လီလီဆိုတဲ့ အမျိုးသမီးလေးဟာ မင်္ဂလာဆောင်ပြီးတော့ ထုံးစအရ ယောင်နောက် ဆံထုံးပါပြီး ယာင်္ကျားဖြစ်သူရဲ့ အိမ်မှာ လိုက်နေရတဲ့အခါ လီလီနဲ့ သူ့ယောက်ခတို့ဟာ တအိမ်ထဲမှာ မတည့်အတူနေ တစောင်းစေးနဲ့ မျက်ချေးဖြစ် ခဲ့ရတယ်။ လီလီဟာ ယောက်ခမ ဖြစ်တဲ့သူရဲ့ အပြုအမူတွေ ဘယ်လိုမှ သည်းမခံ နိုင်ခဲ့ပါဘူး။
တနေ့တနေ့ ယောက်ခမနဲ့ စကားများရန်ဖြစ် နေရတာတွေ နဲ့ပဲ အချိန်တွေ ကုန်လွန်ခဲ့ရပြန်တယ်။ ဒီတော့ မိသားစုရဲ့ ပျော်ရွှင်မှု ဆိုတာကို လီလီရော ၊ သူ့ယောင်္ကျားရော ၊ ယောက်ခမ ဖြစ်သူပါ မခံစားကြရရှာဘူး။ တဖက်ကလဲ အင်မတန်ချစ်ရတဲ့ မိန်းမ၊ တဖက်လဲ ကိုယ့်ကိုမွေးထားတဲ့ မိခင် ဆိုတော့ လီလီယောင်္ကျားဟာ အဘယ်မှာ စိတ်ချမ်းသာခြင်း ရှိပါ့မလဲ။ မိသားစုတွေ ဒီလို မပျော်မရွှင် ဖြစ်နေတာကိုတွေဟာ စကားများ ရန်ဖြစ်နေတာတွေက လီလီယောင်္ကျားကို အကြီးမားဆုံး စိတ်ဖိစိမှု ခံစားစေရတာပေါ့။
တနေ့တော့ လီလီလေးဟာ ဘယ်လိုမှ ယောက်ခမရဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး တိုင်းရင်းဆေးခန်း ဖွင့်ထားတဲ့ သူမအဖေ သူငယ်ချင်း ဖြစ်သူ မစ္စတာဟွမ်းဆီကို ရောက်လာခဲ့တယ်။ သူမရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုတွေကို ပြောပြတယ်။ လူကိုသေစေမယ့် ဆေးရှိရင်လဲ သူမကို ကူညီတဲ့ အနေနဲ့ ပေးဖို့ကိုပါ တောင်းဆိုလိုက်တယ်။ သူမရည်ရွယ် ချက်ကတော့ သူနဲ့နေ့တိုင်း ရန်ဖြစ်နေရတဲ့ သူ့ယောက်ခမ ကိုသတ်ပစ်ဖို့ပေါ့။
သမီးလီလီ ၊ သမီးရဲ့ အိမ်ထောင်ရေး ပြသနာကို အန်ကယ်လ်ဖြေရှင်း ပေးပါ့မယ်။ ဒါပေမယ့် သမီးတစ်ခုတော့ အန်ကယ်လ်ကို ကတိပေးရမယ်။ အန်ကယ်လ်ရဲ့ စကားကိုလဲ နားထောင်ရမယ် ၊ လိုက်နာရမယ်။ ဘယ်လိုလဲ သမီး။
သူ့ကိုသေအောင် လုပ်နိုင်မယ့် ဆေးနည်းသာ ပေးမယ်ဆို အန်ကယ်လ် ပြောသမျှကို သမီးလိုက်နာပါ့မယ် အန်ကယ်လ်။
ဒါနဲ့ မစ္စတာဟွမ်းဟာ အခန်းထဲကို ၀င်သွားပြီး မိနစ်အငယ် အတွင်းမှာ ပြန်ထွက်လာခဲ့တယ်။
