုရန်နိုင်ရဲ့ နှုတ်ခမ်းအစုံကို ဆက်မပြောဖို့ တားလိုက်ပြီး ကိုရန်နိုင်၏ ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ခါ
"မဗေဒါ နားလည်ပါတယ် ကိုရန်နိုင် မဗေဒါလည်း ကိုရန်နိုင်ကို ချစ်ပါတယ်။"
ကိုရန်နိုင်တစ်ယောက် တင်းကျပ်စွာ မဗေဒါအား ဖက်ထားလိုက် လေတော့သည်။ အချစ်စစ်တို့ရဲ့ နောက်ဆုံးလမ်းကာ ပေါင်းသင်းရခြင်းပါပဲ။
(ဒီဇာတ်လမ်းလေးကို ဗေဒါလမ်း သီချင်းနား ထောင်ရင်းမှ လွန်ခဲ့တဲ့ 12 နှစ် 13 နှစ် သမီးအရွယ် လောက်တုန်းက ကြည့်ခဲ့ဖူးတဲ့ မဗေဒါ ဇာတ်ကားလေးမှ ကျော်သူ ၊ မို့မို့မြင့်အောင် နှင့် စန္ဒယားခင်နုနု တို့၏ သရုပ်ဆောင် ချက်များကို ပြန်လည် စဉ်းစားရင်း ရေးသားလိုက်တာပါ။ ဟိုး...အရင်တုန်းကတော့ အမေကြည်ကြည်ဋ္ဌေး ကိုယ်တိုင် သရုပ်ဆောင် ထားပါတယ်။ အဲဒီနေရာမှ မမမို့က ထပ်ဆင့်သရုပ်ဆောင် ပြန်ရိုက်ထားတာပါ။ မက်မက်က မို့မို့မြင့်အောင်ဆို အရမ်းကြိုက်တော့ သူ့ကားဆိုရင် ဘယ်ကားမှ အလွတ်မပေး ခဲ့ဘူးလေ။ သူ့ကို အရူးအမူး ဖြစ်ခဲ့တာ။ ဟိုးငယ်ငယ် ပိစိလေး ထဲကပဲ။ အခုချိန်မှာ ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ အဲဒီမဗေဒါ ဇာတ်ကားကို ပြန်လည်ကြည့်ချင် ပါသေးတယ်။
ကြည့်ခဲ့ဖူးတာ ကြာပြီဆိုတော့ တစ်ချို့နေရာမှာ မေ့နေပါတယ်။ ၀တ္ထု မရေးတတ်တော့ မို့မို့မြင့်အောင်ရဲ့ ကြည့်ဖူးတဲ့ အကြိုက်ဆုံး ဇာတ်လမ်းကို ကြိုးစားပြီး အတတ်နိုင်ဆုံး ပြန်လည်ရေးသား ကြည့်တာပါ။ ဟိဟိ…ဖတ်မကောင်းပဲ ဟာသဖြစ် သွားရင်တော့ ဆောရီးပါနော်။ (မက်မက်မို့မို့ ကိုယ်တိုင် အကယ်သမီ ရခဲ့တဲ့ ကားလေးတစ်ကားပေါ့။ ဟိဟိ… :P ) အားလုံးကို ကျေးဇူးတင်ပါတယ်...အာဝါးးးနော်
ဗေဒါလမ်း

ကောင်းပါတယ်...။ အတိတ်ကိုတူးဖော်မိသွားတာပေါ့
ReplyDeleteမို့ မို့ မက် ရယ်..ဟဲဟဲ
ကောလိပ်ဂျင် တို့  က ပိုကောင်းသကကွဲ့ ..
ReplyDeleteှဇာတ်ဆရာ မင်းသမီး ဆီ လက်ထပ်ခွင့် တောင်းဖို့  လာတဲ့ အခန်း ကျန်ခဲ့ တယ် မက်မက် ရေ..း)
အရေးအသားကောင်းတယ်နော်
ReplyDeleteအဲဒီရုပ်ရှင်ကိုတော့..မကြည့်ဖူးဘူး
မက်မက်မို့  သရုပ်ဆောင်တာ
ကြိုက်တယ်..ခစ်.ခစ်
အဲ့...
