အနမ်းတွေ ပျိုးချခဲ့တဲ့ နေ့တုန်းက
ငါ....က သူရဲကောင်းကြီးပေါ့
ကမ္ဘာကြီး တစ်ခုလုံးလည်း လင်းပြလို့ပေါ့
ရင်ခုန်သံ တိုးဖွဖွမှာ ချစ်သူရယ်သံက
စည်းချက်သံ တချပ်ချပ် လိုက်တယ်..။
ကောင်းကင်ကြီးရယ်
လေညှင်းလေးရယ် ချစ်သူရယ်သံရယ်
ပြီးတော့ ခိုးကြောင်ခိုးဝှက် အနမ်းတစ်ချို့ရယ်
ပြီးပြည့်စုံခြင်းထက် ပိုမိုပြီး ပြည့်စုံ ခဲ့ပါတယ်။
အလင်းနှစ်ထက် လျှင်မြန်တဲ့
သတိရခြင်းတွေ တပွေ့တစ်ပိုက်ကြီးနဲ့
ချစ်သူကို လွမ်းရတာ
အာရုဏ်ဦးမှာ ပွင့်တဲ့ပန်းလို
မျှော်လင့်ချက်တွေ မွှေးမြလန်းဆန်းတယ်။
မြှားအစင်းပေါင်း ထောင့်ငါးရာ
တိုက်ရိုက်မှန်တဲ့ ရင်ဘတ်မှာ စူးနစ်ခဲ့ပြီး
နှလုံးသား တစ်ခုလုံးလည်း မိုးရွာချ ထားခံရသလို
စိမ်းလန်းဖူးငုံ တစ်လောကလုံး သာယာတယ်။
အပြာရောင်တွေ ရွှဲရွှဲစိုပြီး
ရင်ဘတ် တစ်ခုလုံး ဆေးကြောတဲ့နေ့
ရင်ခုန်သံ တစ်ခုလုံးက
လင်းမြတုန်ခါပြီး စိုတောက်နေခဲ့တယ်
ချစ်ခြင်းတို့ ပွင့်တဲ့အချိန်
ဗီးနပ်စ်တောင် ပါးစပ်အဟောင်း သားနဲ့ပေါ့။
မပျိုးပဲ ရွာချခဲ့တဲ့ မိုး
မငြိုးပဲ ဒဏ်ရာတွေ မပေးပါနဲ့လား
စံပယ်ရဲ့ ဖြူစင်ခြင်းမျိုးနဲ့
ငါ့ဘ၀ တစ်ခုလုံး မင်းလက်ထဲ အပ်ခဲ့ချင်တယ်။
မက်မက်လဲ အခုတလော လုံးဝကို မအားတာပါ။ အပျင်းကြီး နေတာလဲ ဟုတ်ပါတယ်။ ဘလော့ဘက်ကို လုံးဝမလှည့် နိုင်တာပါ။ အဟား...အဲလိုအစွဲအလမ်းတွေ လျှော့ပါးနေတာ။ဒါတောင် ကိုဘိုဘို(ဦးမောင်ဟတ်)ရဲ့ တက်ဂ်ကြွေးတွေကို ရေးပေးရမှာ သိပေမယ့်လဲ ရှေ့မျက်နှာ ရှေ့ထားပြီး မသိချင် ယောင်ဆောင်နေတာ။ ဘယ်နေ့လာဖွ ဦးမလဲ မသိဘူး..း) နောက်နေ့တွေမှာ ဘလော့ဂ်ဘက် လှည့်နိုင်အောင် ကြိုးစားပါမည်။း)
ဒီကဗျာ လေးကိုတော့ မက်မက်ရေးတာ မဟုတ်ပါဘူး။ ခေါင်းစဉ်မပေးပဲ ပေးပို့လာလို့ ကဗျာ ခေါင်းစဉ်လေးပဲ ကိုယ့်ဟာကို တပ်ပေးလိုက်တာပါ။ ဒီကဗျာကို အရင်တုန်းက ၀တ္ထုရေးသားမှု အရမ်းတော်တဲ့ ဘလော့ဂ်ကာ တစ်ယောက်က ရေးပို့ပေးတာပါ။ သူကတော့ အခုဘလော့ဂ် ရေးသားခြင်း မပြုတော့ပါဘူး။ သူ့မှာ ဘလော့မရှိ တော့ပေမယ့် မက်မက်ဘလော့ဂ်မှာ တင်ပေးပါဆိုပြီး တောင်းဆိုလာလို့ပါ။ သူ့နာမည် ဟောင်းကိုတော့ မပြောတော့ဘူးနော်။ မက်မက်ရေ နာမည်ဟောင်းကြီး မသုံးချင်ဘူး၊ နာမည်အသစ် တစ်ခုပေးဆိုတော့ စဉ်းစားလိုက် တဲ့အခါမှာ လင်းသံစဉ် လို့သူ့ကို ပေးခဲ့လိုက်တယ်။ (ဟင့်...စံဇာဏီဘိုဆီ သွားတွက်ရင် ပိုက်ပိုက်ကုန်ဦးမယ်။ အခုတော့ နာမည်ပေး ကင်ပွန်းတက်တာ မုန့်လဲမစားရဘူး။ ဟိဟိ..)ကဲ...ပရိသတ်ကြီးရေ...အခုသူ့ရဲ့ နာမည်သစ် လေးကတော့ လင်းသံစဉ်ပါ။ အားပေးလိုက် ကြပါဦးနော်။ ရွှီး...ဖြောင်း..ဖြောင်း(လက်ခုပ်သံနော်...) ဟိဟိ :P

အဲလိုပေးအပ်နေတဲ့သူကို ငြင်းလွှတ်မိရင် လူမိုက်ပေါ့။
ReplyDeleteကောင်းလိုက်တဲ့ကဗျာ...
