Subscribe:

Saturday, December 12, 2009

မက်မက်နဲ့သူမဧ။်ယုံကြည်ရာများ

ညီမပန်းရင့်နဲ့ နေ့အိပ်မက်တို့က တက်ဂ်ထားတာတော့ ကြာပါပြီ...ဘယ်လိုမှ မအားတာရယ် အခြေအနေ မပေးသေး တာရယ်ကြောင့် စာရေးတာ ကြာနေခဲ့ ပါတယ်။ ပြီးတော့လဲ စာရေးဖို့ မုဒ်မရှိတာလဲ ပါတယ်လေ။ အဟဲ...တက်ဂ်တဲ့ သူတွေတောင် မေ့နေပြီလား မသိဘူး.....ခေါင်းစဉ်က ယုံကြည်ရာတဲ့.....အင်း... မက်မက်ရဲ့ အဓိက ယုံကြည်မှု တွေကတော့ နံပါတ်တစ်...သစ္စာတရား ၊နံပါတ်နှစ်.. မေတ္တာဓာတ်.. နံပါတ်သုံး....ကံ၊ကံဧ။် အကျိုးနဲ့ ၊ နံပါတ်လေး ၀ဋ်ကြွေးတို့ကို ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တဲ့ မက်မက်နဲ့ တီတီဒွင်းတို့ တူဝရီး နှစ်ယောက် အလွန်ကို ယုံကြည်ပါတယ်။

သစ္စာတရား

သစ္စာတရားရဲ့ အင်အားကြီးမား ထက်မြတ်ပုံကတော့ အံ့မခန်းပါပဲ။ လူသားတိုင်း အခက်အခဲ တစ်စုံတစ်ရာနဲ့ ကြုံလာပြီ (ထွက်ပေါက်ပိတ်နေ)ဆိုရင် သစ္စာပြု ၊ သစ္စာတိုင် ကြပါတယ်။ သစ္စာတရားက အခက်အခဲနဲ့ ကြုံချိန်မှာ အင်မတန်မှ အရာရောက်ပါတယ်။ (မိမိဘက်ကတော့ မှန်ကန်နေဖို့ လိုပါတယ်နော်)။သစ္စာနဲ့ ပတ်သတ်လို့ ကိုယ်တွေ့ကြုံကြိုက် ခဲ့ရတာတွေက ငယ်ငယ်လေးထဲက အများကြီး ရှိပါတယ်။ နောက်ကြုံမှ ပို့စ်အဖြစ် တင်ပြပေး ပါမယ်နော့်။

သာဓက အနေနဲ့ မြတ်စွာဘုရားရှင် တစ်ခုသော ဘ၀မှာ ငုံးမင်းဖြစ်စဉ် အခါက တောမီးလောင်တာကို သစ္စာတိုင်တည် လိုက်တာကြောင့် ဟုန်းဟုန်းထ တောက်လောင်နေတဲ့ တောမီးဟာ ချက်ချင်း အတိငြိမ်း သွားတာတွေ၊ သမ္ဗုလာဒေ၀ီ မင်းသမီးလေးရဲ့ သစ္စာတော်ကြောင့် ကြင်ယာတော် ဗြဟ္မဒတ်မင်းရဲ့ သားတော် အိမ်ရှေ့မင်းသားလေး သောတ္ထိသေနဟာ နူနာရောဂါ စွဲကပ်ခြင်းမှ ပျောက်ကင်းချမ်းသာ ရာရသွား တာတွေဟာ ဘုရားဟော ဇာတ်တော်မှာ အထင်အရှား ရှိတဲ့ သစ္စာတရားရဲ့ အကျိုး ကျေးဇူးတွေပါ။

ဒါကြောင့် အရာရာကို (အခက်အခဲ)ကျော်လွှားနိုင်တဲ့ သစ္စာတရားကို အကြွင်းမဲ့ ယုံကြည်ပါတယ်။

