မိကိုညာက၊ ဖကိုလက်ဝဲ၊ ကိုင်ဆွဲချီလျက်၊ ပခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျိုး၊ ရှေ့တင်ပိုးသည်၊ ကျေးဇူးလက်ပြိုင်၊ မဆပ်နိုင်ခဲ့။
မိဘနှစ်ပါးသည် မိမိတို့၏ သားသမီးများကို ကာလလရေကြည် သန္ဓေတည် စကတည်းက စတင်စောင့်ရှောက် ခဲ့သည်မှာ မိမိတစ်ဘ၀အတွက် ခန္ဓာချုပ်ငြိမ်းသည့် တိုင်အောင်ဖြစ်သည်။ မိဘတို့၏ မေတ္တာ၊ ကရုဏာ၊ စေတနာ တရားသည် သားသမီးများ အတွက် အနန္တကျေးဇူး တရားများပင် ဖြစ်သည်။ သားသမီး များအပေါ် မိဘ၏ အေးမြသန့်စင် ကြည်လင်သော မေတ္တာတရားမည်သည် လျော့နည်းသွားခြင်း မရှိပါဘူး။

အားလုံးသိကြတဲ့ အတိုင်း မိဘကျေးဇူးဆိုတာ အင်မတန် ကြီးမားတော့ ဘယ်လိုပင် ဆပ်ဆပ် မကျေနိုင်ပါဘူး ။မိဘနှစ်ပါးကို အတတ်နိုင်ဆုံး ကိုယ်ကစိတ် ချမ်းသာအောင် ထားချင်ပါ တယ်ပြောပြော သူတို့မှာလဲ ကိုယ့်ကြောင့်အပြည့်အ၀ ချမ်းသာမှု ရချင်မှ ရကြမှာပါ။ သားသမီးကို ချစ်တဲ့ မိဘတွေရဲ့ ဇောအဟုန်ကြောင့် ဟိုပူရ ၊ ဒီပူရနဲ့ ပူပင်စိုးရိမ် မှုတွေကြောင့်၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ ချမ်းသာမှု သူတို့တွေ ရချင်မှလဲ ရမှာပါ။ မက်မက်ကလဲ ယခုအချိန်ထိ မိဘကို ရာနှုန်းပြည့် အပြည့်အ၀ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ သေးပါဘူး။ သားသမီးတစ်ယောက်ရဲ့ ချို့ယွင်းမှုတွေလည်း အနည်းနဲ့အများ ရှိခဲ့သေးတာပဲ။
ယနေ့အသက် အရွယ်အထိ ကိုယ့်မိဘက ကျွေးမွေးပြုစု ခဲ့တဲ့ကျေးဇူးကို အမြဲနှလုံးသွင်းပြီး တဖန်ပြန် မိဘကို ကောင်းကောင်းမွန်မွန်နဲ့ အဆင့်မြင့်မြင့် ထားနိုင်ဖို့ ကြိုးစားခဲ့၊ကြိုးစားဆဲပါ။ ထိရောက်တဲ့ အတိုင်းအတာ တစ်ခုထိ ရောက်အောင် အဆင့်မြင့်မြင့်နဲ့ မထားနိုင် ခဲ့ပေမယ့် ကိုယ့်မိဘကို အသက်ထင်ရှားရှိစဉ် ပြန်လည်ပြုစု လုပ်ကျွေးနိုင်တဲ့ သားသမီး တစ်ဦးဖြစ်ခွင့် ရခဲ့တာကို ဂုဏ်ယူမိပါတယ်။
ဘယ်အရာ ပဲလုပ်လုပ် မိဘကို ကောင်းကောင်းမွန်မွန်လေး ထားချင်တဲ့ စိတ်အမြဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် မိဘကို ကိုယ့်ကိုယ်ပိုင် စွမ်းရည်နဲ့ ပြည့်စုံတဲ့ ဘ၀မှာ မထားနိုင်သေးတဲ့ မက်မက်မှာ တစ်ခါတစ်ခါ စိတ်အားငယ် မိပါတယ်။ ဒါပေမယ့် မွေးဖွားပေး လာခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကို အပြည့်အ၀ ကျေပွန်အောင် မဆပ်နိုင်သေးတဲ့ မက်မက်၊ ကိုယ်ပြုလုပ်ခဲ့တဲ့ အလှူအတန်း မှန်သမျှ မိဘနှစ်ပါးကို ရည်မှန်းပြီး သူတို့အစား လှူတန်းပြုလုပ် ပေးနိုင်တဲ့အတွက် ပီတဖြစ် ရပါတယ်။