ငါ့သမီးလေး ရေးတာလားလို့ ပျော်နေတာ။
ဘယ်ဟုတ်မလဲ... လင်းသံစဉ်လေးရဲ့ လက်ရာကိုးးးးးး
ကောင်းတယ်ဟေ့....
ဖြောင်းးးးးဖြောင်းးးးးးးဖြောင်းးးးးးးးးးးး
ထင်လိုက်သား သူရေးတာမဖြစ်နိုင်ဘူးလို့...း)
ReplyDeleteကဗျာတော့ တော်တော်ကောင်းတယ်ဗျ....
စုက်ချက်ယဉ်ပါးနေတဲ့ ပန်းချီ ဆရာလိုပဲ။
ကဗျာလေးလာဖတ်တယ်
ReplyDeleteအင်း အမှန်တိုင်းပြောရရင် ............... အဲဒီလို မခံစား ချင်တော့ဘူး.............
ကဗျာလေးကကောင်းတယ်......
ရွီး ဖြောင်း ဖြောင်း
ReplyDeleteဘာလဲလို့ မြွေတွေတွန်ပြီး
တောတွေခြောက်နေတာကို
ဟီးဟီး
ကဗျားလေး ဖတ်သွားတယ်နော်
ဟုတ့်ပါ့....
ReplyDeleteတားတားကတော့ မမရေးတာလို့ထင်နေတာ..
ဟုတ်လည်းဟုတ်ဘူး.. ကိုလင်းသံစဉ်ရေးတာကိုး..
ထင်ပါတယ်.. တားတားမမရေး၇င် အဲလောက်မကောင်းဘူးဆိုတာ တိပါတယ်..
အဟေးးးး
ကောင်းကင်ကြီးရယ်..
လေညှင်းလေးရယ်.. ချစ်သူရယ် .. သံရယ်.. အဲလို
ခွဲဖတ်မိသွားတယ်.. ဘာပါလိမ့်ပေါ့..
ပြီးတော့မှ.ဟေး ဟေး ဟေး
ကိုယ့်ကိုကိုယ် ရှက်သွားတယ်
ပျော်ရွှင်ပါစေ
စ်ညသူ။
ယောင်း လေး ဘာတွေ ပေးအပ်မှာလဲ ပြော ရတနာတွေဆိုရင် သုံးပေးမယ် အဲလေ သိမ်းထားပေးမယ် အဟက် ကဗျာလေးကို ဖျက်တယ်လို့တော့ ပြောနဲ့နော် ကဗျာလေး ကောင်းပါတယ် မက်မက်လေးရေ
ReplyDeleteပျော်ရွှင်ပါစေ ကွယ် နော် ဘိုင် တာ့တာ
ကဗျာလေး ကောင်းတယ်ဗျ ။ နှစ်သက်စွာ ခံစားသွားပါတယ် ။
ReplyDeleteဘတ်ရေးတာလားလို့ 
ReplyDeleteနောက်မှပဲ လင်းသံစဉ် ဆိုတဲ့ သူ ရေးမှန်းသိတော့တယ်
ကဗျာလေးကောင်းပါတယ်
ဒါပေမယ့်
အဲဒီကဗျာတွေ မခံစားချင်တော့ဘူး
ဘတ်ဘတ်
ကဗျာလေး ကောင်းတယ်ဗျာ... အစ်မရေးတဲ့ ကဗျာလေးတွေလည်း တွေ့ချင်ပါရဲ့..။
ReplyDeleteစံပယ်ရဲ့ ဖြူစင်ခြင်းမျိုးနဲ့
ReplyDeleteငါ့ဘ၀ တစ်ခုလုံး မင်းလက်ထဲ အပ်ခဲ့ချင်တယ်။
အဟဲ...မက်မက်ကဗျာရေးတာ တော်မှတော်လို့ပြောမလို့ရှိသေး....:P
မက်မက်လည်းကဗျာရေးပါလား
ဖတ်ကြည့်ချင်သေးရဲ့ :D
မက်မက်တက်ဂ်ထားတာ မမေ့ဘူးနော်။
moodမ၀င်သေးလို့ မရေးရသေးတာပါကွယ်။
ခင်တဲ့
မေသစ္စာမောင်
ကဗျာလေးက ကောင်းသလို နာမည်ပေးတဲ့သူကလဲ ကောင်းတယ်ဗျာ ...
ReplyDeleteကဗျာလေး သဘောကျတယ်။
ReplyDeleteမက်မက်လက်ရာများလားမသိဘူး။ လင်းသံစဉ်ဆိုပြီး ညာတာပါတေး မလုပ်နဲ့နော်။
ပျော်ရွှင်ပါစေ မက်မက်။
လာဖတ်ပါတယ်။ လင်းသံစဉ်ဆိုတဲ့ နာမည်လေးလဲ လှပါတယ်။
ReplyDeleteလင်းသံစဉ်ဆိုတဲ့ ကလောင်ပိုင်ရှင်ရေးတဲ့ ကဗျာလေးက ထိမိလှသလို ၊
ReplyDeleteလင်သံစဉ်ဆိုတဲ့နာမည်ကိုစဉ်းစားပေးတဲ့မမ ရဲ့ ဗေဒင်ပညာစွမ်းကလည်းထိမိလှပါတယ်
ကဗျာလေးကို နှစ်သက်မိပါတယ်။
ခင်မင်လျက်
စန္ဒီမိုးမြင့်
မန္တလေး