မေတ္တာဓာတ်

မေတ္တာတရားရဲ့ တန်ပြန်သက်ရောက်မှု လေးကလဲ အံ့မခန်းပါပဲ။ လူတစ်ယောက်ဟာ မိမိအပေါ်ကို သေလောက်အောင် မုန်းတီးနေပါစေ၊ ဒေါသဖြစ်နေပါစေ။ မိမိဘက် ထိုသူ့အပေါ်ကို အမုန်းမပွားဘဲ မေတ္တာဓာတ်နဲ့ ဆက်ဆံတုန့်ပြန် ခဲ့မယ်ဆိုရင် အရာရာကို အောင်မြင်နိုင်ပါတယ်။ ဒီနေရာမှာ မေတ္တာဆိုတာ တဏှာဘက် မနွယ်တဲ့ (တနည်းအားဖြင့် တဏှာစွဲကပ်ခြင်း မရှိတဲ့ အရာမျိုးပါ)။ တုန့်ပြန်မှု တိုင်းမှာ တန်ပြန်တုံပြန် မှုလေးတွေ ရှိတတ်ကြပါတယ်။ သူမကောင်းပေမယ့် ကိုယ်ကကောင်းအောင် နေပြ၊ လုပ်ဆောင်ပြ မယ်ဆိုရင် ကိုယ့်မေတ္တာ ရောင်ပြန်ထင်ဟပ်စေ တတ်ပါတယ်။ မေတ္တာနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေ လူတိုင်းလူတိုင်း ကြုံဖူးကြ မှာပါနော်။

သာဓကအနေနဲ့ မြတ်စွာဘုရားရှင်ဟာ ရန်မူတိုက်ခိုက်လာတဲ့ (မာန်နတ်၊ အာဠာဝက ဘီလူး၊ နာဠာဂီရိဆင်ရိုင်း၊ အဂုင်္လိမာလ၊ စိဉ္စမာန မိန်းမယုတ်၊ သစ္စက ပရိုဗိုဇ် ၊ နန္ဒောပနန္ဒ နဂါး၊ ဗကဗြဟ္မာ)ကိုအောင်နိုင် တော်မူခြင်းဟာ ကြီးမားတဲ့ မေတ္တာတော် ဓာတ်ကြောင့်ပါ။ ဒါတွေဟာ တုနိုင်းမရတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ ကြည်ညိုစရာ မေတ္တာဓာတ်နဲ့ ထင်ရှားခဲ့တဲ့ အောင်ခြင်းရှစ်ပါးပါ။

ဒါကြောင့် အရာရာကို အောင်နိုင်တဲ့ မေတ္တာဓာတ်၊ မေတ္တာတရားကို မက်မက်ယုံကြည်ပါသည်။

ကံ၊ကံဧ။်အကျိုး

ကံဆိုတာ အလုပ် ၊ အလုပ်ဆိုတာ စေသနာလို့ လူတိုင်းသိပါတယ်။ ဒါကြောင့် စေသနာသည် ကံမြောက်ပါတယ်။ လူတွေက ပြောကြပါတယ် စေသနာကောင်းရင်ကံကောင်းမယ် စေတနာဆိုးရင် ကံဆိုးမယ်လို့။ မှန်ပါတယ်။ သတ္တ၀ါတစ်ခု ကံတခုလေ။ ကိုယ့်ကံကို ကိုယ်ကိုယ်တိုင် ပြုလုပ်နေ ကြတာပါ။ မည်သည့်အရာကို လုပ်ဆောင် နေပါစေ။ စိတ်သန့်သန့်နဲ့ လုပ်ဆောင်ပါ။ ကိုယ်ပြုတဲ့ အမှုကံကို တန်ပြန်အကျိုး သက်ရောက် စေပါတယ်။ကိုယ်ပြုတဲ့ အမှုကံ ခံစား၊ စံစားရမှာပါလေနော်။

(ဒီနေရာမှာ ဆရာတော် ဦးဃောတိတ ဟောကြားတဲ့ တရားတော်အရ ကံလေးမျိုး ရှိတာကို သိရပါတယ်။ အဖြူကံ၊ အမည်းကံ၊ အမည်းအဖြူ ရောတဲ့ကံ ၊ အမည်းအဖြူ မရောတဲ့ ကံ ဆိုပြီး ရှိပါတယ်။ အဖြူကံဆိုတာ ကုသိုလ်ကံကို ခေါ်ပါတယ်။ အမည်းကံ ဆိုတာကတော့ အကုသိုလ်ကံပါ။ အမည်းအဖြူ ရောတဲ့ ကံဆိုတာ ကတော့ ကုသိုလ်၊ အကုသိုလ် ရောနှောနေတဲ့ကံ၊ အမည်းအဖြူ မရောတဲ့ ကံဆိုတာ ကတော့ အကုသိုလ် လဲမဖြစ် ကုသိုလ်လဲ မဟုတ်တဲ့ ကံပါ။(တနည်းအားဖြင့် ၀ိပသနာကံပေါ့လေ)။ ပြုလုပ်တဲ့ အပေါ်မှာ မူတည်ပြီး အကျိုးပေးပါတယ်။

ဒါကြောင့် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ ကံကံဧ။် အကျိုးကို မက်မက်ယုံကြည်ပါတယ် ။

