အချစ်..အချစ်..အချစ်..အချစ်...တကယ်တော့ အချစ်ဆိုတာ ဟာဘာလဲ..... အချစ်ဆိုသည်မှာ ဘာလဲ....အိပ်မက်ဆိုတဲ့ ကောင်မလေး အူကြောင်ကြောင် နိုင်စွာနဲ့ တော်တော်လေးကို စဉ်းစားလိုက် ရပါတယ်။
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
ငါကိုယ်တိုင် အချစ်ဟာ ဘာလဲ မသိတော့ပါ။ တခါတလေမှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်း လိုက်ချင်လည်း ....တခါတလေတော့ အချစ်နဲ့ ဝေးချင်တယ်။
အချစ်ဆိုတာကို မြန်မာနိုင်ငံက လူတွေသာမက ကမ္ဘာမှာ ရှိရှိသမျှသော သူတွေက အဓိပ္ပာယ် မျိုးစုံနဲ့ ဖွင့်ဆိုခဲ့ ကြပါတယ်။လူတိုင်းလူ တိုင်းဟာလည်း ကိုယ်အားသန်ရာ အတွေးတွေနဲ့ အမျိုးမျိုး ဖွဲ့ဆိုကြပါတယ်။ အချစ်ဆိုတာကို ကဗျာဆရာက ကဗျာလေးတွေနဲ့ ဖွဲ့ဆိုကြသလို၊ ဒဿန ဆရာတွေကလည်း ဒဿနလေး တွေနဲ့ဖွဲ့ ဆိုကြပါတယ်။ တရားဟော ဆရာတွေကလည်း ဓမ္မလေးတွေနဲ့ ဖွဲ့ဆိုကြပြန်ရော၊ စသဖြင့်ပေါ့လေ။ အမျိုးမျိုးပေါ့။ တကယ်တော့ အချစ်ဆိုတာ လူသားတွေရဲ့ နှလုံးသားကို ဝေဒနာတို့ဖြင့် ရှင်သန်နေ စေတာပါ။ ဒါကမက်မက် နားလည်သလောက်ပါ။ နဲနဲချစ်ရင် နဲနဲပဲ ဝေဒနာ ခံစားရမယ်။ အများကြီးချစ်ရင် အများကြီး ခံစားရမယ်။
ဒါဆိုရင် ဝေဒနာတို့ဖြင့် နှလုံးသားကို ရှင်သန်စေသော အရာကို အချစ်ဟု ခေါ်သည်လို့ အဓိပ္ပာယ် သတ်မှတ်လို့ ရသွားပြန်တယ်နော်။နေ့တစ်နေ့ကို ပေါ့ပါးလန်းဆန်းစွာ နိုးထစေခဲ့ပြီး ဝေဒနာတို့ဖြင့် ရှင်သန်မှု ပေးသော အရာကို အချစ်ဟုခေါ်သည်။ မေတ္တာ၊ ကရုဏာ၊ စေသနာ၊ မုဒိတာ စတာတွေက ၅၂၈ ကိုနွယ်ပြီး၊ သမီးရည်းစား အချစ်ကြတော့ ၁၅၀၀ လို့ခေါ်တဲ့ တဏှာဘက်ကို ကူးသွားတော့ လူတွေကို ဝေဒနာတွေနဲ့ ပူလောင်စေ ပြန်တယ်နော်။ တွေးတော ရင်းနဲ့တောင် အင်မတန် စိတ်မှာ ပူလောင်ရပါတယ်။

တကယ်တော့ အချစ်ဆိုတာကို ဘယ်သူမှ ရေရေရာရာ တိတိကျကျ မသိကြပါဘူး။ အချစ်ဆိုတာ ဘာလဲသိကြရင် အဖြေတွေ ဟာလည်းဒီလို အများကြီး ထွက်လာစရာ မရှိဘူးလေ။အချစ်ဆိုတာ ဘာလဲ သူတို့ကိုယ် တိုင်တောင် မသိကြ ပါဘူးနော်။ ဒါကြောင့် မက်မက်လည်း မသိပါဘူး။ လူတိုင်းမှာ ချစ်တတ်တဲ့ စိတ်ကလေး တွေတော့ ရှိကြတာပဲ။ လူတွေမပြောနဲ့ တိရိစ္ဆာန် တွေတောင် ချစ်တတ်ကြပါတယ်။ ချစ်တတ်တာ တော့သိတယ်။ဟုတ်ပြီ၊ ဘာကြောင့် ချစ်တာလဲ၊ အကြောင်း တရားတော့ ရှိရမယ်နော်။ ဥပမာ မုန့်ဟင်းခါးကို ချစ်လို့ စားတာလား၊ ကြိုက်လို့စား တာလား။ ဟဲဟဲ...