Subscribe:

Sunday, July 5, 2009

လ၀ါဆိုနှင့်ဓမ္မစကြာ

ဝါဆိုလပြည့်နေ့ သာသနာတော်နှစ် (၂၅၅၃)ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်၊ ၀ါဆိုလပြည့်နေ့၊ ခရစ်နှစ် (၆.၇.၂၀၀၉)ခုနှစ်၊ တနင်္လာနေ့သည် ဗုဒ္ဓမြတ်စွာ ဘုရားရှင် တရားဦး ဓမ္မင်္ကြာ ဟောကြားသည့်နေ့၊ သန္ဓေယူ သည့်နေ့၊ တောထွက်တော် မူသည့်နေ့ စသည့် နေ့ထူးနေ့မြတ် အခါသမယ ဖြစ်ပါတယ်။ ထိုနေ့ကို ရှေးပညာ ရှိတို့က “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” ဟု ဖွဲ့ဆိုခဲ့ ကြပါတယ်။ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လ ပြည့်နေ့မှာ သစ္စာလေးပါးကို ပိုင်းခြား ထင်ထင်သိမြင်ပြီး သဗ္ဗညုတဉာဏ်ပိုင်ရှင် အဖြစ်သို့ရောက် ရှိတော်မူခဲ့ပါတယ်။ ထို့နှစ်ဝါဆိုလပြည့် (စနေနေ့) တွင် ဗာရာဏသီပြည် မိဂဒါ ၀ုန်တောမှာ ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ စတဲ့ ပဉ္စ၀ဂ္ဂီ ငါးပါးအား ဓမ္မစက္ကပ၀တ္တန သုတ်တော်ကို ဟောကြားတော်မူ ခဲ့ပါတယ်။ မြတ်ဗုဒ္ဓဘုရား အဖြစ်သို့ ရောက်ပြီးနောက် အဦးဆုံး (အရင်ဆုံး) ဟောကြားခဲ့တဲ့ တရားတော်ဟာ ဓမ္မစက္ကပ၀တ္တန သုတ်တော် ဖြစ်ပါတယ်။ ဒါကြောင့်တရားဦး “ဓမ္မစကြာ” လို့ခေါ်ဝေါ် ခဲ့ပါတယ်။

ဝါဆိုလ ပြည့်နေ့ဟာ ဘုရားရှင်နဲ့ ပတ်သတ်ပြီး ထူးမြတ်တဲ့ အကြောင်းအရာ (၃)မျိုး တိုက်ဆိုင်နေတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။“သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” ဆိုတဲ့ ရှေးပညာရှင် တို့၏ လင်္ကာအရ…

(၁) ဘုရားလောင်း သေတကေတု နတ်သားဟာ စုတေပြီး မဟာသက္ကရာဇ် (၆၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့မှာ မယ်တော်မာယာဒေ၀ီ၏ ၀မ်းမှာ ပဋိသန္ဓေ တည်နေတော်မူ ခဲ့ပါတယ်။

(၂) ဘုရားလောင်း သိဒ္ဓတ္တမင်းသားဟာ သက်တော်(၂၉)နှစ်မှာ အခြံအရံများ ခြံရံလျှက် မင်းဥယျာဉ်တော်သို့ ထွက်တော်မူစဉ် နတ်တို့ ဖန်ဆင်းပြသတဲ့ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီး လေးပါးကို မြင်တော်မူပြီး သံဝေဂရ ကာ မဟာသက္ကရာဇ် (၉၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ တနလာင်္နေ့မှာ တောထွက် တော်မူခဲ့ပါတယ်။

(၃) ဘုရားအဖြစ်သို့ ရောက်တော်မူပြီး မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့မှာ တရားဦး ဓမ္မစက္ကပ၀တ္တန သုတ်တော်ကို ဟောကြားတော် မူခဲ့ပါတယ်။

ယခုကဲ့သို့ နေ့ထူးနေ့မြတ် အခါသမယမှာ ဘုရာရှင် ပထမဆုံး ဟောကြားခဲ့တဲ့ ဓမ္မစင်္ကြာ ဒေသနာတော်ကို နာယူကြည်ညို ကြပါရန် ကောင်းမြတ်သော စိတ်ထားဖြင့် တိုက်တွန်းလိုက် ရပါတယ်။ စာဖတ်သူ များအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင် ကြပါစေ…

တရားတော်များအား တိုက်ရိုက်နာယူ ကြည်ညိုနာယူနိုင် ကြပါတယ်ရှင်။



ဆရာတော် ဦးပ၀ရ (ဓမ္မစကြာတရားတော်)



