ဒီကာတွန်းကားလေးမှာ ဆင်ရယ် ရှဥ့်ရယ် ကျားရယ်နဲ့ ကလေးလေး တယောက် ပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ တောင်စွန်းတစ်ခုရဲ့ အောက်မှာ မိသားစုတစ်စု နေထိုင်ပါတယ်။ တနေ့တော့ ကလေးအသားကို စားဖို့ ကျားဆိုးတွေ လာရောက် သောင်းကျန်းပါတယ်။ ဒါကို အဖေလုပ်သူက ကျားဆိုး အန္တာရယ်ကို ခုခံကာကွယ်ရင်း အမေဖြစ်တဲ့ သူက ကလေးလေးကို ချီကာ ထွက်ပြေးရင်း ကျားဆိုး ကိုက်ခံရကာ ကလေးနဲ့အတူ မြစ်ထဲ မျောသွားပါတယ်။
တစ်နေရာမှာ သောင်တင်နေတာကို ရေသောက် ဆင်းလာတဲ့ ဆင်တစ်ကောင်က တွေ့တော့ အသက် မရှိတော့တဲ့ မိခင်ရဲ့လက်ထဲက အသက်ရှင် နေသေးတဲ့ ကလေးကို မွေးစားလိုက်ပါတယ်။ သွားလေရာ ကလေးကို ချီယူသွားပါတယ်။ လမ်းမှာ မတည့်အတူနေ မိတ်ဆွေရှဥ့်ကို တွေ့တော့ ကလေးကို နင်မွေးငါမွေးနဲ့ နောက်ဆုံး နှစ်ယောက်အတူတူ ထိန်းသိမ်း စောင့်ရှောက်ဖို့ သဘောတူ လိုက်ကြတယ်လေ။
တစ်နေ့တော့ ကျားခေါင်းဆောင်က ကလေးဟာ ဆင်နဲ့ ရှဥ့်ဆီမှာ ရှိနေတယ်ဆိုတာ သိရတော့ တစ်ချိန်လုံး ကလေးကို ယူဖို့ပဲ ချောင်းနေတာလေ။ မရတဲ့အဆုံး ခေါင်းဆောင်ကျားက နောက်ဆုံးမှာ သူ့တပည့်ဖြစ်တဲ့ ကျားကို ပရိယာယ်လုပ်ခိုင်းပြီး ဆင်နဲ့ရှဥ့်ရဲ့ အယုံအကြည်ကို ယူစေပါတယ်။ အဲဒီမှာ ဆင်ရယ် ရှဥ့်ရယ် ကျားတကောင်ရယ်ဟာ မိတ်ဆွေဖြစ်သွားကြတာပေါ့။ ကောက်ကျစ်တဲ့ကျားက ဆင်နဲ့ရှဥ့်တို့ရဲ့ အယုံအကြည်ကို ရတော့ ခေါင်းဆောင်ရဲ့ အမိန့်အတိုင်း ကလေးကို ယူမယ် အလုပ်မှာ ကျားအုပ်နဲ့ ဆင်၊ရှဥ့်တို့ရဲ့ ကလေးအပေါ်ထားတဲ့ ချစ်မေတ္တာကို အသက်ပေးကာကွယ် ပြီး နောက်ဆုံး ဖခင်ဖြစ်သူထံ ပြန်လည်ရောက်ရှိ သွားပုံကို IceAge ကာတွန်း ဇာတ်လမ်းတွဲ တွေမှာ ရှာဖွေကြည့်ရူ နိုင်ပါတယ်။ Iceage ဇာတ်လမ်းတွဲတွေ အများကြီးပါ။ အဲဒီထဲကမှ အကြိုက်ဆုံး ဇာတ်အိမ်ကို ပြောပြတာပါ။ လူနဲ့ တိရစ္ဆာန်တို့ရဲ့ ဖြစ်လာတဲ့ မေတ္တာဖွဲ့ ဇာတ်လမ်းလေး ကိုရိုက်ပြထားတာပါ။ ကျားကို ကောက်ကျစ်စဉ်းလဲ တဲ့ဇာတ်အိမ်နဲ့ ရှဥ့်လေးကို အကြင်နာနဲ့ ပြည့်ဝပြီး ဟာသနေရာက ပါဝင်စေပြီး ဆင်ကိုတော့ ကြင်နာသနားတတ်တဲ့ မေတ္တာရှင် နေရာက ပါဝင်ထားတဲ့ ဒီဇာတ်အိမ်မှာ ရသတွေ အများကြီးပေးပါတယ်။
ကြိုက်လွန်းလို့ အခွေကို အပိုင်ဝယ်သိမ်း ထားပါတယ်။ အဲဒီအခွေကို သူများတွေလည်း ကြည့်ရအောင်ဆိုပြီး အပြင်ထုတ် ပေးထားရင်းနဲ့ အခုတော့ ပျောက်ဆုံးသွားပါတယ်။ ဟင့်.. ဟင့်... :(
အဲဒါနဲ့ You tube မှာရှာကြည့်တော့ နီးစပ်တဲ့ ဇာတ်အိမ်ကိုပဲ တွေ့ပါတယ်။ အင်မတန် ကောင်းတဲ့ ဇာတ်လမ်းလေးပါ။ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါလို့ လက်တို့ လိုက်ပါတယ်နော်။
ကဲ..ဦးဦးဘီဘီ(ကိုဗီလိန်) ၊တီတီချုနယ် (ညီမလေးဆုငယ်) နဲ့ တားတားဂျယ်လီ (မောင်လေးဂျယ်ဂျဲ) တို့ရေ..