အဖေနဲ့ အမေတို့ကို ခြံကျယ်ဝန်းကျယ် အိမ်ကြီး၊ အိမ်ကောင်းမှာ မထားနိုင်ပေမယ့် မိဘတွေ ကိုယ်စား ဇရပ်ဆောက်ဖို့ အလုပ်လုပ်ရင်း မြေကွက်ဝယ် လှူနိုင်ခဲ့တယ်။ မိဘကို ဘုရားတည် ကျောင်းဆောက်ပြီး ဘုရားဒကာ ၊ ကျောင်းဒကာ တစ်ဦးတည်း အလှူရှင်အဖြစ် မထောက်ပံ့ ပေးနိုင်ခဲ့ပေမယ့် မိဘတို့ကို ဘုရားဒကာ၊ ကျောင်းဒကာ ဖြစ်ခွင့်ရစေ နိုင်ခဲ့တယ်။ မက်မက်ယနေ့ အချိန်ထိ ကိုယ်လှူဒါန်းမှု ပြုသမျှ ကိစ္စအ၀၀ တို့သည် မိဘရဲ့ ကျေးဇူးတရား ကြောင့်သာလျှင် ဤသို့ပြုလုပ် လှူဒါန်းခွင့် ရစေတာပါ။
ဥစ္စာတွေ ဘယ်လောက်ပေါပေါ၊ ရုပ်တွေဘယ်လောက်ချောချော၊ ပညာတွေဘယ် လောက်တတ်တတ်၊ ဆွေမျိုး အသိုင်းအ၀န်းတွေ ဘယ်လောက်တောင့်တောင့်၊ ရာထူးတွေ ဘယ်လောက်ပဲကြီးကြီး ဒါတွေအားလုံးဟာ မိဘနှစ်ပါးက ပေးခဲ့တဲ့ အမွေတွေပါ။ဒါကြောင့်စကား တစ်ရပ်ရှိခဲ့ ဖူးပါသည်။
~မိဘရဲ့မေတ္တာကို ကောင်းကင်က လမင်းကြီးနဲ့ မနှိုင်းပါနဲ့။ မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။
~လမင်းကြီးမှာတော့ လသာရက်၊ လမိုက်ရက်ဆိုတာ ရှိပေမယ့် မိဘနှစ်ပါးမှာတော့ မေတ္တာ ကင်းတဲ့ ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။
~မိဘရဲ့မေတ္တာကို တောတောင်လျှို မြောင်ကြားက စမ်းရေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့ မတူနိုင်ပါဘူး။
~စမ်းရေဟာ တစ်ခါတစ်ရံမှာ ခမ်းခြောက်သွား တတ်ပေမယ့် မိဘရဲ့မေတ္တာဟာ ဘယ်တော့မှ ခန်းခြောက်မသွား လို့ပါပဲ။
~မိဘရဲ့မေတ္တာကို သိပ်လှတဲ့ ပန်းပွင့်တွေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့ မတူနိုင်ပါဘူး။
~ပန်းတွေဟာ မကြာမီ နွမ်းခြောက်သွား တတ်ပေမယ့် မိဘနှစ်ပါးရဲ့ ရင်တွင်းက မေတ္တာပန်းပွင့် တွေကတော့ ဘယ်တော့မှ နွမ်းခြောက်မသွား လို့ပါပဲ။
~မိဘရဲ့မေတ္တာကို သိပ်လုံခြုံတဲ့ အိမ်ကလေး တွေနဲ့လည်း မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ အိမ်ကလေးတွေနဲ့ မတူနိုင်ပါဘူး။