ReplyDeleteဒါတွေလည်းရတယ်နော်...
စီးမျှောသွားတယ် မဗေဒါရယ်။
အဲဒါ ဟိုးခေတ်ကဟ.. ခုခေတ်မှာ အဲလို ပိုက်ဆံပုံပေးပြီး ငါ့သားကို မပါတ်သက်ပါနဲ့ဆိုရင် မိန်းကလေးကလဲ ဦးလေးပေးတာ နဲတယ် လို့ ပြောမှာ။ ယောကျာင်္းလေးကလဲ အိမ်ထဲ အိမ်ပြင်ပေးမထွက်တာ လောက်တော့ ပျင်းတယ်
ReplyDeleteအင်တာနက်နဲ့ ချက်တင်းလုပ်ပြီး လစ်တာနဲ့ မိန်းမ ခိုးကြမှာဗျ။ အဲဒီလို မိန်းကလေးကလဲ ပိုက်ဆံယူ ယောကျာင်္းလေးကလဲ အလစ်မှာ ထွက်လာ ဆိုတော့ သူတို့ ခိုးပြေးကြဖို့ ယောကျာင်္းလေး မိဘက လမ်းစရိတ် ထုတ်ပေးသလိုတောင် ဖြစ်နေလို့ ဝမ်ဆွေ့၊ ဝမ်ဆွေ့၊ ဝမ်ဝမ်ဆွေ့ လို့ပြောတဲ့ အပြငိ ရှဲရှဲနီ လို့ပါ ယောကျာင်္းလေး မိဘဘက် အီးမေးလ် လေးတောင် ပို့လိုက်ဦးမှာဟ..။
ကိုယ့်နာမည်ကြီး ကိုယ်ဖတ်နေရတော့ ကျက်သီးတောင်ထတယ်.. အဟဲ... ဒါပေမဲ့ ကိုရန်နိုင်ဆိုတဲ့ နာမည်ကိုတော့ သိပ်မကြိုက်ဘူး.. ခေတ်နာမည်လေးတွေဆိုပိုကောင်းမယ်နော်... အဟီး... ဗေဒါလမ်းဇာတ်လမ်းမှန်း သိပင်မဲ့... မဗေဒါ မဗေဒါနဲ့ ဆိုတော့ အသဲထဲတောင်ဖိုသွားတာပဲ... အဟတ်ဟတ်... ဒါပေမဲ့ မဗေဒါဆိုလူတိုင်းက အငြိမ့်မင်းသမီးလို့ထင်နေကြတော့တာပဲ...
ReplyDeleteသိသလို ရှိတယ်ထင်နေတာ.... မဗေဒါ ဇတ်လမ်းကို....ဆုံးခါနီးမှ သိတော့တယ်....ဖတ်ကောင်းတယ် ဆိုပြီး ဖတ်နေတာ...။း) ဇတ်ကောင်တွေ နေရာမှာ ဘယ်သူ့မြင်ရမလဲ မသိလို့ ၀ါးတားတားနဲ့ မြင်ပြီး ဖတ်သွားပါတယ်..။း)
ReplyDeleteမဗေဒါရေ.အတိတ်ဟောင်းကို လာကြည့်.အဲ လာဖတ်တယ်။
ReplyDeleteဘာရေးရေး ဖတ်ပြီးသားပဲ
ReplyDeleteမမို့ ထက် ဂျီးထော်မတ်ကို ပိုကြိုက်တယ် :D
ဘွားဘွားမတ်ပြောတဲ့ရုပ်ရှင်တော့မကြည့်ဖူးဘူး
ပြောမှပို ကြည့်ချင်တယ်
မမမို့မက်လေ ... အဲ့ကြောင့် မမမို့မက်လို့ ပြောနေတာ ... ဟဟ
ReplyDeleteသိပါတယ် မမမို့မက်ရယ် ... မမမို့မက် မို့မို့မြင့်အောင် ကြိုက်မှန်း ... :D
အဲ့ကားကို ကြည့်ဖူးဘူး ... ဒါပေမယ့် နဲနဲလည်း သိသလိုလိုပဲ ...
