ကျမမှာ တုန်နေအောင် သိပ်ချစ်ရတဲ့ သားလေးတစ်ယောက် ရှိပါတယ်။ ရွာဈေးမှာ ဈေးရောင်းပြီး ဘ၀ကို ဖြတ်သန်းခဲ့ ရပေမယ့် သားလေးမျက်နှာကြောင့် ပင်ပန်းတယ်လို့ မထင်ခဲ့ပါဘူး။ ဆင်းရဲတဲ့ ကျမဘ၀ထဲကို ၀င်လာတဲ့ သားလေးကိုပဲ အရမ်းသနားပါတယ်။
ကျမပညာ မတတ်ခဲ့ပေမယ့် ကျမသားလေးကို ကျောင်းပညာတတ်ကြီး ဖြစ်စေချင် ခဲ့သူပါ။ သားလေးကို ကျမသိပ် ချစ်သလောက် ကျမသားလေးက ကျမကို အင်မတန် မုန်းပါတယ်။သားလေး မုန်းလဲမုန်းချင် စရာပါ။ ကျမက ရုပ်ဆိုးအကျဉ်းတန် လွန်းပါတယ်။
တစ်နေ့ ကျောင်းသားမိဘ တွေ့ဆုံပွဲမှာ ကျမ တတ်ရောက်ပြီး သားလေးဘေးမှာ သွားရပ်မိတော့ ကျမကို စူးစူးစိုက်စိုက် ကြည့်ပြီး ကျမနဲ့ ဝေးရာကို ထွက်ပြေးသွား ခဲ့ပါတယ်။
အကျဉ်းတန်တဲ့ မျက်နှာနဲ့ ဆင်းရဲမွဲ တေနေတဲ့ ဒီအမေကို ကျောင်းမှာ တွေ့လိုက်ရတော့ သားလေး ရှက်သွားမယ် ဆိုတာကျမ ခံစားမိပါတယ်။
ခင်ဗျားကြီးကို ကျောင်းကို မလိုက်လာ ပါနဲ့ဆိုတာ အခုတော့ ကျနော့ကို သူငယ်ချင်းတွေ ရှေ့မှာ ၀ိုင်းလှောင်ခံရပြီ။ ခင်ဗျားကြီး တမင်သက်သက် ကျနော့ကို အရှက်ခွဲတာပဲ။ ခင်ဗျားကြီးကို ကျနော်မုန်းတယ်။ ဆင်းရဲတဲ့ ကျနော့ဘ၀ကိုလဲ ကျနော်မုန်းတယ်။ ခင်ဗျားကြီး မြန်မြန်သေမှ ကောင်းမယ်။ ခင်ဗျားကြီးကို အမေတော်ရတာ ကျနော်ရှက်တယ်။ ကျနော်မုန်းတယ် မုန်းတယ်။
ကျမသားလေး စိတ်ဆိုးမာန်ဆိုးနဲ့ ကျမကို ပြောနေပေမယ့် ကျမသားလေးကို ကျမအရမ်း သနားမိပါတယ်။ ကျောင်းမှာသူငယ်ချင်းတွေရဲ့ အလှောင်အပြောင်ကို ခံရတော့ သူလဲ ရှက်ပေမပေါ့။ကျမ အပြစ်တွေပါ ကျမအပြစ်တွေပါ။ ကျမသားလေးကို ဆင်းရဲတွင်းထဲ ဆွဲခေါ်မိသလို ဖြစ်သွားတယ် ။ ဆင်းရဲတဲ့ ကျမဆီမှာ လူလာဖြစ်ရတဲ့ သားလေးကို ကျမအရမ်း သနားတယ်။
ကျမထမင်း စားခန်းထဲမှာ တစ်ညလုံး မအိပ်ဘဲ ထိုင်ငိုနေခဲ့ မိပါတယ်။ ကျမသားလေး ကျမကို အမြဲမေးတတ်တဲ့ မေးခွန်းကိုလဲ ကျမမဖြေ ခဲ့တဲ့အတွက် ကျမ၀မ်းနည်း ရပါတယ်။