~အိမ်ကလေးတွေဟာ အချိန်ကြာ လာတာနဲ့အမျှ အိုမင်းယိုင်နဲ့သွား တတ်ကြပေမယ့် မိဘနှစ်ပါးရဲ့မေတ္တာကတော့ ဘယ်တော့မှ အိုမင်းမသွား ကြလို့ပါပဲ။
ဂျူလိုင်၁၂ ရက်နေ့မှာ ကျရောက်တဲ့ မွေးသဖခင်ဧ။် ၈၄နှစ်ပြည့် မွေးနေ့နှင့် ဂျူလိုင်၁၅ ရက်နေ့တွင် ကျရောက်မယ့် မွေးသမိခင်ဧ။် ၆၂ နှစ်ပြည့်မွေးနေ့ ကိုအမှူးထား၍ ဂျူလိုင်လဖွား မွေးနေ့ရှင်များ အားလုံးကိုယ်စား ယနေ့လှူဒါန်းပြု လုပ်ရသော ဒါနကုသိုလ် ဆောက်တည်ရသော သီလကုသိုလ် အစုစုတို့ကို ယခုပို့စ်ကို ဖတ်ရှုနေသော သင်နှင့်တကွ မက်မက်ရဲ့ စာဖတ် ပရိတ်သတ် မိတ်ဆွေ၊ သူငယ်ချင်းများ အားလုံးဖြစ်တဲ့ (၇) ရက်သားသမီး အပေါင်းတို့အား အမျှကုသိုလ် ပေးဝေပါတယ်.... ၀မ်းမြောက် ၀မ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုနိုင် ကြပါစေ။
သာဓု...သာဓု....သာဓု
ဂျူလိုင်လ၁၂ရက်နေ့တွင် ကျရောက်သော မွေးသဖခင်ဧ။် မွေးနေ့နှင့် ဂျူလိုင်လ ၁၅ရက်တွင် ကြရောက်မယ့် မက်မက်ရဲ့ မွေးအမေ အပါအ၀င် ဂျူလိုင်လ ၁၂ရက်နေ့ တွင် မက်မက်အဖေနှင့် မွေးနေ့တစ်ရက်ထဲ ကျရောက်ခဲ့တဲ့ မွေးနေ့ရှင် ဓမ္မမိတ်ဆွေ မောင်လေးဖိုးသားရဲ့ မွေးသမိခင် ဒေါ်မြင့်အုန်း၊ အဲဒီနောက် ဘလော့ဂါ မိတ်ဆွေများ ဖြစ်ကြသော ဂျူလိုင်၆ရက် မွေးနေ့ရှင် ကိုတိုးလေး၊ မွေးရက်တူများ ဖြစ်ကြတဲ့ ဂျူလိုင်လ ၉ရက် မွေးနေ့ရှင် ဘုန်းဘုန်းကောဝိဒ (စစ်ကိုင်း) နှင့် မောင်လေးသုခရိပ်၊ ဂျူလိုင်လ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့တဲ့ မွေးနေ့ရှင် တီတီသစ္စာအလင်း၊ ဂျူလိုင်၂၀ရက်နေ့တွင် ကြရောက်မယ့် မွေးနေ့ရှင် အစ်မမယမင်း၊ ဂျူလိုင်၂၂ရက်နေ့တွင် ကြရောက်မယ့် မွေးနေ့ရှင် ကိုဖိုးစိန်၊ ဂျူလိုင်လ ၂၉ရက်နေ့တွင် မွေးနေ့ကျ ရောက်မယ့် မွေးနေ့ရှင် ချမ်းမြေ့ဆရာတော်၊ ဂျူလိုင်လ ၃၁ ရက်နေ့တွင် ကျရောက်မယ့် အစ်ကိုကြီး ဦးဝိမုတ္တိသုခ တို့ကိုဖြင့် ဂျူလိုင်လဖွား မွေးနေ့ရှင် များအဖြစ် မက်မက်အမြဲ အမှတ်ရ နေမှာပါ။
HAPPY BIRTHDAY ပါဒယ်ဒီနှင့် မေမေကြီးရေ.....မိသားစုဘ၀ အတိုင်းအတာ တစ်ခုအထိ ပြည့်စုံဖို့ မွေးရပ်မြေမှ ခဏတာ ခွဲထွက်ပြီး ဝေးရပ်မှာ ရှိနေပေမယ့် တစ်ချိန်အနားမှာ ပြုစုလုပ်ကျွေး နိုင်စေဖို့ အသက်ရှည်၊ ကျန်းမာစွာဖြင့် စောင့်နေပေးပါ။ အဖေနှင့်အမေ ကျမ်းမာပျော်ရွှင် စိတ်ချမ်းသာပါစေ။
