Dream Blog ကိုဘာကြောင့် စရေးဖြစ် ရတာလဲဆိုတော့ အရင်ရေးခဲ့တဲ့ တက်ဂ်ပို့စ်မှာ ရေးခဲ့ပြီးပါပြီ။ ရီဒါတစ်ယောက်ကနေ ဘလော့ဂ်စတင် လာခဲ့တာဆိုတော့ ရိုက်ဒါတစ်ယောက် ဖြစ်လာအောင် လုပ်ဖို့ကတော့ စစချင်းမှာ သူလိုကိုယ်လိုပါပဲ အားလုံးစမ်း တ၀ါးဝါးပေါ့။ ဘာကိုဘယ်လိုရေးပြီး ဘာပို့စ်ကို ဘယ်လိုတင် ရမလဲဆိုတာ နဲနဲတော့ ဦးနှောက်စား တာပေါ့နော့်။ စာကလဲမရေး တတ်ဘူးလေ။ သူများဘလော့တွေ လိုက်ဖတ်တယ်။ ကြိုက်တဲ့ပို့စ် တွေကို ကိုယ်ဘလော့ဂ်မှာ ပြန်ဖော်ဝပ်ဘ် လုပ်ရတာပဲ။ ဘာမှနားမလည်တဲ့ ဘလော့ဂ်ဂါ အသစ်ဆိုတော့ အဲဒီလိုနဲ့ ကိုယ်လဲစခဲ့ ရတာပါပဲ။ အမှန်ပြောရရင် ကွန်မန့်ဆိုတာ အဲဒီချိန် တုန်းကတော့ တကယ်ကို မခံစား တတ်သေးပါဘူး ။
ကွန်မန့်အတွက် ခံစားမှု မရှိပေမယ့် နောက်ပိုင်းကွန်မန့်လေး တစ်ခုစ နှစ်ခုနဲ့ အစပြုလာတော့ ကိုယ်ပိုင်ရေးနည်း ရေးဟန်လေးတွေ လုပ်ချင်လာတယ်။ အဲဒီအတွက်လည်း စာပိုဖတ် ဖြစ်လာတယ်။ သူများတွေ ဘယ်လိုရေးလဲ ဆိုတာတွေနဲ့ အတုယူခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဘလော့ဂ်နဲ့ ပတ်သတ်တာတွေကို လေ့လာဖြစ်ခဲ့တယ်။ အစတုန်း ကဆိုရင် ဘလော့ဂ်ဂါတို့ ထုံးစံအရ ကွန်ပြူတာရှေ့ရောက်ရင်ကို ထမင်းမေ့ ဟင်းမေ့ပေါ့။ စားလဲ ဒီစိတ် သွားလဲ ဒီစိတ်ပေါ့။ သေချာတာ တစ်ခုက လမ်းသလားခြင်း မပြုမိတော့ပဲ ခြေငြိမ်မိတာပါပဲ။ အိမ်ထဲပဲ အောင်းတတ်ပြီး ဘလော့ဂ်နဲ့ အဖော်ပြု တတ်လာတယ်။ လုပ်စရာ ရှိတာတောင်မှ မြန်မြန်ဆန်ဆန်လုပ်၊ သွားစရာ ရှိတာတောင် မြန်မြန်ဆန်ဆန်သွား ပြီးတာနဲ့ အိမ်တန်းပြန် ဘလော့ဂ်ဂင်းတော့တာပါပဲ။ အဲလိုအဲလို အစွဲအလမ်း တွေများနော်။ တော်တော်ခက်ပါ့... အဟား.... :) အဲဒီအချိန် တုန်းကသာ သေခဲ့မယ်ဆိုရင် မက်မက်တို့များ ကျွတ်မှာတောင် မဟုတ်ဘူး။ :)
