Subscribe:

Sunday, November 16, 2008

ဆရာတင်မှားတဲ့ဒါယကာကြီး

ရှေး~~~လွန်လေပြီးသောအခါ~~~ရာဇာဂြိုလ်တိုင်းမဟာ၊~~~ဘုရင်ဗိမ္ဗိသာရ သူ့သား အလှရတနာ ~~~ အဖကိုသာ သတ်မဲ့သားလို့~~~~ ပုဏ္ဏားတော်များ ဟောကြားခဲ့တာ~~~ ဖခင်ဘုရင်ကြီးမှာ ~~~မကြားလိုပါ၊ ~~~မကြားလိုပါ၊~~~~သတ်လိုရင် သတ်ပါစေတော့ ~~~မလျှော့သော ~~မေတ္တာတွေပါ ~~~ သီတာရေစင်ပမာ ~~~ တသွင်သွင် ~~~ စီးကျလေသာ~~~

အဆိုတော် ဒေါ်မာမာအေး ဆိုထားတဲ့ သီချင်းကို လူတိုင်းကြားဖူး ကြမှာပေါ့နော်၊ မဟာဗုဒ္ဓ၀င်မှာ ဒေ၀ဒတ်ကို ဆရာတင် မှားမိလို့ ရလာတဲ့အမှား၊ ဒေ၀ဒတ် ဖြားယောင်း သွေးဆောင်တာကို နားယောင် ယုံကြည်မိလို့ အဖဖြစ်သူ အရိယာနွယ်ဝင် သူတော်စင်ကြီးဖြစ်တဲ့ ဘုရင်ဗိမ္ဗိသာရ မင်းကြီးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ တဲ့သူဟာ အဇာတသတ်မင်း ဖြစ်တယ်ဆို တာကိုတော့ လူတိုင်းလို လိုသိပြီး ကြမှာပါ။

အခါတစ်ပါးမှာ အဇာတသတ်ဟာ ဒေ၀သတ် သွေးထိုးတဲ့ စကားကို ယုံမှတ်ပြီး အဖကို သတ်ဖို့အတွက် ကိုယ်တိုင် သန်လျက်ဓားကို ပေါင်ကြားမှာ ၀ှက်ပြီး နန်းတော်ကြီး ကိုဝင်ပါတယ်။ နန်းတော်ကြီးထဲ ရောက်တော့ မင်းချင်းတို့က ဖမ်းဆီးခြင်းကို ခံရပါတယ်။ဒီအခါမှာ အမတ်တစ်ချို့က ဒေ၀ဒတ်နှင့် အဇာတသတ်ကို သတ်သင့်တယ် လို့ဆိုကြပါတယ်။ တချို့အမတ်တွေကတော့ ငါတို့မင်းကြီးဟာ သားသတ်လို့ သေရလိမ့်မယ်ဆိုတဲ့ အကြောင်းကို သူ့သားဗိုက်ထဲမှာ ရှိစဉ်ကတည်းက သိပြီးဖြစ်တယ်၊ မလုပ်ကြပါနှင့်၊ မင်းကြီးဆီတို့သာ သံတော်ဦးတင်မှ သင့်လျော်မည် လို့ဆိုကြတယ်။

မင်းကြီးဆီရောက်တော့ သားကိုခေါ်ပြီး ဘုရင်ဗိမ္ဗိသာရမင်းကြီးက မေးပါတယ်။ ချစ်သား အဘယ့်အတွက်ကြောင့် ငါ့အား သတ်လိုသနည်းပေါ့။ ဒီတင် သားတော်က ဖခမည်းတော်ရဲ့ ရွှေနန်းစည်းစိမ်ကို လိုချင်၍ သတ်ဖို့ ကြံရွယ်ပါတယ်လို့ အမှန်အတိုင်းပဲ လျှောက်တင်ပါတယ်။ ဒီတော့ ဘုရင်ဗိမ္ဗိသာရ မင်းကြီးက သားတော် သင့်ကို ငါမွေးမြူခဲ့တာဟာ မင်းစည်းစိမ်ကို ပေးချင်လို့ မွေးခဲ့တာပဲ မဟုတ်လား လို့ဆိုပြီး ထီးနန်းစည်းစိမ်ကို လွှဲပေးလိုက်ပါတယ်။

