Subscribe:

Wednesday, August 19, 2009

တီဒွင်းနဲ့မက်မက်တို့ရဲ့ခေါတလုများ

ဟော..ဦးဦးမိုးခိုတားကြီးပါလား ၀င်ပါ ၀င်ပါ (ခုံအောက်ထဲ :P )ဒီနေ့အိမ်ကို လာခဲ့မယ် ဆိုလို့လေ မက်မက်နဲ့ တီတီဒွင်းတို့က မျှော်နေတာ။

ဆောရီးပဲ မက်မက်ရယ် ၊ နဲနဲနောက်ကျသွားတယ် တီဒွင်းရော ဘယ်သွားလဲ။

တီတီဒွင်းလား ရှိတယ် ဦးဦးရဲ့ ခေါ်ပေးမယ်နော်။ ခဏလေး ထိုင်စောင့်ဦး။(တိုင်နဲ့ခေါင်းနဲ့ :P)

တီတီဒွင်းရေ တီတီဒွင်း ဒီမှာဦးဦးမိုးခိုတား ရောက်နေတယ်။

အော်...ဘယ်သူများ မှတ်တယ် ကိုမောင်ဟတ်ကြီးပါလား...အော်...မှားလို့.. ကိုမောင်ဟန်ပါလား။

ဟုတ်တယ် ဖွားမေ့(ကလဲ့စားချေတာ :P) အဲလေ တီတီဒွင်း... အဟီးး ဟိုနေ့က တီဒွင်းအားမယ့်အချိန်မှာ အခုတလော သိချင်တာလေးတွေ အင်တာဗျူးဖို့ ပြောထားတာလေ ။

အော်.. အေး .. အေး... ဟုတ်သားပဲ....ကဲ..သမီးမက်မက်... ဦးမောင်ဟတ်ကြီးအတွက် တစ်ခုခု သောက်စရာ လုပ်ပါဦးကွယ်။

ဟုတ်ကဲ့ တီတီဒွင်း....(ရေပဲရမယ် :P)

ဒါဆို အင်တာဗျူး စလိုက်ကြ ရအောင်နော်။ အခုတလော သိချင်တာလေးက တီတီဒွင်း တစ်ယောက် ဘာတွေတွေး ဖြစ်နေလဲ ဆိုတာလေးပါ။

အင်း..ခုတစ်လော တွေးဖြစ်နေ တာကတော့ ဘလော့ကာတွေနဲ့ လျှောက်လည်တုန်းက ပျော်စရာ ကြောင်းလေးတွေကို ပြန်တွေးနေမိတယ်။


မက်မက်ကတော့ ခုတစ်လောမှာ နောက်လကျရင် ပြုလုပ်မယ့် အစီအစဉ် အကြောင်းလေးတွေကို ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ခဏခဏ တွေးနေမိတယ်။ :P

ဟုတ်ကဲ့ပါ တီတီဒွင်းနဲ့ မက်မက်ရေ။ နောက်တခုပေါ့လေ .. ခုတစ်လောမှာ ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင် နေမိတာလေးများ ရှိရင်လဲ သိပါရစေ။

ခုတစ်လောမှာတော့ ကိုယ့်ကိုကိုယ် မြေကြီးလိုပဲ ကျင့်ကြံပါ၊ အရာအားလုံးဟာ အမြဲမရှိဘူး။ ပြီးတာတွေ ပြန်မစဉ်းစားနဲ့လို့ ပြန်ဆင်ခြင်မိတယ်။



မက်မက်ကတော့ ခုတစ်လောမှာ စိတ်ဆတ်တယ်။ တစ်ခုခုဆို ထစ်ခနဲဆို စိတ်ကတိုလာရော။စကားတစ်ခွန်းကို နှစ်ခါသုံးခါလောက် ပြောရပြီဆိုရင် စိတ်ကတိုလာပြီ။ အဲဒီတော့ တစ်နေ့တစ်နေ့ ငါဘာတွေ လုပ်ခဲ့မိလဲ ၊ ဘာအမှားတွေ လုပ်မိလဲ ဆိုတာကို ညအိပ်ရာ ၀င်ခါနီးတိုင်း ပြန်စဉ်းစား ဆင်ခြင်မိတယ်။