ပို့စ်ရေးပြီး တင်ပြီးတာနဲ့ ကိုယ့်ပို့စ်လေး ဘယ်သူတွေဖတ်လဲ ကြည့်ရတာလဲ အမောပဲလေ။ ဒီတစ်ခါ ကိုယ်ရေးလိုက်တဲ့ပို့စ် ဖတ်လို့မကောင်းရင် နောက်တစ်ခါ ဘယ်လိုမျိုး စိတ်ဝင်စားအောင် ရေးရမလဲ ဆိုတာပါ ခေါင်းထဲမှာ ဒိန်းဒိန်းဆို arrange လုပ်ထားလိုက်ပြီ။ စာဖတ်သူတွေရဲ့ ရင်တွင်းစကားက စာရေးသူရဲ့ အားဆေးတစ်ခွက်ပါ။ ကိုယ်နောက် တစ်ပို့စ်ကို ဘယ်လိုကောင်းအောင် ရေးမလဲ ဘယ်လိုကြိုးစားမလဲ ဆိုတဲ့ အားအင်တွေ အများကြီး ပေးပါတယ်။ စာဖတ်သူရဲ့ စကားသံက စာရေးသူ အတွက် အင်မတန် အရေးကြီးပါတယ်။ စာရေးဖို့ ပိုကြိုးစား ချင်စိတ်နဲ့ ပိုအားတတ်လာတယ်။

အဲလိုစာဖတ် သူကပေးတဲ့ အားအင်တွေနဲ့ပဲ တကယ်လည်း ကြိုးစားခဲ့ပါတယ်။ တစ်ခါတစ်ခါ ကိုယ်ရေးတဲ့ ပို့စ်လေးတွေ ဘာသာပြန် ပို့စ်တွေက ကိုယ့်ဆီဖော်ဝပ်ဒ် အီးမေးလ် အဖြစ်နဲ့ ပြန်ရောက်လာလို့ ပီတိဖြစ်ရပါတယ်။ တစ်ခါတစ်ခါ ကိုယ့်တင်လိုက်တဲ့ ပို့စ်တွေကို သူများတွေက သူတို့ဆိုဒ်တွေမှာ ပြန်တင်ထားတာကိုလဲ တွေ့ရှိရပါတယ်။ တစ်ချို့ကျတော့လဲ ခွင့်တောင်းပြီး မူရင်းလင့် ပါတွဲလျှက် ချိတ်ပေးထားပါတယ်။ တစ်ချို့ကျတော့လဲ ဘာမှမချိတ် ပေးထားပါဘူး။ဒါကလဲ အဓိက ပြသနာမဟုတ်။ ကိုယ့်ခံယူချက်က ကိုယ်ရေး လိုက်တဲ့စာ လူဆယ်ယောက် လောက်ပဲ သိရာကနေ လက်ဆင့်ကမ်း ဖြန့်ဝေပေးလို့ လူတစ်ရာလောက် သိသွားမယ် ဆိုရင်ကိုပဲ ကျေနပ်ပါတယ်။ အဲလိုစာပေ အသိပြန်လည် ဖြန့်ဝေပေးတဲ့ သူတွေကိုလည်း မက်မက်က ကျေးဇူးတင်ပါတယ်။
ဟိုတစ်နေ့ကမှ သူငယ်ချင်း တစ်ယောက်က မေးလာပါတယ်။ ပို့စ်တင်တဲ့အခါ ဘယ်လိုခံစားချက်နဲ့ တင်လဲတဲ့။ ပို့စ်တင်ပြီးတိုင်း ဘယ်လိုခံစားချက် ရှိသလဲတဲ့။
ဒါကတော့ သူကစာရေးသူ တွေရဲ့စိတ်ကို မခံစားတတ်လို့ မေးတယ်လို့ပဲ သတ်မှတ်ပါတယ်။ ကိုယ်ကပြန်ဖြေ ပြရင်လဲ သိမှာမဟုတ်ပါ ဘူးလေနော့်။ သူတစ်နေ့ စာရေးသူဖြစ်ရင် နားလည်လာ ပါလိမ့်မယ်။ ဘယ်သူတွေ ဘာပြောပြော မက်မက်အဖို့တော့ ဒီဘလော့လေး ကောင်းမှုကြောင့် တန်ဖိုးဖြတ် မရတဲ့ မိတ်ဆွေကောင်းတွေ အများကြီး ရတယ်ဆိုတာကို ငြင်းနိုင်မယ် မထင်ပါဘူး။ ဒီဘလော့လေးကြောင့် စိတ်ညစ်ခဲ့ရတာ ရှိခဲ့သလို စိတ်ပျော်ရွှင် ခဲ့ရတာလဲ ရှိပါတယ်။ ဒီဘလော့ကြောင့် ခံစားချက်တွေ ပြင်းထန်လာတယ်။ အဲဒီလို ခံစားချက် အစွဲအလမ်းတွေ လျှော့ပါးအောင် သူငယ်ချင်းတွေက တရားနဲ့ လက်တွဲခေါ်တယ်။