ဝဋ်

ဝဋ်မှာ အမြဲ ငရဲမှာ အပဆိုတာ ကြားဖူးကြမှာပါ။ ငရဲဆိုတာကို ၀ိပသာနာကံနဲ့ ပြန်လည်ခြေဖျက် ယူလို့ရပေမယ့် ၀ဋ်ကိုတော့ ချေဖျက်ယူလို့ မရပါဘူး။ ဘုရားရှင်တောင် ဘုရားဖြစ်တဲ့ အခါမှာ တစ်ခုသော ဘ၀က ပြုလုပ်ခဲ့တဲ့ အတိတ်က အမည်းကံကြောင့် ၀ဋ်ကို ရှောင်လွဲလို့ မရဘဲ ပေးဆပ်ရပါတယ်။ အရှင်မောဂ္ဂလန်လဲ ရဟန္တာ ဖြစ်ပေမယ့် တခုသော ဘ၀က ပြုလုပ်ခဲ့တဲ့ မိဘတွေကို ရိုက်သတ်ခဲ့တဲ့ အတိတ်ကံက နောက်ဆုံးဘ၀မှာ ရဟန္တာ ဖြစ်နေတာတောင် ကိုယ်ပြုခဲ့တဲ့ အမည်းကံကြောင့် ၀ဋ်ကြွေးကို အကြေပေးဆပ် ရပါသေးတယ်။ဘာလိုပဲ ဖြစ်ဖြစ် ကိုယ်ပြုလုပ် ခဲ့မိတဲ့ ကံဟာ ဘ၀ပေါင်း များစွာကို အရိပ်လို လိုက်၍ အကျိုးပေးပါတယ်။ ကံနဲ့ဝဋ်ကို ဆက်စပ်နေ ပါတယ်နော်။ ဒါကြောင့် ဆက်စပ်နေတဲ့ ကံနဲ့ဝဋ်ကိုလဲ ယုံကြည်ပါတယ်လို့ ဖြေကြားရင်း ညီမပန်းရင့်နဲ့ ညီမနေ့အိပ်မက် တို့ရေ ကျေနပ်လိမ့်မယ် ထင်ပါတယ်နော်။ တကယ်ကို မအားလို့ နောက်ကျမှ ရေးပေးမိတာ စိတ်မကောက်နဲ့..နော်....အာဝါးးး.. အမြှောက်တစ်သိန်း ပေးလိုက်ပါတယ်နော့်။....း)


24 comments:

  1. ၁ အရင်ယူလိုက်ဦးမယ်...

    ReplyDelete
  2. ဒုတိယနေရာရောက်သွားပြီ

    ReplyDelete
  3. ဟုတ်တယ်မက်မက်ရေ အနော်လည်း ဒီအတိုင်းပဲ ယုံကြည်ပါတယ်

    ReplyDelete
  4. မက်မက်ရေ

    နှလုံးသွင်းထားရမှာပေါ့လေ

    ရီနို

    ReplyDelete
  5. အရွဲ့တိုက်တာတော့ မဟုတ်ဘူးနော် ပြောပြတာ၊ အဲဒီသစ္စာတို့ မေတ္တာတို့၊ ကံတို့ ဝဠါတို့ဆိုတာ တခါတလေလဲ လွဲမှားနေတာလား၊ ခံစားရသူရဲ့ ရှေးဘဝဠ်ကြွေးလား၊ ဒါမှမဟုတ် သီလသမာဓိ မရှိတာလားတော့ မသိဘူး။

    တချို့်ဆိုရင် ကိုယ် ဘာမှမလုပ်ဘဲနဲ့ သေစား၊သေစေ ခံသွားရတာတို့၊ ထောင်ကျတာတို့၊ မဟုတ်ဘဲနဲ့ အပြောခံရတာတို့ စသည်ဖြင့်ပေါ့၊ သစ္စာရှိပါရဲ့နဲ့ ခံသွားရတယ်ပဲ ဆိုပါစို့။

    မေတ္တာကျတော့ တော်တော်များများပေါ့ ကိုယ့်ပါတ်ဝန်းကျင်မှာရော၊ စာအုပ်တွေ ရုပ်ရှင်တွေ ထဲမှာပါ မြင်ဖူး၊ဖတ်ဖူး၊ ကြည့်ဖူး မှာပါ ကိုယ့်ဘက်က မေတ္တာ ဘယ်လိုပဲ ထားထား ဘယ်လောက်ပဲ ထားထား၊ ကိုယ့်မေတ္တာကို စော်ကားသွားတာတွေ၊ အသိအမှတ်မပြုတာတွေ၊ အခွင့်ကောင်းယူသွားတာတွေပေါ့ ရှိနေတယ်လေ အဲဒါဆိုရင် ရော.... ။

