Subscribe:
Wednesday, July 15, 2009
ထာဝရငြိမ်းချမ်းရာကောင်းကင်ဘုံသို့
ဟန်ဆောင်အပြုံး
လိမ်ညာတွေသုံးလို့
နင့်အပြောချိုချိုမှာ
ယစ်မှုးမိတဲ့.....
ငါ့နှလုံးသားလေး
အခုတော့....
ပိုးစားခံရပြီပေါ့။
အချိုကျွေးလွန်းတဲ့....နင်နဲ့
အချိုကြိုက်တဲ့...ငါ
ဘယ်သူမှ မလွန်ပေမယ့်
ပိုးစားခံလိုက်ရတဲ့
ငါ့နှလုံးသားလေး
အခုတော့....
ဓားစာခံ စတေးလိုက်ရပြီ။
ဝမ်းနည်းလွန်းလို့
ငိုချင်းချမိတဲ့ငါ့ကို
အခုတော့....
မြစ်နဒီတောင် လက်မှိုင်ချလို့
ကောင်းကင်တောင်
ဒူးထောက်အရှုံးပေးလိုက်ရပေါ့။
အငိုလွယ်ပေမယ့်
အရှိုက်ခက်တဲ့ ငါ
အခုတော့......
ရရှိလိုက်တာက
အကြင်နာမဟုတ်တဲ့
ခံစားမှု ဝေဒနာပေါ့။
တွေ့ကြုံဆုံကွဲ
ဖြစ်မြဲဓမ္မတာမို့
ပျယ်လွင့်သွားတဲ့
အိပ်မက်တစ်ခုအတွက်
အခုတော့....
ငါနောင်တမရချင်ပါဘူး
နိုးတ၀က် အိပ်တ၀က်နဲ့
ကြည့်မိလိုက်တဲ့ တခဏ
အရာအားလုံး
ဝိုး၀၀ါးနဲ့ ငါ့ရှေ့မှာ
အခုတော့......
ပျောက်ဆုံးလို့ သွားပေါ့။
မညီမျှခြင်းများစွာနဲ့
ထပ်တူကျနေတဲ့
တွေ့ဆုံခြင်းအစဟာ
ခွဲခွာခြင်းဆိုရင်
အဲဒီ...နိယာမကို
လက်ခံတဲ့ငါ
ပျံသန်းနေမယ့်
ဦးတည်ရာအရပ်က
အခုတော့........
ထာဝရ ငြိမ်းချမ်းရာ
ကောင်းကင်ဘုံသို့........
သီချင်းနားထောင်မိရင်း မရေးတတ် ရေးတတ်နဲ့ ရေးမိရေးရာ ရေးလိုက်တာပါ။ ဘာမှတော့ မဟုတ်ပါဘူး။သဘောလေး သက်သက်ပါ။ :P
28 comments:
  1. ကောင်းကင်ဘုံမှ ချစ်ချစ် နတ်သားဘေး နတ်သမီးငါးရာရံတာ မလောက်လို့ အခေါ်တော် ဆင့်ပုံ ရတယ်။
    ခရေးရေး ၇ှိတေးဒါ။ တက်နဲ့အုံး။
    (စတာ။ ကဗျာလေး ဖတ်သွားပါတယ်ခင်ဗျ)
    ReplyDelete
  2. ဝေးးးးးးး တို့ မက်မက်လေး ကွ... ကဗျာလဲ ကောင်းကောင်းရေးတတ်တပဲ... ပုံလေးလဲ မရမ်းလှတယ်...။ အချို ကြိုက်တဲ့ ငါ နဲ့ အချိုတွေ ကြွေးတဲ့ နင့်ကြောင့်...ငါ သွားပိုးတွေ စားကုန်ပြီ...း)... နောက်တာနော်...ချစ်လို့...စိတ်မဆိုးနဲ့နော်..။ မက်မက်လေး ကတော်တယ် ကဗျာကောင်းလေး ရေးတတ်တယ်..။
    ReplyDelete
  3. အော် မဟုတ်မှလွဲရော...