မိဘမေတ္တာဆိုတာ ဘယ်ပန်းချီဆရာမှ ပုံတူဆွဲ လို့မရဘူး၊ ဘယ်ကဗျာ ဆရာမှ ဖွဲ့ဆိုညွှန်းလို့ မရဘူး၊ ဘယ်တေးရေး ဆရာမှ ညွှန်းဖွဲ့ သီဆိုလို့ မရနိုင်ပါဘူး။ ဘုရားနှင့် တဂိုဏ်းတည်း အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိဘရဲ့ မေတ္တာ ရဟတ်ကြီးဟာ မရပ်တန်း လည်သလိုပါပဲ၊ ဘယ်မှာရှာရှာ မိဘမေတ္တာလောက် အေးမြငြိမ်းချမ်းတဲ့ နေရာ ဘယ်မှာမှ မရှိပါဘူး ၊ လူ့ဘ၀မှာ တုနှိုင်းယှဉ်လို့ မရတာ မိဘမေတ္တာပါ။ ဒါကြောင့် ဘယ်ပန်းချီရေးလို့ မမီဆိုတဲ့ သီချင်းလေးကို ရင်ဘတ်နဲ့ ခံစားနားထောင် နိုင်ရန်တင်ဆက် ပေးလိုက်ပါတယ်။
ဘယ်ပန်းချီရေးလို့မမီ
ချစ်မေတ္တာ တွေသည် ညွှန်းစာနွဲ့ ဖွဲ့လို့မမီ...
အဏ္ဏ၀ါ သမုဒ်မင်ပြာတွေ ကုန်စေ့မည်
အာကာတစ်ခွင် လုံးဆုံးတော့ ပေလွှာ မဆုံးပြီ
နှလုံးသားမှာ ချိုစွာ ညွှန်းဆိုနှော ပြောပြပေသည်...
ခင်တွယ်စရာ မိဘဟူသည် အစားထိုးဖွယ် မရှိသည်
ထာဝရဘုရားနဲ့ တကယ်ပင် တရားသဘောညီ
အို~~~တစ်ဂိုဏ်းတည်း နှိုင်းခဲ့ကြသည်
မိဘရဲ့ အသည်းနှလုံး
အပြုံးနဲ့ ယှဉ်ကာသာနှော
ချစ်ဇော ရဟတ် မပြတ်လည်သည်...
တကယ်ပင် တေးဖွဲ့လို့သီ မမီခဲ့ပြီ
အစဉ်သာနှိုင်းတု လူ့တခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည် အသက်ကိုမနှေး ပေးအပ်ပါမည်

စားသာစားသွားတယ်။ ဘာမှန်း မသိလိုက်ဘူး။ အိမ်တက်မှတ်လို့။ အဟီး။ :D
ReplyDeleteမDream ရဲ့ မွေးသဖခင်နဲ့ မွေးသမိခင် အသက်ရာကျော် ရှည်စေဖို့ ဆုတောင်းပေးပါတယ်။
မှန်ပါတယ် ညီမလေးရေ၊ မိဘ မေတ္တာက ဘယ်တော့မှ မယိုင်လဲသွားပါဘူး၊
ReplyDeleteတို့လဲ ဂျုလိုင်လ မွေးသူ တယောက်ပါ:)
သာဓုပါ မက်မက်ရေ...။
ReplyDeleteဖေဖေ၊မေမေ တို့ ရဲ့ မွေးနေ့ တွေ အတွက် ကိုယ်တိုင် ကိုယ်ကျ ကုသိုလ်ပြုပေးနိုင်တဲ့ အတွက်လည်း အားကျဂုဏ်ယူမိပါတယ်..။
မက်မက်ရဲ့ဖေဖေမေမေနဲ့ တကွ မိသားစုအားလုံး သက်ထက်ဆုံးပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..။
မက်မက် ဖေဖေနဲ့ မေမေ မွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သက်ရာကျော်ရှည်ပြီး သာသနာအကျိုးကို ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ReplyDeleteဂျုလိုင်လဖွား ယောက်ခမများအတွက် ဆုတောင်းပေးသွားတယ် ချစ်ရေ...
