Subscribe:

Wednesday, August 5, 2009

မေတ္တာအွန်လိုင်းကုသိုလ်လှိုင်း

ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ ဘရာဝေး၍ အေးပါစေလို့ အရင်ဆုံး သီတဂူ ဆရာတော် ဘုရားရဲ့ မေတ္တာပို့လေးနဲ့ နှုတ်ခွန်းဆက် လိုက်ပါတယ်ရှင်။ မေတ္တာ အခါတော်နေ့မှာ မက်မက်ချစ်သော ဘလော့ဂ်ကာ သူငယ်ချင်းများနှင့် စာဖတ်သူ သူငယ်ချင်း များအားလုံး နှင့်တကွ ဓမ္မမိတ်ဆွေ သူငယ်ချင်း များကို သတင်းကောင်းလေး တစ်ခုမျှဝေပေး ပါရစေ။

ကိုယ်နာကြား ရသလို တပါးသူလဲ ကြားနာမှတ်သားခွင့် သိခွင့်ရကြပါစေ ဆိုတဲ့ စိတ်နှလုံးမူ၍ ကုသိုလ်လှိုင်းတွေကို အင်တာနက် အွန်လိုင်းမှတဆင့် မျှဝေပေးပြီး ကုသိုလ် ဓာတ်အားတွေ ဖြည့်နိုင်ကြစေဖို့ အကြံပေါ် အကောင်ထည် ဖော်လိုက်ပါပြီရှင်။

ယနေ့မှ စတင်ပြီးတော့ နေ့စဉ်နေ့တိုင်း စင်္ကာပူ စံတော်ချိန် ည၈နာရီ တိတိမှာ တရားတော်များကို http://live.dhammathukha.com တွင် အမြဲထုတ်လွှင့် သွားပါမည်။ထို့အပြင် ဆရာတော် ကြီးများရဲ့ တရားများကို တိုက်ရိုက်နာကြား ခွင့်ရကြ ရလေအောင် အလျဉ်းသင့် သလို တိုက်ရိုက် ထုတ်လွင့်မှု အစီအစဉ် များကိုလည်း ပြုလုပ်ပေး သွားမှာပါ။

(ဘယ်နေ့) (ဘယ်နှစ်နာရီ)မှာ (ဘယ်တရား)ကို (ဘယ်သူ့)ကို ရည်စူးပြီး အားလုံးသော သူများလည်း ဒီတရားကို နာကြားခွင့် ရကြပါစေ ဆိုတဲ့ (ကုသိုလ်ဆန္ဒ)ကို http://live.dhammathukha.com၏ Cboxမှာ သော်လည်းကောင်း၊ livedhamma@gmail.com တွင်လည်းကောင်း မိမိတို့ ဆန္ဒရှိရာ နာကြားချင်ရာ တရားတော်များကို တောင်းဆိုလို့ ရပါတယ်။ ဓမ္မသုခ အဖွဲ့ဝင်များမှ ကြိုးစားပြီး တောင်းဆိုထားသော တရားတော် များကိုလည်း ထုတ်လွင့်ပေးပါမယ်။

ယခုလာမည့် သြဂုတ်လ (၈)ရက်နေ့တွင် ဆရာတော် ဦးကောသလ္လ ရဲ့ အမေရိကားတွင် ဟောကြားတော်မူမယ့် တရားတော်ကို http://live.dhammathukha.com မှ တိုက်ရိုက်ထုတ်လွင့် ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ တရားနာယူ သည့်အခါ အဆင်မပြေမှုများ ရှိခဲ့ပါက နားလည်ပေးပါရန် မျှော်လင့်ပါတယ်နော်။

ကျေးဇူးတင်စွာဖြင့်
ဓမ္မသုခမောင်နှမများ

ကိုငချမ်းကောင် ရဲ့ဘလော့သို့ သွားလည်စဉ် မြတ်စွာဘုရားဧ။် Buddha Life ကြည့်ရင်းနဲ့ ကြည်ညိုသဒ္ဒါ မြတ်စွာဘုရားအား ကြည်ညိုသဒ္ဒါ ပို၍ဖြစ်မိပါတယ်။ ဒါကြောင့် မောင်နှမ များကိုလည်း ကြည့်ရှုနိုင်ရန်အတွက် ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။



17 comments:

  1. အခုလို ဆိုက်ဒ်လေးကို
    မျှဝေပေးတာ
    ကျေးဇူးပါ
    ဘတ်ရေ
    သာဓု ပါ

    ခင်တဲ့
    ဘတ်

    ReplyDelete
  2. ဟာ...တွားဘီ
    ကျကန်းဖစ်တွားဘီ

    ReplyDelete
  3. အခုလို လမ်းညွှန်လေးပေးလိုက်တော့

    သွားရတာလွယ်ကူသွားတာပေါ့..
    ဆိုဒ်လေးကိုလည်း သိမ်းထားလိုက်ပါမယ်

    လိုအင်ဆန္ဒ တလုံးတဝ
    ပြည့်စုံပါစေဗျာ..။

    ခင်မင်စွာဖြင့်
    ................စည်သူ။

    ReplyDelete
  4. ကျေးဇူးပါဗျား...။ ဗီဒီယိုလေးကြည့်ခြင်းအား ဖြင့် အင်္ဂလိပ်တွေလဲ ဘုရားကို ယုံကြည်လာတဲ့ သဘောရှိတယ်။ ကျေးဇူးပါဗျာ...။