ကိုယ်ကလည်း အစပိုင်းမှာ ဟုတ်သလို လိုနဲ့ပါပဲ။ သူတို့ခေါ်ရာနောက်ကို လိုက်ပါတယ်။ ဒါပေမယ့် စွဲလမ်းမှု တဏှာကို တပ်မက်တဲ့ လူ့စိတ်က သိတဲ့အတိုင်း ပဲလေနော်။ တရားထိုင်ဖို့ တနာရီဆိုရင် မနည်းဖျစ်ညစ်နေတာ။ ကွန်ပြူတာရှေ့မှာ ထိုင်ဆိုရင် လေးငါးနာရီကြာလဲ တုတ်တုတ်မလှုပ်။ အင်တာနုပါဒါန် ကမ္မဌာန်း ထိုင်တာလေ။ ရလာတဲ့ အကျိုးရ လာဒ်ကတော့ ဗိုက်ပူခါး တုတ်ပါပဲ။း)
သူငယ်ချင်းနဲ့ အွန်လိုင်းမှာတွေ့ရင် နင်တရားထိုင် ဖြစ်သေးလားနဲ့ ခဏခဏ အမေးခံရတယ်။ ကိုယ်ကလဲ မလိမ်ပါဘူး။ အခုတစ်လော စိတ်ရှုတ်စရာ ညစ်စရာတွေနဲ့ တွေ့တော့ တရားထိုင်ဖို့ကို ပျက်ကွက် နေတာလေ။ ငါတော့ အခုတလော စိတ်ရှုတ်စရာ၊ ညစ်စရာ တွေနဲ့ များတော့ ၀ိပဿနာ ကမ္မဌာန်းတော့ မထိုင်ဖြစ်ဘူးလို့။ ချက်တင်ဝင်ရင်းနဲ့ အင်တာနုပါဒါန် ကမ္မဌာန်းပဲ ထိုင်ဖြစ်ပါတယ်လို့ ပြောလိုက်တယ်။ အဲဒီအင်တာနုပါဒါန် ကမ္မဌာန်းဆိုတာ အင်တာနက် ချက်တင်ပဲ ထိုင်သုံး နေလို့လေ။း) အကျိုးရလာဒ်ကတော့ ဗိုက်ခေါက် ထူလာမယ်။ အိပ်ရေးပျက်တာ များလာမယ်။း) ရယ်စရာ ဟာသအဖြစ် ပြောတာပါ။
မောင်လေးတစ်ယောက်က အွန်လိုင်းမှာတွေ့လို့ ဆွေးနွေးပါတယ်။ အစ်မတဲ့ အဲဒီလို အစွဲအလမ်းတွေလျှော့ အပျော်အပါး တွေလျှော့တဲ့။ စိတ်ကိုအသုံး ချတာတွေ များရင် ပင်ပန်းရတယ် ဆင်းရဲရတယ်တဲ့။ တပ်မက်တဲ့စိတ်က ခိုင်းတာတွေကို လိုက်မလုပ်နဲ့တဲ့။ ကိုယ်ကပဲ စိတ်ကိုခိုင်း နိုင်အောင် လုပ်ပါတဲ့။ စိတ်ကကိုယ့်ကို ခိုင်းခံတဲ့သူ မဖြစ်စေ နဲ့တဲ့လေ။ အရမ်းကောင်းတဲ့ စကားပါနော်။ အခုဆိုရင် အစ်မကို ရထားတစ်စီးထဲ အတူသွားချင်လို့ အပါဆွဲခေါ် တာပါတဲ့။ ဒါကြောင့် ဘယ်ဘူတာမှာ ဆင်းနေခဲ့ ရမှန်းမသိသေးတဲ့ အချိန်မှာ စိတ်ကို အသုံးချတာတွေ များနေတဲ့ မက်မက် တစ်ယောက် ဘလော့အပေါ်ကို သံယောဇဉ် ယတိပြတ် ဖြတ်လို့မရ သေးပေမယ့် လျှော့နိုင်သမျှ လျှော့ထားပါတယ်။အရာရာကို သိမ်းပိုက်ချင် စိတ်များလွန်းတဲ့ စိတ်တွေကို ဓမ္မနဲ့ အနိုင်ယူ နေရာကနေ အခုတစ်လော သိပ်ပြီး ကွန်ဆန်ထရိတ် မဖြစ်လို့ ကိုယ့်ရဲ့အစွမ်း အလမ်းကြီးတဲ့ သံယောဇဉ်ကို ဖြတ်ဖို့ရန် ကြိုးစားနေပါတယ်။