အင်မတန် ခင်လို့ တကယ်ကို မအားတဲ့ ကြားထဲက အချိန်ပေးပြီး ရေးပေးလိုက် ပါတယ်နော်...... ကျေနပ်တော့.... :)
အင်မတန် ခင်လို့ တကယ်ကို မအားတဲ့ ကြားထဲက အချိန်ပေးပြီး ရေးပေးလိုက် ပါတယ်နော်...... ကျေနပ်တော့.... :)
မီးမီးကာတွန်းကားကို မမ ကြည့်သွားပါသည်။ (ရွှီး)..
ReplyDeleteဟီးးး....
ReplyDeleteICE AGE ကတော့ တကယ့် ကားကောင်း..
ကြိုက်တယ်..
မက်မက် IceAge ကြည့်တာ က ပိုတောင် ရယ်ရသေးတယ်.. ဟီးး..
ဂွတ်ဂွတ်..
ဘယ်တုန်းက ကတုံးရိပ်လိုက်တာလဲဟ....
ReplyDeleteကာတွန်းကားကြည့်ပြီး ကာတွန်းရုပ်နဲ့  လျှောက်နောက်မနေနဲ့ ဦးဗျ။ အေးဟုတ်ပါရဲ့ ဘယ်တုန်းက ဂတုံးရိတ်လိုက်တာတုန်း။ ကြည့်ရတာ ဘောလုံးသမားတွေကို အားကျပြီး လိုက်ရိတ်တာပဲ ဖြစ်ရမယ်။
ReplyDeleteမမ ဒီကားကိုကြည့်ဖူးတယ်။ ရယ်လည်းရယ်ရတယ် ကြည့်လို့ လည်းကောင်းတယ်နော်။ မမရေးထားတာ ပိုဖတ်လို့ ကောင်းတယ်။ ရေးပေးတာ ကျေးဇူးပဲ မမ။ :)
ReplyDeleteအိမ်ကြိုက်တဲ့ကားတွန်းကားလေးပါ၊ကားတွန်းကားဆို
ReplyDeleteမကြည့်ဖူးတာမရှိသလောက်ပါ။ အိုင့်စ်အေ့စ် ၁၊၂
စရိုက်ရ်၁၊၂၊၃။ ဘိစ်မူးဗီး၊တွိုင်းစတိုရီ၁၊၂။မူရှုး၁၊၂ပန်ဒါကွန်ဖူး
ဘာတခုမှအလွတ်မပေးဘူး အားလုံးကြည့်ဖူးတယ်
ကောင်းလွန်းလို့ ၂ခါ၊၃ခါပြန်တောင် ကြည့်တယ်ဗျ
အခုလောလောဆယ် အကြိုက်ဆုံးကတော့ ပန်ဒါကွန်ဖူး
ပေါ့ဗျာ။ ဟီ... အသက်ကဖြင့် သေတော့မယ် အခုထိ ကားတွန်းစွဲတုန်း တွမ်အန်ဂျယ်ရီကတော့ ဖေးဘရိတ်ပေါ့
တီတီမက် ICE AGE ကပိုတောင်းတယ်။ ဂီတုံးလေးနဲ့
ReplyDeleteညှစ်ချင်စရာနှေး။ ဗီတုံးက ဂီတုံးရိတ်လိုက်တာရဲဂျ။
ရှဲရှဲ ထင်မင်လျှက် ထိုးဂျယ်
ကာတွန်းကားက ကြည့်ပြီးသားကြီး။
ReplyDeleteကွက်ဆိပ် ဟောထားတာ လေးကို
ဖတ်သွားတယ်။
တူမတော်ကတုံးတုံးတာ
ဦးရီးတော်သိသဗျ။
သူများကိုလိုက်စရင်
ခေါင်းရှင်းရှင်းစဉ်းစားနိုင်အောင်ဖြစ်မယ်။
နောက်တစ်ခါ လာစရင်
ကိုဘူတားကိုတိုင်မယ်။
မိဒွင်း နာတော့မယ်နော် ဒီကောင်မလေး..လာလာစနေတာ
ReplyDeleteခုလည်း ကာတွန်းကားကိုဗန်းပြပြီး ရှာပုံတော်ဖွင့်ပြန်ပြီ
မဟုတ်လား....တော်ပြီလေ တစ်ယောက်ဆို...