ဟုတ်ကဲ့။နောက်တစ်ခု ကပေါ့လေ ခုတစ်လော တီတီဒွင်းနဲ့ မက်မက်တို့ရဲ့ ကျန်းမာရေး အခြေအနေလေး သိပါစေ။

ကျန်းမာရေးကတော့ ထွေထွေထူးထူး တော့မရှိပါဘူး။ သွေးပေါင်ခဏ ခဏကျတယ်။ အိတ်ထဲမှာ ဆေးကိုတော့ ဆောင်ထားရတယ်။ ကျန်တာကတော့ ဒေါင်ဒေါင်မြည်ပါပဲ... :)

မက်မက်ကတော့ ခုတစ်လော စိတ်ကမကောင်းရင် လူပါနေထိုင် မကောင်းဖြစ်တယ်။ စိတ်နဲ့ခန္ဓာနဲ့ တစ်သားတည်းကျတော့ စိတ်ကမချမ်းသာရင် လူပါနေထိုင် မကောင်းဖြစ်ရော။ ကျန်တာတော့ ဟေလား ၀ါးလားပါပဲ။ (ခပ်ပျော်ပျော်ပဲ...ဒန်တန်းတန် )

တီတီဒွင်းနဲ့ မက်မက်တို့ ခုတစ်လော ရောက်ဖြစ်တဲ့ နေရာလေး သိပါစေ။

အခုတစ်လောတော့ ဘယ်မှမရောက် ဖြစ်ပါဘူးကွယ်။ အဲဒါပေမယ့် စိတ်နဲ့လူ နဲ့ကတော့ http://live.dhammathukha.com ကိုတော့ ညစဉ်ညတိုင်း ရောက်ဖြစ်ပါတယ်။

မက်မက်ကတော့ အမြဲတမ်း အွန်းလိုင်းကို ရောက်ဖြစ်ပါတယ်။ (:P)

ဟုတ်ကဲ့ပါ တီဒွင်းနဲ့မက်မက်ရေ။ ခုတစ်လောပေါ့လေ နားထောင်ဖြစ်တဲ့ အရာလေးများ ရှိလားဆိုတာလေး သိပါရစေနော့်။

အင်း..ခုတစ်လော တီဒွင်း နေ့တိုင်း နားထောင်ဖြစ်နေ တာကတော့ အရှင်ဇ၀န ၊ အရှင်ဆေကိန္ဒ၊ အရှင်ဆန္ဒာဓိက စသည့် တရားတော်တွေကို နားထောင်ပြီး နာဖြစ်ပါတယ်။ နောက်ပြီးတော့ http://live.dhammathukha.com မှာနေ့စဉ်နေ့တိုင်း စင်္ကာပူအချိန် ည ၈ နာရီမှာ တရားတော်ကို တိုက်ရိုက်လွှင့်တာကို နာဖြစ်နေပါတယ်။

မက်မက်ကတော့ ခုတလော နားထောင်ဖြစ်နေတာကတော့ အမေကြည်ကြည်ဠေး ဆိုထားတဲ့ဗေဒါလမ်း သီချင်းရယ် ၊ Some One ၊ Some Say Love ၊ When you tell me that you love me စတဲ့ သီချင်းတွေကို ခဏခဏ နားထောင်မိတယ်။ ဗေဒါလမ်း သီချင်းဆိုရင် တနေ့ကို အကြိမ်ပေါင်း မနည်းဘူး ။ နားထောင်တိုင်းလဲ မျက်ရည်ကျမိတဲ့ အထိပါပဲ။ (ရင်ဘတ်နဲ့ နားထောင်ရင် ခံစားမိ လိမ့်မယ်နော့်)

နောက်ပြီး ထပ်သိချင်တာ ကပေါ့လေ အခုတစ်လော ရွတ်နေဆို နေမိတဲ့ ကဗျာလေးတွေ စာလေးတွေကို သိပါရစေနော်။