အဇာတသတ် ဘုရင်ဖြစ်လာတဲ့ အခါမှာ သူ့ဆရာ ဒေ၀ဒတ်ရဲ့ တိုက်တွန်းမှုကြောင့် ဖခင်ကြီးကို ထောင်သွင်း အကျဉ်းချပြီး နှိတ်ဆက်ခြင်း အမျိုးမျိုးနဲ့ ထားပါတယ်။ ဖခင်ရဲ့ ခြေဖ၀ါးကိုခွဲ ဆားသိပ် မီးကင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အဇာတသတ် မင်းဟာ ကျွတ်ချိန်တန် လာတော့ တိုက်တိုက် ဆိုင်ဆိုင် တစ်နေ့ အဖြစ်အပျက် တစ်ခုနဲ့ ကြုံဆုံပါတယ်။ ဒါကတော့ ဘုရင်ဗိမ္ဗိသာရမင်းကြီး ကံကုန်ပြီ ဖြစ်တဲ့အကြောင်း သံတော်ဦးတင်ဖို့ သ၀ဏ်စာရေးပြီး နန်းတော်ကို ဆက်သွင်းဖို့ လာတဲ့လူနဲ့ အဇာတ သတ်မင်းကြီးရဲ့ မိဖုရားမှာ သားတော်လေး ဥဒယဘဒ္ဒ ကိုဖွားမြင်တယ်ဆိုတဲ့ သတင်းကို သံတော်ဦး တင်ဖို့လာတဲ့ လူနဲ့ နန်းတော်တံခါးဝမှာ ဆုံကြတယ်။ ဒီအခါ မင်္ဂလာစကားနဲ့ အမင်္ဂလာစကား နှစ်ရပ်မှာ မင်္ဂလာစကားကို ဦးဦးဖျားဖျားတင်ဖို့ ဆုံးဖြတ်ပြီး ဘုရင်ရှေ့တော်မှောက် ရောက်တော့ သားတော်လေး ဖွားမြင်ကြောင်း ပထမ လျှောက်တင်တာပေါ့။

ဒီစကားကို ကြားရတဲ့ အဇာသတတ်မင်းဟာ သူ့မှာ သားယောင်္ကျားလေး ဖွားမြင်တယ်ဆိုတဲ့ သတင်းကို ကြားတယ်ဆိုရင်ပဲ သား၌ဖြစ် ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာ အဟုန်ဟာ တစ်ကိုယ်လုံး ရိုးတွင်းချဉ်ဆီ အထိစိမ့်ပြီး ကြည်နူးခြင်း တွေဖြစ်သွားတယ်။ ဒီအခါကျမှ သူဟာ မိဘမေတ္တာကို သိပြီး ခမည်းတော် ဟာလည်း ငါ့ကိုချစ်တာဟာ ဒီလိုပဲ ရှိမှာပဲလို့ စဉ်းစားတော့တယ်။ အတိအကျ သိရအောင်လည်း မယ်တော်ကို မေးဦးမှလို့ ကြံပြီး ဒုတိယ စာလွှာကို ဖတ်ကြား တာကိုတောင် မစောင့်စားနိုင်ဘဲ မယ်တော်ဆီ သွားမေးပါတယ်။

မယ်တော်ဆီ ရောက်တော့ မိခင်၊ သားတော် ဖွားကြောင်းကို ကြားရတဲ့အခါ ကျွန်ုပ်မှာ အလွန်ချစ်ခြင်း နှစ်သက်ခြင်း ပီတိဖြစ်ရပါတယ်။ ကျွန်ုပ်မွေးဖွား သောအခါကလည်း ခမည်းတော် ဖခင်ကြီးဟာ ဒီလိုပဲ ချစ်ခြင်းမျိုး ဖြစ်ပါသလား မယ်တော် လို့မေးပါတယ်။ ဒီအခါ မယ်တော်က ဟယ်.. မင်းယုတ်မင်းမိုက်၊ သင့်ကိုယ်မှာ ဖြစ်တဲ့ ချစ်ခြင်းမေတ္တာ ဆိုတာက အတုသာလျှင် ဖြစ်တယ်။ နင့်အဖေရဲ့ ပီယ စေသနာဟာ နှိုင်းယှဉ်စရာ ဒီကမ္ဘာမှာ မရှိဘူး။ အံ့သြ ချီးမွမ်းလို့ တောင်မကုန်နိုင်ဘူး၊ နင်ဟာ ငါ့ဗိုက်ထဲမှာ သန္ဓေအောင်းစဉ် ကတည်းက ငါဟာ မင်းကြီးရဲ့ ညာလက်ရုံး သွေးကိုသောက်ချင်တဲ့ ဆန္ဒချင်ခြင်း တပ်တော်မူတယ်။ မလျှောက်တင် ၀ံ့ရဲတော့ မအိပ်နိုင် မစားနိုင် ငါဖြစ်ခဲ့ရတယ်။ ဒါကို မင်းကြီးသိတော့ သူ့ညာလက်ရုံးရဲ့ သွေးကိုဖောက်ပြီး ငါ့ကို တိုက်ကျွေးခဲ့တယ်။ ပညာရှိတို့ကို ဒီအကြောင်း မေးကြည့်တော့ မိဖုရားဝမ်းမှာ ကိန်းအောင်းနေတဲ့ သူငယ်ဟာ ဖခင်မင်းကြီးရဲ့ အသက်ကို ဧကန်သတ်မယ့် ကလေးလို့ နမိတ်ဖတ်ကြား တော်မူတယ်။

