ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ပြည်တွင်းပြည်ပ သာသနာပြု ဖြူးဆရာတော် ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါ ဝေဒနာကို ဆေးကုသမှု ခံယူလျှက်ရှိ နေပါသည်။
ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုး ခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင် ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှု ခံယူလျှက် ရှိပါတယ်။
ဆေးရုံတွင် အထူးကု ဆရာဝန်ကြီး များနှင့် ခေတ်မှီစက် ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက် ရှိပါသည်။ ယခုအချိန်အထိ ကုန်ကျငွေမှာ ကျပ်သိန်းငါးရာ ကျော်လာပြီ ဖြစ်ပါသည်။
ဆေးရုံတွင် အထူးကု ဆရာဝန်ကြီး များနှင့် ခေတ်မှီစက် ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက် ရှိပါသည်။ ယခုအချိန်အထိ ကုန်ကျငွေမှာ ကျပ်သိန်းငါးရာ ကျော်လာပြီ ဖြစ်ပါသည်။
သို့ပါသောကြောင့် ဆရာတော် ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေး ဆေးအလှူ တော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လို ကြပါလျှင် အောက်ပါ ဖုန်းနံပါတ် များသို့  ဆက်သွယ်လှူဒါန်း နိုင်ကြပါကြောင်း ကုသိုလ် အကျိုးမျှော်၍ အသိပေး နှိုးဆော်ကြေညာ အပ်ပါသည်။
ထိုင်းနိုင်ငံ
ဦးစန္ဒောဘာသ
ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုန်းနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။
စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုန်းနံပါတ်- +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀
မြန်မာနိုင်ငံ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ် ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄
ကြည်ညိုလေးစား ခင်မင်ရပါသော ဆရာတော် အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား)ရှင်.....
ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော် ဘုရားကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာ တော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက် လုပ်ဆောင်ခဲ့ မှုများကို အာရုံပြု ကြည်ညို နှလုံးသွင်း၍ အောက်ပါသတင်း စာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက် ၀က်ဘ်ဆိုဒ်များနှင့် အီးမေးလ်များ မှတဆင့် ထပ်ဆင့်ဖြန့် ဖြူးဝေမျှ ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ် ပါတယ်ရှင်...
လေးစားစွာဖြင့်
Dream
လေးစားစွာဖြင့်
Dream
ဘာသာရေး ဆောင်းပါးများကို ရေးသားသော ဦးဝိမုတ္တိသုခ မှမေးလ်ပို့ ပေးလာတဲ့ ဆရာတော်ဧ။် ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။ ဘလော့ဂ်ဂါ မောင်နှများမှလဲ မိမိတို့ တတ်နိုင်တဲ့ ဘက်မှနေ၍ သဒ္ဒါတရား နည်းများမဆို ကုသိုလ်ပါဝင် လှူဒါန်း နိုင်ကြပါစေရန် တဆင့်ပြန်လည်ဖြန့်ဝေ သတင်းပေး လိုက်ပါတယ်ရှင်...
ဆရာတော် အမြန်ဆုံးကျန်းမာစေဖို့ ဆုတောင်းပေးပါတယ် မက်၂ရေ
ReplyDeleteခုလိုနိဗ္ဗာန်ဆော် လုပ်ပေးတဲ့မက်၂ကိုလည်း ကျေးဇူးတင်ပါတယ်.
ဆရာတော်ဘုရား အမြန်ဆုံး ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။
ReplyDeleteတူမကြီးရေ။ ဆရာတော်သတင်းတင်ပေးထားတာ ကျေးဇူးတင်ပါတယ်နော်
ReplyDeleteဆရာတော်ဘုရားမြန်မြန်ကျန်းမာစေဖို့ဆုတောင်းပေးနေပါ
ReplyDeleteတယ်
ကျေးဇူးဗျာ
ဆရာတော်ဘုရား အမြန်ဆုံး ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။
ReplyDeleteအစ်မကြီး.... ကျွန်တော်လဲ လှူချင်တယ်။ ဆရာတော်ရဲ့ ထေရ၀ါဒစစ်စစ်တရားတွေကို နာကြားရကတည်းက ဆရာတော်ကို အပြင်မှာ မမြင်ဖူးပေမယ့် အစဉ်လေးစား ကြည်ညိုလျက်ပါ။ ထေရ၀ါဒအတွက် တွန်းတွန်းတိုက်တိုက် ဟောခဲ့တဲ့ ဆရာတော်တွေဆိုတာ မြန်မာနိုင်ငံမှာ ရှားတယ်။ ဆရာတော်ကြီး အမြန်ပြန်လည် ကျန်းမာရေး ကောင်းစေချင်တယ်။ ဆရာတော်လို့ ဆရာတော်မျိုး မြန်မာနိုင်ငံမှာ အများကြီးလိုအပ်တယ်။ ဒါကိုလှူဖို့အတွက် အသင်းကို ဒီတပတ်ကျရင် တင်ပြကြည့်အုံးမယ်။ မောင်လေးလဲ တတ်နိုင်သလောက် လှူချင်တယ်။ ကျေးဇူးပါအစ်မရယ်။ အခုတလော တရားဘက်မှာ တစိမ်းဆန်နေတယ် ကျွန်တော်တော့။
ReplyDeleteမက်မက်
ReplyDeleteကုသိုလ်ယူသွားတယ်
လင့်ထားမယ်နော်
ဆရာတော်ကျန်းမာလာပါစေ
ReplyDeleteဖြူးဆရာတော်ကြီးသည် အာရှတော်ဝင်ဆေးရုံတွင် ၂၄.၁၁.၂၀၀၉ ရက်၊ နံနက်(၇)အချိန်မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ရုပ်ကလာပ်တော်ကို ၃၀.၁၁.၂၀၀၉ ရက်နေ့တွင် မီးသဂြိုလ်ပါမည်လို့ သိရှိရပါတယ်....
ReplyDelete