Subscribe:

Tuesday, November 10, 2009

Mobile Phone နှင့်သိကောင်းစရာ


ယနေ့တိုးတက် လာနေတဲ့ အိုင်တီနည်းပညာ ခေတ်ကြီးထဲမှာ အရေးအပါဆုံး ဆက်သွယ်မှု အလွယ်ကူ ဆုံးကတော့ မိုဘိုင်းဖုန်း အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အခုလို တိုးတက်လာနေတဲ့ ခေတ်ကြီးထဲမှာ နီးနီးဝေးဝေး ဆက်သွယ်ရေး အတွက် မရှိမဖြစ်က မိုဘိုင်းဖုန်း မဟုတ်ပါလားနော်။ အဲဒီလို အသုံးပြုဖို့ အတွက် ကိုယ့်ဝယ်ထားတဲ့ Mobile Handset ဟာ မူရင်းစက်ရုံထုတ် ပစ္စည်းအစစ်အမှန် ဖြစ်ရဲ့လား? အရည်အသွေးရော ကောင်းရဲ့လား ဆိုတာကို သိဖို့ လိုအပ်လာ ပါပြီနော်။ ကဲ..ဒါဆိုရင် ဘယ်လိုစစ်ဆေးမှာလဲ ဒါကလွယ်ပါတယ် ။ ကိုယ်ဝယ်ထားတဲ့ Mobile handset ကွာလ်တီမှန်ရဲ့ လားဆိုတာ ဒီလိုအချက် လေးတွေနဲ့ စမ်းသပ်စစ်ဆေးလို့ ရပါတယ်။ ကဲ....မိတ်ဆွေ သင်လည်း အခုချိန်မှာ သင့်မိုဘိုင်းဖုန်း ကိုထုတ်ပြီး စမ်းလုပ်ကြည့် လိုက်ပါလား။

*#06# ဆိုတာကို နှိတ်ပြီးခေါ်ကြည့်လိုက်ပါ။ သင့်မိုဘိုင်းရဲ့ မျက်နှာပြင်မှာ ကဏန်း၁၅လုံး ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက ၇လုံးမြောက်နဲ့ ၈လုံးမြောက် ကဏန်းကို စစ်ဆေးကြည့် လိုက်ရုံပါပဲ။
( Eg. ****** 7th 8th ******* )

၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 02သို့မဟုတ် 20ဆိုရင် သင့်မိုဘိုင်းဖုန်းဟာ ဆက်သွယ်ရေး ဧရိယာမှာ အသုံးပြုရတာ အလွန်ကို ညံ့တဲ့ အရေသွေး ဖြစ်ပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 08 သို့မဟုတ် 80 ဆိုရင် ဂျာမဏီနိုင်ငံ ကထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ အသင့်အတင့် ရှိပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 01 သို့မဟုတ် 10 ဆိုရင် ဖင်လန်နိုင်ငံက ထုတ်လုတ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ ကောင်းမွန်တဲ့ အရေအသွေး ပဲဖြစ်ပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 00 ဆိုရင် တော့ မူရင်းမိုဘိုင်းဖုန်းရဲ့ ပင်မစက်ရုံရဲ့ ထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ အကောင်းဆုံး အရေသွေးရှိတဲ့ ဖုန်းပဲဖြစ်ပါတယ်။

အကယ်၍ သင့်မိုဘုန်းရဲ့ ၇လုံးမြှောက်နဲ့ ၈လုံးမြောက်ဟာ 13 ဖြစ်နေတယ်ဆိုရင် အဇာဘိုင်ဂျန် လိုနိုင်ငံမျိုးရဲ့
ဆက်သွယ်ရေး တပ်ဆင်မှု မှာဆိုရင် သင့်ရဲ့မိုဘိုင်းဖုန်းဟာ အင်မတန် ညံ့ဖျင်းတဲ့ အရေအသွေးဖြစ်ပြီး အသုံးပြု တဲ့အခါမှာ သင့်ရဲ့ ကျန်းမာရေး အန္တာရယ်လည်း ကျရောက်နိုင်ပါတယ်။