ဒါကြောင့် နင့်ကို မမွေးချင်လို့ အမျိုးမျိုး ငါဖျက်ချခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး ။မင်းကြီး သိတော်မူ တဲ့အခါမှာ သူ့သားရဲ့ မျက်နှာတော်ကို မြင်ချင်လွန်းလှတယ်၊ ငါကိုယ်တော်ကို သတ်ချင် သတ်ပါစေ၊ ဒီကလေးကို မွေးပေးပါဆိုပြီး အမျိုးမျိုး တောင်းပန်ခဲ့လို့ နင်လူ့ပြည်ကို ရောက်ခဲ့ရတယ်။ နင်မွေးလာတော့လည်း မင်းကြီးဟာ စားရမှန်း သောက်ရမှန်းမသိ၊ အအိပ်အစား ပျက်ပြီး သားတော်ရဲ့ မျက်နှာတော်ကိုပဲ တစိမ့်စိမ့်ကြည့်ပြီး အချစ်ကြီး ချစ်ခဲ့ရတယ်။ နင်ငယ်စဉ်က လက်မမှာ ခူနာ ပေါက်လို့ ပြည်ကိုက်ပြီး ငိုတုန်းကလည်း မင်းအဖေ ခမည်းတော်ဟာ လက်မကို ခံတွင်းမှာ ငုံပြီးတော့ ပြည်စုတ်ယူ ပေးခဲ့တယ်။ အဲဒီလောက် နင့်အပေါ်မှာ ချစ်ခြင်း လွန်ကဲပြီး သူမတူအောင် ချစ်ခင် ချီးမြှောက်ခဲ့တဲ့ မွေးသဖခင်ကိုမှ နင့်မို့လို့ ရက်ရက် စက်စက် သတ်ပစ်ရက်တယ်။ ဟယ်..မင်းယုတ်၊ နင့်ထက် မိုက်တဲ့လူ ဒီလူ့ပြည်မှာ မရှိတော့ ပါဘူးလို့ ယူကြုံးမရ ပြောရှာတာပေါ့။

ဒီတော့ အဇာတသတ်မင်း ရင်မှာ သောကပူပြီး ယူကြုံးမရ ဖြစ်တာပေါ့။ ငါ့ဖခင်ကို နှောင်အိမ်တွင်းမှ ယခုချက်ချင်း လွတ်စေလို့ အမိန့်ပေးပါတယ်။ သို့ပေမယ့် အမတ်တွေက အရှင်မင်းကြီး ငိုကျွေးသော်လည်း မရတော့ပါဘူး၊ ခမည်းတော်ရဲ့ အလောင်းကိုပဲ ကောင်းမွန်စွာ သဂြိုလ်ပါတော့လို့ လျှောက်ထားပါတယ်။ ဒီအခါမှာ အဇာတသတ်မင်းဟာ အလွနကြီးမားတဲ့ သံဝေဂရ သွားပါတယ်။ စိတ်ထဲမှာလည်း ကြီးမြတ်လှတဲ့ မင်းစည်းစိမ်ဟာလည်း လှောင်အိမ်နဲ့ တူတယ်လို့ ထင်လာပါတယ်။ ဘယ်လိုပင် ရွှင်ပျော်အောင် ကြိုးစားပြီးနေနေ စားလို့လည်းမရ အိပ်လို့လည်းမပျော် ဖြစ်လာပါတယ်။ ဒီလိုဖြစ် နေတုန်းမှာပဲ သူ့ဆရာ ဒေ၀ဒတ် မြေမျိုပြီဆိုတဲ့ သတင်းကို ကြားရပါတယ်။ ဒါကြောင့် နဂိုထဲက ထိတ်လန့်နေတဲ့ အဇာတသတ်မင်းရဲ့ ကြောက်ရွံ ထိတ်လန့်မှုဟာ အခေါင်အဖျားကို ရောက်သွားပါတယ်။