ကျနော်ပြောလိုက်တဲ့ ညနေက စကားတွေကြောင့် ခင်ဗျားကြီး ငိုနေတာလား။ ဒါကလည်း ကျနော့ကို ပြောထွက်အောင် ခင်ဗျားကြီး ဖိအားပေး ခဲ့တာပဲလေ။ ခင်ဗျားမျက်နှာ မြင်ရင်ကို ကျနော့်ဒေါသတွေ အလိုလို ထွက်လာတယ်။ ခင်ဗျားကို မုန်းတဲ့စိတ်တွေ များများလာတယ်။ ရေသောက်ဖို့ အောက်ထပ်ဆင်းလာတဲ့ ကျနော် ခင်ဗျားကြီး ထိုင်ငိုနေတာကို တွေ့ရတော့ မနှစ်မြို့စွာနဲ့ အိမ်ပေါ်ထပ်ကို ပြန်တတ်ခဲ့တယ်။ ငါတနေ့ ပညာတတ်ကြီး ဖြစ်ရမယ်။ တစ်နေ့ ချမ်းသာလာရမယ်။ ကျနော် ကိုယ့်ကိုကိုယ် အားတင်းပြီး စိတ်ဆုံးဖြတ်ချက် ချက်ခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ ကျနော် မြို့ကျောင်းမှာ ကျောင်းတတ်ဖို့ အိမ်ကနေ အပြီးထွက်လာ ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ မြို့ကျောင်းမှာ ကျောင်းဝင်ခွင့် ရရှိပြီး ကျနော် စာကိုကြိုးစား သင်ယူခဲ့ပါတယ်။ ကျောင်းပြီးသွားတော့ ကျနော် ရွာမပြန်ဘဲ မြို့မှာပဲ ကျနော့်ဘ၀ကို ဖြတ်သန်းပြီး အိမ်ထောင်ပြုခဲ့ လိုက်ပါတယ်။ အခုဆိုရင် ကျနော့မှာ အောင်မြင်နေတဲ့ စီးပွားရေး အတည်အကျနဲ့ ကျနော်သိပ်ချစ်တဲ့ ဇနီးနဲ့ သမီးလေးကလဲ ကျနော့်ဘေးနားမှာ ရှိနေပြီ။ ကျနော့ဘ၀ဟာ ပြည့်စုံနေပါပြီ။
အာာ...သမီးကြောက်တယ်၊ သမီးကြောက်တယ် ဆိုပြီး ခြံထဲမှာ ကစားနေတဲ့ သမီးလေး အော်သံကြောင့် သတင်းစာ ဖတ်နေရာမှ ကျနော် အပြေးလေး ထွက်ကြည့်ခဲ့ပါတယ်။ ခြံရှေ့မှာ အဖွားကြီး တစ်ယောက်ကို တွေ့ရတော့ ကျနော်ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။
ဒီမှာ အဖွားကြီး ခင်ဗျား ကျနော့ခြံရှေ့ကို ဘာလာလုပ်တာလဲ။ ခင်ဗျားကြီးက ကျနော့သမီးကိုလဲ ခြောက်လန့်လွတ်လိုက်တယ်။ ခင်ဗျားကြီး အခုချက်ချင်း ကျနော့ခြံရှေ့က ထွက်သွားစမ်း။ ကျနော်ဒေါသ ထွက်ထွက်နဲ့ အဲဒီအဖွားကြီးဆိုတဲ့ ကျနော့်အမေကို မသိချင် ယောင်ဆောင်ပြီး အော်လွတ်လိုက်တယ်။
အမေ လိပ်စာမှားရှာပြီး ဒီခြံရှေ့ကို ရောက်လာလို့ပါ လူလေးရယ် ။ အမေတောင်းပန်ပါတယ် ။ ခွင့်ပြုပါဦးကွယ် ဆိုပြီး တည်ငြိမ်စွာနဲ့ ကျနော့ရှေ့မှ ထွက်ခွာသွားပါတယ်။