သမီးလီလီ မင်းယောက်ခမကို အဆိပ်ခပ်သတ်ပြီး ပထုတ်ဖို့ အလျင်မလိုပါနဲ့။ သူတပါး သံသယ ၀င်နိုင်ပါတယ်။ ဒီတော့ အန်ကယ်လ်မင်းကို နံပါတ်စဉ်လိုက် ဆေးညွှန်းပေးလိုက်မယ်။ ဒါဟာ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ထဲကို အဆိပ်နည်းနည်းချင်းဆီကို ထည့်သွင်းတာပဲ။ ဒီတော့ နေ့တိုင်း ဟင်းထဲမှာ နဲနဲချင်းဆီ ခပ်ပြီး ယောက်ခမကို ကျွေးလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဘယ်သူမှ မင်းကိုသံသယ မ၀င်နိုင်ဘူး။
သူ့ကို အစားအစာ ကျွေးတဲ့အခါမှာလဲ ဘာမှမဖြစ်သလို နဲ့ သေချာဂရုစိုက်ပြီး ကျွေးပါ။ သူနဲ့အပြိုင် ရန်မဖြစ်ပါနဲ့။ သူဘာပဲပြောပြော သူ့စကားကို လိုက်နာပါ၊ သူ့ကို မင်းသမီး တပါးလို ဆက်ဆံပါ။ သူဘာပဲ ပြောပြော သူ့ကိုပြိုင် မငြင်းနဲ့။ ဒါဆို သမီးဆန္ဒ အတိုင်း တနေ့ ဖြစ်လာလိမ့်မယ်။
လီလီတစ်ယောက် အရမ်းပျော်ရွှင် သွားခဲ့ရပါတယ်။ မစ္စတာဟွမ်းကိုလဲ ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောရင်း သူမစိတ် ထဲမှာတော့ ယောက်ခမကို သတ်ဖို့အကြံ အစည်ဟာ အောင်မြင် တော့မယ်လို့ စိတ်ကူးနဲ့ အိမ်ကိုပြန် လာခဲ့တယ်။
ဒီလိုနဲ့ ရက်သတ္တ ပတ်ကနေ လသို့ အလီလီ ကူးပြောင်းခဲ့တယ်။ လီလီလေးဟာ ယောက်ခမကို အကောင်းဆုံး အစားအစာတွေနဲ့ ပြုစုကျွေးမွေး မပျက်ပါဘူး။
ယောက်ခနဲ့ စိတ်အခန့်မသင့် ဖြစ်ရတော့မယ့် အခါတိုင်း မစ္စဟွမ်းရဲ့ သင်္ကာမကင်း သံသယ ၀င်ခံရရင် သူမရဲ့ လုပ်ငန်း မအောင်မြင် ဖြစ်သွားနိုင် တယ်ဆိုတဲ့ စကားကို ပြန်လည်ကြားယောင်ပြီး သူမရဲ့ ဒေါသတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။ ပြီးတော့ ယောက်ခမ ဘာပဲ သူမအပေါ် ပြုမူနေပါစေ သည်းခံခဲ့ပြီး သူမအမေကဲ့သို့ သူမ ကျွေးမွေးခဲ့တယ်။
ခြောက်လလောက်ကြာတော့ မိသားစု တစ်ခုလုံး ပြောင်းလဲမှုတစ်ခု ကြုံလာရတယ်။သူမရဲ့ မခံချင်စိတ်တွေ ဒေါသတွေ ရန်ငြိုးတွေနဲ့ ကမူးရှူးထိုး စိတ်ဆိုးစိတ်ဆတ်တဲ့ လီလီဟာ သူမရဲ့ စိတ်အခြေ အနေတွေ အားလုံးကို ထိန်းချုပ်လာ နိုင်ခဲ့တယ်။ ရှေ့ဆက်ပြီးတော့လဲ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ ခက်ထန် တင်းမာမှုတွေ မရှိတော့ဘဲ အတူတကွ ဆက်လက်ပြီး နေထိုင်ချင်ခဲ့တယ်။ မိခင်အရင်း တစ်ယောက်လို စိတ်ထားနိုင်ခဲ့ပြီး ပြုစုလုပ်ကျွေးချင် နေမိတယ်။