နောက်ဆုံးမှာတော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ခြေတော်စုံကို ခိုလှုံရင်း အကျွတ်တရား ရခဲ့ပါတယ်။ အဲဒီအချိန် ကတည်းက အဇာတသတ်မင်းဟာ ပုထုဇဉ်တွေလိုက်လို့ မမီအောင် သာသနာတော်ကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်ဖြစ် သွားပါတယ်။ သူဟာ ဆရာအမှန်ဖြစ်တဲ့ မြတ်စွာဘုရား အပေါ်ဘယ်လောက် ကြည်ညိုသွား သလဲဆိုရင် မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုသွားပြီ ဆိုတဲ့သတင်းကို အမတ်များက သူ့ကို တိုက်ရိုက် မလျှောက်တင် ၀ံဘူးတဲ့။ သူဟာ ဘုရားအပေါ်မှာ အရမ်းကြည်ညို လွန်းတာ ဖြစ်တာကြောင့် ဖြစ်ကြောင်းကို ကြားရရင် နှလုံးကွဲပြီး သေနိုင်တဲ့ အခြေအနေမှာ ရှိနေလို့ ဖြစ်ပါတယ်တဲ့။

အမတ်များက အဇာတသတ်မင်းကို ဘုရားပရိနိဗ္ဗာန် ပြုကြောင်းကို မတင်လျှောက်ခင် ပရိယာယ်နှင့် မင်းကြီးကို ၀တ်ဖြူစင်ကြယ်ဝတ်၊ ရွှေကျင်းကြီး သုံးခုထဲမှာ စတုမဓူတွေ အပြည့်ထည့်ပြီး မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်ကြောင်းကို လျှောက်ထား ကြရတယ်တဲ့။ မင်းကြီးလည်း ဒီစကားကို ကြားရတာနဲ့ တစ်ပြိုင်နက် သည်းလှိုက် အူလှိုက် တစ်ကိုယ်လုံး တုန်ပြီး သတိလစ် သွားပါသတဲ့။ ဒီအခါမှာ အမတ်များက မင်းကြီးရဲ့ ကိုယ်ကိုပွေ့ယူပြီး စတုမဓူမှာ စိမ်လိုက် ကြတယ်တဲ့၊ စတုမဓူတွေ ကျိုက်ကျိုက်ဆူပြီး အငွေ့ထွက် လာတယ်တဲ့။ အမတ်များကလည်း တစ်ကျင်း ဆူပွက်ရင် တစ်ကျင်းကို ပြောင်းပြီး မင်းကြီးရဲ့ ကိုယ်တော်ကို စိမ်လိုက်တာ နောက်ဆုံးကျင်း ကိုရောက်မှ သတိပြန် ရလာတယ်ဆိုပဲ။

အဇာတသတ်မင်းဟာ သတိပြန်ရတယ် ဆိုရင်ပဲ ဆံပင် ဖရိုဖရဲ ဖြစ်နေတာကိုတောင် မသိမ်းဆည်း နိုင်ဘဲ ရင်ကို လက်နှစ်ဖက်ဖိပြီး ရှိုက်ကြီးတငင် ငိုကြွေးရင်း အရူးကြီး တစ်ယောက်လိုပဲ မြတ်စွာဘုရားရှိရာ အရပ်ကို မှန်းပြီး ပြေးပါတော့တယ်။ ဇီဝကရဲ့ သရက်ဥယျာဉ် ရောက်တော့ ဒီနေရာမှာ ငါ့ကို ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားက တရားဟောတယ်။ ငါ့ရင်ထဲမှာ စူးဝင်နေတဲ့ ထိတ်လန့် စိုးရိမ်ခြင်း ငြောင့်ကို နုတ်ပယ် ပေးတော်မူတယ်။ ငါဟာ ဖခင်ထက် ဆယ်ဆ မကအောင် ဘုရားကို ဆည်းကပ် ပူဇော်ခဲ့တာပဲ ။ခုတော့ ငါ့ကို ဘုရားက တရားတော်များလည်း မဟောပြော နိုင်တော့ပါ ကလားဆိုပြီး သည်းထန်စွာ ငိုပြန်တယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နောက်မှာ ပထမ သင်္ဂါယနာတင်ပွဲကြီး ကျင်းပဖို့အတွက် ရှင်မဟာကဿပ အမှုးပြုတဲ့ သံဃာငါးရာ စည်းဝေးကြတယ်။ ဒီသံဃာ အားလုံးကို အဇာတသတ်မင်းကြီး လှူတန်း ပူဇော်ခဲ့ ပြန်ပါတယ်။ သူဟာ ပထမသင်္ဂါယနာ ပွဲကြီးရဲ့ ဒါယကာကြီး ဖြစ်ခဲ့ပါတယ်။