ဟူးးးး တော်ပါသေးရဲ့၊ အဖွားကြီး ငါ့ကို သူ့သားမှန်း မမှတ်မိလို့ တစ်ကိုယ်တည်း ပြောဆိုမိပြီး သက်ပြင်းချ မိပါတယ်။ တော်ပါပြီ အတိတ် အကြောင်းကို မစဉ်းစားတာပဲ ကောင်းပါတယ်။
တစ်နေ့မှာ ကျောင်းသားဟောင်း စုံညီပွဲ တတ်ရောက်ရန် ကျနော့ မွေးရပ်မြေ ကျောင်းမှ စာတစ်စောင် ရောက်ရှိလာ ခဲ့ပါတယ်။ အဲဒီတော့ ကျနော့ ဇနီးသည်ကို မသိစေ ချင်တာနဲ့ အလုပ်ကိစ္စနဲ့ ခရီးထွက် ရမယ်ဆိုပြီး လိမ်ညာပြောဆိုကာ မွေးရပ်မြေရှိရာ ရွာကျောင်းဆီသို့ ခရီးထွက် လာခဲ့ပါတယ်။ ကျောင်းသားစုံညီ ပွဲပြီးတော့ ကျနော့် ခြေလှမ်းတွေက ကျနော်နေခဲ့တဲ့ ရပ်ကွက်လေးမှ အိမ်လေးဆီသို့ ရောက်ရှိလာ ခဲ့ပါတယ်။
ကျနော့လက်တွေက လူခေါ်ခေါင်းလောင်း ဘဲလ်ကို နှိတ်မိပြီး အမေများ ရှိနေမလားဆိုတဲ့ အတွေးနဲ့ ခြံထဲကို ကြည့်မိလိုက်တဲ့ အခါမှာတော့ လက်ထဲမှာ စာလေးတစ်စောင်ကိုင်ရင်း မြက်ခင်းပြင်ပေါ် လဲကျနေတဲ့ အမေ့ကို တွေ့ရှိလိုက်ပါတယ်။
အမေ့သားလေး
အမေ့ဘ၀က သေပျော်နေပါပြီ သားရယ်။ သားကို တွေ့ချင်လွန်းလို့ ရွာကိုခဏလောက် ပြန်လာခဲ့ပါလို့ အမေမပြော ရက်သလို သားရှိတဲ့ မြို့ကိုလဲ အမေနောက် ဘယ်တော့မှ ထပ်မလာ တော့ပါဘူး။ ဒါပေမယ့် အမေသားကို အရမ်းသတိရတယ် အရမ်းလဲ လွမ်းတယ် သားရယ်။ သား ကျောင်းသားဟောင်း စုံညီပွဲတော်ကို တက်ရောက် ရမယ်လို့ သတင်းကြားတော့ အမေပျော် လိုက်တာ။ သားကို တွေ့ချင်နေ ပေမယ့်လဲ မျက်လုံးတစ်လုံး တည်းရှိပြီး အရုပ်ဆိုး အကျဉ်းတန်နေတဲ့ အမေ့ကို တွေ့ရင် သားအတွက် စိတ်ပျက်စရာ မနှစ်မြို့စရာ ဖြစ်မှာကို တွေးပြီး ကျောင်းကိုမသွားဖို့ အမေဆုံးဖြတ် ခဲ့တယ်သား။
အမေ့မှာ ဘာလို့ မျက်လုံးတစ်လုံးပဲ ရှိရတာ လဲဆိုတဲ့ သားအမြဲ မေးနေတဲ့ မေးခွန်းကို အမေမပြောဘူး လို့ဆုံးဖြတ် ထားပေမယ့် အခုတော့ ငါ့သားလေး စိတ်ထဲပေါ့ သွားအောင် အမေပြောပြပါမယ်။ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆ ထိခိုက်မှု နဲ့မျက်လုံး တစ်လုံးဆုံးရှုံး ခဲ့ရတယ်သား။ ကိုယ့်သား တစ်ယောက်က လောကကြီးကို မျက်လုံးတစ် ဖက်တည်းနဲ့ ကြည့်ရမြင် ရမှာကို ဘယ်မိဘက ခံစားနိုင်မှာလဲ သားရယ် ။ လောကကြီးမှာ မျက်လုံးတစ်လုံးတည်းနဲ့ အသက်ရှင်ပြီး နေရတော့မယ့် သားအတွက် အမေ့မျက်လုံး တစ်လုံးကို ဖောက်ထုတ်ပြီး အစားထိုး ကုသခဲ့တယ်။ လောကကြီးကို အမေ့မျက်လုံးနဲ့ ကမ္ဘာသစ် တစ်ခုကို ရရှိတော့မယ့် သားအတွက် အမေဂုဏ်ယူခဲ့တယ်။
အမေ့မှာ မျက်လုံးတစ်လုံး တည်းရှိလို့ လူပုံအလယ် သားလေး အရှက်ကွဲရတိုင်း စိတ်ဆိုးဒေါသနဲ့ အမေ့ကို ပြန်ပြော တဲ့အခါ ငါ့သားလေးက ငါ့ကို အရမ်းချစ်လို့ ပြောတာပဲ လို့တွေးပြီး အမေဖြေသိမ့် ခဲ့တယ်သား။ သားဘာပဲ ပြောပြော ဘာပဲလုပ်လုပ် သားကို အမေစိတ် မပျက်ခဲ့ဘူး။
သားငယ်ငယ်တုန်းက အမေ့အနားမှာ အမြဲရှိ နေတတ်တဲ့ အချိန်တွေကို အရမ်းသတိရတယ် ၊ သားကိုအရမ်း လည်းချစ်တယ် ။ သားဟာ အမေ့အတွက် ကမ္ဘာတစ်ခုပါ။ အခုတော့ အမေ့ကမ္ဘာဟာ ကြေမွပျက်စီး သွားပါပြီ သားရယ် ။အမေ့အစား သားလေးအသက်ရှင်ပြီး လောကအလှကို ခံစားကြည့်ရှု နေခဲ့တာကို အမေကျေနပ် ဂုဏ်ယူနေ မိတယ်သားရယ်။
သားကိုအရမ်းချစ်တဲ့
အမေ
ကျနော်မှားပြီ။ ကျနော် အများကြီး များသွားပြီ အမေ ။
ပဲ့တင်ထပ်မျှ အမေ့ကို ပွေ့ချီလျှက် ကျနော် အော်ခေါ်ပါ သော်လည်း ကျနော့် အမေ ကြားနိုင်စွမ်း မရှိတော့ပါ။
A Mother's Sacrifice ဆိုတဲ့ မိခင်တစ်ယောက်ရဲ့ စွန်လွတ်ပေးဆပ်မှု ပုံပြင်လေးကို ခံစားပြီး စိတ်ကူးယဉ် ရေးဖွဲ့ပါသည်။

((((((((((((((((((အမေ ))))))))))))))))))
ပဲ့တင်ထပ်မျှ အမေ့ကို ပွေ့ချီလျှက် ကျနော် အော်ခေါ်ပါ သော်လည်း ကျနော့် အမေ ကြားနိုင်စွမ်း မရှိတော့ပါ။
A Mother's Sacrifice ဆိုတဲ့ မိခင်တစ်ယောက်ရဲ့ စွန်လွတ်ပေးဆပ်မှု ပုံပြင်လေးကို ခံစားပြီး စိတ်ကူးယဉ် ရေးဖွဲ့ပါသည်။
ဝမ်းနည်းစရာကောင်းလိုက်တာ..... သားဆိုး.၊ သူကကျတော့ အမေကိုဒီလောက် ခံပြောပြီး မိုက်ရိုင်းတာတောင် ချမ်းသာနေသေးတယ်...၊ ၀ဋ်လည်လိမ့်မယ်...။ ရင်ထဲမကောင်းဘူး ၊ .....