ယောက်ခမ ဖြစ်တဲ့သူကလဲ လီလီ့အပေါ်မှာ သူမရဲ့ အပြုအမူတွေ အားလုံးကို ပြောင်းလဲသွားခဲ့ပြီး လီလီလေးကို သမီးအရင်း တစ်ယောက်လို ချစ်မိသွားတယ်။ မိတ်ဆွေ အသိုင်းအ၀ိုင်းတွေကို တွေ့ရင်လဲ လီလီလေး အင်မတန် တော်ကြောင်း လိမ္မာကြောင်းကို ပြောမဆုံး ဖြစ်နေတယ်။ လီလီလေး အကြောင်းကို ပါးစပ်ဖျားကကို မချပဲ သမီးလေး တစ်ယောက်လို ချစ်သွားတယ်။
အခုတော့လဲ လီလီနဲ့ ယောက်ခမတို့ဟာ တကယ့် မိခင်အရင်းနဲ့ သမီးအရင်းလို တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် တွယ်တာနေ ပါတော့တယ်။
တစ်နေ့ လီလီလေးဟာ မစ္စတာဟွမ်းဆီကို ရောက်လာခဲ့ပြီး
အန်ကယ်လ် သမီးကို ကူညီပါဦး။ အဆိပ်ခပ် ခံရတဲ့ ယောက်ခမကို အဆိပ်ဖြေ ဆေးလေးပေးပါ။ အခုဆိုရင် သူကအတော်ကို ပြောင်းလဲသွားပါပြီ။ ဒါကြောင့် သမီးသူ့ကို မသတ်ရက်ပါဘူး။ ပြီးတော့ သူ့ကို သမီး မိခင်အရင်း လိုချစ်မိ သွားပါပြီ။ သူသေဖို့ကို သမီးမှာဆန္ဒ မရှိတော့ပါဘူး။ဒါကြောင့် သမီးကို ဖြေဆေးလေး ပေးပါ ။
ဒီတော့ မစ္စတာဟွမ်က ပြုံးပြီး ခေါင်းတညိမ့်ညိမ့်နဲ့
သမီးလီလီ သိပ်လဲ စိတ်ပူ မနေပါနဲ့။ တကယ်တော့ အန်ကယ်လ်က ဘယ်တုန်းကမှ သမီးကို အဆိပ်ဆေးမပေး ခဲ့ပါဘူး။ သမီးကို ပေးခဲ့တာက ခန္ဓာကိုယ်ကို အင်မတန် အားတိုးစေမယ့် ဗီတာမင်ဓာတ်တွေ အများကြီးပါတဲ့ အားတိုးဆေးပါ။ တကယ့်အဆိပ်က သူ့အပေါ်ဆက်ဆံတဲ့ သမီးရဲ့စိတ်နဲ့ သမီးရဲ့ အပြုအမူ တွေပါပဲ။ ဒါပေမယ့် ဒါတွေအားလုံး အခုဆိုရင် သမီးသူ့ အပေါ်မှာ ဆက်ဆံတဲ့ မေတ္တာနဲ့ ဆေးကြောခဲ့ လိုက်ပါပြီ။
ဒါကြောင့် သမီး။ စကားပုံ တစ်ခုရှိတယ်။မေတ္တာဆိုတာ ရောင်ပြန်ဟပ် စေတယ်တဲ့။ ဒါဟာဘုရား ကပေးတဲ့ ဆုလဒ်ပါပဲ သမီး။
တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတဲ့အတိုင်း အသွင်မတူတဲ့ မိသားစုနှစ်ခု ပေါင်းစပ်ကြ ပြီဆိုရင် နားလည်ချစ်ခင်မှုနဲ့ အရာရာကို တည်ဆောက်နိုင်ပြီး ချွေးမတွေကလဲ မိမိယောက်ခမကို ကိုယ့်မွေးမိခင်လို ပြုစုလုပ်ကျွေး စောင့်ရှောက် နိုင်ပါစေ။ ယောက်ခမ တွေကလဲ ကိုယ့်ချွေးမကို ကိုယ့်သမီးအရင်းနဲ့ မခြား ချစ်ခင် ဆက်ဆံနိုင် ကြပါစေ။
နောက်ဆုံးတော့ ချစ်ချစ်ခင်ခင် နေထိုင်သွားကြလေသတည်း....... ;P
ReplyDeleteမစ္စတာ ဟွမ် က တော် လိုက်တာ