    ဘာယဲ တူဒမမကိုယိမ်တွားယို့ လား
    လှည့်ဂျားတွားယို့ လား ကြောမမ မက်မန်းတီး
    တားတားထံဂျားမိ ဒယိုကြောတာနော်..
    ကျော်ချွင်ပါဂျေ.........
    ReplyDelete
  4. နဒီမိုးညိုJuly 15, 2009 at 4:33 AM
    ကဗျာလေးက..လှလိုက်တာ..
    ဖတ်လို့ လဲ..ကောင်းတယ်..မြစ်နဒီ.
    လက်မိုင်ချသွားပါတယ်...း)
    ReplyDelete
  5. ကဗျာလေး မိုက်တယ်။ တကယ် တကယ်....
    နှလုံးသား ပိုးစားသွားတာ မြစ်နဒီငိုချင်းချတာ
    ပုံထောက်ရင် အပီအပြင်ခံစားပြီးရေးထားတာနေမှာ...
    ကောင်းကင်ဘုံကိုသွားတော့မလို့ လားးးး စောလှချည်လားးးး
    ခင်မင်ခြင်းနှင့်
    တလနွန်
    ReplyDelete
  6. ကိုတိုးလေးJuly 15, 2009 at 7:20 AM
    ကဗျာလေးကတော်တော်လေးကိုမိုက်တယ်။ ဖတ်လို့လည်းအရမ်းကောင်းတောပဲနော်။
    ဒီအပိုဒ်လေးကိုကြိုက်တယ်။
    ငိုချင်းချမိတဲ့ငါ့ကို
    အခုတော့....
    မြစ်နဒီတောင် လက်မှိုင်ချလို့
    ကောင်းကင်တောင်
    ဒူးထောက်အရှုံးပေးလိုက်ရပေါ့။
    ကောင်းကင်တောင်အရှုံးပေးရတယ်ဆိုတော့။ ကောင်းကင်မှာ နတ်သားသွားလုပ်မယ်နဲ့တူတယ်နော်။
    မင်မင်လျက်
    ကိုတိုးလေး
    ReplyDelete
  7.ှဆီးချိုဖြစ်အောင် လုပ်တာနေမှာ :P
    ReplyDelete
  8. မက်မက်ရေ
    ကဗျာလေးက ကောင်းလိုက်တာ..
    နောက်ဆုံး အပိုဒ်လေး ကြိုက်တယ်..
    ဦးနော် တီငယ်
    ReplyDelete
  9. အော် ယောင်းက ကဗျာလဲ စပ်တတ်သကိုးအားကျတယ်ကွယ်
    ReplyDelete
  10. ကဗျာလေး ကောင်းတယ်။ ရေးထားတာ တစ်မျိုးလေး ချစ်စရာကောင်းနေတယ်။
    ReplyDelete
  11. မရေးတတ် ရေးတတ်နဲ့ ရေးထားပေလို့ပဲ...
    ဖတ်လို့ကောင်းတယ် မက်မက်ရေ
    တို့လဲ အချိုကြိုက်တယ် အဲ ကြွေးမယ့်သူတော့ရှိဘူး။
    ကိုယ့်ဘာသာကိုယ် သကြားလုံးဝယ်စားလိုက်တယ် :P
    မက်မက်ရော အချိုကြိုက်လားဟင်
    သကြားလုံးတော့ ရှိတော့ဘူး
    အာဝါးးးးးးးးးးးးးပေးလိုက်တယ်နော်း)
    ReplyDelete
  12. သဘောလေး ဟုတ်လား
    ဟုတ်လို့လား :P
    ReplyDelete
  13. မဟာဆန်July 16, 2009 at 4:19 AM
    အချိုကျွေးလွန်းတဲ့....နင်နဲ့
    အချိုကြိုက်တဲ့...ငါ
    ဘယ်သူမှ မလွန်ပေမယ့်
    ပိုးစားခံလိုက်ရတဲ့
    ငါ့နှလုံးသားလေး
    အခုတော့....