မက်မက်လည်း အခုတစ်လော စိတ်ရှုတ်နေတာရယ်၊ နေမကောင်းဖြစ်ပြီး သွေးပေါင်ခဏခဏ ကျနေတာရယ်၊ အလုပ်များ နေတာရယ်နဲ့ပဲ အိမ်လည်ကျဲ နေပါတယ်။ ပို့စ်အသစ်တင်ဖို့လည်း ကျဲနေပါဦးမယ်။ သို့ပေမယ့် အွန်လိုင်းမှာတော့ အမြဲရှိ နေတတ်ပါတယ်။ အွန်လိုင်းမှာ ဂျီတော့ခ်ဖွင့် ထားပေမယ့် မည်သူနှင့်မျှ သိပ်မပြောဖြစ်ပါ။ သို့သော်လည်း နီးစပ်ရာ လက်လှမ်းမီရာ ဘလော့တွေကိုတော့ ဖတ်ဖြစ်ပါလိမ့်မယ်။
အခုဒီပို့စ်ကို ရေးနေတဲ့ အချိန်မှာ ပရက်ရှာ တိုင်းကြည့်တော့ သွေးပေါင်အရမ်း ကျနေပါတယ်။ တက်ဂ်ကြွေးရှိ နေတာကို မြန်မြန်ကျေချင်လို့သာ ခေါင်းကိုက်ခေါင်းမူး ဖြစ်နေတဲ့ကြားက ကြိုးစားပြီး ရေးပေးလိုက်ပါတယ်။အမှန်က ဦးနော်ရဲ့ ဘလော့ဂ်ဘာကြောင့် ရေးရလဲနဲ့ ဦးတလနွန်ရဲ့ ရင်နဲ့ရင်း၍ကို အကောင်းဆုံး ရေးပေးချင်ပေမယ့် အခုတော့ ဘလော့ဂ်ဘက်ကို ခြေလှမ်းမလှမ်းနိုင် ဖြစ်နေလို့ နှစ်ယောက်ပေါင်း တစ်တက်ဂ်အဖြစ် ရေးပေးလိုက် ရတာကို ဒီလောက်နဲ့ပဲ ကျေနပ်နားလည် ပေးနိုင်မယ်လို့ ထင်ပါတယ်။ ရင်နှင့်ရင်း၍ တက်ဂ်ပို့စ်ကို ခံစားဖတ် ပေးသွားတဲ့ စာချစ်သူ မိတ်ဆွေများကို ကျေးဇူးအထူး တင်ပါတယ်။

မက်မက်ရေ...
ReplyDeleteသေချာခံစားပြီး ဖတ်သွားပါတယ်...
တဂ်ပိုစ့်လေးကို ရေးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..
ဘလော့ရောဂါကတော့ နာတာရှည်ရောဂါမျိုးပါ.. ကုစားဖို့လည်း ခက်ပါလိမ့်မယ်.. ဒီအပေါ်မှ ခံစားရရှိတဲ့ ပျော်ရွှင်မှုတွေ.. ကြည့်နူးမှုတွေကလည်း ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး...
မက်မက်ပြောတာတွေက ဘလောဂါတိုင်းနီးပါး ခံစားခဲ့ရတာမျိုးတွေပါ.. ဦးနော် ရေးခဲ့ဖူးတဲ့ “Blogger ကြီး” ဆိုတဲ့ ကဗျာလေးလိုပါပဲ.. စားဖို့ သောက်ဖို့.. အိပ်ဖို့.. အိမ်သာသွားဖို့တောင် မေ့သွားတတ်တာမျိုးပါ..
ဘာပဲဖြစ်ဖြစ် ကိုယ်ယုံကြည့်ရာကို ဆက်သာလျှောက်ပါ.. အရင်လို အရေးမစိပ်ဘူး ဆိုရင်လည်း ခပ်ကျဲကျဲတော့ ရေးပါ..
အသက်ငယ်ငယ်နဲ့ ဘာသာရေးကို စိတ်ဝင်တစာရှိတဲ့ အတွက်လည်း “သာဓု” ခေါ်ပါတယ်..
