မီးကိုဘာလို့ ကြည့်တာလဲဟင်? :P
ချောလို့လား? :P
လာမနောက်နဲ့နော်.. ငိုလိုက်မှာ .. ဟွန်း.. :P
စောင့်နေရတာ ကြာလှပြီ၊ ကိုကိုကလည်း မလာသေးဘူး :P
အညောင်းအညာပြေ လမ်းလျှောက်လိုက်ဦးမယ် :P
မီးက မော်ဒယ်ပြိုင်ပွဲ ၀င်မလို့ လေ့ကျင့်နေတာ :P
ဆရာမက မော်ဒယ်ရှိုးပွဲမှာ ဒီလိုလေး နေရမယ်တဲ့ :P
မေမေလာလို့ သွားကြိုလိုက်ဦးမယ်... :P :P
မနေ့က တန်ဆောင်မုန်း လပြည့်နေ့ အဲဒီနေ့ကို တချို့ကလည်း သူခိုးကြီးများနေ့တဲ့ ခေါ်ဝေါ်ကြပြန်ပါတယ်။ အဲဒီနေ့မှာ အပျော်တမ်း သူများပစ္စည်းတွေ သွားခိုးကြ၊ နေရာရွေ့ကြနဲ့ပေါ့လေ။ ပျော်စရာအဖြစ် ဖန်တီးကြပါတယ်။ မက်မက်တို့ ရန်ကုန်မှာလည်း ငယ်ငယ်တုန်းကတော့ အဲလိုညမျိုးဆို ကိုယ်မကျေနပ်တဲ့ အိမ်ကို စာတွေသွားကပ်ကြတယ်၊ မောက်မာတဲ့ အိမ်ဆိုရင် ဆုံးမစာလေးတွေ ခြံတံခါးဝမှာ သွားကပ်ထားလိုက်တယ်။အဲဒီမှာ မက်မက်က ကလေးခေါင်းဆောင်၊ ဟီးဟီး.. ကဲတဲ့၊ ဆော့တဲ့နေရာ မှာလည်း နှစ်ယောက်မရှိဘူး။ ဟိုအိမ်က ပစ္စည်းကို ဒီအိမ်ကိုရွေ့နဲ သူများအိမ်က ပစ္စည်းတွေ နေရာတွေ လိုက်ပြောင်းနေတာ။ ဒါပေမယ့် သူငယ်ချင်းတွေက သစ္စာတော့ တော်တော်ရှိကြတယ်။ အဖွဲ့ဝင် အိမ်တွေကိုတော့ ဘာမှမထိကြဘူး.. ဟီးဟီး... အဲ... ဆော့လို့ အားရတော့ မိုးလင်းခါနီးပြီ။ အသီးသီး ကိုယ့်အိမ်ကိုယ် ပြန်ပြီး အိပ်တော့ပေါ့။ ခြံတံခါးကို အထပ်ထပ် သော့ခတ်ပြီးမှ အိပ်ကြတယ်။ အဲလိုမျိုး ကိုယ့်အိမ်ကျတော့ သိတတ်လိုက်တာ။ အဟားဟား.. ။တော်ရုံပစ္စည်းကိုတော့ ခြံထဲမှာပဲ ထားလိုက်ကြတယ်၊ အိမ်ထဲမသွင်းထားဘူး။ ဒါတောင်မှ မိုးလင်းတော့ ကိုယ့်အိမ်ကို ဘယ်ငတက်ပြားအဖွဲ့က လာဆော်သွားလဲ မသိဘူး။ခြံတံခါးပိတ် သော့အထပ်ထပ် လုပ်ထားတော့ ယူလို့မရရတဲ့အဆုံး ပစ္စည်းရှာရင်းနဲ့ အပြင်မှာ ထားတဲ့ အိမ်နံပါတ်ပြားနဲ့ တချို့တန်ဖိုးမရှိတဲ့ ပန်းအိုးတွေပဲ မသွားတာ။ ဒါတောင် တန်ဖိုးရှိတဲ့ ဂမုန်းပင်တွေ ခြံထဲရောက် နေလို့တော်သေးတယ်။ :P :P
အခုတော့ အဲဒါတွေကို သတိရနေရုံ ကလွဲလို့ ဘာတတ်နိုင်မှာလဲ။ သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက် အမိမြေက လွမ်းစရာတွေကို စွန့်ပြီး သူများနိုင်ငံမှာ အလုပ်လုပ် နေရပြီလေ။ ဟင့်..ဟင့်... :( နောင်နှစ်တွေ ကြုံခဲ့ရင်တောင် အဲလိုမျိုး ငယ်ငယ်တုန်းက အပျော်လေးတွေ ပြန်ရနိုင်ပါ့မလား မသိဘူးနော်။ နောက်တတ်လာတဲ့ ကလေးတွေ ဆော့နေတာကိုပဲ ကြည့်ရတော့ မလားမသိ။ အရွယ်က စကားပြောလာပြီလေ၊ အဟိ.. :P :P ကလေးတုန်းကလို ကဲချင်တိုင်းကဲလို့ မရတော့ဘူး။ အပျော်တွေကို လျှော့ချပြီး ဘ၀အတွက် တိုက်ပွဲတွေ ၀င်နေရချိန်လေးမှာ လိုက်ပွဲအဖြစ်၊ အဲ..မှားလို့.. မွှားတုန်ဘီ.. တစ်ခါတစ်ခါတော့ ငယ်ငယ်တုန်းက ကဲခဲ့ရတာကို တော်တော်ကြီးကို လွမ်းတယ်။