    ဓားစာခံ စတေးလိုက်ရပြီ။
    အမယ်မယ်..ကလေးကများ ဒါမျိုးတွေရေးလို့။ ညည်းရေးရမှာက ဒီလိုမျိုး
    နို့သောက်လွန်းတဲ့....မက်မက်နဲ့
    အချိုကြိုက်တဲ့....သွားပိုးလေး
    ဘယ်သူမှ မလွန်ပေမယ့်
    ပိုးစားခံလိုက်ရတဲ့
    မက်မက်သွားလေး
    အခုထိ.....
    ငယ်သွားမကြွေသေးဘူးကွယ်။
    ငှဲ ငှဲ ငှဲ
    အဲလို ရေးပါ
    ReplyDelete
  14. မရေးတက်ရေးတက်နဲ့ သဘောလေးရေးတာ ဆိုလို့သာပေါ့.ဖတ်လို့ကောင်းလိုက်တာ.
    ReplyDelete
  15. စာတွေလာဖတ်သွားပါတယ် အစ်မမက်မက်...
    အစ်မ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
    ReplyDelete
  16. ကဗျာလေးကို ဖတ်သွားတယ်နော်... အချိုသိပ်မကြိုက်နဲ့ ဆီးချိုတက်လိမ့်မယ်..ဟိ
    စတာနော်... ကဗျာလေးက တော်တော်လှတယ်..။
    ReplyDelete
  17. ရေးချင်လွန်းအားကြီးလို့ မန့်လိုက်တာ လွဲကုန်ပြီ...
    ReplyDelete
  18. စကားမစပ် ပျံသန်းမဲ့အရပ်မှာ မှုန်တိုင်းရှိ မရှိ အရင် စုံစမ်းဦးနော် မတ်မတ်။
    အဟက် ပုံလေးလှတယ်) လူနဲ့တခြားစီပဲ :)
    ReplyDelete
  19. စားသားတွေကတော. အလန်းနဲ.
    အလန်တွေ ချည်းဘဲ မက်မက်ရေ
    ရေးပါအုံးဗျ ... ဖတ်ချင်သေးတယ်ဗျာ...
    ReplyDelete
  20. ချစ်ချစ်ချစ်တဲ့မောင် ချစ်တဲ့ချစ်ချစ်ရေး ထားတဲ့ကဗျာ
    လေးကို ချစ်ချစ်ချစ်တဲ့မောင်ဖတ်ပြီးတော့ စိတ်ကူးယဉ်မိတာကလေ ချစ်ချစ်ချစ်တဲ့မောင်နဲ့ မောင်ချစ်တဲ့ချစ်ချစ်တို့ ထာဝရငြိမ်းချမ်းရာကောင်းကင်ဘုံမှာ သွားကစားကြမယ်လို့လေ....
    မောင်ချစ်တဲ့ချစ်ချစ်က မောင့်လိုပဲ ကဗျာရေးလဲကောင်းတယ်နော်
    အင်းပေါ့လေ ချစ်ချစ်ကမောင်ကိုချစ်တော့ ကဗျာလေးတွေကိုလဲ ခံစားတတ်မှာပေါ့လေ...