ReplyDeleteဟုတ်တယ်နော်
ReplyDeleteစေတနာရောင်ပြန်ဟပ်တယ်ဆိုတာ ဒါမျိုးပဲ
ကိုက ကောင်းတဲ့စေတနာထားရင် ကောင်းတာပဲပြန်လာမှာပဲ
ဘာပဲဖြစ်ဖြစ်ကောဒီပို့စ်လေးက ကောင်းပါတယ်
လူတွေတစ်ဦးနဲ့ တစ်ဦးရန်ငြိုးဖွဲ့မယ့် အစား
ဒါလေးကို ကြည့်ပြီး မေတ္တာဓာတ်လေးထားနိုင်ကြပါစေ၊
မစ္စတာ ဟွမ်လို လူမျိုးတွေလည်းများများလိုအပ်တယ်ဗျ
မေတ္တာဆိုတာ ရောင်ပြန်ဟပ်စေတယ် ဆိုတဲ့ စကားဟာ အင်မတန် တန်ဖိုးရှိပါတယ် အစ်မရေ.. တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလိုမျိုးပေါ့.. အေးချမ်းတဲ့ မေတ္တာစစ်မျိုး လူသားအချင်းချင်း တုန့်ပြန်နိုင်ကြပါစေဗျာ..။ ပိုစ့်ကောင်းလေးအတွက် ကျေးဇူးပါအစ်မရေ..။
ReplyDeleteတခုခုတော့ တခုခုပဲ
ReplyDeleteအဟဲ
မက်မက်ရေ
အမေလို ချစ်ရမယ့် ယောက္ခမတွေ့နေဘီလားဝေ :D
မက်မက် ဘယ်တုန်းက ကို...........အမေနဲ့တွေ့လိုက်ပါလိမ့် ?????????
ReplyDeleteစလုံးလာတာ သူ့အမေပါလာလို့လားးး
းP
တော်လိုက်တာနော်
ReplyDeleteပျော်ရွှင်ပါစေ
အော်...အော်။ အမေအရင်းနဲ့ မခြား ပြုစု ပါမည် ပေါ့လေ။ ကောင်းလှောင့်တေး ကောင်းလှောင့်တေး။ :D
ReplyDeleteမက်မက်ရေ....မေတ္တာအရေးကြီးဆုံးပေါ့ သမီးရယ်...အစစအရာရာကို အောင်မြင်စေတဲ့ လက်နက်လေ.....:D
ReplyDeleteကောင်းပါတယ်ဗျာ... မှတ်သားစရာ အကြောင်းအရာလေးပါပဲ
ReplyDeleteအရမ်းကောင်းတဲ့ post လေးပါ။
ReplyDeleteမက်မက် လဲယောက္ခမကချစ်တဲ့ချွေးမလေးဖြစ်ပါစေလို့
ဆုတောင်းပါတယ်နော်။ အာဝါး :P
အဲလိုမျိုးတစ်ပုဒ်ဖတ်ဖူးတယ်လေ.. သူကကျ ယောက္ခမနဲ့မဟုတ်ဘူး ယောင်္ကျားနဲ့မတည့်လို့ ပညာရှိဆီဆေးသွားတောင်းတော့ ကျားနှုတ်ခမ်းမွှေးသွားနှုတ်ခိုင်းတာ.. အဲတော့ ကျားကို ယဉ်လာအောင်လုပ်ရတော့ ပညာရှိက ကျားကိုတောင် ယဉ်အောင်လုပ်နိုင်သေးတာ ဘာလို့ ယောင်္ကျားကို တည့်အောင်မလုပ်နိုင်တာလဲဆိုပြီးတော့ ပြောလိုက်တာလေ...
ReplyDeleteငှင်းငှင်းငှင်း
ReplyDeleteတီတီမက်မက်ကတော့
စားရတော့မယ်ထင်တယ်။
လက်ဖွဲ.ဝယ်ရတော့မှာလား....ကြိုပြောအုံးနော်
အဟား..ယောက်ခမနဲ့တွေ့ရင် အားလုံးကို ဖိတ်မယ်နော်.... အဟတ်....