    ကံတဲ့... ကံကိုယုံပြီး ဆူးပုံမနင်းရာတဲ့ စကားပုံနော်၊ ပြီးတော့ လေးဖြူကလဲ ကံဆိုတာ လူလုပ်သမျှတဲ့၊ ဘာဖြစ်ဖြစ်ပါ မြန်မာတော်တော်များများက ကံကိုယုံလို့ ဆင်းရဲတွင်းနက်နေတာတော့ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ပဲ၊ ဟုတ်မဟုတ်ဆိုတာက ၁လုံး၊ ၂လုံး ကစားပြီး မွဲသွားကြတာ မျက်မြင်ပဲမဟုတ်လား..

    ဝဠ် မှာအမြဲ ငရဲမှာအပတဲ့ ယုံ့ရခက်ခက်ပဲ၊ လက်ရှိကို လူတွေကိုညုင်းပန်းနှိပ်စက်နေတာ ထောင်သွင်း အကျဉ်းချတာ၊ မတော်မတရားလုပ်တဲ့သူတွေက ကြီးပွားနေကြပြီး၊ မှန်မှန်ကန်ကန်နေတဲ့သူတွေက ဒုက္ခရောက်နေကြတာ လက်တွေ့ပဲ။ ဒီအချက်က လူတိုင်းသိတဲ့ပါ။ အဲဒီလိုပဲ ဆိုတော့ သူတို့ သူတို့တွေ အနေနဲ့ ငရဲကြီးမှာ မကြောက်ဘူးလား၊ ဝဠ်လည်မှာမကြောက်ဘူးလား သွားပြောရင် အလွန်ကောင်းတဲ့ ပျက်လုံး လာပြောနေတယ် ထင်ပြီး ရယ်ကြမှာ သေချာတယ်။

    နောက်ဆုံးပြောချင်တာက ကျနော်လဲ ဗုဒ္ဓဘာသာပါပဲ။ ဒါပေမဲ့ အခုရေးခဲ့သလိုတွေ ကြုံတွေ့နေရတော့ ကျနော့်အနေနဲ့ကတော့
    လူတိုင်းကို ကိုယ့်စိတ်နဲ့မနှိုင်းပါဘူး ဒီတော့ ၁၀၀တန်တဲ့သူကို ၁၀၀တန်လို ဆက်ဆံတယ်၊ ၁၀တန်တဲ့သူကို ၁၀တန်လို ဆက်ဆံတယ်၊ ၁ကျပ်တန်တဲ့သူကို ၁ကျပ်လိုပဲ ဆက်ဆံတယ်။
    ဘာကြောင့်လဲဆိုတော့ ကျနော်ဟာ ဘုရားဆုပန်နိုင်တဲ့ ယောကျာင်္းပေမဲ့ ဒီပုတ်ထဲက ဒီပဲ ဖြစ်နေတာက တချက်၊ ကိလေသာ နွံထဲမှာ ရုံးထွက်ဖို့မပြောနဲ့ ကိုယ်တိုင်ပါဝင်ပျော်မွေ့နေတဲ့သူဆိုတော့၊ မြတ်စွာဘုရားရှင် ကျင့်သုံးခဲ့တဲ့ သစ္စာတွေ၊ မေတ္တာတွေ၊ ကံကိုတော့ မလိုက်နာနိုင်ပါဘူး။ ကျနော်မှမဟုတ်ပါဘူး အားလုံးနီးပါးပါ။

    ဒီတော့ဗျာ ကျနော်ဟာ အရိယာလဲ မဟုတ်၊ သောတပန်လဲ မဟုတ် ဆိုတော့ ဒီပို့စ်လေးကို မှတ်သားနာယူစရာ အနေနဲ့ ဖတ်ရူမှတ်သား သွားပါတယ်။ မလိုက်နာနိုင်သေးတာကတော့ ကျနော့်ကုသိုလ်နဲ့ ကျနော်ပါပဲဗျာ...။

    ReplyDelete
  6. ကြိုးစားရမှာပေါ့ မက်မက်ရေ...ယုံကြည့်ရာလမ်းတွေ ဖြောင့်တန်းစွာ လျှောက်လှမ်းနိင်ပါစေ....

    ReplyDelete
  7. ဩော်...
    တရားတွေ ဟောသွားပါလား.. သာဓု.. သာဓု..