    သီချင်းလေးကိုနားထောင်ပြီး ရေးသလို
    မောင်တတွတ်တွတ်ပြောခဲ့ မပီကလာပီကလာတီတီတာတာတွေနားထောင်းပြီး
    စာရေးပါလားးး
    အဟီးး
    ကဗျာလေးကောင်းတယ် မက်မက်ရေး
    ကြိုက်တယ်ဗျ
    ချစ်ခင်လေးစားစွာဖြင့်
    ဖိုးစိန်
    ReplyDelete
  21. မက်မက်က စာတင်ဘယ်ဟုတ်မလဲ။ ကဗျာလဲ မိုက်ကိုးဗျ။ =)
    ReplyDelete
  22. မက်မက်
    ကောင်းကင်ဘုံသွားတော့မှာလားးးးးးးး။
    အလှူလေးတော့ ပြီးအောင်လုပ်ထားခဲ့ဦးလေ။ :D။
    ReplyDelete
  23. အချိုကြိုက်လွန်းတော့ သွားပိုးစားသွားတာ အဲမှားလို့ အသဲပိုးစားသွားတာ ဖြစ်မယ်.... နာဖျားနေတဲ့ နှလုံးတွေများလိုက်တာ....ပျော်ရွှင်ပါစေကွယ်...
    ReplyDelete
  24. တွေ့ ဆုံခြင်းရဲ့ အစဟာခွဲခွာခြင်းဆိုတာမှန်ပါတယ်
    ခွဲခွာခြင်းမှာနာကျင်ခြင်းတို့ မပါသွားဖို့ အတွက်
    ညိတွယ်မဲ့ သံယောဇဉ်တွေကို စစ်ပိုင်း၊ချွေတာ
    သုံးဆွဲသွားနိုင်ယင်အကောင်းဆုံးပဲပေါ့ ဗျာ..။
    နို့ မို့ ဆိုယင် အမြဲတန်းတဆစ်ဆစ်နာကျင်နေတော့ 
    မှာ။
    ReplyDelete
  25. ကဗျာလေးမိုက်တယ်ကွာ တီတီ့တူမလေး တီတီ့လိုပဲတော်လိုက်တာ အာဝါးးးးးးးးးးးးးးးးးးး
    ReplyDelete
  26. ဟိုနေ့က ကောင်းကင်ကြီး ပြိုကျလာတယ်လို့ အိပ်မက်မက်တာ တကယ်က Dream ကို လာပီး ဒူးထောက်တာကိုး ဟတ်ဟတ်
    ReplyDelete
  27. အချိုသိပ်မစားနဲ့ သွားပိုးစားလိမ့်မယ်။
    ဒါနဲ့ မြစ်နဒီတောင် လက်မှိုင်ချပြီး ကောင်းကင်တောင် ဒူးထောက် အရှုံးပေးတယ်ဆိုတော့ ဝမ်းတော်တော်နည်းနေပုံရတယ်၊ ဒီလိုလုပ်လေ ဝမ်းနှုတ်ဆေးလေး ဘာလေးသောက်ပါလား၊ ဒါမှမဟုတ် ဆပ်ပြာခဲထိပ်ချွန်ပြီး ဝမ်းချုကြည့်ပေါ့။ ဝမ်းနည်းလွန်းတယ် ဆိုလို့ နည်းပေးတာပါနော်....။
    အငိုလွယ် အရှိုက်ခက်တော့ မလုပ်နဲ့ တော်ကြာ အသက်ပါ ပါသွားမယ် သတိထား .......။
    နောင်တ မရခြင်ရင် နောင်ကို ဘယ်တော့မှ အပူမရှာနဲ့....။
    အရာအားလုံး ဝိုးတဝါးဖြစ်မှာပေါ့ အိပ်မှုံစုံမွှားနဲ့ ထကြည့်တာကိုးဟ နောက်ကို မျက်နှာလေးဘာလေး သစ်ပြီး လန်းဆန်းတော့မှ ကြည့်ပါ ဟုတ်ပြီလား။
    ထာဝရ ငြိမ်းခြမ်းရာ ကောင်းကင်ဘုံသို့တဲ့ ဟားဟား... အရင်ပဲ သေအောင် လုပ်ပါဦး ကောင်းကင်ဘုံ နောက်မှသွား...။ မသေရဲရင် ပြော လာသတ်ပေးမယ် ဘယ်နည်းနဲ့ သေချင်လဲသာပြော.......။
    ဒီမှာလဲ လက်ယားနေတာနဲ့ အတော်ပဲ....။
    ReplyDelete