ဟုတ်..အခုတစ် လောမှာပေါ့ တီဒွင်း ဆိုမိတဲ့ စာပိုဒ်လေး တော့ရှိတယ်။ အဲဒါကို သားဖြစ်သူက မေမေဒါလေးကို အမြဲနှလုံး သွင်းပါတဲ့။တကယ်သေရမယ့် အချိန်မှာတောင် သေဖို့မကြောက် တော့တာကို မေမေ ခံစားရလိမ့် မယ်ဆိုပြီး မွေးစားအမေဖြစ်သူ တီဒွင်းကို ပြောသွားတာလေ။ အဲဒါက မေမရဏံ ဓုဝံ၊ မေဇီဝိတံ အဓုဝံ တဲ့။ အဓိပါယ်ကတော့ ငါ့အားသေခြင်းသည် အမြဲရှိဧ။်။ငါ့အားမသေခြင်းသည် အမြဲမရှိတဲ့။

မက်မက်ကတော့ ခုတစ်လောမှာ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာထဲက စာပိုဒ်ကိုပဲ ကြိုက်လို့ဆိုဆို နေမိတယ်။အဲဒါက အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ ဆိုတဲ့ဟာကို ခဏခဏ ရွတ်ဆိုနေ မိတတ်တယ်။(အဲဒီကဗျာက လူကို အားမာန်သစ်တွေ ပေးပါတယ်)(အားမာန်သစ်ဆိုလို့ ဦးသီဟသစ် ဟုတ်ဘူးနော်.. ဟိဟိ )

ဟုတ်ကဲ့။ နောက်တခု ကပေါ့လေ အခုတစ်လောမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ စိတ်ကူးတွေများ ရှိရင်သိချင်တယ်။

အဲဒါလား ရှိတာပေါ့။ လူသားအားလုံးကို တစ်ယောက်နဲ့တစ်ယောက် ငြိမ်းချမ်းစွာနဲ့ ချစ်ခင်စည်းလုံး ကြစေချင်တယ်။အပြိုင်အဆိုင် အငြိုးအတေးတွေ ရှေ့တန်းမထားဘဲ ညီညွှတ်ကြ စေချင်တယ်။ (ဒါကရင်ထဲက ဆန္ဒ)။

မက်မက်ရဲ့ အခုတစ်လော ဆန္ဒကတော့ ဘလော့ကာတွေ အားလုံး လွတ်လပ်သော အချိန်ရ နိုင်ကြပြီး ဘလော့ဂင်း နိုင်ကြပါစေ၊ Facebookနဲ့ ကင်းဝေးနိုင် ပါစေလို့။(အခုတစ်လော ဘလော့ကာတွေ ဘလော့မှာ စာဖတ်စာရေးခြင်း မပြုဘဲ Facebookမှာ လယ်စိုက်နေ တာတွေပဲ တွေ့နေရလို့....ဟီးး ကိုယ်အပါအ၀င်ပဲ။ အခုတောင် တကယ်မ အားသေးလို့ ကိုယ့်လယ်ကိုတောင် ပစ်ထားရတာ... အဟား...:P )

ဟုတ်ကဲ့ပါ...ဆန္ဒတွေ ပြည့်ပါစေနော် တီတီဒွင်းနဲ့ မက်မက်ရေ။ နောက်တစ်ခု အနေနဲ့ သိချင်သေး တာကပေါ့လေ ခုတစ်လော မေ့လျှော့ပစ်နေ တဲ့အရာများ ရှိလားဆိုတာပါ။

အင်း..ဘယ်လိုပြောရမလဲ။ တီဒွင်းကတော့ တကူးတက မေ့လျှော့ပစ်တာ မရှိပါဘူး။ အရာအားလုံးကို ကိုယ့်အတွက် အရေးမကြီးရင် စိတ်ထဲကို မထည့်ထားဘူးလေ။ ပြီးရင်မေ့ပစ်လိုက်တာ များတယ်။