    ယုံကြည်ချက်လေးတွေ မှန်ကန်ပါပေတယ်.. ယုံကြည့်ချက်အတိုင်း နေထိုင်ကျင့်သုံးနိုင်ပြီး အေးချမ်းသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်..

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  8. ကိုအိမ်ကတော့လေ ၀ဋ်ကို မှန်အောင်မပေါင်းဘဲ ပြောချင်တာတွေ ပြောချသွားတယ်..

    ကိုယ်ဘာမှမလုပ်ဘဲ သစ္စာရှိပေမဲ့ ခံရတယ်ဆိုတာ အရင်ဘ၀က အဲလို ဘာမှမလုပ်တဲ့သူကို တစ်ခုခုသွားလုပ်ဖူးလို့ပေါ့..

    ကိုယ့်မေတ္တာကို စော်ကား၊ အသိအမှတ်မပြုဘူးဆိုတာက တကယ်မေတ္တာထားတတ်တဲ့သူတွေ မပြောပါဘူးနော်။ မေတ္တာဆိုတာ အသိအမှတ်ပြုခံချင်လို့ ထားတဲ့အရာမျိုးမှ မဟုတ်တာ။

    ကံဆိုတာ အလုပ်ပဲလေ။ အရင်ဘ၀ကအလုပ်ရဲ့ အကျိုးဆက်တွေ ဒီဘ၀မှာ ဖြစ်မယ်။ ဒီဘ၀မှာ မသင့်တာတွေလုပ်ရင် မသင့်တာတွေပဲ ဖြစ်မှာပေါ့။

    ဘယ်သူတွေဘယ်လိုပဲ ၀ဋ်လည်မှာ မကြောက်ပစေ၊ အချိန်တန်ရင် ၀ဋ်က ခံရမှာပဲ။ သူတို့ဟာသူတို့ ဟားတိုက်ရယ်ရယ်၊ ဘာပဲလုပ်လုပ်.. အချိန်တန်ရင် ၀ဋ်ကလည်မှာပဲ။

    (ခွိ.. မမမက်မက်ကို ကောမန့်ပေးတာ ကိုအိမ်ကို ပြန်ငြင်းနေတာ ကျနေတာပဲ :P )
    ရေးပေးတာ ကျေးဇူးနော်မမ. အာဝါး

    ReplyDelete
  9.း) ယုံကြည်ချက်လေးကောင်းတယ်ဗျ
    မှန်တယ် မေတ္တာထားပါတယ်ဆိုမှ ရောင်ပြန်တာကို
    မျှော်လင့်နေလို့တော့ဖြစ်ဖူးထင်တယ်နော်
    နောက်ပို့စ်တွေကိုစောင့်မျှော်နေပါတယ်း)ပျော်ရွှင်ပါစေ

    ReplyDelete
  10. သစ္စာတရား....

    သစ္စာဆိုတာက အမှန်တကယ်လေးနက်တယ် မက်မက်..

    သစ္စာတည်တဲ့သူတွေ သစ္စာအကျိုးခံစားရသလို

    သစ္စာမဲ့သူတွေလဲ သစ္စာစူးတာ တွေ့နေရတယ်နော်...

    ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်တစ်ခုအပေါ် ကိုယ့်စိတ်ရှင်းရှင်းနဲ့ မှန်မှန်ကန်ကန် သိနေဖို့ပဲ အရေးကြီးပါတယ်..

    မေတ္တာ တရားကတော့ ဥပေက္ခာ တရားနဲ့ တွဲထားရင် ပိုပြီး အဆင်ပြေလိမ့်မယ်...

    ကိုယ်ထားတဲ့မေတ္တာ က တခြားသူတဦးအတွက် တခါတရံမှာ အဆိပ်အတောက်ဖြစ်နေတတ်တယ်...

    အဲဒီအခါကျ အမုန်းမထားပဲ မုဒိတာမပွားနိုင်ရင်တောင် ဥပေက္ခာ ပြုထားလိုက်ပါ... ဒီနည်းနဲ့ မေတ္တာကို တည်တံပါစေ...

    အလုပ်သည်ကံ... ကံ ကံ၏အကျိုးကိုတော့ ခံစားရမှာပါ... အတိတ် ကုသိုလ်ကံ ကို ပုံချတိုင်းမရပေမယ့် လက်ရှိမှာ အလုပ်နဲ့ သက်သေပြရင် အတိတ်ကံ က အရောင်မှိန်သွားမှာပါ...
    ဝဋ် ဆိုတာကလည်တတ်တယ်... မြတ်ဘုရားတောင်မှ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့တာတောင် နောက်ဆုံး ပရိနိဗာန် မပြုခင်ထိ ဘဝအဆက်ဆက်က ပြုလုပ်ခဲ့တဲ့ ဝဋ်ကို ကျေအောင်ဆပ်ခဲ့ရသေးတယ်...