နောက်တစ်ယောက်တော့ကောင်းပါဘူးကွယ်...မှတ်ပလား....
နောက်တစ်ခါဆိုရင် ဒီထက်ဆိုးမယ်...ဟေဟေ...။
ကိုဘူတားကနေမလားဗျ ကိုသီဟရ
ReplyDeleteလက်တို့လိုက်ရုံပဲ။
ဦးဦးချင်တေ့ အရှဘီနဲ့ ကွဲတွားယို့ ချိတ်ဒွေ ဂယက်ဂယက် ဖစ်နေဒယ်တဲ့
ReplyDeleteတွားမရှနဲ့နော်.. ဟိဟိ.. :P
၁၀၀ပဲပေးရတဲ့..ဦးရီးတော်ဂယဲ..ဂယ်ဖဲ...
ဂယ်ဖဲ..ကိုယ့်တူမကိုပေါတွားဒါကို သူကပါ အချွန်နဲ့မတွားဒယ်.. ဘူတွားဂျီးယဲ့ အစ်မ
အမီနာနဲ့ မမေးချားဒေါ့ဖူး..တော်ပီ...
နောက်မှ နောင်ဒမရနဲ့ ..ဒါဖဲ..
တိုရင် ဂျူဝတန်ရေ..နောက်ကျရင် ခေါင်းအေးအေးလေးနဲ့ ဘယ်လို
ပြန်စရမလဲဆိုတာ စဉ်းစားလို့လွယ်အောင်
ဂယုံးတုံးလိုက်တာ။မနာယို မဖစ်နဲ့... ကျိုက်ယင်
လိုက်တုံး.. ဒါဖဲ..ဟတ်ဟတ်:P :P
တားတားဂျယ်လီ .. ရူးတိုးတိုး..
အဒူမှ မပေါနဲ့နော် ..တော်နေ ဂတုံးစတိုင်ကို
ကြိုက်လို့ ဦးဦးတီတီတွေ လိုက်တုံးနေဦးမယ်။ :P
ဦးအိမ်က အသက်တာ ကျီးတာ တာတွန်းကား ကျိုက်တုံးဒဲ့..အဟတ်အဟတ်...တိတွားဘီ.. :P
ဦးဂျင်ရော် ဟတ်ဟတ်.. ကလေးငိုနေတယ်..
တွားထိန်းလိုက်ဦး.. မီးတွင်းဂျီးထဲကနေတောင်
ကာတွန်းကားလာကြည့်နိုင်လို့ ကျေးဇူးတော်
အနဂ္ဂ အဲ.. အနန္တနော်.. အဟတ်အဟတ်..
:P :P
တကယ်လားဟင်..ဆုငယ်..ဒါဆို ကျေးဇူးနော်..
ဟီးဟီး.. ဆုငယ်ကို အာဝါးးး.. :P
ဒမာဦးဦးနော်.. ရန်ကုန် ကနေ ပန်တွားယင်
အိုင်းအေ့တာတွန်းကားကို လက်ချောင်ဝယ်ထဲ့ပေး
လိုက်မယ်... သလား..ရွာမှာ..ဘဒယိုဂို ရေနံချီနဲ့ ဖွင့်ကျည့်..သလား..:P :P
အဟဲ.. တီတီကွန်းလည်း ကာတွန်းကြိုက်တွား
ဘီပေါ့..ဟုတ်ရား..နောက်ကျရင် အများကြီးပြမယ်
တူတူကျည့်မယ်..နော်..ကျေးဇူး.. :P
ညလေး ချစ်မက်မက် ရေ...
ReplyDeleteမမစိတ်ညစ်ပါတယ်.
မမ ရေးတတ်ဖူးလေ.