မက်မက်ကတော့ ခုတစ်လောမှာ တမင်မေ့တာ မဟုတ်ဘဲ ခဏခဏ မေ့တတ်နေတယ်။ :( အခုဆိုရင် မကြာမကြာ မေ့တတ်လွန်းလို့ တော်တော်တောင် အခြေအနေ ဆိုးနေပြီ :( ။ဟိုတစ်ခါကဆို အိမ်မှာဘုန်းကြီး ဆွမ်းကပ်မိပါတယ်။ တရားနာပြီးတော့ ဘုန်းကြီးဆွမ်းစား ခါနီးမှ ထမင်းမချက် ရသေးဘူး ဆိုတာသိတယ်။ ကမန်းကတန်း အောက်ထပ်က ကန်တင်းမှာ ထမင်းပြေးဆင်း ၀ယ်ရတယ်။ အဟီးး.. အဲဒီတုန်းက ၀ါးတီးဆွဲ တဲ့သူတွေ လာမဖွခင် ကိုယ့်ဟာကိုယ် အရင်ပြော ပြလိုက်တာ။ အဲဒီတုန်းက ဦးမောင်ဟတ်ကြီးက ကလေးကို ကင်ပွန်းတပ် ပေးလိုက်တာက ဖွားမေ့တဲ့....း(

ဟာဟ..ဟုတ်ကဲ့ပါ ဖွားမေ့ရယ်..အဲ..လေ ..မက်မက်ရယ်.... နောက်တစ်ခု သိချင်တာ ကပေါ့နော်..အခုတစ်လော သတိတရ အမှတ်တရ ဖြစ်စရာများ ရှိရင်ပြောပြ ပေးပါဦး။

တီဒွင်းကတော့ အခုတလော အမှတ်တရ မှတ်မိနေတာက ကိုးထပ်ကို ဓာတ်လှေကား မသုံးဘဲ ဖရဲသီးကြီးပိုက်ပြီး ခြေလျှင်တက်ခဲ့တဲ့ သူရဲကောင်း နှစ်ယောက်ကို သတိတရ ရှိနေပါတယ်....(ဘယ်သူလဲဆိုတာ မပြောပြဘူးနော်... :P)။

မက်မက်ကတော့ နေရှင်နယ်ဒေးက ပျော်ခဲ့ကြရတဲ့ ဘလော့ဂါတွေနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး အမှတ်ရ နေပါတယ်။ အမှတ်တရ ဓာတ်ပုံတွေထဲမှာ ဦးသီဟသစ်နဲ့ ကိုတလနွန်တို့ရဲ့ ဓာတ်ပုံ၂ပုံကို ကြည့်ကြည့်ပြီး ရယ်ရတာလဲ အခုချိန်ထိပါပဲ။ (အဲ့ပုံ၂ပုံကိုကူးပြီး MRT မှာကြော်ငြာရင် ကောင်းမလားလို့... ဟိဟိ....ဦးသစ်ကြားရင် လာသတ်တော့မယ်... :P)

ဟားဟ....ကင်မရာမန်း တော်ချက်ပေါ့နော်..တီတီနဲ့မက်မက်.။ ဒါနဲ့နောက်တစ်ခု သိချင်တာပေါ့နော်... အခုတလောမှာ တီတီဒွင်းနဲ့ မက်မက်တို့ လိုအပ်နေတာလေး ရှိရင်သိ ပါရစေ။

တီတီဒွင်း လိုအပ်နေ တာကတော့ အခုချိန်မှာ အချိန်ပါပဲ။ ကိုယ့်အတွက် အချိန်တွေက သုံးရတာ သိပ်မလောက်ဘူး ဖြစ်နေတယ်လေ။

မက်မက်အတွက်ကတော့ အခုတစ်လောမှာ လိုအပ်နေတာက စစ်မှန်တဲ့ ခင်မင်မှုနဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာပါ။

ဟုတ်ကဲ့ပါ.. နောက်တစ်ခု အနေနဲ့ပေါ့နော် အခုတစ်လောမှာ မုန်းတီးစိတ် ၀င်မိတာ လေးတွေများ ရှိလားမသိဘူး။

တီတီဒွင်းမှာတော့ မရှိပါဘူးကွယ်။

ဟုတ်ကဲ့ပါ တီဒွင်း။ ဒါဆို မက်မက်မှာရော အခုတစ်လော စိတ်ထဲက အထင်သေး မိတာလေးများ ရှိလားမသိဘူး။