ReplyDeleteွှအထူးတလယ် ဆုတောင်းပေးဖို့မလိုဖူးထင်ပါတယ်..
ချစ်ချစ်ချစ်တဲ့မောင် ချစ်တဲ့ ချစ်ချစ် ရဲ့ မိဘတွေဆိုတော့
မောင့်မိဘတွေပဲပေါ့ ချစ်ချစ်ရယ်...
အဟီးး
ဂျုလိုင်လဖွားမွေးနေ့ရှင်များ အားလုံး စိတ်ချမ်းသာလို့ ပျော်ရွှင်ကြပါစေ
မက်မက်ရဲ့ မိဘနှစ်ပါးလဲ အသက်ရာကျော်ရှည်လို့ ကျမ်းမာစွာ လိမ်မာသော သမီးလေးမက်မက်နဲ့တူတူ နေသွားနိုင်ပါစေလို့
ကျနော်ဆုတောင်းပေးခဲ့ပါတယ်...
ကျနော့်မွေးနေ့လေးကို အမှတ်တရရှိတဲ့အတွက်လဲ မက်မက်ကို ကျေးဇူးတင်ပါတယ်..
you are always my beloved sister ;)
ချစ်ခင်ခြင်းများစွာဖြင့်
ဖိုးစိန်
မက်မက် ရေ... လိမ္မာလိုက်တဲ့ သမီးလေး...။ ဒီစာလေး အတွက် သာဓု ခေါ်ပါတယ်ရှင်..။ မိဘ နှစ်ပါးကို စိတ်ချမ်းမြေ့စွာ ထားနိုင်ပြီး မိဘ ရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်စည်းပေးနိုင်သော သမီးလေး ဖြစ်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်..။
ReplyDeleteမေလေးနဲ့လည်း မွေးလ တူတူပဲနော်။ မက်မက်မေမေနဲ့ဖေဖေက ။ မေလေ့းမေနဲ့ဖေလည်း တူတူပဲ။ နောက်နှစ်ပေါင်းများစွာထိ မေနဲ့ဖေတို့ ကျန်းမာပျော်ရွှင်ဖို့ မက်နဲ့အတူ မေလေးလည်း ဆုတောင်းပေးပါတယ်။
ReplyDeletemaylay
လိမ်မာလိုက်တာနော်မိဘမေတ္တာဆိုတာဘယ်တော့မှာ ယိုင်လဲမသွားဘူး။ ဂျူလိုင်လဖွားများကို အမြဲတမ်းအမှတ်တရဖြစ်နေမှာပါနော်။ တီတီလေး မက်မက်ရဲ့ဖေဖေမေမေနဲ့တကွ မိသားစုအားလုံးသက်ဆုံးတိုင် ထာဝရပျော်ရွင်စွာနဲ့နေသွားနိုင်ပါစေလို့ဆုတောင်းပေးသွားပါတယ်။ သာသနာ့အကျိုးကို ဆထက်တိုးအောင်ဆောင်ရွက်နိုင်ပါစေဗျာ။
ReplyDeleteခင်မင်လျက်
ကိုတိုးလေး
အမရေ ဒီတစ်ခါတော့
ReplyDeleteစကားပီသွားပြီ...။
မိဘနှစ်ပါးရဲ့ကျေးဇူးကိုသိတတ်တဲ့သမီးအလိမ္မာလေး
ဘဝတစ်လျောက်လုံးမှာ
ပင်ပင်ပန်းပန်းငွေရှာရသူတွေလို မပင်ပန်းပါစေနဲ့..။
နေ့မနား ညမအားရသူတွေလို မကြိုးစားပဲ အောင်မြင်မှုရပါစေ..။
ဘဝတစ်လျောက်လုံးမှာလဲ လိုတိုင်းတ ရနိုင်ပါစေ..။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ..။
မိဘမေတ္တာရောင်ပြန်ဟတ်နိုင်ပါစေ လို့ 
ဆုတောင်းပေးလိုက်ပါတယ်...။
ခင်မင်စွာဖြင့်