ကြိုက်လို့စား တာပေါ့လို့ အားလုံးက တစ်ညီတညွတ် ထဲဖြေမှာ ကျိန်းသေပါတယ်။ဒါဆိုရင် စဉ်းစားကြည့်လိုက်ပေါ့။ ကြိုက်တယ်ဆိုတာ ပိုင်ဆိုင်မှု သဘော သက်ရောက် သွားပြီနော်။ အချစ်ဆိုတဲ့ အဓိပ္ပာယ် ကျတော့ ဆန့်ကျင်ဘက် ဖြစ်သွားပြန်ရော။
ဘ၀ဒဿန စာရေးဆရာ ရဲ့ ကဗျာလေးကို ဖတ်ရတော့ အလှနဲ့အချစ် ဟာဒွန်တွဲနေတယ် ဆိုတာ သိလိုက်ရတယ်။ ဘ၀ဒဿန စာရေးဆရာ ကာလီဂျီဗရန်း(1883-1931)က
"သဘာဝတွင် အလှသည် အဓိက
အလှ ဟူရာတွင်လည်း...
အလှ၌ အချစ်စစ်သည် တည်သောကြောင့်ဖြစ်၏။
အလှတွင် တည်သော အချစ်ကို တွေ့ရခြင်းသည်
ဘ၀၏ ပြင်းစွာသော မျှော်လင့်ချက်ပင်" ဖြစ်သည်ဟု စပ်ဆိုထားပါတယ်။
ဒါဆိုရင် လှတယ်ဆိုတာ လူတယောက်ရဲ့ စိတ်ကို စွဲဆောင်နိုင်သော အရာကို ခေါ်တာပါ။ သူအပေါ် ဖြစ်ပေါ်လာတဲ့ အချစ်ဟာ ပေးကမ်းရန် သာဖြစ်ပြီး ရယူပိုင်ဆိုင်ဖို့ မဟုတ်ပါဘူး။ ဥပမာ မိန်းမလှ တယောက်ကို တွေ့ရင် သင့်နှလုံးသားက အဲဒီအလှကို လွမ်းမိုးဖို့ ဆွဲယူပါလိမ့်မယ်။ အဲဒီအခါ သင့်ကိုယ်မှာ ကြေကွဲခြင်း ဝေဒနာနဲ့ ပျော်ရွှင်ခြင်း ဝေဒနာ တို့ပေါင်းစပ် မိသွားကြတယ်။ ဒီလိုပေါင်းစပ်တာကို သင်ကိုယ်တိုင် သိမှာ မဟုတ်ပါဘူး။ သိခဲ့တယ် ဆိုရင်တောင် ၀ိုးတိုးဝါးတား လောက်ပဲဖြစ်မှာပါ။ဒါဆို စိတ်နှင့်ဝိညာဉ်ကို စွဲဆောင် နိုင်သော အရာကို အလှဟု ခေါ်သည်လို့ အဓိပ္ပာယ် ဖွင့်ဆိုလို့ ရပြန်ရော။ သူ့အပေါ်၌ ဖြစ်ပေါ်လာတဲ့ အချစ်သည် ပေးကမ်းရန် သာဖြစ်ပြီး ရယူရန် မဖြစ်တော့ဘူး။
အချစ်ဆိုတာ သေဆုံးခြင်း မရှိသော အရာပါ။ ဒါပေမယ့် ဘ၀ကို ပြာကျစေ နိုင်လောက်တဲ့ အရာလည်း ဖြစ်ပြန်ရော။ ကဗျာ ဆရာတွေ ဘယ်လိုဖွဲ့နွဲ့ ခဲ့ကြမှန်းတော့ မက်မက်မသိ၊ ဒဿန ဆရာတွေ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုကြမှန်း မက်မက် နားမလည်။ မက်မက် နားလည်လိုက် တာကတော့ သူ့ကိုချစ် ခဲ့ဖူးသည်။ သူမမှာ အင်မတန် ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်တာတော့ သူမသိသည်။ အချစ်ဆိုတာ သေဆုံးခြင်း မရှိသော ဘ၀ကိုပြာကျ စေနိုင်သော မီးတောက်မဲ့ အိပ်မက်မြစ် တစ်ခုလိုမျိုး ဆိုတာကို သူမသိသည်။
