Subscribe:

Tuesday, December 29, 2009

မွေခံထိုက်စေ


အမေ
*******

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


သားသမီးတိုင်းသို့...
***********************

ဖေဖေရယ်... မေမေရယ်
သားသားမီးမီး ချစ်ပါကွယ်၊
သားသားမီးမီး ဘာတွေရှိ
ချစ်စရာတွေ အားကြီးရှိ၊
ချစ်စရာကောင်းတဲ့ ကလေးငယ်
ဘာတွေဖြည့်ကျင့်တယ်၊
ပြောလွယ်ဆိုလွယ် စိတ်ကောင်းထား
ယဉ်ကျေးလိမ္မာ ဖြည့်ကျင့်ပွား၊
ူငါများတို့ အကျိုးငှာ
ဗုဒ္ဓလမ်းစဉ် တုခိုးပါ၊
ဗုဒ္ဓလမ်းစဉ် တုခိုးတော့
ချစ်စရာကလေး ဖြစ်တာပေါ့။

(ယဉ်ကျေးလိမ္မာတရားပွဲမှ-)


ဒီကဗျာကတော့ မောင်လေးဖိုးသားမှ အမေတိုင်းအတွက် ရေးသားထားတာ ဖြစ်ပါတယ်။ ကဗျာလေးကို ကြိုက်လွန်းလို့ ကူးယူထားတာပါ။ အမေများနေ့ကို သတိတရနဲ့ ပြောပြပြီး သားသမီးတိုင်းသို့ ကဗျာလေးကို ပေးပို့ပေးတဲ့ ကိုအောင်ဦး(ဓမ္မရသ) နဲ့ အမေကဗျာလေးကို မေးလ်ပို့ပေးတဲ့ မောင်လေးဖိုးသား (အဖြုရောင်မေတ္တာ) တို့ကိုကျေးဇူးတင်ပါတယ်။ အမေများနေ့မှာ အမှတ်တရ အနေနဲ့ သူတို့ပို့ပေးတဲ့ ဒေါက်တာ အရှင်ကောဝိဒ (မစ္ဇျဂုဏ်ရည်) မွေခံထိုက်သူ ဖြစ်ပါစေ ဆိုတဲ့ ပီဒီအက်ဖ် ဖိုင်လေးကို ဒေါင်းလုတ်လုပ် ပြီးဖတ်နိုင်အောင် တဆင့်ဖော်ပြပေး လိုက်ပါတယ်နော်။ အားလုံးပဲ အမေများနေ့မှာ မိဘများရဲ့ အမွေခံထိုက်တဲ့ သားကောင်း သမီးကောင်း သားလိမ္မာ သမီးလိမ္မာ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။


အမေများနေ့မှာ http://www.dhammathukha.com ကနေပြီးတော့ ဆရာတော် အရှင်တိက္ခညဏ မှ တရားတော် ဟောကြားခြင်းအား စင်္ကာပူစံတော်ချိန် ၇း၃၀ တွင် တိုက်ရိုက်ထုတ်လွင့်မှာ ဖြစ်ပါတယ် ဆိုတာကို သတင်းကောင်း ပါအပ်ပါတယ်နော်။ ကဲ..မိတ်ဆွေတို့ရေ.... 30.Dec.09 ဗုဒ္ဓဟူးနေ့ ညချမ်းချိန် ၇း၃၀ မိနစ်မှာ လာရောက် တရားနာ ကြွခဲ့ပါနော်။



21 comments:

  1. ၁...၁....၁

    ReplyDelete
  2. အယ်.........ဘယ်အချိန်ထဲကစောင့်နေတယ်မသိ
    နံပါတ် ၂ တော့ယူထားဦးမှ

    ReplyDelete
  3. အမေ... အဖေ..... မာတာအမိ နဲ့ ဖာတာအဖိ.. အင်း... ဘာပြောပြောပါ လက်ခုပ်ဆိုတာ တဖက်ထဲ တီးလို့ မမြည်ပါဘူး၊ နှစ်ဖက်တီးမှမြည်တာပါ။ ဒီတော့ အဖေ့ကိုလဲ မမေ့ကောင်းပါဘူးနော်...၊ ဟိုး ရှေးခေတ်က ဝါးကနေ မွေးတာတို့၊ ရသေ့ကြီးရဲ့ ကျဉ်ငယ်ရည်သောက်ပြီး ဗိုက်ကြီးတဲ့ ရွှေသမင် ကနေ လူမွေးတာတယ် ဆိုတာတောင်မှ လက်သည်တရားခံက ရှိပြီးသား မဟုတ်လား ..အဟီး... သေချာစဉ်းစား... ဘယ်သူမှ လေဥ ဥပြီး မမွေးဘူး။ ဒါပေမဲ့ပေါ့.. သန္ဓေစတည်ထဲက လူလားမြောက်တဲ့ အထိ လက်ပွန်းတတီးနေပြီး သင်ကြားပေးတဲ့ ကျေးဇူးကိုတော့ မမေ့ပါဘူး။

    ReplyDelete
  4. ဟုတ်ပါတယ် မိဘဟာ ဘယ်အခြေအနေမှာပဲရှိနေရှိနေ မိဘဟာ မိဘပါပဲ ဒါတွေကို သားသမီးလေးတွေနားလည် သဘောပေါက်နိုင်ကြပါစေ ။

    မက်မက်ရေ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ

ိ

    ReplyDelete
  5. အင်မတန်မှ ကောင်းလှတဲ့ စာစုလေးပါပဲ
    အဲ့သလိုကဗျာမျိုးကို ခံစားရေးဖွဲ့တတ်သူကိုလည်း
    လေးစားချီးကျူးမိပါတယ်..
    ဖော်ပြပေးတာကျေးဇူးပါ....
    လေးစားစွာ
    *.*.*