ကျန်းမာရေးကို ဂရုစိုက်ပါ.. အဲ့ဒါ အရေးကြီးတယ်လေ..
ချစ်ခင်စွာဖြင့်..
ဦးနော်တီငယ်
မက်မက်ရေ
ReplyDeleteနေလည်း မြန်မြန်ကောင်းပါစေ
ညီးနော်တီငယ်တို့ ပြောသလိုပဲ အရင်လို အရေးမစိပ်ဘူး ဆိုရင်လည်း ခပ်ကျဲကျဲတော့ ရေးပါ..
အင်တာနုပါဒါန် နဲ့အတူလဲ သတိစိတ်လေး တွဲ ဖတ်၊ မှတ်လို့ ရပါတယ်။
စားသတိ၊ သွားသတိ၊ လာသတိ ....တဲ့။
(မသိတသိနဲ့ တရားကောတာ ဟုတ်ဘူးနော်။ ဟေဟေဟေ့ဟေ)
အမှားပြင်ဆင်ချက်
ReplyDelete(တရားဟောတာ ဆိုလိုရင်း ဖြစ်ပါတယ်။ တရားကောတာလို့ မှားရိုက်မိလို့ပါ)
အင်းးး သတိ သတိ သတိ
ဟုတ်တယ်..မက်မက်ရေ
ReplyDeleteကျန်မားရေးဂရုစိုက်နော်.
ဖြေးဖြေးရေးလဲ..စောင့်ဖတ်ပါမယ်.
အရေးကြီးတာက..စာကောင်းလေး..ဖြစ်ဖို့ ပဲလေ..နော်.
နေကောင်းအမြန်ပျောက်ပါစေ..နော်
ဘွားဘွားရေ ရောက်လာတယ်
ReplyDeleteနေကောင်းအောင်နေနော် သိလား
သွေးကျရင်လည်း နောက်ခါဆို ကြိုးနဲ့ ပြန်ဆွဲတင်နော်
အားနည်းရင်လည်း အားဖြည့်ပေးမယ်
ညီမလေး ကျန်းမာပျော်ရွှင်ပါစေ..
ReplyDeleteတီဝါလည်း အပျင်းထူနေတာလေ..အိမ်လည်မထွက်ဖြစ်
သလောက်ပဲ... စိတ်ထဲမှာတော့ နေ့တိုင်းသတိရမိနေပါတယ်... ယုံး)))
ဘလော့ရောဂါ ဘယ်လောက်စွဲလည်းဆိုရင် ရုံးရောက်တာနဲ့  ဘလော့ဖွင့်ပြီး အပြေးလာတာပဲကြည့်တော့ :) စာရေးတာ မစိပ်ရင်တောင် ခပ်ကျဲကျဲ (တစ်ပတ် ကို နှစ်ပုဒ်) လောက်ရေးပေးပါ. အခုလို တဂ်ထားတာကို ဒုက္ခပေးတယ်လို့ မမှတ်ပဲ ဖျားနာနေတဲ့ကြားက ရေးပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ...မမက်မက် ပျော်ရွင်ချမ်းမြေ့ ပါစေဗျာ
ReplyDeleteခင်မင်ခြင်းများစွာနှင့်
အလည်လွန်
ချစ်ချစ်ချစ်တဲ့ မောင့်ချစ်ချစ်ပြောတာတွေက
ReplyDeleteချစ်ချစ်ချစ်တဲ့မောင် ကြားနေကြစကားမို့
မောင်ချစ်တဲ့ချစ်ချစ်ကို ချစ်ချစ်ချစ်တဲ့ မောင်က နားလည်ပီးသားပါ....