အင်း...ဘယ်လိုပြောမလဲ။ (မြန်မာလိုပဲ ပြောရမှာပေါ့ :P) အထင်သေးတွေ ကြီးတာတွေ မရှိပါဘူး။ ဒါပေမယ့် စိတ်ထဲက မဟုတ်တာတွေ၊ ဟန်ဆောင်လိမ်ညာ တာတွေကို သိနေခဲ့ရင် အခန့်မသင့်ရင် လှောင်ပြုံးပြုံး တတ်ပါတယ်။ ( ငခူပြုံးထက်တော့ သာတာပေါ့.. :P)

ဟုတ်ကဲ့ပါ...မက်မက်ရေ။ နောက်ဆုံးအနေ နဲ့ပေါ့လေ သိချင်တာက အခုတစ်လော တောင်းဆုပြုတိုင်းသာ ပြည့်မယ်ဆိုရင် ဘာဆုတောင်း မိမလဲ ဆိုတာလေးကို သိချင်တယ်။

တီတီဒွင်းအနေနဲ့ ပြည့်ပြည့်မပြည့်ပြည့် တောင်းနေတဲ့ ဆုတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ အကျွန်ုပ် နဲ့အတူ သတ္တ၀ါအားလုံး စိတ်ဧ။်ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေလို့။

ဟုတ်ကဲ့ပါ တီတီဒွင်းနဲ့ မက်မက်ရေ။ အခုလို မအားတဲ့ကြားက စိတ်ရှည်လက်ရှည် ဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်။

တီတီနဲ့ မက်မက်တို့ရဲ့ အခုတလောကို သိချင်လို့ အင်တာဗျူးတဲ့ ကိုမောင်ဟတ်နဲ့ ဦးဦးမိုးခိုသားကိုလဲ ကျေးဇူးတင်ပါတယ်။

အယ်..၀န်ခံချင်တာက ခုတစ်လော အလုပ်ရှုတ်သလို မရှုတ်သလိုနဲ့ အပျင်းကြီး နေလို့လေ ဘလော့ဂ်ဘက် မလှည့်နိုင် သေးတာကို နားလည်ပေးဖို့ ဒီပို့စ်နဲ့အတူ တောင်းပန်ပါတယ်။ နားလည်ပေး နိုင်မယ်လဲ မျှော်လင့်မိပါတယ်။ နောက်ပြီး အထူးအားနာ မိတာက တူတော်ဒေါက်လို့ ခေါ်တဲ့ မောင်လေး မိုးသောက်ကိုပါ။ စုပေါင်းဆိုဒ်မှာပို့စ် တင်ပေးပါ့မယ်လို့ ကတိပေးထား ခဲ့ပြီးကာမှ အကြောင်းပြချက် အမျိုးမျိုးကြောင့် စာမူပေးဖို့ နှောင့်နှေးနေရ တဲ့အတွက် တကယ့်ကို အားနာမိပါတယ်။

နောက်ပြီး ဒီပို့စ်လေးဟာ စာဖတ်သူအတွက် ပေါတောတော ဖြစ်သွားခဲ့ မယ်ဆိုရင် အရမ်းကို တောင်းပန်ပါတယ်။ ပျော်ရွှင်စေချင်တဲ့ ဆန္ဒသက်သက်နဲ့ ပေါထားတာ... ဟိဟိ.... :P

ကဲ..ဦးဦးမိုးခိုသား(သို့)ဦးမောင်ဟတ်(သို့)ကိုဘိုဘို Water ဒီလောက်နဲ့ပဲ ကျေနပ်ပေး နိုင်မယ်လို့ မျှော်လင့်မိ ပါတယ်နော့်။


16 comments:

  1. မတ်မတ်လေးရေ
    လာအားပေးသွားပါတယ်---ပျော်ရွှင်စစ်မှန်တဲ့မိတ်ကောင်းဆွေကောင်းတွေရရှိနိုင်ပါစေ--