စည်သူ။
မမက်မက်ရဲ့  အလှူအတွက် ထပ်တူမေတ္တာပွား မိပါတယ်ဗျာ။ ဂျူလိုင်လမှာ ကျရောက်တဲ့ ကျနော့ကိုသူ့ မြေးနှင့်မှားသွားတဲ့ အန်တီ (မမက်မက်တို့ ရဲ့ မေမေ) နှင့် အန်ကယ် တို့  သက်တော်ရာကျော်ရှည်ပြီး အလှူဒါကာ အလှူ့ အမ များဖြစ်ကြပါစေ။ မမက်မက်လို သမီးတစ်ယောက်မွေးထားမိတဲ့အတွက် 99% လောက် သူတို့ ဂုဏ်ယူပြီးပျော်နေမှာပါ။
ReplyDeleteP.s အဲဒီနေ့ မှာ ဝါးတီးဆွဲခဲ့ပါသည်။ :)
ခင်မင်ခြင်းနှင့်
တလနွန်
ဟက်ပီး ဇူလိုင်
ReplyDeleteဖေဖေ မေမေ ကျမ်းမာကြပါစေ။ ဆုတောင်းပေးခဲ့ပါတယ်။
ဖွားမေ့ ရဲ့ မွေးသဖခင်နဲ့ မွေးသမိခင် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ကျန်းမာချမ်းသာကြစေဖို့ ဆုတောင်းပါတယ်။
ReplyDeleteဒီမှာလဲ တခါ ပြန်ပီး သာဓု သုံးကြီမ် ခေါ်သွားပါတယ်။
သာဓု
သာဓု
သာဓု
သာဓုပါ မက်၂ရေ
ReplyDeleteလေးစားအားကျပါတယ်
အလည်လာတဲ့ မောင်နှမတွေကိုလဲ ကျေးဇူးတင်ပါတယ်.... ၀မ်းပန်းတသာ သာဓုခေါ်သံနဲ့ ပီတိဖြစ်ရပါတယ်....
ReplyDeleteဂျူလိုင်လဖွား တီကောင်းရေ မှတ်ထားလိုက်မယ်နော်...ဒါပေမယ့် ဘယ်နေ့လဲ ဆိုတာ ပြောလဲ မပြောသွားဘူး ...ဆိုးပါ့...
မေလေးဖေဖေနဲ့မေမေလဲ အဲဒီရက်တွေပဲလား .. ဒါဆို ထပ်တူကျတာပေါ့... ပျော်စရာကြီး မှတ်ထားလိုက်မယ်နော.်..
မိဘတွေအတွက် ကုသိုလ် ဒါနပြုပေးတဲ့ အစ်မရဲ့ ကောင်းမှုကုသိုလ်များ အတွက် သာဓု ခေါ်ဆိုပါတယ်ဗျာ
ReplyDeleteမိဘကျေးဇူး သိတတ်တဲ့ မက်မက်လေး။ ခုနေ ကိုယ်မျှော်မှန်းသလောက် ပြည့်စုံအောင် မထားပေးနိုင်ပေမဲ့ ရည်ရွယ်ချက်ရှိရင် အောင်မြင်မှာပါ။ ကောင်းတဲ့ ရည်ရွယ်ချက်ဟာ ပြည့်ဝတတ်ပါတယ်။ မျှော်လင့်ထားသလောက် မလုပ်ပေးနိုင်သေးပေမဲ့လည်း မိဘကို စိတ်ချမ်းသာအောင် ထားပေးနိုင်ရင်ကို တော်တော်ပြည့်စုံနေပါပြီ။ မက်မက်ရဲ့ မိဘနှစ်ပါး စိတ်ချမ်းသာ ပျော်ရွှင်ပြီး မက်မက်စိတ်တိုင်းကျ ပြည့်စုံစွာ နေနိုင်ပြီး မက်မက်ရဲ့ အတူနေ ပြုစုခြင်းကို ရနိုင်ကြပါစေ
ReplyDeleteး))
ReplyDeleteဒွင်း ဖေဖေနဲ့ မေမေ အသက်ရာကျော်ရှည်ပါစေ
သာသနာပြုနိုင်ပါစေနော်း)
အမရေ.ဒီပို့စ်လေးကို ဖတ်ပီ ဥမ္မာငိုချင် သွားတယ်. မေမေဘာဘာကို သတိရလို့..
ReplyDelete