ကာတွန်းကာလဲ ကြည့်ဘူး။
ဘီလိုရေးရပါ့။ မောင်ဗီ ဒွတ်ခ လှလှပေးထားတယ်လေ မမ ကို။း(
တိဘူး... ရှာရဦးမယ်။
နောက်ဆုံးမှပဲရေးမယ်။
မမက သီချင်း ဗီစီဒီ နဲ့ ကိုရီးယားဇာတ်လမ်း
တွေကလွဲရင် ကျန်တာမကြည့်ဖြစ်ဖူး။ ဂျပန်ဇာတ်လမ်းတောင် တခါတလမှ ကြည့်
ဖြစ်တာလေ. ဘီလိုလုပ်ရပါ့။
ညီမလေးရေးထားတာကောင်းတယ်။
ပညာယူသွားတယ်။ ဒါနဲ့ ဂတုံးတုန်းတာ
မမကိုလည်း မပြောပြပါလား။ တိတ်တိတ်လေးတုန်းထားတယ်ပေါ့။
ချစ်တဲ့
မမ၀ါ
ဗီဗီ ငယ်ငယ်လေးထဲကကြည့်ပြီးပြီ။ ကြိုက်တယ်။ အထဲက အကောင် ၃ ကောင်ထက်။ ဘေးက ဘာမှန်းမသိတဲ့ အသီးကို လိုက်ကောက်နေတဲ့ ဘာမှန်မသိတဲ့ အကောင်ကို ပိုကြိုက်တယ်။ ဟီးဟီး။
ReplyDeleteစင်္ကာပူမှာ ဂတုံး တုံးတာဟာ အကြောင်းရင်းရှိတယ်။ မက်မက်ကိုပဲ မေးကြည့်နော် ဘာလို့ တုံးတာလည်းလို့...
ReplyDeleteအဟေး.... ကာတွန်းကားလေးတွေ ကြိုက်တယ် ကြည့်သွားတယ်နော်......
ကာတွန်းကားကြည့်သွားတယ်
ReplyDeleteရှေ့ဆုံးက .... :P :P
နေရာဦးထားရဲ့လား..
ချောကလက်ဝယ်လာတယ်နော်...
ICE Age ကကြိုက်လွန်းလို့အပိုင်တောင်ဝယ်ထားတာ..
ReplyDeleteနံပါတ်(၃) ထွက်တော့မယ်တဲ့...
မိုးကြယ်
မက်မက်ရေ ကာတွန်းလေးကြည့်တွားပြီ စိတ်ဝင်စားဖွယ်ပါ... ဂတုံးလေးဖြစ်နေပါရော့လား ငြိမ်ငြိမ်လေးကိုကြည့်နေတော့တာပဲ
ReplyDeleteချစ်စရာလေး တီတီကြည့်တွား ဖတ်တွားပီနော်
အဆင်ပြေပါစေ
မက်မက်ရေ
ReplyDeleteဦးဦးတိန်မှာနက်မကောင်းလို့ အခက်ခဲဖြစ်နေတယ်
ရသလောက်တော့မန့်ထားခဲ့ပါတယ်
စိတ်မကောင်းဖြစ်မိတယ်။
ဒါပေမယ့် ညွှန်းစာများတော့ဖတ်သွားပါတယ်။
ချစ်သမီးလေးအဆင်ပြေပါစေ။
လေးစားလျက်။
This comment has been removed by the author.
ReplyDeleteကာ တွန်း ကား တ ပိုင်း တ စ ကြည့် သွား တယ်။
ReplyDeleteဟ တူမကြီးရ အင်တာလာဗျူးတဲ့သူကို ပြရင်း ချိတ်ပါတွားဒါယေ ... အာ ... မှားကုန်ပဟ စိတ်ပါသွားတာလေ ... ICE AGE ကိုလည်း သဘောကျတယ် မိုက်တယ် မေတ္တာတရားကိုမြင်ရတယ်။ :D
ReplyDeleteခင်မင်စွာဖြင့်
သယ်ချင်း
ReplyDeleteကာတွန်းရုပ်ရှင်ကြိုက်ပေမယ့် နက်မကောင်းလို့ ဖြူဖြူကြီးကို ရှိုးသွားတယ်သိလား
http://winzaw-mdy.blogspot.com
မက်မက်ရေ...
ReplyDeleteအဟင့်... :(
ကာတွန်းကားက ကြည့်မရဘူး...
အားလုံးရဲ့ နောက်ဆုံးမှာ ဆူပုတ်ပြီး ငုတ်တုတ်ထိုင်နေတဲ့သူက တီတီနော်...
မလာဘူး မပြောနဲ့...
ကြည့်မရဘူး... ဟူးးး... :(
မက်မက်ရေ..ကြည်နူးစရာ ကာတွန်းကာလေးတွေကြည့်လိုက်ရတာ ရင်ထဲမှာ ပေါ့ပါးလန်းဆန်းသွားတယ်။
ReplyDeleteမက်မက်ကာတွန်းကား ကြည့်နေပုံလေးကလဲ ရယ်စရာလေးနော်..ဟဲဟဲ