မင်းကွန်းတိပိဋက ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ (ဓမ္မစကြာတရားတော်)



အခုလို တရားတော်များနှင့် စာသားများကို ဓမ္မလမ်းညွှန် ပို့ပေးခဲ့သော မောင်လေးအောင်ဦးအား အထူးပဲ ကျေးဇူးတင်ပါတယ်။

22 comments:

  1. ကောင်းတဲ့ ပိုစ့်လေး ပါပဲ အစ်မ ။ ဒီအကြောင်းအရာတွေကို သိပေမယ့် ၀ါးတားတား ဖြစ်နေတာပေါ...ခုတော့ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့နော်...။ ကျေးဇူးပါ

    ReplyDelete
  2. အရမ်းကောင်းတဲ့ပို့ လေးပါရှင်။ အရမ်းလဲ တန်ဘိုးရှိပါတယ်။ကျွန်မလဲရေးချင်နေတာ။

    ဖြစ်နိုင်မယ်ဆိုရင်ပေါ့နော် ကျွန်မဘလော့မှာလဲ ဒီပို့ စ်လေးကို ပြန်တင်ပြချင်တယ်။

    ခွင့်ပြုမယ်ဆိုရင်ပေါ့နော်။

    ခင်တဲ့
    ကျောပိုးအိတ်

    ReplyDelete
  3. စိုင်းစိုင်းလားရှိုးJuly 5, 2009 at 7:19 AM

    သာဓု ခေါ်ပါတယ် မက်မက်ရေ...
    သာဓု သာဓု သာဓု ပါဗျာ............

    ReplyDelete
  4. ဓမ္မစကြာတရားနာယူသွားပါတယ်။
    တရားနာဖိတ်တဲ့အတွက် ကျေးဇူးပါဘဲ အန်တီမက်။

    ReplyDelete
  5. ဝါဆိုလပြည့်မှန်းတောင် ခုမှသိတယ် အဟီးဟီး ဖတ်သရူရင်း တရားနာသွားပါတယ်ဗျာ။

    ReplyDelete
  6. ဝါဆိုလပြည့်မှန်းတောင် ခုမှသိတယ် အဟီးဟီး ဖတ်သရူရင်း တရားနာသွားပါတယ်ဗျာ။

    ReplyDelete
  7. ကြိုက်သလို လိုအပ်သလို ကူးယူဖြန့်ဝေနိုင်ပါတယ်

    အစ်မကျောပိုးအိတ်လေးရေ.... ခွင့်ပြုပါတယ်

    ReplyDelete
  8. `“အမ” ဟို တားတား လေ..ဟာ..ဖြစ်ပြန်ပြီး
    အတည်ပြောမလို့ဟာကို တကယ်ပါ.။ တကယ့်ကို
    တန်ဘိုးရှိတဲ့ပို့စ်လေးပါ.။ လူအတော်များများက
    သိပေမယ့်ဝါးတားတားဖြစ်နေတာက များတယ်.။
    ကျွန်နော်ကအစပေါ့.။ ဝန်ခံပါတယ်..။
    .....မနက်ကျမှတရားနာလိုက်အုံးမယ်.....။
    ..အထုဘာရေးရမလဲလို့ ကျင်းဂျားလိုက်အုံးမယ်.။
    ခင်မင်စွာဖြင့်
    ........စည်သူ.။

    ReplyDelete
  9. ၀ါဆိုလပြည့်နေ့ အကြောင်းကို ခုမှပဲ ရှင်းရှင်းလင်းလင်းသိတော့တယ်။
    ကျေးဇူးတင်တယ် မက်မက်ရေ...။

    မက်မက်ရဲ့ကောင်းသောလိုအင်ဆန္ဒအားလုံးပြည့်ဝပါစေး)

    ReplyDelete
  10. ကျေးဇူး ပါ မက် မက်ရေ နောင် လည်း ဒီ လို ကောင်း တဲ့ စာတွေရေးနိုင် ပါစေ။

    ငြိမ်းချမ်းပါစေ

    ဥပသကာ

    ReplyDelete
  11. ဖွားမက်ရေ...
    ဖေဖေနဲ့ မေမေ တရားနာဖို့ ရသွားပြီ..
    ကျေးဇူးအများကြီးတင်တယ်။ :D