သင်မသိသေးတဲ့ သင့်ရဲ့မိုဘိုင်းဖုန်း လုပ်ဆောင်ချက်ကတော့

စိုးရိမ်ဖွယ်ရာ အန္တာရယ်နဲ့ ကြုံကြိုက်တဲ့ အခါ မိုဘိုင်းဖုန်းတွေမှာ မိနစ်အနည်းငယ်အတွင်း ဘေးအန္တရယ်မှ လွတ်မြောက်စေဖို့ ဖြေရှင်းပေးနိုင်တဲ့ အရေးပေါ် ခလုတ်တွေ ရှိပါတယ်။

အရေးပေါ်နဲ့ ကြုံကြိုက်တဲ့အခါ

ကမ္ဘာတ၀န်း ကမ္ဘာ့သုံး အရေးပေါ်နံပါတ်ဖြစ်တဲ့ 112 ကို နှိတ်ခေါ်လိုက်ပါ။ သင်နဲ့ အနီးစပ်ဆုံး အသံလွှင့် ကွန်ရက်ရဲ့ အရေးပေါ် နံပါတ်ကို အလိုအလျှောက် ဆက်သွယ် ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ကဲ..ခေါ်ဆိုမယ်ဆိုရင် ဖုန်းကီးပတ်ဒ်တွေ ဘယ်လိုပဲ လော့ခ်ချထားတာတောင် နှိတ်ခေါ်လို့ရပါတယ်။ ဒါကြောင့် အရေးပေါ်နဲ့ ကြုံကြိုက်နေရင် အကူအညီ ရရှိအောင် 112 ဆိုတဲ့ ဂဏန်းသုံးလုံးကိုတော့ မှတ်မိဖို့တော့ လိုတာပေါ့နော် မိတ်ဆွေ။

အရန်ဓာတ်ခဲသိုမှီးထားပေးခြင်း

တစ်ခါတစ်ခါ တိုက်ဆိုင်မှုတွေကြောင့် ဖုန်းဓာတ်အားနည်းသွားတဲ့အခါမျိုးနဲ့ ကြုံဖူးကြမှာပါနော်။ တနေကုန် ဖုန်းအပြောများခြင်းကြောင့် ဖုန်းဓာတ်ခဲ မရှိတဲ့ အခါနဲ့ ကြုံကြိုက်ရင် စိတ်မချမ်းမသာ ဖြစ်ကြရပါတယ် ။အဲဒီလို တိုက်ဆိုင်တဲ့ အမှတ်မထင်တဲ့ နေ့ရက်မှာ အကြောင်းတစ် ခုခုကြောင့် ဓာတ်ခဲအား ကုန်သွားရင် ပဲဖြစ်ဖြစ်၊ ဓာတ်ခဲအား ပြန်သွင်းဖို့ အဆင်မပြေ ခဲ့ရင်ပဲ ဖြစ်ဖြစ် တကယ်အရေးနဲ့ ကြုံကြိုက်ရင် အသုံးပြုဖို့ Nokia ဟန်းဖုန်းတွေမှာ သီးသန့်အရန်အဖြစ် သိမ်းထားတဲ့ ဓာတ်ခဲအား ရှိပါတယ်။ ဒါကို အသုံးပြုချင်ရင်တော့ *3370# ကိုနှိတ်လိုက်ပါ။ ဖုန်းအော်တိုရီစတပ် ဖြစ်သွားပြီး ဘတ်ထရီ ၅၀% တိုးလာတာကို တွေ့ရပါလိမ့်မယ်။ ကဲ...ဒါဆို သင်ဘတ်ထရီ ကုန်သွားလို့ အရေးကြီး ဖုန်းခေါ်ဆို လက်ခံတဲ့အခါ စိတ်ပျက်စရာ မလိုတော့ဘူးပေါ့ ။