    ဝဋ်ခံခဲ့ရသေးတယ်လေ...

    ဒါကြောင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်တယ်ဆိုရင် ဒီဘဝမှာ မေတ္တာတရားနဲ့ နောက်ဘဝမှာ ဝဋ်နည်းအောင် ပြုရင်း သံသရာ ကျင်လည်မှုမှ ရုန်းထွက်ကြမယ်...


    ချစ်ခင်စွာဖြင့်

    မက်မက်ချစ်တဲ့ ချစ်ချစ်ချစ်တဲ့မောင်
    မောင် ချစ်တဲ့ ချစ်
    ချစ်ချစ်ချစ်တဲ့ မောင့် ချစ်ချစ်ရဲ့ မောင်


    ဖိုးစိန်

    ReplyDelete
  11. မက်မက်ရေ
    ရေးပေးတာအတွက် ကျေးဇူးအရမ်းတင်တယ်။မက်မက်ယုံကြည်တာလေးတွေကိုလည်း လေးစားတယ်။မှတ်သားသွားတယ်နော်။

    ခင်တဲ့ ပန်းရင့်ရောင်

    ReplyDelete
  12. မက်၂ ရဲ့ ယုံကြည်ရာတွေကို လာဖတ်ပါတယ် ..

    ReplyDelete
  13. ဘတ် နဲ့ ထပ်တူ ထပ်မျှ
    ယုံကြည်နေတယ်

    ဘတ်ဘတ်

    ReplyDelete
  14. ယုံကြည်မှုနဲ့ အသက်ရှင်တဲ့သူတိုင်း အောင်မြင်မှုတွေ ရနေပါတယ်။

    ReplyDelete
  15. တီဒွင်းရေ ကောင်းပါ၏ ... ယုံကြည် သဒ္ဒါတရားကို ဆထပ်တပိုးတိုးပြီး နှလုံးသွင်းနိုင်ပါစေဗျာ ....
    ဦးကောက်ကြီး စကား ပြန်ပြောရရင်တော့ ပန်းတိုင်ဆိုတာ အဆုံးမှာ ရှိတာမို့ အဆုံးကိုရောက်အောင် ကြိုးစားနိုင်ပါစေလို့ ခရီးသည်အချင်းချင်း သတိပေးပါသည်ခင်ဗျ :)

    ReplyDelete
  16. ဟုတ်တယ်မက် မက် ကျနော် လည်းဒါပဲယုံတယ်

    ReplyDelete
  17. မက်မက်ရေ..ယုံကြည်ရာလေးတွေဖတ်သွားပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ယုံကြည်ထိုက်တာတွေပါပဲ။
    အဲဒီလိုဖြစ်ဖို့လည်းကြိုးစားနေထိုင်ကြရမယ်လေ။ မေတ္တာပို့တာကတော့လက်တွေ့ကြုံဖူးတယ်။ မေတ္တာစစ်မှန်ရင်ရောင်ပြန်လာတယ်ဆိုတာတကယ်ပါ။

    ReplyDelete
  18. ညီမလေးနဲ့ ထပ်တူ ယုံကြည်လျက်....

    ReplyDelete
  19. ကျုပ်ကတော့ တော့်ကို မေတ္တာရှိပါတယ် တော်
    တော်သာ ကျုပ်ကိုတွေ့ရင် မခေါ်ဘူး ကျုပ် ခေါ်ရင်လဲမအားဘူး တဲ့ ပြီးတော့ ဘိုင် ဆိုပြီး အောက်သွားတာ လေ ဟွန့် ချိတ်နာဒယ် ချိတ်နာဒယ် ဒါဗြဲပြောမယ်

    ဟွန့် ဟွန့် ဘိုင် တာ့တာ
    တော် မခေါ်လဲ ကျုပ်ကတော့ တော့်ကို နှောင့်ယှက်ဦးမှာ

    ReplyDelete
  20. ကိုတိုးလေးDecember 14, 2009 at 1:34 AM

    ကြိုးစားရမှာပေါ့လေ တီတီလေးမက်မက်ရဲ့ယုံကြည်ရာလမ်းကြောင်းကို ရောက်အောင်လှမ်းနိုင်ပါစေခင်ဗျာ။