    ReplyDelete
  12. Dream ရေ လာဖတ်သွားပါတယ်။ ဒီနေ့မှ Dream ဆီကို စရောက်ပြီး ဘလော့ဂ်လေးတွေဖတ်ဖြစ်တာပါ။ စာသားလေးတွေ ကောင်းပါတယ်။ ၀ိုင်းဆီလည်းလာလည်ဖို့ပြန်ဖိတ်လိုက်ပါတယ်နော်။ ပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  13. အဟမ်းးးး ပြောခံရတော့မှာပဲ အပျိုကြီးတွေ တရားဘက် လိုက်နေတယ်လို့ အဟက် အဟီးးးး စ တာနော် မမ တာ့တာ ဘိုင်

    ReplyDelete
  14. ဒွင်းရေ
    သာဓု သာဓု သာဓု နော်း)

    ReplyDelete
  15. ဤကဲ့သို့ အကျိုးမျှော်နိုးဆော်ပေး သော အစ်မကြီး၏ ကောင်းမှုအတွက် ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုသွားပါတယ်

    ReplyDelete
  16. မောင် သာဓုခေါ်ပါတယ် ချစ်ရယ်

    ချစ်ချစ်ချစ်တဲ့မောင်

    မောင်ချစ်တဲ့ချစ်ချစ်ရဲ့ မောင်

    ReplyDelete
  17. ဂျာမုန်းဒန်July 6, 2009 at 7:12 AM

    စိတ်ရှယ်စွာဖော်ပြပေးလိုကျေးဇူးတင်မဆုံးပါရှင်။
    တန်ဘိုးရှိတဲ့ပိုစ်လေးမို့အဆုံးထိထိုင်ဖတ်ဖြစ်တယ်
    ခင်တဲ့
    ဂျာမုန်းဒန်

    ReplyDelete
  18. စိတ်ထဲတော့၇ှိသားကွ.. လက်ကမေ၇ာက်ဘူးဖြစ်နေတယ်..။

    သာဓုပါဗျာ

    ReplyDelete
  19. (၆၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့မှာ မယ်တော်မာဟာဒေ၀ီ၏ ၀မ်းမှာ ပဋိသန္ဓေတည်နေတော်မူခဲ့ပါတယ်။ လို့ အမရေးထားတယ်နော်..
    မယ်တော်မာဟာဒေ၀ီ (စာရိုက်မှားနေတာနေမှာပါ)မဟုတ်ဘဲ မယ်တော်မာယာဒေ၀ီ ပါလို့ အမရဲ့ပိုစ့်ကို တခြားသူငယ်ချင်းတွေကို မျှဝေတဲ့အခါ မှားနေကြောင်းထောက်ပြလာလို့ အမကို ပြန်အကြောင်းကြားပေးတာပါ။ ဒီပိုစ့်အတွက် ကျေးဇူးတင်ပါတယ်အမ..
    ဘာလို့လဲဆိုတော့ ၀ါဆိုလပြည့်နေ့ဆိုတာကို အမစာဖတ်လိုက်မိမှ သတိရမိတယ်။
    တရားလဲနာဖြစ်လိုက်ပါတယ်။

    ReplyDelete
  20. ကျေးဇူးပါ အစ်မ ဆုလတ်ရေ

    စာလုံးပေါင်းး မစစ်ဘဲ တင်မိလို့ မှားသွားတာပါ။

    အခုလို ပြန်ပြောပြပေးတဲ့အတွက် ကျေးဇူးပါ နော်

    မျှဝေဖြန့်ဖြူးကုသိုလ်ပြုတဲ့အတွက်လဲ အစ်မကို သာဓုခေါ်ဆိုပါတယ်။

    အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပါ။ပြင်လိုက်ပါပြီနော်။။

    စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ အစ်မ

    ReplyDelete
  21. ကိုတိုးလေးJuly 7, 2009 at 3:01 AM

    ဝါဆိုလပြည့်နေ့က မရောက်ဖြစ်လို့ တီတီလေးမက်မက်ရေ အခုမှပဲ လာဖတ်ရတော့တယ်။ အရမ်းကောင်းပြီးတော့ အရမ်းကို တန်ဖိုးရှိတဲ့ပိုစ့်လေးပါပဲနော်။ သာဓု ပါဗျာ။

    ReplyDelete
  22. အခုလိုဝေမျှပေးတာကျေးဇူးပါခင်ဗျာ..
    သန့်စင် အေးမြနေဆဲ နေရာလေးတစ်ခုပါပဲခင်ဗျာ..

    ReplyDelete