သာသနာတော်မှာ အဇာတသတ်မင်းဟာ ဖခင်ကို ပြန်သတ်တဲ့ သားဆိုတဲ့ နာမည်ပျက် စာရင်းက ပယ်ဖျက်ပြီး ပထမ သင်္ဂါယနာ တင်ပွဲကြီးနှင့်တကွ ဓာတုစေတီတော်ရဲ့ ဒါယကာမင်းကြီး အဖြစ်နှင့် ဥဒါန်းတွင် ရစ်ခဲ့ပါတယ်တဲ့။

လောကမှာ ဆရာတင် မှားခဲ့တဲ့ အဇာတသတ်ရဲ့ အဖြစ်ကလည်း သင်ခန်းစာ ယူစရာပါနော်။

ဒါကြောင့် ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီးက
နဖူးစွန်းနှင့်၊ ဒူးပွန်းခံကာ၊
ကိုးကွယ်ပါလည်း၊ ဆရာလွဲက၊
ငရဲအပါယ်၊ အမြစ်တွယ်၊
ဝဋ်နွယ်ရှည်လျားရာ၊ လို့ဆိုထားပါတယ်။
၁၊သရဏဂုံတည်စေသောဆရာ = ဆရာကောင်း၊ မိတ်ဆွေကောင်း (Good Teachers)။
၂၊ သစ္စာ ၄-ပါး သိစေတဲ့ဆရာ = ဆရာမှန်၊ မိတ်ဆွေမှန် (Right Teachers)။
၃၊ အာသဝေါတရား ၄-ပါး ကုန်စေတဲ့ဆရာ = ဆရာမြတ်၊ မိတ်ဆွေမြတ် (Nobel Teachers)။

“ကုန်ရှုံးတော့ တစ်ခေါက်”၊ “လင်ကုန်ရှုံးတော့ တစ်သက်လုံး မှောက်”၊“ဆရာကုန်ရှုံးတော့ တစ်သံသရာလုံး မှောက်..” ဟူသော စကားအတိုင်း ဘာသာရေးမှာ ဆရာရွေး မှားရင် ယခုပစ္စုပ္ပန်၊ သံသရာနှစ်ဖြာလုံး ဒုက္ခ ရောက်တတ်ပါတယ်။ ဆိုတာကို ဓမ္မရသ ကိုအောင်ဦးရဲ့ ဘလော့မှာ"ဆရာကောင်း ဆိုရာဝယ်"ပို့စ် လေးမှာလည်း တင်ဆက်ထားပါတယ်။
ဆရာဦးဆန်းလွင်ရဲ့ စာအုပ်မှ မှီငြမ်း ရေးသားပါသည်။

17 comments:

  1. မကြားလိုပါ ..မကြားလိုပါ ..

    မသီတာဆို၇င်မွေးမှာလားအဲဒီလို သားမျီုး

    လောလောဆယ်တော့ အတွင်းပစ္စည်းပျောက်လို့ 

    အပျိုကြီးဖြစ်လို့ နည်းလမ်းများနေတယ်ဟုတ်

    ဘလော့ဂ်ကြောင်နေလို့ အခုမှပြန်လာလည်တယ်

    ဒီလို အချစ်မျိုးနဲ့ ချစ်နိုင်ပါ့မှလား ဟီးဟီး

    ပို့ အသစ်နဲ့ တိုးသွားလို့ 

    ဖတ်သွားတယ်..