    ReplyDelete
  21. ကောင်မလေး မက်မက်
    နေကောင်းလား...မရောက်ပေမဲ့ သတိရနေပါတယ်။
    တစ်ခါတစ်လေ တွေ့ရင်တောင် မခေါ်ဘူးနော်..အလုပ်သိပ်များနေသလား...။
    “၀ဋ်ကြွေး”ဆိုတာနဲ့ ပတ်သက်ပြီးတစ်ခုမေးချင်လို့ပါ။ တို့ဗုဒ္ဓဘာသာဝင်တွေမှာ ၀ဋ်ကြွေး ဆိုတာကို ယုံကြည်ကြပါတယ်။တကယ်လဲ ရှိတာကို။မြတ်စွာဘုရားတောင် ၀ဋ်ကြွေးတွေ အတွက် နောက်ဆုံးပရိနိဗ္ဗာန်စံသည်အထိ ခံစားသွားရသေးတာပဲနော်။ မြတ်စွာဘုရားအပါအ၀င် အရှင်မဟာမောဂ္ဂလာန်စတဲ့ အဂ္ဂသာဝကအချို့ ပရိနိဗ္ဗာန်မပြုခင် နောက်ဆုံးဘ၀မှာ ၀ဋ်ကျွေးခံကြရတယ်။ ငရဲမှာအပ ၀ဋ်မှာအမြဲဆိုတဲ့ စကားလို ငရဲမကျအောင် တစ်ခြားကုသိုလ်ကောင်းမှုများ ကြိုးစားရင်းကာကွယ်လို့ ရပေမယ့် ၀ဋ်ကတော့ လွန်ဆန်လို့ မရပါဘူးမဟုတ်လား။ ဒါကြောင့် တန်ခိုးတော်အရာမှာ ဧတဒဂ်ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်ပင် ခိုးသားငါးရာရဲ့ ရိုက်နက်မှုကို တန်ခိုးတော်နဲ့နှစ်ကြိမ်တိုင် ရှောင်ထွက်သွားနိုင်ပေမယ့် သုံးကြိမ်မြောက်မှာတော့ မရှောင်တော့ဘဲ ၀ဋ်ကျွေးကို ဆပ်သွားတဲ့ သာဓကရှိပါတယ်နော်။
    အဲဒီမှာ အင်္ဂုလိမာလ မထေရ်မြတ်ကတော့ နောက်ဆုံးဘ၀မှာ ဆရာ့ကျေးဇူးကို ဆပ်ဖို့အတွက် လူသားတွေကိုသတ်ပြီး လက်ညှိုးတွေဖြတ်ခဲ့တယ်မဟုတ်လား။ လက်ညှိုးပေါင်းတစ်ထောင်ပြည့်အောင် နောက်ဆုံးတစ်ချောင်းအတွက် ဘယ်သူလာလာ သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့တယ်။ အဲဒီအချိန်မှာ မိခင်ကလည်းသားကို တားမြစ်ဖို့သားရှိရာကို သွားနေတဲ့အချိန်ပေါ့။ အကယ်၍များ အမေကိုသတ်မိမယ်ဆိုရင်တော့ အင်္ဂုလိမာလဟာ ပဉ္စာနန္တရိယကံကြောင့် သေချာပေါက် အ၀ီစိငရဲကိုလားမှာပါ။ အဲလို မဖြစ်အောင်ဘုရားရှင်က ကြားက၀င်ပြီး ကယ်တင်လိုက်နိုင်တယ်မဟုတ်လား။ ဘုရားရှင်ကယ်တင်ရတာဟာလည်း အင်္ဂုလိမာလဟာ အတိတ်အတိတ် ဘ၀က ဖြည့်ခဲ့တဲ့ ပါရမီတွေ ကုသိုလ်တွေရဲ့အစွမ်းနဲ့ ဒီဘ၀မှာ ဘယ်လိုပဲဖြစ်ဖြစ် နိဗ္ဗာန်ဝင်ရမယ့် နောက်ဆုံးပစ္ဆိမဘ၀ိကပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့်ပါ။ အဲဒီမှာ အင်္ဂုလိမာလဟာ ဘုရားတရားတော်နာပြီး သောတာပန်တည်ပါတယ်။ သောတာပန် တည်တာနဲ့တပြိုင်နက် အပါယ်လားစေနိုင်တဲ့ အကုသိုလ်တွေကို ပယ်သတ်ပြီးဖြစ်တယ်လို့ မှတ်သားဘူးတယ်။ ဒါကြောင့် အဲဒီလူတွေကို သတ်တဲ့ကံကြောင့် ပြန်ပြီးဝဋ်လည်တာတို့ မရှိတော့ပါဘူးလို့ ဆိုကြတယ်။
    ဒီနေရာမှာ ပြောစရာရှိတာက မြတ်စွာဘုရားတောင် ရှေးဘဝများစွာက ပြုခဲ့တဲ့ ကံ ကံ၏အကျိုးတွေကြောင့် ပရိနိဗ္ဗာန်မပြုခင်အချိန်အနည်းငယ်အတွင်း ဝမ်းတော်လားပြီးဝဋ်ကြွေးတို့ကို ခံခဲ့ ရသေးတယ် အင်္ဂုလိမာလဟာ လက်ငင်းဘဝမှာ လူ့အသက်ပေါင်းများစွာသတ်ခဲ့ပေမဲ့ ပရိနိဗ္ဗာန်ပြုတော့ ဘယ်လိုရှိခဲ့သလဲဆိုတာ ညီမသိရင်ပြောပြပါလား။ ကျေးဇူးတင်ပါတယ်။
    သုခီအတ္တာနံ ပရိဟရန္တု...။