~~~~အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ် တစ်ခု၊ ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါ အခု။ မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တခု.....၅၂၈ ထက်ပိုရင် နှောင်ဖွဲ့တွေစု...~~~~
အချစ်ဆိုတာ ပိုင်ဆိုင်ခြင်း တော့မဟုတ်ဘူး။ ဒါဆိုရင် စွန့်လွတ်ခြင်းလား။ ဘယ်သူမှ သေချာနား မလည်ပါဘူး။ ဒီတော့ မက်မက်လဲ နားမလည်ဘူး ။အခု ဒီပို့စ်ကို ဖတ်နေတဲ့ သင်ရော...အချစ်ဆိုတာ ဘာလဲ? သိလား? သိရင်ပြောပြ။ :D

တက်ဂ်တွေကို ဘယ်သူ့ကိုမှ မရေးခိုင်း တော့ဘူးလို့ ဆိုပေမယ့် အချစ်ဆိုတာ ဘာလဲဆိုတဲ့ အကြောင်းလေးကို သူတို့လေးတွေ ဆီကနေလဲ သိချင်သေးတယ်။ဟဲဟဲ.....ရေးပေးမယ် ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ထာဝရ လက်တွဲနိုင်မှာနော်။မဟုတ်ရင်တော့...မသိ..ဟိဟိ :P
မက်မက် သိချင်တာက သူတို့တွေ ပြောတဲ့
အ
ချစ်
ဆို
သည်
မှာ
ဘာ
လဲ
?
ဆို
တဲ့
အ
ကြောင်း
လေး
ပါ
နော်
မက်မက် သိချင်တာက သူတို့တွေ ပြောတဲ့
အ
ချစ်
ဆို
သည်
မှာ
ဘာ
လဲ
?
ဆို
တဲ့
အ
ကြောင်း
လေး
ပါ
နော်
အင်း....ခလေး သိချင်တဲ့အချစ်ကို ကြားထဲက ဝင်လျှာရှည်ခွင့်ပြုကွယ်...နော်....။
ReplyDeleteတိတ်တခိုးလေး တွေအတွက် ရည်စူးပြီးရေးထားတယ်...
http://winnlatt.blogspot.com/2009/07/blog-post_26.html
ချစ်တတ်လွန်းတော့
ReplyDeleteရင်ထဲမွန်းကျပ်
မနေတတ်ခဲ့။
ပေးဆပ်လွန်းတော့
အသဲကျွမ်း မတတ်
ဒဏ်ရာထပ်ခဲ့။
မွှေးရနံ့သင်း
ချစ်ပန်းခင်းလေး
နမ်းခိုက်ကြုံသူ
လေအချူမှာ
ရင်အပူ...သူ...မသိပါစေနဲ့။ ။
ဦးဦးဝင်းလတ်ရေ....ဦးဦးကဗျာကို ကူးပြီးမှတ်ထားတယ်... ဟိဟိ...
အချစ်ကို သိဖို့ 
ReplyDeleteအိမ်က ချစ်ချစ်ကို မောင်ပြန်မေးလိုက်အုံးမယ် ချစ်ချစ်
ချစ်တဲ့မောင် ချစ်တဲ့ချစ်ချစ်က အချစ်အကြောင်းကို သိကောင်းသိပါလိမ့်မယ်လေ....
မောင်ကတော့ အချစ်ဆိုတာကိုနားမလည်ဘူးနော်...
ဒါဖဲ့
ချစ်ချစ်ချစ်တဲ့မောင်ချစ်တဲ့ချစ်ချစ်ရဲ့ မောင်
ဖွတ်ချိန်
အချစ်ကို အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားနေရတာနဲ့ကို ဘဝမှာ ပင်ပန်းနေပါပြီဗျာ
ReplyDeleteအချစ်ကြောင်းလေးတွေ လေ့လာသွားပါတယ်
ReplyDeleteအဲလိုလား အချစ်ဆိုတာ?