    အားပေးလျက်

    ReplyDelete
  2. အင်း အရင်လာလည်တုံးက ဖတ်ဖူးတာတွေက တစ်မျိုး အခုက တစ်မျိုး ဆိုတော့ အင်း နှစ်မျိုးတော့ ဖြစ်သွားတယ်...။

    ReplyDelete
  3. အောင်ဦးNovember 16, 2008 at 12:36 PM

    အစ်မမက်မက်။
    သာဓု သာဓု သာဓု... ပါ။
    အင်မတန်မှ အဖိုးတန်တဲ့ ပိုစ့်လေးတစ်ခုပါ။ တရားရှာတဲ့ အခါမှာ ဆရာတော်ကောင်းကို ရွေးတတ်ဖို့၊ တကယ့် ဆရာကောင်းနဲ့တွေ့ဖို့ ဆိုတာ ကိုယ်တိုင်သေချာရွေးမှ ဖြစ်မှာပါ။ အခုလို အများသူတွေ အမြင်မှန်စေဖို့၊ တရား အသိလေးတွေ ရစေဖို့ ရေးသားတင်ပြတာဟာ သာသနာ့ တာဝန်ကို ထမ်းဆောင်လိုက်တာပါပဲ။ ဘာမှ ပြောပြစရာ မလိုလောက်အောင် ပြည့်စုံပါတယ်။ နောက်လည်း များများရေးပေးပါ။

    “အမတံ ဒဒေါစ သောဟောတိ၊ ယောဓမ္မ မနုသာသတိ”
    အကြင်သူသည် တရားစကားကို ဟောပြော၏။ တရားစာကို ဖြန့်ဝေ၏။ ထိုသူသည် အမတဒါန နိဗ္ဗာန် အလှူကို ပေးလှူသည် မည်၏။
    ရဝေနွယ်
    (လူတော်လူကောင်းနှင့် အကုသိုလ်ပယ်နည်း .. စာအုပ်မှ-)
    တရားနဲ့ ပတ်သတ်လို့ လိုအပ်တာရှိခဲ့ရင် ပြောပါ။ ကျနော် တတ်စွမ်းသမျှကူညီပါမယ်။

    စိတ်ချမ်းသာပါစေ.. အစ်မ..

    ReplyDelete
  4. မက်မက်ရေ---
ို ဖတ်ပါတယ်---
    မက်မက်အတွက်ဆောင်ပုဒ်လေးတခုပေးခဲ့မယ်-
    ရတနာ သုံးဖြာ
    အားကိုးရာဟု
    ဆည်းကပ်ပြု
    ခေါ်မှု--သရဏဂုံ
    သရဏဂုံ သုံးပါး
    တည်သူများ
    ရငြား ချမ်းသာစုံ။

    ReplyDelete
  5. ညီမလေးရေ...
    သိပြီးတဲ့ အကြောင်းအရာလေးဖြစ်ပေမယ့် ပြန်ဖတ်ဖြစ်
    တော့လည်း ပြန်ပြီးဗဟုသုတ အသိတရားလေးတွေ
    ပြန်ပြီးသိလာရတယ်လေ။ကောင်းပါ၏ ညီမလေးရေ။

    ချစ်တဲ့
    မမ၀ါ

    ReplyDelete
  6. စိုင်းစိုင်းလားရှိုးNovember 16, 2008 at 3:53 PM

    မက်မက်တစ်ယောက် ကုန်ကူးရင်လည်းမရှုံးပါစေနဲ့။
    တစ်သက်လုံးလည်းမမှောက်ပါစေနဲ့။ ဆရာတင်လည်းမမှားပါစေနဲ့။ အင်းကောင်းမွန်လှပါတယ် မနက်စောစော ဒီလိုအကြောင်းလေးတွေဖတ်ရတာ သာဓုပါတော်။

    ReplyDelete
  7. မက်မက်ရေ..
    ဒမာကြည့်ရမ်း... ဖတ်လို့ကောင်းတယ်.. သလား
    မကြားလိုပါ~~~ မကြားလိုပါ ဆိုတာ.. နောက်နေ့တွေ့ရင်ဆိုပြရမယ်နော်.. သလား..

    ဦးနော်၊ တီတီငယ်၊ ကယေးယေး

    ReplyDelete
  8. သူတော်ဆည်းကပ်
    မြတ်တရားနာ
    လျှော်စွာနှလုံး
    ကျင့်သုံးဇွဲသန်
    သောတပန် ဖြစ်ရန်အကြောင်းလေး...