ReplyDeleteညီမနေ့အိပ်မက်ရေ..ဟုတ်ပါတယ်..အစ်မလဲ ဖတ်ဖူးတယ်....သားအမိနှစ်ယောက်ပါ။။ သမီးဖြစ်တဲ့သူက လင်နဲ့အဆင်မပြေတော့ အမေဖြစ်သူက လင်ယောင်္ကျားကို နိုင်ချင်ရင် ကျားနှုတ်ခမ်းမွေးကို ရအောင် ဆောင်ဆိုလို့လေ...သမီးဖြစ်သူက ကျားနှုတ်ခမ်းကို မရရအောင် ကျားနဲ့ယဉ်ပါးအောင်လုပ်ပြီး နှုတ်ခဲ့လိုက်တယ်... မိခင်ဖြစ်သူကို ပေးလိုက်တော့ မိခင်က ဒီလောက်ဆိုးတဲ့ကျားကိုတောင် ယဉ်ပါးအောင် လုပ်နိုင်ရင် လူဖြစ်တဲ့ ကိုယ်ယောင်္ကျားကိုလဲ ထိန်းချုပ်ရတာ မခက်ပါဘူးဆိုပြီး ဆုံးမလိုက်တဲ့ ဟာသဆန်ဆန် ပုံပြင်လေး ဖတ်ဖူးပါတယ်။း)
ဟုတ်ကဲ့ ယောက္ခမ ရတဲ့ အခါ အဲဒီနည်းကို သုံးရမယ် ဟီး..
ReplyDeleteမက်ရေ..ဖတ်သွားတယ်..။
ကောင်းပါတယ်....အာလုံးအဆင်ပြေနေရင်ပိုကောင်းပါတယ်...
ReplyDeleteကောင်းပါတယ်....အာလုံးအဆင်ပြေနေရင်ပိုကောင်းပါတယ်...
ReplyDeleteအတုယူစရာ လေးပါ .. ဒီိလို ဟာမျိုးကြာဘူးသလိုပဲ .. ကောင်းးပါတယ် ဗျာ..
ReplyDeleteကျွန်တော်ကတော့ ယောက္ခမကိုလဲအမေလို့သဘောထား မယ်ဗျား)း) မင်္ဂလာနှစ်သစ်ပါဗျို့း)
ReplyDeleteမေတ္တာလက်နက်သည် အကောင်းဆုံး ဆေးပါပဲနော်..
ReplyDeleteဒီကတော့ ယောက္မနဲ့ဘော်ဒါလိုပါပဲ.. ဟဲ ဟဲ။
ReplyDeleteဟုတ်တယ် ဟုတ်တယ် မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်။
ReplyDeleteလာလည်၏ ကောင်းပေ၏
ယောက်ခမနဲ့ ချွေးမဆိုတာ ဒီလိုပါပဲလေ။
ReplyDeleteအင်း... ချစ်ချစ်ကို အဲဒီစာလေး ဖတ်ခိုင်းအုံးမှ။ အဟားဟား...
အေးပါငပွ ယောက်ခမ ကမရသေးဘူး တွေ့ ရင်
ReplyDeleteအားလုံးဖိတ်မယ်ပြောနေတယ် ငါတီဒွင်းနဲ့ ဖွလိုက်မရ
လား အိမ်က ခေါင်းနဲ့ ဆင်းရအောင် :P
မက်မက်လဲ ယောက္ခမနှိပ်ကွပ်နည်း ရှာဖွေရင်း ဒီအကြောင်းကို သွားတွေ့တာထင်တယ်။
ReplyDeleteအမှန်ုဆို ယောက်ခမနှင့်ချွေးမက ကမ္ဘာ့ရန်သူဆိုဘဲ။
ကြောင်နှင့်ကြွက်လိုတဲ့။
ကြားဖူးတာ။ :D
အာ မက်မက်က ယောက္ခမနဲ့ ချွေးမ အကြောင်းကို မျှဝေသွားပါလား...
ReplyDeleteယောက္ခမဆိုတာလည်း တကယ်တော့ အမေပါပဲလေ... ဟုတ်ပါတယ်...
ယောက္ခမနဲ့ အဆင်ပြေပါစေ...း)
ကောင်းလိုက်တာ။ သည်းခံခြင်းဖြင့် အောင်နိုင်သလို ကိုယ့်မေတ္တာပေး သူ့မေတ္တာ ပြန်ရတာပဲနော်။
ReplyDelete