ဘုရားတရားလဲလုပ်
ဘလော့လဲရေး
ကျမ်းမာရေးလဲဂရုစိုက်
သိပ်ပြီး မစဉ်းစားနဲ့
နေကောင်းအောင်နေပါ
ချစ်ချစ်ချစ်တဲ့မောင့် ချစ်ချစ် ပျော်ရွင်ပါစေ
း))))))
ချစ်ခင်ခြင်းများစွာဖြင့်
ဖိုးစိန်
မက်မက်လေး ရေ....ကျန်းမာရေး ဂရုစိုက်နော်....။ မက်မက် က ဘာသာရေးလဲ လိုက်စားတယ်နော်...တော်လိုက်တာ... နောင့် ဆို ပုံမှန်ပဲ လုပ်ဖြစ်တယ် မက်မက်ရယ်... မနက်၊ ည ဘုရားရှိခိုးတာလောက်ပဲရှိတယ်...။ တရားမထိုင်ဖြစ်ဘူး.. ကျန်းမာရေး ဂရုစိုက်နော်...။း)
ReplyDeleteရင်နှင့်ရင်း၍ရေးထားသော ပို့စ်များကို စာဖက်သူများကလဲ ရင်နှင့်ရင်း၍ ဖက်မိကြပါစေ
ReplyDeleteကျန်းမာရေး ဂရုစိုက်ပါ
ReplyDeleteမိဝေးဖဝေးမို့ ကိုယ်ကိုကိုယ်သာ စောင့်ရှောက်ရာပါ
အဆင်ပြေပါစေ
စိတ်ကိုအသုံး ချတာတွေ များရင် ပင်ပန်းရတယ် ဆင်းရဲရတယ်တဲ့။ တပ်မက်တဲ့စိတ်က ခိုင်းတာတွေကို လိုက်မလုပ်နဲ့တဲ့။ ကိုယ်ကပဲ စိတ်ကိုခိုင်း နိုင်အောင် လုပ်ပါတဲ့။ စိတ်ကကိုယ့်ကို ခိုင်းခံတဲ့သူ မဖြစ်စေ နဲ့တဲ့လေ။ ဒီစာသားလေးကို ကြိုက်တယ် မက်၂ရေ ပို့စ်လေးကို ဖတ်ပြီး ဒီတစ်ခုတော့ ကောင်း၂ကျန်ခဲ့ပါတယ်..
ReplyDeleteအမြန်ဆုံးကျန်းမာ ပြီး စိတ်ချမ်းသာပါစေညီမငယ်မက်၂
ဟုတ်ပကွာ
ReplyDeleteကွန်ပျူတာရှေ့များရောက်လို့ကတော့ ထမင်းမေ့ ဟင်းမေ့ အကုန်မေ့ပဲ :P
နေကောင်းအောင်နေနော် ကျန်းမာရေးဂရုစိုက်
အာဝါးးးးးးးးးးးးးးး :D
အော်.......
ReplyDeleteစာပေဗဟုသုတနဲ့ပက်သက်လို့ 
ဘာမှပြောစရာမရှိတဲ့ ကျွန်နော်
ပြောရမယ်ဆိုရင်ဖြင့်
မမဒရိမ်း(င်)ရေ........
ရင်နှင့်ရင်း၍ပဲ
ဖတ်ရှုခံစားသွားပါတယ်..။
ဘတ်ကြီး ကျန်းမာရေးလည်းဂရုစိုက်
ReplyDeleteဘုရားတရားလဲလုပ်
အားရင်တော့ ပို့ စ်လေးဘာလေးရေးပေါ့
ဘလော့ဂ်လေးကိုတော့
လုံးဝတော့အဆက်ဖြတ်အမသွားနဲ့ပေါ့
ဘတ်ကိုခင်တဲ့ဘတ်
မက်မက်ရေ ရင်နဲ့ရင်းပြီး လာဖတ်တယ်။ မငုံလဲ တူတူပဲ။ မိုးလင်းတာနဲ့ ကိုယ့်ဘလော့ဂ်လေးကို အရင်ဖွင့်ကြည့်တယ်။ ဘယ်သူတွေ လာဖတ်သွားလဲ။ ဘာတွေ မန့်သွားကြလဲ ဆိုတာ မျက်နှာမသစ်ခင် အရင်ဦးစားပေးတစ် အနေနဲ့ ၀င်ကြည့်တာ :)
ReplyDeleteအိမ်ရောက်တော့လဲ အိတ်ချပြီးတာနဲ့ တန်းဖွင့်ပီး မေလ်းမစစ်အားဘူး။ ကိုယ့်အိမ်လေးကို အပြေးကြည့်ရသေးတယ်။ ရုံးမှာတော့ မဂင်းနိုင်ဘူးပေါ့။ စိတ်ကတော့ ရောက်နေတယ်။