    ReplyDelete
  5. တန်ဖိုးရှိတဲ့ ဗီဒီယိုလေးပါပဲ။ ကူးယူသိမ်းဆည်းသွားပါတယ်။ ဗီဒီယိုထဲမှာ ပြောဆိုသွားတာတွေက သဘာဝကျသလို ဘုရားတကယ် ရှိမရှိ ချဉ်းကပ် ရှာဖွေပုံတွေကလဲ သိပ်ပံနည်းကျပါပဲ။
    အထူးပဲ ကျေးဇူးတင်ပါတယ် အရူးမဒွင်းရေ...။
    ခရေဇီဒွင်းဆိုတော့ ဒီလိုပဲ ဘာသာပြန်လို့ရလို့.... ဟီး

    ReplyDelete
  6. ဒီအထဲက တခုကိုတော့ လုံးလုံး သဘောမကျဘူးဗျာ။ ဒီလိုပါ ကျနော်တို့ မြန်မာတွေမှာလဲ အယူတခုရှိပါတယ်။ အဲဒါဘာလဲဆိုတော့ မြတ်စွာဘုရာ ဒုက်ခစရိယ ကျင့်ကြံတော့ နည်းလမ်းမှာနေလို့ သိကြားမင်းကတောင် မလျော့မတင်း စောင်းကြိုး တင်းသလို ကျင့်ကြံရမယ်လို့ နမိတ်ပုံပြတာဟာ လုံးဝ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ၄အသင်ချေနဲ့ ကဘာ တသိမ်း ပါရမီဖြည့်ဆည်းလာတဲ့ မြတ်စွာဘုရား ဟာ ဘာမဟုတ်တဲ့ သိကြားမင်းက နည်းလမ်းမှန် လာပြတယ်ဆိုတော့ စိတ်ထဲ တမျိုးကြီးပဲ။ မဖြစ်နိုင်ဘုးလို့ ထင်တယ်။

    ReplyDelete
  7. မေတ္တာအွန်လိုင်းကုသိုလ်လှိုင်းကို နားဆင်ပါမည် ခင်ဗျာ။
    အခုလို ဖြန့် ဝေပေးတဲ့ မမမက်မက်ကို ကျေးဇူးတင်ပါတယ် :P

    ReplyDelete
  8. မက်မက်

    ကြိုးစားပြီးရောက် လာ တယ် စာတွေပိုကောင်း လာတယ်။

    ငြိမ်းချမ်းပါစေ

    ဥပသကာ

    ReplyDelete
  9. နဒီမိုးညိုAugust 5, 2009 at 7:56 PM

    ကုသိုလ်ယူပါ့မယ်..မက်မက်ရေ..
    ကျေးဇူးနော်..

    ReplyDelete
  10. မျှဝေပေးတာ ကျေးဇူးပါ ချစ်မက်လေး ရေ....ကူးထားတယ် သိလား...ဗွီဒီယို ဖိုင်လေး ကြည့်ပြီးတော်တော်ကြိုက်တယ်...

    ReplyDelete
  11. မတ်လေးရေ---လာလည်တိုင်းအသစ်မတွေ့လို့စောင့်လိုက်ရတာအခုတော့လည်းမေတ္တာအွန်လိုင်းကနေကုသိုလ်လှိုင်းတွေစီးဆင်းပေးတဲ့အတွက်ကျေးဇူးပါကွာ။

    ReplyDelete
  12. မက်မက်လေးက လိမ်မာတယ် ဗျာ...
    ခုလို ကုသိုလ်တွေ လုပ်နေတာ သာဓု
    သာဓု သာဓု ပါဗျာ...

    ReplyDelete
  13. ကျေးဇူးပါမက်မက်

    ReplyDelete
  14. လိမ္မာလိုက်တဲ့ သမီးလေး မက်မက်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  15. မတ်မတ်ရေ အသစ်ကိုစောင့်ရင်းနဲ့အခုဆိုလည်တောင် လည်တက်သွားပီ။ကိုယ်ပိုင်blog တော့မဖွင့်ချင်သေးဘူးစာကျက်စရာတွေများနေလိုပါ အခုတော့ learner ဘဲဖြစ်နေသေးတယ် နောက်တော့ teacher သွားမှာပါ။ ရည်ရွယ်ချက်တွေအောင်မြင်ပါစေ---

    ReplyDelete
  16. ကျွန်တော်တို့ကတော့ ခရီးထွက်နေလို့ မနာဖြစ်တော့ဘူးထင်တယ်... အခုရောက်နေတဲ့ကျောင်းက အင်တာနက်သိပ်အဆင်မပြေတာရယ် သူများစီဆိုတော့ နာရဖို့ ဝေးပြီးဗျာ ... နာကြားနိုင်တဲ့ အစ်ကိုအစ်မတို့ ရဲ့ ကုသိုလ်ကို သာဓုခေါ်ပါတယ်

    ReplyDelete
  17. သက်တန့်August 11, 2009 at 4:20 AM

    သတင်းကောင်းလေးကို လက်ဆင့်ကမ်းတဲ့ မက်မက်ရေ...
    အာဝါးးးးနော်... :)

    ReplyDelete