အင်းအင်း
အချစ်လား သူဖျားနေတယ်တဲ့....စိတ်ထဲပေါ်လာလို့ ချရေးလိုက်တာ...ဘုရားကတော့ အချစ်သုံးမျိုးရှိသတဲ့ သိချင်ရင် ကျတော့ ဘလော့ကိုလာခဲ့...အုန်းနို့ခေါက်ဆွဲ စားချင်သေးသဗျ..အလှူထက်မလုပ်တော့ဘူးလား..
ReplyDeleteဒီတစ်ခါတော့ ဓါတ်လှေကားက နေလာခဲ့မယ်...
အချစ်ဆိုတာလား..၊၊နောက်မှ အချစ်ဒဿနတွေ ပို့စ်အဖြစ်တင်ပေးမယ် ဟုတ်ပြီလား အဲဒီတော့လာကြည့်ပေါ့နော် အခုဦးဦးလည်း အချစ်ကို သွားရှာဖွေလိုက်ဦးမယ်..:P
ReplyDeleteအချစ်ဆိုသည်မှာ........................ လူတွေ အများကြီး သီချင်းဆိုထားတယ်... အမျိုးမျိုးပဲ.... ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ....
ReplyDeleteအချစ်ဆိုတာ ရယူခြင်းမှမဟုတ်ပဲ.....
အဲ့ဒါသီချင်းတွေ.... ဟိဟိ ...နောင့် လဲနားမလည်ဘူး သေချာတော့....။
ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ
ReplyDeleteဘတ်ကိုလည်း ပြောပြဦးလေ
နာမလည် လည်း စောင့်နေဆဲ
စောင့်နေဆဲ............
သီဆိုသူ -ဘတ်ကြီး
ခင်တဲ့
ဘတ်ကြီး
မက်မက်ရေ အချစ်ပိုစ့်မှလာတက်ရလေခြင်း။ အီးဟီးဟီး
ReplyDeleteအပျိုကြီးတော့ ဒွတ်ခပါပဲ။ သြော် အချစ် အချစ်...??????
ရေးပေးမယ်နော် ကြာကြာစောင့် :P
ခုတော့ အားဝါးပဲအရင်ပေးလိုက်ပြီ။ ကျေနပ်နေအုံး။
ဒုက္ခ မက်မက်ရယ်။ အပျိုကြီးဆိုပါမှ အချစ်ဆိုတာ ဘာလဲံ တဲ့လား။ ဒီကလေးမနှယ်။ :)
ReplyDeleteအာ.၀ါးးတော့ အရင်ပေးခဲ့မယ်။
ူLove is like a wind you can't see it but you can feel it.
ReplyDeleteအဲဒါ အချစ်ပဲ။ ဒါပေမဲ့ လူတဦးခြင်းစီပေါ်မူတည်ပြီး ခံစားချက် အတိမ် အနက်တော့ ကွာမှာပေါ့လေ......။
ရှေးလူကြီးတွေ ပြောကြတာက အချစ်ဆိုတာ မီးလိုပဲတဲ့။
ReplyDeleteကိုပုလုကွေး လိုပဲ အုန်းနို့ ခေါက်ဆွဲထပ်စားချင်တယ် နောက်ပြီး ဓါတ်လှေကားကနေ တက်လာပါ့မယ်
တဂ်ထားတာလေး ရေးကြည့်အုံးမည်.မသိမရှိတော့ ရေးတာနည်းနည်းကြာမယ် :)
အချစ်ပိုစ့်တွေ မရေးဘူးလို့ ဆုံးဖြတ်ထားတာ အခုတော့ tagခံရပြီး(
ReplyDeleteပြန်လာမှရေးပေးမယ်...
wait long long နော်...ဟဲ :D
ခင်မင်စွာဖြင့်
တီတီမောင်
ဖတ်လို.တော.ကောင်းတယ်ဟ မက်မက် အိမ်လာရတာ
ReplyDeleteအေးချမ်းတယ်ဟာ .... အဲဒါကြောင်.ပြောတာ
ရှေးလူကြီးတွေက ဘုရားရိပ် တရားရိပ်က အိပ်လို.