သွေးပေါင်ချိန်ကျနေရင် သတိထားဦးနော်။ နေကောင်းပါစေ။
တစ်ခါတစ်ခါကျတော့ မကျန်းမာတာကလည်းကောင်းတယ်
ReplyDeleteဟ။ကျန်းမာနေတော့ ကိုယ့်ကိုကိုယ် အဟုတ်ထင်တယ်လေ။
မကျန်းမာတော့ ငါ့မမာပါလား။နည်းနည်းတော့
ဆင် ခြင်တက်ရင် ကျန်းမာနေတာထက် ပိုကောင်းသလိုပါပဲ။
ငါတော့ ဘယ်လိုနေပါ ကျန်မာပါစေ မပြောတော့ပါဘူး။
ဘာဖြစ်နေနေ အကောင်းဖက်ကတွေးပြီး ရအောင်ယူပေါ့ဟာ။
(ကြေးခြင်းလုံးကြီး)
ကွန့်မန့် တွေ မြင်တော့ သွေးပေါင်ပြန်တက်လာပီဟုတ်
ReplyDeleteအားပေးသွားပါတယ်
ကိုယ်ကပဲ စိတ်ကိုခိုင်း နိုင်အောင် လုပ်ပါတဲ့။ စိတ်ကကိုယ့်ကို ခိုင်းခံတဲ့သူ မဖြစ်စေ နဲ့ အရမ်းကောင်းတဲ့ ဆုံးမစကားလေးပဲ မက်မက်ရေ။
ReplyDeleteဒီလို အသိလေးပေးတတ်တဲ့
မိတ်ကောင်းဆွေကောင်းရှိတာ ၀မ်းသာစရာပါပဲး)
မိတ်ဆွေဘလောဂါတွေက ရင်နဲ့ရင်းပြီးရေးထားတာသိလို့ အချိန်နဲ့ရင်းပြီး ရင်ထဲကခံစားချက်အပြည့်အ၀နဲ့ ဖတ်တာပါ။ ဖတ်ပြီးလို့ရောက်ရှိလာတဲ့ ရင်ထဲကခံစားချက်တွေကို မန့်ခဲ့တာပါကွယ်။
ခင်တဲ့
တီတီမေ
ရော့.. Multivitamin ကောမန့်
ReplyDeleteနားနားပြီးရေး... ညီမလေး..။
အရောက်နောက်ကျတယ် ယောင်း ခွင့်လွှတ် များ မအားလို့ အဟီးးး ယောင်းရယ်အတူတူပါပဲ ကိုယ့်ပို့စ်တင်ပြီးရင်ဘယ်သူတွေ comment ပေးလဲ ကြည့်ရတာ အမောဟဟဟဟ မှန်တယ် ဒီအချိုန်သေရင်လေ မကျွတ်ဘူး ဘလော့ဂ် သရဲဖြစ်မှာမြင်ယောင်သေး အဟေးးးအဟေးးးး
ReplyDeleteဘိုင်
တီတီလေးမက်မက်ရေ သေချာလာဖတ်သွားတယ်နော်။ တက်ပိုစ့်လေးကိုလေ အမြန်ဆုံးနေကောင်းပါစေလို့ဆုတောင်းပေးတယ်နော်။ ကျောင်းစာတွေများနေလို့ အလာနောက်ကျသွားတယ်နော်။
ReplyDeleteခင်မင်လျက်
ကိုတိုးလေး
မက်မက်ရေ လာလည် ဖတ်သွားတယ်နော်။
ReplyDeleteရင်နဲ့ ရင်းပြီးတော့ပေါ့
ကိုရီနို
ကျနော်လဲ ဒီနာတာရှည်ရောဂါကိုပဲ မပျောက်အောင် မွေးထားသေးတယ်ဗျာ။ ဆက်ပီး ပျော်ရွှင်စွာ ဘလော့ဂ်ဂင်းကြတာပေါ့။
ReplyDeleteဖိုက်တင်း !!!! ;)
ဘာမှမပြောတော့ဘူး ဂွတ်တယ်ထင်ရင်ဒူးသာဒူး။
ReplyDeleteလမ်းကြုံရောက်လာတာ။ ရင်နှင့်ရင်းပြီး လာဖတ်မိလို့  ရင်ဘတ်ကြီးနဲ့ ခံစားပြီး ပြန်မန့်လိုက်တယ်နော်။ အောင်မြင်ပျော်ရွှင်ပါစေ။
ReplyDeleteလာဖတ်သွားပါတယ်...
ReplyDelete