တွေးပြီး ပြန်ရေးထားပေမယ့် ဖတ်ရတာတော့ အကွက်စေ့တယ် ... မို့မို့ ပရိတ်သတ် စစ်မှန်တယ် သေသေချာချာ မှတ်မိတယ် ..
အဲ့ကြောင့်လည်း မမမို့မက် ဖြစ်နေတာ :D
နေဒေးသစ်။
“မမ” မက်မန်းတီး
ReplyDeleteတားတားကို ဦးဦးချီတူလို့ထော်နဲ့နော်..
တားတား ကျိတ်ချိုးတယ်...
တားတား က အထုမှ နှစ်ချဲ့ချစ် ဘဲ ချိဒေးတယ်..။
ဟာ......တောင်းလိုက်တာဂျာ..။
ReplyDeleteတားတားရင်ထဲမှာ ကျလိကျလိ ချစ်တွားတယ်..။
ဒါပေမယ့်မမ မက်မန်းဒီးရယ်
ဟိုတောင် ရန်နိုင်က ချစ်ထွင့်ပန်တာ
အရမ်းကျောတယ်ဂျာ..။
တားတားဒါချိုရင် အဲလောက် အကြောကြီး
ကြောဘူး.....ဟီးဟီး....။
..................ခင်မင်ရင်းနှီးစွာဖြင့်
..................တားတား ..။
အစကတည်းက ခိုးပြေးပြီးရော...လူကြီးတွေအိမ်ထဲက မထွက်ရဘူးဆိုတာနဲ့ မထွက်ရဘူးလား..မောင်ရန်နိုင်ရာ...ဒါပေမယ့် ဇာတ်ဝင်ခန်းက ဆရာဇော်ဂျီရဲ့ကဗျာကို ကြိုက်တယ်...
ReplyDeleteမိုးမိုးမြင့်အောင် သရုပ်ဆောင်တာလား ကျွန်တော်က ခင်သန်းနုလားလို့ , အရေးသားကောင်းပါတယ် ဇတ်ညွှန်းရေးစားရင် ဖြစ်နိုင်ပါတယ်
ReplyDeleteမဗေဒါ နေရာမှာ မမက်မက်မို့  အစားထိုးပြီး ဓါတ်ရှင်
ReplyDeleteလေးကြည့်လိုက်တယ်....ရေးချက်တွေက ထောင့်စေ့လှပါတယ်....ဒီခေတ်နဲ့ တော့ သိပ်အံမဝင်တော့ဘူးပေါ့ကွယ်....ဓါတ်ရှင်ကားလေးတစ်ကားအနေဖြင့် ကြည့်ပြီး ခံစားသွားပါတယ် (မျက်ရည်တွေတောင် ကတောက် ကတောက် ကျလို့  :( ) ဘာမှမဆိုင်ဘူးလားမသိ :)
ခင်မင်ခြင်းနှင့်
အူးအူးအလည်လွန်
မဗေဒါ ဇာတ်လမ်းလေးဖတ်သွားပါတယ် ညီမလေး.
ReplyDeleteပြတ်ဖတ်ရတော့လည်း ဇာတ်လမ်းလေးက ကောင်းနေ
တာပဲလေ...း) ညီမလေး စာရေးကောင်းလို့ဖြစ်မယ်.