မိုဘိုင်ဖုန်း ခိုးယူခံရခြင်းမှ ဘယ်လိုကာကွယ်မလဲ

ဒါကတော့ အပေါ်မှာ ပြောခဲ့တဲ့ *#06# ဆိုတာကို နှိတ်ကြည့်ပြီး ပေါ်လာတဲ့ ဖုန်းစီရီယယ် နံပါတ် 15 လုံးကို မှတ်သားသိမ်းထား ရမှာပေါ့။ အကယ်၍ သင့်ဖုန်း ပျောက်ဆုံးတာ ပဲဖြစ်ဖြစ် ခိုးယူခံ ရတာပဲဖြစ်ဖြစ် ကြုံခဲ့ရင် သင်မှတ်သား သိမ်းဆည်းထားတဲ့ သင့်ဖုန်းရဲ့ စီရီယယ် နံပါတ် ၁၅ လုံးကို ဖုန်းဆိုင်က နားလည်တတ်ကျွမ်းတဲ့ နည်းပညာရှင် ကိုပေးပြီး သင်hand set ကိုသုံးလို့ မရအောင် ပိတ်ပင်တား ဆီးခိုင်းလိုက်ပါ။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ခိုးယူသူဟာ သင့်ဖုန်းကဒ်ကိုပဲ ယူလို့ ရပေမယ့် သင့်ဖုန်းကို မည်သို့မျှ အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး ။

(ဤသို့လုပ် ဆောင်ခြင်းက သင့်ဖုန်းကို ပြန်လည် ရရှိအောင် မစွမ်းဆောင် နိုင်ပေမယ့် အနည်းဆုံးတော့ သူခိုးကလဲ ဘယ်လိုမှ အသုံးပြုလို့ မရပါဘူး၊ အဟောင်းဆိုင်မှာ ပြန်သွင်းရောင်း ချလို့လဲ မရပါဘူး။ အကယ်၍ လူတိုင်းသာ မိမိတို့ရဲ့ မိုဘိုင်းဖုန်း ပင်နံပါတ်ကို မှတ်သားမှု ပြုလုပ်ထားပြီး ပျောက်ဆုံးသွား တဲ့အခါ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် မိုဘိုင်းဖုန်း ခိုးယူခံ ရခြင်းမှ ကာကွယ်နိုင်ပါတယ် ။ ကဲ....မိတ်ဆွေ ဘယ်လိုလဲ.... ပျော်သွားလား...)

ဒီနည်းလမ်းများကို သိသူတွေ ရှိပါတယ်။ သို့ပေမယ့် မသိသေးသော သူများအတွက် ရည်ညွှန်း ရေးသားပါတယ်။ သိပြီးသူများ အတွက်ကတော့ ဆောရီးပါ.. မသိသေးသူများ အတွက်ကိုတော့ ဗျောတီးပါ။အဲ..ဟုတ်ပေါင်...မှားကုန်ပြီ...အာဝါးးးးးးးးးပါ.....လို့....နော်........... ဟိ..ဟိ.. :P


20 comments:

  1. ဗဟုသုတလေးအတွက် ကျေးဇူးနော
    အခုပဲ နှိပ်ကြည့်လိုပ်ဦးမှ..
    ပျော်ပါစေ

    ReplyDelete
  2. ချစ် ရေ

    ချစ်ချစ်ချစ်တဲ့မောင်ချစ်တဲ့ချစ်ချစ်ဆီ
    မောင်လာလည်တယ်နော်..

    ချစ်က မောင်သင်ပေးတဲ့အတိုင်းနော်း

    ပြန်ရေးနိုင်တယ်

    ချီးကျူးတယ် ချစ်ရယ်


    ချစ်ချစ်ချစ်တဲ့မောင်ချစ်တဲ့ချစ်ချစ်ရဲ့ မောင်

    ReplyDelete
  3. ဟိုက် ဦးဖိုးစိန်တယောက် ခြစ်ခြစ် ခြစ်ခြစ်နဲ့ပတ်ချာ
    လည်နေပါလားဟရို့း)
    ကျေးဇူးဗျာ ဖုန်းကိုကလိလိုက်အုံးမယ်း)
း)

    ReplyDelete
  4. အော်..
    ဒီလိုလား.. ပေါလိုက်ချင်ဘူး..
    ဟိုဟာကျတော့ ထည့်မရေးဘူး..