ReplyDeleteအော် မိခင် ကတော်တော်ခံစားရမှာ...
ReplyDeleteမိုက်ရိုင်းလိုက်တဲသား...
ဒီ Post လေးကတော်တော်ကောင်းတယ်....
ရင်ထဲထိရောက်သွားတဲ့ ခံစားချက်တစ်ခုပါ
ReplyDeleteတော်တော်လေးကောင်းတဲ့ Post တစ်ပုဒ်လေးပါပဲ....
မက်မက်ရယ် ဖတ်ရတာ စိတ်တောင်မကောင်းဘူး။ တော်တော်လေး ကောင်းတယ်။
ReplyDeleteဖတ်ရတာ..စိတ်မကောင်းလိုက်တာ..မက်မက်ရယ်.
ReplyDeleteအမေကြီး.သနားပါတယ်နော်
ဒီလိုလေးတွေ အပြင်မှာ တော်တော်များနေပြီလား။
ReplyDeleteသားသမီးများ မိဘမေတ္တာနားလည် ပြီး သားသမီးရတနာလေးတွေ ဖြစ်ကြပါစေ။ မိဘမေတ္တာတွေနဲ့ ဖြူစင်စွာ အောင်မြင်ပျော်ရွှင်ကြပါစေလို့ ရင်ထဲက ဆုမွန်ချွေလိုက်တယ်။
ဖတ်သွားပါတယ်၊ ရင်ထဲမှာ ဆို့နင့်သွားတယ်၊ ဆီလျော်အောင် ဘာသာပြန်ပေးထားတဲ့ ပိုစ့်ပိုင်ရှင်ကို ချီးကျူးမိပါတယ်။
ReplyDeleteဝမ်းနည်းမိပါတယ်။ သားတစ်ယောက် မလိမ္မာတော့ အမေအိုခဗျာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ခံစားလိုက်ရတယ်။
ReplyDeleteအရေးအသားကောင်းတယ် မမက်မက်ရေ။
အမေမရှိသည့်အိမ် ရွှေအတိဆင်စေဦးတော့
ReplyDeleteအမြင်သာအသွင်ဆန်းပေလိမ့်
နန်းတော်ကြီးအရုပ်အိမ်....။(အမည်မသိ)
အမေရယ် နောက်ဆုံးစကားအကုန်ပြောရရင်
အမေ...အမေ...အမေဟာ မိန်းမရွှင်တစ်ယောက်ဖြစ်နေပါစေ...
အမေဟာ အမေပါပဲ...။(ဦးသုခ)
ရင်နှင့်လွယ်သွားတဲ့ အမေ....
သွေးနို့စက်များ တိုက်ကြွေးသွားတဲ့ အမေ...
ဝါးဖတ်တော် ကဆီအနှစ် ခွံကြွေးဖြစ်ခဲ့တဲ့အမေ....
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်မှသည်
ယနေ့ထိတိုင် ပြုစုယုယခဲ့သည့်အမေ..
မွေးမေ့ကျေးဇူး အထူးသိတတ်
သားကောင်းသမီးမြတ်များ ဖြစ်ကြပါစေ...(ကိုဝင်းလတ်)
သုခီအတ္တာနံ ပရိဟရန္တု...
ဖတ်ရတာ စိတ်မကောင်းဘူးဗျာ...ကောင်းတဲ.
ReplyDeleteသားလိမာတွေ ရှိသလို အလိုကျေးဇူးမသိတဲ.
သားမိုက်တွေ လည်းရှိတတ်ကြပါတယ်ဗျာ...
ဘာကြောင်.လို. ပြောမလည်း အတိတ်ကံဆိုလည်း
အလိုခံစားရမဲ. အမေများရှိခဲ.ရင် ဒီဘ၀နဲ.တင်
ကျေပါစေဗျာ....