    ReplyDelete
  9. အင်း... ဒရင်းရေးတဲ့ အဇာတသတ်အကြောင်းဖတ်ပြီး
    အိမ်ကိုယ် မိဘကို ကားနဲ့တိုက်ခဲ့တာလေး သွားသတိရသဗျ ဟိဟိ အချိန်ရရင် ဒီအကြောင်း ရေးလိုက်ဦးမယ်ဗျာ ကျေးဇူးဗျို့ အခုလိုပြန်သတိရအောင်လုပ်ပေတာ

    ReplyDelete
  10. သူတော်ကောင်းဆရာကောင်းကိုဆည်းကပ်ရတယ်။ လာလည်တာ ဗဟုဟုတရစရာပိုစ့်လေးနဲ့တိုးလို့ ကွန်မန့်ပေးသွားတာပါတယ်ခင်ဗျာ။ ပျော်ရွှင် အဆင်ပြေပါစေခင်ဗျာ။

    ReplyDelete
  11. တော်ပါပေတယ်
    ရေးတတ်ပါပေရဲ့
    သာဓု သာဓု သာဓုပါခင်ဗျာ။

    ReplyDelete
  12. “ကုန်ရှုံးတော့ တစ်ခေါက်”၊ “လင်ကုန်ရှုံးတော့ တစ်သက်လုံး မှောက်”၊“ဆရာကုန်ရှုံးတော့ တစ်သံသရာလုံး မှောက်..” ကောင်းမွန်တဲ့ပို့စ်လေးကိုဖတ်သွားပါတယ် မက်မက်
    အဆင်ပြေပါစေ :D

    ReplyDelete
  13. ကောင်းမွန်တဲ့ ပို့စ်လေးတစ်ခု ဝေမျှပေးလိုက်တဲ့ မက်မက် ကုသိုလ်တွေအများကြီးရမှာပါကွယ်။
    သာဓု...သာဓု...သာဓု...လို့ သုံးကြိမ်တိုင်တိုင် ခေါ်လိုက်ပါတယ်။

    ခင်မင်တဲ့...
    တက်လူငယ်...

    ReplyDelete
  14. ကောင်းလိုက်တဲ့ပိုစ့်ပါလား တူမကြီရေ။ တော်လိုက်တာ။ ဖတ်ရင်းဖတ်ရင်းနဲ့ အသိသံဝေဂရမိသလို၊ အသိတရားတွေကလည်း နှလုံးသားထဲကို တိုးပြီး ၀င်လာတယ်။ ဆရာအတင်မမှားအောင် လမ်းညွှန်ပြတဲ့၊ သိပ်ကို တန်ဖိုးရှိပြီး အကျိုးများစေတဲ့ ပိုစ့်ကောင်းတစ်ခုပါပဲဗျာ ... ။

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  15. ဆရာတင်မှားရင် အဖတ်ဆည်လို့ မရလောက်အောင်
    ဘ၀ရှုံးနိုင်တယ်ဆိုတာ သင်ခန်းစာ ယူစရာပါ။

    ဖတ်ခွင့်ရတာကျေးဇူးပါဘဲ။

    ReplyDelete
  16. အင်မတန် ကောင်းတဲ့ ပို့စ်ပါဘဲ။ ဒေါ်မာမာအေး ဆိုထားတဲ့ အခု သီတာရေစင်ကော၊ မြခြူသံပါ အဇာတသတ်မင်း အကြောင်းပါဘဲ.. ဆရာတင်မမှားဖို့ ရေးထားတဲ့ အကြောင်းအတွက် တန်ဖိုးရှိပါတယ် Dream ရေ..

    ReplyDelete
  17. Dream ရေ.ဟိုတလောက ရန်ကုန်မှာ တိုက်ခန်းပြိုလို့ လန့်ပြီး အလကားရလို့ ပြောင်းလိုက်တာ.. အိမ်တက်မလုပ်တာက စည်ပင်ကို ကြောက်လို့ပါ..မုန့်စားချင်ရင် မဆောင်း၊ မလုလု၊ မဆုမွန်တို့ဆီ ခေါ်ကျွေးပါ့မယ်..အ၀စား အားမနာနဲ့။ ဟဲဟဲ..မန့်ခဲ့ပါတယ်။

    ReplyDelete