    ဘယ်ဟာလည်း မမေးနဲ့ မမှတ်မိတော့ဘူး..
    ဖိုးမေ့ ဖြစ်သွားပြီး..း)

    ပျော်ရွှင်ပါစေ
    စည်သူ

    ReplyDelete
  5. ဒီလိုဆို အခုပဲ စမ်းသပ်ကြည့်လိုက်မယ်ဗျာ။း)
    သိုင်းကျွတ်စ်.....။

    ReplyDelete
  6. မက်မက်ရေ တစ်ခုခုလိုနေတယ်ထင်တယ်နော် *#06# နံပါတ်နှိပ်တာ network problem ဖြစ်နေတယ် ပိုးဟပ်လေးက sony သုံးတာဆိုတော့ *3370# ကိုတော့မစမ်းသပ်တော့ဘူးနော်

    ReplyDelete
  7. ချမ်းပီးဘီ ရ၀ူးးးးးးးးးးးးးးး

    ReplyDelete
  8. I ka 20 par tal. pyit thint par tal but ma tan bu

    ReplyDelete
  9. If I am not wrong, *3370# is soft reset. it doesn't do any battery enhancement; instead it will format the phone.

    ReplyDelete
  10. :) cockroach lay ka bal ya ma lal.. they are the codes only for Nokia.

    ReplyDelete
  11. Dear Dream, I think that codes are only for Nokia.
    Cos My Sony W960i has 01 but made in china and that has been quality approved by vodafone uk.
    So if you could post for other brands, thanks in advanced.

    ReplyDelete
  12. 01 လို့ပြတာပဲ
    ဟုတ်မဟုတ်တော့ ဖုန်းကိုယ်တိုင်ပဲသိမယ်
    :)

    ReplyDelete
  13. တကယ်ကြီးလားဟင်
    ၀၂တဲ့ဗျာ။ ဆက်သွယ်ရေး သိမ့်ညံ့ပေါ့။ ဟင်.....ဟုတ်လောက်ပါဘူး။ ဆိုနီဗျ။ ကျွန်တော့် စက်မှာ ၁၈လုံးတောင်ပေါ်တယ်။ အဲဒိအထဲမှာ ၇လုံးမြောက်နဲ့ ၈လုံးမြောက် ၀၂ ဖြစ်နေပြီး ပြောထားတဲ့အတိုင်းဆို မကောင်းဘူးပဲ။ ဗဟုသုတပေါ့ အစ်မရယ်

    ReplyDelete
  14. လိုက်ပြီးတော့စမ်းသပ်နေတာပါပဲ တီတီလေးမက်မက်ရေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါပဲ။ စမ်းကြည့်တာကတော့ ဆက်သွယ်မှုအညံ့ဆုံးဖုန်းဖြစ်နေလားမသိဘူးရယ်။

    ReplyDelete
  15. Phone မရှိဘူး မက်၂ ဖုန်းအရင်ဝယ်ပေးနော် :P

    ReplyDelete
  16. My LG touch screen showed 03. it was made in china.

    My sony ericcson W302 showed 02. Again, it is made in china.

    anyway, thanks for your info. now i know how to get IMEI number.

    ReplyDelete
  17. စိုင်းစိုင်းလားရှိုးNovember 15, 2009 at 10:53 PM

    စမ်းကြည့်တယ် ဖတ်နေရင်းကို စမ်းတာ result unknow တဲ့...း(

    ReplyDelete
  18. လာဖတ်သွားတယ်ဗျာ

    ReplyDelete
  19. စာမဆုံးသေးဘူး ကောက်နှိပ်လိုက်တာ ၀၃တဲ့ အဲဒါကျတော့ ဘာလဲမမ.. ဟိုအားကုန်ရင်သုံးရတာကိုတော့ တော်တော်သဘောကျသွားပြီ ကျေးဇူး...

    ReplyDelete