    ReplyDelete
  2. တီဒွင်းနဲ့ မက်မက်ရေ..
    ဖွားမေ့ရေ

    ခေါတလုလေးတွေ ခုလို ဖြေကြားပေါးတာ ဦးဦးမိုးခိုသား ၀မ်းမြောက်ကျေနပ်ရပါ၏
    မနက် အလုပ်ရောက်မှ ခုတလောကို နောက်တစ်ခေါက် ခေါတလုတော့မယ်။
    ခုတော့ အာပွားပေးနေတဲ့ ဖွားမေ့ အိမ်က ကောင်မလေးကို အာပွားတစ်သိန်း ပြန်ပေးလိုက်ထာ၊ ဦးဦး မောတွားဘီကွယ်။
    နားတော့မယ်

    ချစ်ခင်စွာဖြင့်

    ReplyDelete
  3. မတ်စိ..(ဟုတ်ပါဘူး..) မက်မက်ရေ..၊ ပို့စ်ကလေးကိုဖတ်ပြီး ငါးပြေမပြုံးလေး ပြုံးသွားပါတယ်။ (ငါးခူပြုံးထက် သာအောင်) မက်မက်ရဲ့ပို့စ်လေးကို ဖတ်ရတာ ရင်ထဲအေးချမ်းသွားတယ်။ ကိုယ့်ထက်မသာတာတောင်၊ တန်းတူလိုက်နိုင်တဲ့ အပေါပညာရှင်တစ်ယောက် တွေ့လိုက်ရလို့လေ... ခစ်ခစ်။ ဂုဏ်ယူပါဒယ်။ ဒီလိုပေါနိုင်အောင် ဘယ်လိုကြိုးစားခဲ့ရပါသလဲလို့ ထပ်ဗျူးချင်ပါတယ်...ခွိခွိ ... နောက်တာနော် ...။
    (ပြောချင်တာပြောပြီး နောက်တာနော်တစ်လုံးထဲနဲ့ ပြန်ချည်သည်) လစ်ပီ.. ဒန်တန်တန် ♫♫♫♪♪♪

    ReplyDelete
  4. မက်မက်ရဲ့ ခေါတလုဖတ်ပြီး (အဟ၀တော) (ပြပြော)လို့မပြီးအောင် (ချူးကြီး)သွားကြောင်းပါ။

    ReplyDelete
  5. ရီရအောင်ဆိုပြီး အမှားလိုလို အလွဲလိုလို ရေးသားထားတာ ရီရဘူးဗျ
    ဒါပေမယ့် ပျော်တတ်တဲံအစ်မတစ်ယောက် အပျော်တွေနဲ့ ပျော်နိုင်ပါစေဗျာ

    ReplyDelete
  6. စတိုင် အသစ်လေး နဲ့ ရေးထားတာလေး လာဖတ်ပါတယ်....း) မက်မက်လေးရေ ပျော်ရွှင်ပါစေ..။

    ReplyDelete
  7. တားတားလည်းလာဖတ်သွားတယ်နော် တီမက် တူလည်းဆားချက်တယ် ထင်တယ် အကြံကုန်လို့ လေဟီးဟီး စတာနော် ဘာပဲဖြစ်ဖြစ် ပေါဖော်ပေါဖက်တွေ ပဲဟာ နော့လေ ...

    ReplyDelete
  8. ဗျူးတဲ့အချိန်တောင် ဦးဦး က နောက်ကျပီးမှရောက်တော့.. မန်ပလဲ မတစ်ရတာ မဆန်းပါဘူးဏော။

    ၁။ နောက်လ အစီအစဉ်မှာ ဒီ့ထက် ပို လူစုံနိုင်ပါစေ။
    (၂၂ရက်၊ ဒီစနေ လာသူများအား စည်းရု့းရေး ဆင်းပါ)

    ၂။ အနိစ္စ အမြဲမရှိ။ သစ္စာ ခိုင်မြဲ၏။ မေတ္တာ အေးချမ်း၏။ ဒေါသ ပူလောင်ဆင်းရဲခြင်း။ (ဆင်းရဲခြင်းမှ ဝေးပါစေ)

    ၃။ စိတ်ရော လူရော အားလုံး အားလုံး နေကောင်းပါစေ

    ၄။ အွန်လိုင်းတက်ရင် လယ်ထဲလာခဲ့ပါအုံး။

    ၅။ နားထောင်နေတာတွေ ဥိး သိဝူးရော် (စတာ)