    ReplyDelete
  22. ရေးသွားတာလဲကောင်း ကွန်မင့်တွေကကောင်းရှယ်ဆိုတော့ ဘာမှ မပြောလိုတော့ပါဘူး။ ဒီလိုမျိုး ဖတ်ခွင့်ရတာကိုဘဲ အားရကျေနပ်ခြင်းများစွာ ဖြစ်မိပါတယ်လို့ ဆိုလိုက်ပါရစေ မက်မက်ရေ။။။။

    ReplyDelete
  23. အဟွန်းးး
    အရင်ချောင်းဟန့်ထားတာ ဟဲ ဟဲ
    တော်တော်တောင်ပေါသွားလားမသိဘူး။
    ငပေါမနဲ့ပေါင်းတော့လဲ ငပေါဖြစ်တာပေါ့
    ယုံကြည်နေတာနဲ့ပြီူးဘူးနော် မက်မက်
    ဒါပဲပြောမယ်။

    ReplyDelete
  24. ဟုတ်ကဲ့ပါ ဦးဦးဝင်းလတ်ရေ...တကယ်တော့ အဂုင်္လိမာလ ဟာ လူတွေကို သတ်ဖြတ်ပြီး နောက်ဆုံးမိဘကို သတ်ခါနီးချိန်မှ အမြင်မှန် ရရှိပြီး အရင်ဘ၀ ပါရမီကြောင့် မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတွေ အောက်မှာ တရားရရှိသွားပြီး ရဟန္တာ ဖြစ်သွားပါတယ် ။ သူသတ်ခဲ့တာတွေမှာ ကံငါးပါးထိုက်အောင် ဖြစ်စေမယ့် သူတွေ မပါဝင်ခဲ့တဲ့အတွက် သူ့ရဲ့လူသတ်လက်ညိုးဖြတ်တဲ့ လုပ်ရပ်ဟာ ၀ိပဿနာရဲ့ အကျိုးကျေးဇူးကြောင့် ဘ၀ဆက်တိုင်း ၀ဋ်ကြွေးမပါတော့ဘူးလို့ သိရှိရပါတယ် ဦးဦးရေ။ ဒီနေရာမှာ ကံထိုက်မယ့် သူတွေကိုသာ သူသတ်ခဲ့မယ်ဆိုခဲ့ရင် (ဥပမာ သူ့အမေ) ပေါ့.. အဲ့ဒီဝဋ်ကြွေးကို မလွဲမသွေ ပေးဆပ်ရမှာပါ။ ၀ိပသနာကံကလဲ သူ့ကို ကယ်လို့မရပါဘူး။ အခုလူတွေ သတ်ခဲ့တာတောင် တရားအားထုတ်ခဲ့တဲ့ ၀ိပဿနာကံရဲ့ အကျိုးကျေးဇူးကြောင့် အများကြီး မဟုတ်တောင် အသေးအမွှားလေးတော့ သူခံရမှာပါ။ ဒါပေမယ့် ဘ၀ဆက်တိုင်းတော့ မခံရပါဘူး။ အင်္ဂုလိမာလက လူ့ဘ၀ သက်တမ်းစေ့ နေသွားခဲ့ပါတယ် လို့သိရှိရပါတယ် ဦးဦးရေ...
    သက်တမ်းစေ့နေထိုင်ပြီးနောက်မှ သာ ပရိနိဗ္ဗာန်ပြုသွားပါတယ်။

    ဒါကမက်မက် သိသလောက်ပါနော်...မှားခဲ့မယ်ဆိုရင် ပြန်လည်သင်ပြပေးပါ။ ကျေးဇူးတင်ပါတယ်နော့်။

    ReplyDelete