စာလာဖတ်ပါတယ် မက်၂ရေ
ReplyDeleteအယ်ကောင်းတယ် ယောင်းမက်ရေ ဖတ်သွားတယ် အစ အဆုံး အဲဒါ မကြည့်ဖူးဘူးနော် ကောင်းတယ်
ReplyDeleteနောက်တခါ ရိုက်ချင်ရင် များကိုခေါ်နော် များ၇ိုက်ပေးမယ် ဟဟဟဟဟ
တူမတော် စာရေး တဲ့ ဟန်က ပိုကောင်း လာ တယ်
ReplyDeleteတကယ်ပြောတာ ပါ။ နှစ်ခါတောင် လာ ဖတ်တယ် ဟ။
ဥပသကာ
ငြိမ်းချမ်းပါစေ။
မက်မက်လေးရေ
ReplyDeleteစာရေးတာ ပိုပိုကောင်းလာတယ်
မက်မက်လေးကတော်လိုက်တာ
ချစ်ခင်လျက်
အဲဒီလို ဇာတ်လမ်းမျိုးကို သိသလိုလိုပဲထင်ထားတာ
ReplyDeleteအောက်ဆုံးစာတွေ့မှပဲ အကြောင်းဆုံသိတော့တယ်..။
သိထားတဲ့ အကြောင်းအရာ တခုကို စာရွက်ပေါ်မှာ စာချောအောင် ချရေးရတာ မလွယ်မှန်း သိပါတယ်
ကြိုးစားအားထုတ်ထားတာကောင်းတယ်..
ဒီအရေးအသားလေးကိုမှတ် ကိုယ်ပိုင်ဇာတ်လမ်းလေး အစားထိုးပြီး ရေးကြည့်ပါလား ဇာတ်ကျောရိုးမတူတဲ့ပုံစံ
မျိုးပေါ့...။စေတနာသက်သက်ပါနော်
...ခင်မင်သောအားဖြင့်...
ဗေဒါလမ်းသီချင်းလေးကို နားထောင်ရင်း မဗေဒါအကြောင်းကို ဖတ်သွားပါတယ်။ ရင်ထဲမှာ တစ်ခုခုကို လွမ်းသလိုလို ခံစားမိသွားတယ်။
ReplyDeleteမက်မက်ရဲ့  အရေးအသားတွေကြောင့်ဖြစ်မှာပါ။
ပထမကတော့ စာပိုဒ်အရှည်ကြီးမို့လို့ ဖတ်ပျင်းနေတာ။ ဒါပေမဲ့ မက်မက်က ပျင်းစရာတွေတော့ မရေးလောက်ပါဘူး ဆိုပြီး အချိန်ပေး ဖတ်ကြည့်လိုက်တယ်။ ဂွတ်ရှယ်ဘဲ မက်မက်ရေ။
ဇာတ်ညွန်းရေး ဆရာ လုပ်စားပါလား။
မို့မို့မက်မက်ရေ
ReplyDeleteတပုဒ်လုံး သေချာဖတ်သွားတယ်နော်း)
ဖတ်ပြီး... ငိုလို့မှ အားမရသေးခင်..
ReplyDeleteပြန်ညားသွားတော့.. ပျော်ပြီး ပြန်သွားပြီ
Pak Karamu reading your blog
ReplyDeleteကောင်းတယ်ဗျ ၊၊
ReplyDeleteကျွန်တော်လည်း မမို့ကြိုက်တယ် အဲ မို့မို့မက်မက်ကိုတော့ မြင်ဘူးသေးဘူး ဟာဟ
ချစ်ချစ်ဇော် ကြည့်ဖူးလား ၊၊ တကယ်က ပြန်ရိုက်တာ မှာ ချစ်ချစ်ဇော်ကပိုကောင်းတယ် ၊၊ အဲဒီတုန်းက မမို့က ဗီဒီယိုမရိုက်လို့ ကျန်တဲ့လူတွေ အားလုံးတူတူပဲ မဗေဒါ တစ်ယောက်ပဲ ပြောင်းရိုက်တာလေ ၊၊ အစ်ကိုကတော့ ချစ်ချစ်ဇော်ပိုကြိုက်တယ် ၊၊ ဒေါ်ကြည်ကြည်ဌေးလည်း ကြည့်ဘူးပါတယ် ၊၊
တကယ်လို့ အဲဒီသီချင်းလေး ပြန်နားထောင်ချင် ရင်တော့ နိုင်းနိုင်း နဲ Endrain ကျော်ဇင် ရိုက်ထားတဲ့ ဗေဒါလမ်း ဇာတ်လမ်းလေးပြန်ကြည့်ပါ ၊၊ အစ်ကို က တော့ အဲဒီသီချင်းလေး ကြိုက်လို့ ကြည့်ဖြစ် သွားတယ် ၊၊