    ၆။ မေမရဏံ ဓုဝံ၊ မေဇီဝိတံ အဓုဝံ (လိုက်ပီး ရွတ်သွားပါတယ်ခင်ဗျာ)

    ၇။ လယ်တောထဲက ဆွဲထုတ်နေတယ်။ ဦးဦးဘာသာ အေးဆေး ခြံလေးစိုက်ပီး ငြိမ်းချမ်းနေတာကိုး(

    ၈။ ဘူမှ မဖွ.. ဖွယးမေ့ ဘာသာ ဖွတာဏော်။ ဦးဦး ယောင်လို့တောင် မပြောဘူး ဖွားမေ့ အဲလေ မက်မက် ရ။

    ၉။ နောက်လဲ ဦးဦး က အဲလို ရယ်၇တဲ့ ပုံလေးတွေ များများ ရိုက်ပေးပါမယ် (ကင်မရာ ရိုက်ခွဲ မခံရအောင် အသက်နဲ့ လဲ ကာကွယ်ပေးပါ)

    ၁၀။ လိုအပ်နေတာတွေ ပြည့်စုံစေ။

    ၁၁။ ငါးခူ၊ ငါးရံ့ ၊ ငါးသလောက်ပြုံးလေးတေါ နောက်တခါဗျူးရင် ဓာတ်ပုံနဲ့တစ်ကွ မှတ်တမ်းတင်ပါရစေ။

    ၁၂။ တောင်းတဲ့ဆုတိုင်း ပြည့်စုံပါစေ လို့ ဦးဦး ဆုတောင်းပေးပါတယ် တီဒွင်းဖွားမေ့မက်မက် ရေ။

    အပျင်းရောဂါ ခံစားနေရတဲ့ အထဲက ခုလို ဗျူးတာကို စိတ်၇ှည်လက်ရှည် ဖြေပေးတဲ့အတွက် ကျေးဇူးကမ္ဘာ ပါ ခင်ဗျာ။

    ချစ်ခင်စွာဖြင့်
    ဦးဦး မိုးခိုသား

    ReplyDelete
  9. သက်တန့်August 19, 2009 at 9:42 PM

    အမယ်... အမယ်...
    ဘာခုမှ ဖြေရှင်းချက်တွေ ပေးနေရတာလဲ...
    ကိုယ့်ဖာသာ ပေါ.. ပေါတယ်ပေါ့... :P

    ဒီပို့စ်လေးက စာဖတ်သူအတွက် ပေါတောတော ဖြစ်မသွားပါဘူး...
    သွပ်ချောင်ချောင် ဖြစ်သွားတာပါကွယ်...
    အဟဟား... :P

    ဒီ့အတွက် တောင်းပန်ရုံလောက်နဲ့ မကျေနပ်နိုင်ပါ...
    ဘာကိုပန်မှ ကျေနပ်နိုင်မယ်ဆိုတာကိုတော့ မက်မက်ဖာသာ စဉ်းစားပါ...
    သစ်ဇ်အစ်စ် အိမ်စာ...

    မှတ်ချက်... ကွင်းစ- အိမ်စာကို ရုံးချိန်အတွင်း ပြီးအောင် လုပ်ပါ...
    အိမ်မသယ်သွားရ... -ကွင်းပိတ်

    အင်း...
    မန့်လိုက်တာ ပေါတောတောများ ဖြစ်သွားလား မသိ...
    ခိခိ...

    ReplyDelete
  10. ယောင်းမက်လေးရေ သူတို့တွေက facebook မှာ လယ်စိုက်လို့အားမရသေးဘူးကိုး တို့ကတော့ ပျင်းတယ် ကွယ် ဒါနဲ့မလုပ်ဖြစ်တော့ဘူး ရန်ကုန်မှာတုံးက အဲဒါ ဆော့ဖူးတယ် ဒါနဲ့မဆော့ဖြစ်တော့တာ နောက် ဝိတ်တာလုပ်တာလေးလဲ ကြိုက်တယ် အဲဒါလဲ သေလုရောပဲဟေးးးးးး ဒါနဲ့ အခု ဘာဂိမ်းမှ မကစားပဲ အဆက်ဖြတ်ထားတာ ကြာပေါ့ ဟိဟိ