ဖတ်ရတာ တော်တော် လေးကို ထိသွားတယ် မိဘကို တော်တော်လေး မသိတက်တဲ့ သားတစ်ယောက်ဘဲ
ReplyDeleteကောင်းလိုက်တဲ့ပို့စ်လေး နော်မက်၂ ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ် ..
ReplyDeleteရင်ထဲမှာ နင့်အောင် ခံစားလိုက်ရတယ် ယောင်းလေးရေ ယောင်းရယ် အဲလိုမျိုးတွေ ဖတ်ရရင်လေ ရင်ဘတ်ကို တယောက်ယောက်က ဆွဲစုတ်ထားသလိုပဲ နေရသိပ်ခက်တာပဲ ဟွန်းးးလူဇိုးးး သိပ်ရေးတတ်တာပဲ မကောင်းဘူး သူများကို အနေခက်အောင် လုပ်တယ် ပျံမယ်
ReplyDeleteတာ့တာ ဘိုင်
မေလ်းထဲမှာ ဖတ်ဖူးပေမယ့် အခုပြန်ဖတ်တော့လည်း စိတ်မကောင်းဖြစ်ရသေးတာပဲ။ လူတိုင်းသိအပ်တဲ့ အကြောင်းပါ။ နောင်တမဖြစ်စေအောင်ပေါ့။
ReplyDeleteအဆင်ပြေပျော်ရွှင်ပါစေ
တခါမှ မဖတ်ဖူးပါဘူး အစ်မရယ်
ReplyDeleteရေးတင်ထားပေးတဲ့ အစ်မကိုလဲ ကျေးဇူးများစွာ နဲပါဗျာ
လူငယ်လေးရဲ့ အမေရေးထားတဲ့စာလေး ဖတ်ပြီး ကျွန်တော် ကြက်သီးတောင်ထမိပါတယ်
အမေ... အမေ....
မိဘကျေးဇူးကို ပိုပြီးဆင်ခြင်မိပါတယ်
မိဘဆိုတာ ဒီလိုပါပဲလေ....
ကျေးဇူးတင်လိုက်တာ
ဘာမှမပြောခင်ပါဘူး
ReplyDeleteမမ မက်မန်းတီးရယ်..
ဘာသာပြန်ထားတာကောင်းတယ်ဗျာ..။
ဒါမျိုး တစ်ခါမှမဖတ်ဖူးဘူးလေ
စာနဲ့တွဲပြီး ဓါတ်ပုံပါပါတော့
မျက်စိထဲ ကွက်ကွက် ကွင်းကွင်း
မြင်ပြီး စိတ်မကောင်းဖြစ်မိတယ်ဗျာ..
လောကကြီးမှာ
ဒီလိုအဖြစ်မျိုး
မရှိပါစေနဲ့လို့ပဲ
ဆုတောင်းမိတယ်
ခင်တဲ့
စည်သူ။
ကောင်းတယ် အစ်မရေ.... သံဝေဂရစရာပေါ့ဗျာ... ဒီလိုသားမျိုးတွေရှိခဲ့ရင် ဒီလိုပို့စ်မျိုးကို ဖတ်မိပြီး အမေကိုချစ်တဲ့သားတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းတယ်ဗျာ...