ကောင်းတယ်ဆိုဘဲ :D အချစ်ဆိုသည်မှာ သိချင်ရင်
တော. ထွန်းအိန္ဒြာဗို သီချင်းသာ သေချာနားထောင်
တော. မက်မက်ရေ :)
ချစ်တူမလေးရေ..ချစ်လို့ တက်ဂ်ထားတဲ့ ”အချစ် ဆိုတဲ့အကြောင်း”ကို ချစ်တတ်တဲ့ နှလုံးသား တံခါးကို ဖွင့်ပြီး
ReplyDeleteအချစ်ကလောင်နဲ့ စာစီပါ့မယ်....ချစ်ရင် စောင့်ပါဦးနော်
တီတီလေးမက်မက်ရေ အချစ်ဆိုတဲ့အကြောင်းလေးကို ရေးပေးမယ်နော်သိလား အခုတော့မအားသေးလို့။ နည်းနည်းလေးတော့စောင့်နော် ရေးပေးပါ့မယ်နော်။ အချစ်အကြောင်းလေးကို ဒဿနလေးဖွင့်ချင်နေတာနဲ့အတော်ပဲထင်တယ်သိလား။
ReplyDeleteခင်မင်လျက်
ကိုတိုးလေး
မက်မက်ရေ...
ReplyDeleteအလုပ်တဖက်၊ ကျောင်းတဖက်နဲ့မို့ ပျောက်နေတာပါရှင်။
Dream ရဲ့ Blog ကို တကူးတက လာလည်ပေးသွားတဲ့အတွက် ကျေးဇူးပါနော်။
အချစ် = အချစ်ပါ။ အချစ်ဆိုတာကို ဘာသာမပြန်ရင် အကောင်းဆုံးလို့ ထင်ပါတယ်။ အချစ်ကို အချစ်လို့ယူဆပြီး စိတ်ထဲရှိတဲ့အတိုင်းသာ ခံစားလိုက်ပါ။ အချစ်ဆိုတာ ဘာလဲဆိုပြီး ခေါင်းစားမခံပါနဲ့။ ok? ;P
အချစ်တဲ့လား
ReplyDeleteအင်းဒါသားမတက်တဲ့ဘာသာစကား P:
ချစ်ရင်ရှုံးသတဲ့။
ReplyDeleteယုံလား။ ကိုယ်တွေ့ ။အဟီးးးးးး
ချစ်နိုင်ကြပါစေနော်။
အချစ်ဆိုတာ၊တကယ်တော့လေပြေလိုပါပဲလေ။ကိုယ့်ကို
ReplyDeleteပွတ်သပ်ကြည်စယ်ပြီးတော့၊အဝေးကိုထွက်သွားတာပါပဲ
မက်မက်ရေအာဘွားပေးလို့......ရေးတာမဟုတ်ဘူးနော်
ReplyDeleteကိုယောလည်းပြောကြည့်ချင်လို့
တစ်နဲ့တစ်မြှောက်ရင်တစ်ရသလို.....အချစ်နဲ့အချစ်မြှောက်ရင်လည်း
အချစ်ရတယ်လို့ပြောကြတယ်လေ......အင်း
ဒီလိုဆို နှစ်နဲ့နှစ်မြှောက်ရင်လေးရသလို.......
အချစ်နဲ့အချစ်မြှောက်ရင် ပြေးရတာ.....
play ရတာတွေကိုလည်းသိသင့်တယ်မဟုတ်လား.
ဟဲဟဲ....

မရည်ပါဘူးဗျာ ..... အလည်ရောက်ဖြစ်လိမ်.မယ်လို.လေ ... အချစ်အကြောင်းတွေပြောကြတော.လဲ သိသလောက်ပြောပြရမှာပေါ.နော်. အဟီး ဟုတ်မဟုတ်တော.မသိဘူးဗျ ....... ဘယ်လိုဆိုလဲ ဘာဆိုလာပဲပေါ.နော်. ဒါပေမဲ.ပေါ.လေပေါ.နော်. အချစ်ဆိုတာက ဆားငံရေတွေလိုပါပဲ အချစ် အချစ် ချစ်တိုင်းချစ်က ချစ်လေချစ်လေ ချစ်မပြေတည်.. တဲ.ဗျာ တာ.တာာာာ
ReplyDeleteအားပေးသွားပါတယ်
ReplyDeletek