    ReplyDelete
  6. အမေ့ကဗျာလေးကောင်းတယ်ဗျာ ကြိုက်တယ်

    ReplyDelete
  7. အမေ့ကဗျာလေးလာဖတ်တယ် မက်မက်ရေ

    ReplyDelete
  8. ကိုတိုးလေးDecember 29, 2009 at 8:07 PM

    တီတီလေးရေ အမေကဗျာလေးကို သဘောကျနှစ်သက်စွာနဲ့ဖတ်သွားပါတယ်ဗျာ။ မာတာမိတာ မိနှင့်ဖ ဆိုသလိုပဲနော် မွေးမိခင်ရဲ့ ကျေးဇူးတွေက သားသမီးတွေအတွက်တော့ ပြန်ပြီးတော့ ဆပ်လို့ကုန်နိုင်မယ်မရှိပါဘူးခင်ဗျာ။ အဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ

    ReplyDelete
  9. မက်မက် ကဗျာ အရမ်းကောင်းတယ်နော်...
    အမေ နှင့် အဖေ ဆိုတာ သားသမီးအပေါ်ထားတဲ့ မေတ္တာတရားက အတူတူပါပဲဗျာ...
    မိန်းကလေးတွေရဲ့ သဘာဝကိုက နူးညံ့တော့ မေတ္တာကို ဖော်ပြတတ်တယ်လေ...
    ယောက်ကျားတွေရဲ့ သဘာဝတော့ မေတ္တာကို မဖော်ပြတတ်ပေမယ့် စိတ်ထဲမှာတော့ အတူတူပါပဲဗျာ...
    ကျွန်တော်အရင်က ရေးထားခဲ့တဲ့ ဒီကဗျာရိုးရိုးလေး နှစ်ပုဒ်ကို အချိန်ရရင် ဖတ်ကြည့်လိုက်ပါနော်...

    http://skyofnights.blogspot.com/2009/05/blog-post_09.html

    http://skyofnights.blogspot.com/2009/06/blog-post_21.html

    ReplyDelete
  10. ကဗျာလေးကောင်းလိုက်တာ။
    စာရေးသူကလဲရေးတတ်တယ်
    ပေါင်းစပ်တော့အရမ်းကောင်းတဲ့ပို့စ်လေးဖြစ်သွားတယ်

    ReplyDelete
  11. အမေနေ့ ကဗျာလေးကို သေချာဖတ်သွားပါတယ် ဒီ့ထက်တောင် မိဘမေတ္တာက ကြီးမားပါသေးတယ် နှိုင်းဆမရအောင်ပါပဲ ရှင်

    ReplyDelete
  12. ရောက်လာပါတယ် မက်မက်၊ အမေများနေ့မှာ အမေ့အတွက် အချိန်ပေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အမေလောင်းလျာများလဲ အမေ့တန်ဖိုး ပိုမိုဦးခိုက်နိုင်ပါစေ။

    ReplyDelete
  13. စံလင်းထွန်းDecember 30, 2009 at 6:39 AM

ဲ့အလင်္ကာလေးတွေကောင်းတယ်။

    အမေကဗျာဆိုတော့ ပိုလို့ကောင်းပါတယ်။

    ခံစားသွားပါကြောင်း။

    မှတ်မှတ်ရရ
    စံလင်းထွန်း

    ReplyDelete
  14. မက်မက်ရေ

    ကဗျာ လာဖတ်သွားတယ်နော်

    ReplyDelete
  15. အကြီးအကျယ်အော်သွားပါသည်။

    အမည်မဖော်လို သူ ဦးသီဟသစ်

    ဗီလိန်

    ဖိုးသင်္ကြန်

    ငချမ်းကောင်

    တလနွန်
    ရေတမာ

    တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
    မျိုးထက်ဇော်

    သံလွင်ဟီးရိုး

    မိုးကုတ်သား

    ရီနိုမာန်

    ဆောင်းချမ်းမိုး

    ဖိုးစိန်

    (ဖဲဝိုင်းမှ ထအော်ကြသည်)

    Happy new year playing card game!!!!!

    ReplyDelete
  16. ကောင်းလိုက်တဲ့အမေကဗျာလေး။
    ၂ သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေနော်

    ReplyDelete
  17. စာလေးတွေ စေတနာဖော်ပြပေးတဲ့ ညီမလေး ပျော်ရွှင်ဖွယ် နှစ်သစ်ကစ မင်္ဂလာအပေါင်း ခညောင်းပါစေ။
    စာကောင်းလေးတွေ အများကြီးရေးနိုင်ပါစေ။

    ReplyDelete
  18. မက်ဆီလာသွားတယ်
    နှစ်သစ်မှာပျော်ရွှင်ပါစေ

    ReplyDelete
  19. ကဗျာလေးလားမသိဘူး။ ကာရံလေးလဲ အရမ်းကောင်းတယ်။ အခုလက်ရှိနားထောင်နေတာ အမေဟာအမေပါ ဆိုတဲ့ သီချင်းလေးနဲ့ဆိုတော့ ပိုပြီးတော့ အမေ့ကို သတိရမိစေတယ်ဗျာ။ မိဘကိုဖွဲ့တဲ့ တေး၊ ကဗျာ ဖြစ်ပါစေ အပြည့်အ၀ဖော်ပြဖို့ မမှီနိုင်ပေမယ့် တထောင့်တနေရာလောက်တော့ တင့်တယ်ပါတယ်ဗျာ

    ReplyDelete
  20. ကဗျာလေးကောင်းတယ်... ညီမလေး မက်မက်ရေ ...:D
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ....

    ReplyDelete