    မလာတာကြာပြီနော် အိမ်သစ်တက်ပွဲတောင်မလာနိုင်ဘူး စိမ်းကားနေပုံများ ဟားဟားးးးးးးး နားလည်ပါတယ် လယ်စိုက်နေလို့မလား ဟိဟိ စိုက်ပါ စိုက်ပါ ပိုက်ဆံတွေရရင် ချေးဦးနော် ဘိုင်တာ့တာ

    ReplyDelete
  11. ဖွားမေ့တို့  မလွယ်ဘူးနော် ဟားဟား။
    ဘလော့လောကမှာ လူရွှင်တော်လုပ်နေတယ် :).နောက်လည်း ဖွလည်းဖွချင်သေးတယ်။
    ခေါတလုကိုဖတ်ပြီး ဒန်တန်တန် ဖြစ်သွားတရ်
    ပျော်ရွင်ပါစေ.....

    ခင်မင်ခြင်းများစွာနှင့်

    ReplyDelete
  12. ဖွားမေ့ ရေ
    ပေါတောတောပို့ စ် လေးကို
    ပေါတောတောလေး လာဖတ်သွားတယ်
    ဟီးးးးးး
    ခင်လို့ စတာ

    ဘတ်ဘတ်

    ReplyDelete
  13. ချစ်ချစ်ချစ်တဲ့မောင် မောင်ချစ်တဲ့ချစ်ချစ်ကို

    မောင့်အကိုကြီးကိုမိုးခိုသား လာဗျူးသွားတာ

    ချစ်ချစ်ချစ်တဲ့မောင့်ကို မောင်ချစ်တဲ့ချစ်ချစ်က ဘာလို့မနှိုးတာလဲ

    ချစ်ချစ်ချစ်တဲ့မောင် မောင်ချစ်တဲ့ချစ်ချစ်ကို နောက်ကျမှ လာဗျုးတဲ့ အကိုမိုးခိုသားကို ညက ကော်ဖီအကျန်တိုက်ဖို့ မေ့သွားတာပေါ့...

    အဟီးးး


    ချစ်ချစ်ချစ်တဲ့မောင်
    မောင်ချစ်တဲ့ချစ်ချစ်ရဲ့မောင်

    ဖွတ်ချိန်

    ReplyDelete
  14. ဟားဟားဟား.....
    အဲလိုပဲရယ်လိုက်တော့မယ်...

    မက်မန်းတီးလို့ ခေါ်တော့ဘူး...
    အခုချိန်ကစပြီး ဟဲဟဲ... ဖွားမေ့ လို့ ခေါ်မယ်...

    ကြုက်ကြိုက် မကြိုက်ကြိုက် မသိဘူး
    အဲလိုပဲခေါ်မယ်..

    ဖွားမေ့.. ဖွားမေ.. ဖွားမေ့. ဖွားမေ့..
    ဖွားမေ့.. ဖွားမေ့.. ဖွားမေ့.. ဖွားမေ့..

    ဟဲ.. ဟဲ.. အဲလောက်ဆိုအိုကေသွားပါပြီး
    ဘာသာရေးကိုင်းရှိုင်းတဲ့အတွက် ဝမ်းသာမိပါတယ်

    ဒီထက်မက ဘာသာရေးကို ပိုပြီး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  15. မက်မက်ရေ ... ခေါတလု လာဖတ်သွားတယ်နော် .....။နောက်တစ်ခေါက်လာလည်ရမှာတောင် ကြောက်သွားတယ် ....။ခုံအောက်ဝင်ခိုင်းမှာစိုးလို့ ....းp

    ခင်မင်စွာနဲ့
    နှင်းဟေမာ

    ReplyDelete
  16. ကောင်းတယ်။ ဓမ္မသုခမှာ တရားနာဖြစ်နေတာ သိပ်ကောင်းတယ်။ မငုံတော့ facebook မှာ လယ်စိုက်ဖြစ်နေတယ် :) မက်မက်ပျော်ရွှင်ပါစေ။

    ReplyDelete