ReplyDeleteတီတီလေး မက်မက်ရေ စာလေးဖတ်လိုက်ရတာစိတ်တောင်မကောင်းဘူးနော်။ အမေဆိုတာ ဘယ်လိုပဲဖြစ်နေဖြစ်နေ မွေးသမိခင်အမေကိုတော့ ဘယ်တော့မှမေ့ပျောက်သွားလို့ရမှာ မဟုတ်ပါဘူးနော်။ ကောင်းတယ် တီတီလေးရေ ဒီပိုစ့်လေးကို ဖတ်ပြီးတော်တော်လေးခံစားရသလိုပဲနော်။
ReplyDeleteအဆင်ပြေပါစေ ခင်မင်လျက်
ကိုတိုးလေး
မိခင်မေတ္တာပေါ့ဗျာ။
ReplyDeleteအရာအားလုံး ပေးဆပ်နိုင်တဲ့ မေတ္တာရှင်ပေါ့။
အရမ်းကောင်းတဲ့ပို့ စ်လေးတစ်ပုဒ်ပါ
ReplyDeleteဘတ်ရေ
အမေ မေတ္တာကိုပေါ်လွင်စေတဲ့
ပို့ စ်လေးပါပဲ
အမေတွေဟာ သားသမီးတွေအတွက်ဆိုရင်
မျက်လုံးတစ်လုံးတောင်မကပါဘူး
အသက်ဇီဝိန်ကြွေတဲ့အထိ
ပေးဆပ် စောင့်ရှောက်တတ်သူများပါပဲ
အမေများအားလုံး သားသမီးများရဲ့ 
သိတတ်မှုကိုရရှိပြီး ဘ၀ကိုပျော်ရွှင်စွာ
ဖြတ်သန်းနိုင်ပါစေလို့ 
ဆုတောင်းလျက်
ဘတ်
လာရောက်ခံစားသွားပါတယ်ဗျာ....
ReplyDeleteရင်ထဲမကောင်းဘူး
တကယ်လို့များ သားသိအောင် ပြောပြခဲ့ရင်ရော ....
သူစိတ်ဆင်းရဲမှာထက် သူမသိပဲပြစ်မှားနေရင် အပြစ် ပိုမကြီးသွားဘူးလား......
အင်းကောင်းပါတယ်
တွေးစရာလေးတွေ ရတယ် ညီမရေ
ဟုတ်တယ် မက်မက်ရေ သားသိအောင် ပြောပြခဲ့ရင်ရောဆိုတာကိုတော့ တွေးလိုက်မိတယ်...
ReplyDeleteအခုတော့ နောင်တရနေတဲ့သားမိုက်မှာလဲ တစ်သက်လုံးစိတ်ဆင်းရဲ သွားရတော့မှာပေါ့။
ဒီပို့စ်လေးဖတ်ပြီးတော့ စဉ်းစားမိလိုက်တာကတော့
အသိပေးသင့်တဲ့ ကိစ္စဆိုရင် စောစောစီးစီး အသိပေးလိုက်တာကောင်းတယ်လို့
ုစာဖတ်သူတွေ ဆင်ခြင်နိုင်အောင် ဇာတ်လမ်းလေးကို ဒီလိုတမင်သက်သက် တင်ပြပေးထားတာပဲဖြစ်မယ်လို့ ထင်ပါတယ် မက်မက်ရေ
တွေ့ဖူးတယ် အဲလိုမျိုး။
ReplyDeleteစိတ်ကူးယဉ်ရေးဖွဲ့တာ ကောင်းပါပေ့။ တကယ်မဟုတ်လို့ တော်ပါသေးရဲ့လို့ပဲ အကောင်းမြင်မိပါတယ်။ ၀ါကျတိုလေးတွေနဲ့ အရိုးဆုံးနဲ့လှပအောင် ရေးဖွဲ့နိုင်တာ ပညာတစ်ခုပါပဲ။ ချီးကျူးဖို့ကောင်းပါတယ်။ (မသိမသာမြှောက်သည် :P) ဒီလိုစာလေးတွေ ဖတ်ချင်ပါတယ်။ လာခဲ့ပါဦးမယ်။ စိတ်မကောင်းတာတစ်ခုက ကွန့်မန့်ပေးတာ ၂၄ ယောက်မြောက်ကြီးများတောင် ဖြစ်နေတာပဲ။ လမ်းတွေ့ရင် ခေါ်ပါနော်။ :P ... ၀ှစ်.......။
ReplyDeletei am very sad i read this story.
ReplyDelete