ဒါနဲ့ မနေ့က ပျင်းပျင်းရှိနေတာနဲ့ တစ်ညလုံး မအိပ်ဘဲ ကိုယ့်ဘလော့အိမ်ကို စောင့်နေတာ သိလား။ မနက်မိုးလင်း ခါနီးမှာ ဘယ်ငတက်ပြားက မက်မက်ရဲ့ ပင်ကွင်းငှက်လေး တွေကိုယူသွားလဲ မသိဘူး။ဒါပေမယ့် ချစ်စရာ အရမ်းကောင်းတဲ့ ခွေးလေးတွေ လာထားသွားတယ်။ :P :P အဲဒါ ခွေးတစ်ကောင် ကောက်ရထားတာရှိတယ်။
အဲဒါပိုင်ရှင် ဘယ်သူမှန်းလဲ မသိဘူး။ ခွေးလေးက ချစ်စရာလေး ဆိုတော့ မက်မက်ကလည်း သူ့ကိုကောင်းကောင်းမွန်မွန်လေး စောင့်ရှောက် ထားပါတယ်။ အဲဒါ ခွေးပိုင်ရှင် မှန်ကန်ကြောင်း သက်သေ အထောက်အထား ပြပြီး မက်မက်ဆီမှာ ပြန်လာယူ လို့ရပါတယ်။ ဟီးဟီး.. ဘာရယ် ညာရယ် မဟုတ်ဘူး။ (နင်ရယ်ငါရယ် :P :P )။ ဟဲဟဲ... နေမကောင်း နေတာနဲ့ စာရေးရမှာ ပျင်းလို့ ဆားချက်ကြည့်တာ။ အခုလို ပေါတောတော စာလေးကိုပဲ ဆုံးအောင်ဖတ် ပေးတာ ကျေးဇူးနော် အဟတ်အဟတ်.. :P :P

လက်ရှိ ခွေးကလေး ရောက်နေသော နေရာသာလျှင် ခွေးကလေးနှင့် အသင့်တော်ဆုံး ဖြစ်မည်ဟု ထင်မိသည်။
ReplyDeleteအဘယ်ကြောင့်ဆိုသော် အနှီ ခွေးကလေး၏ ပုံပန်းမှာ အလွန်မတန်မှ ချစ်စရာကောင်းသည်မို့၊ ချစ်စရာသခင်မ မက်မက်နှင့်သာ ထိုက်တန်ကြောင်း ပြောကြားလိုပါသည်။
အလွန်မတန်မှ အထီးကျန်နေသော အပျိုကြီး မက်မက် အတွက် ကစားဖော် ခွေးငယ်လေးအား လာထားသွားသော
ပုဂ္ဂိုလ်အား ကျေးဇူးတင်ကြောင်း ပြောကြားအပ်ပါသည်ခင်ဗျား။
ခွေးပိုင်ရှင် အလုပ်သွားနေတယ်ဝေ့၊ ပြန်လာရင် လာရွေးမယ်၊ ထိန်းထားပေးလို့ကျေးဇူး ဒရင်းလေး ရေ့ ....
ReplyDeleteအားပေးလျက်ပါ
http://winzaw-mdy.blogspot.com
အမယ်လေး
ReplyDeleteတူမတော်ရယ်
ပြင်ထားဆင်ပေးထားလိုက်တာ
ဘာတဲ့
မီးကိုဘာလို့ကြည့်တာလဲတဲ့
ချောလို့လားတဲ့
လာမနောက်နဲ့နော် ငိုလိုက်မှာတဲ့
ခွိ။
ရယ်ရတာမောတယ်
ပေါက်ပေါက်ရှာရှာတွေ မရေးစမ်းနဲ့။
ဟာ မိ ပြီ ဗျာ။ ကျွန် တော် အိမ်က ဂမုန်း ပန်း အိုး ၄ အိုး ပျောက် တာ ခင် ဗျား အိမ် ရောက် နေ တာ ကိုး ဗျ။ ပြန် ပေး ဖို့ မ မေ့ နဲ့ နော်။
ReplyDeleteခွေးလေးတွေ ချစ်စရာ
ReplyDeleteမက်မက်ရေ-
ReplyDeleteဒုတိယမြောက်အနီကြားလေး ပိုင်ရှင်မပေါ်ရင် ဦးဦးတိန်ကို ပေးပါနော်
ဦးဦးတိန်ချက်စားချင် အဲလေးမှားလို့ ချစ်လွန်းလို့ မွေးစားချင်လို့ ။
ခွေးလေးကအရမ်းချစ်ဖို့ကောင်းတာပဲ အပြင်မှာတကယ်လိုချင်လိုက်တာ တီတီကစိတ်မရှည်ပေမယ့်ချစ်တော့ချစ်တယ်
ReplyDeleteမီးကိုဘာလို့ကြည့်နေတာလဲတဲ့...လှလို့ကြည့်တာပေါ့
မေးတတ်တယ်...ဂယ်ဖဲဂယ်ဖဲ...ဟွန့်
ကြံကြံဖန်ဖန်လေးလုပ်ပြန်ပြီ
ReplyDeleteပုံတွေနဲ့စာသားတွေကိုပဲပြောတာနော်
အောက်ကစာပိုဒ်မပါဘူး
တီတီပယဲကတော့မကဲဘူးကွယ့် လိမ်တယ်မာတယ်
:P :P
နေကောင်းလာရင်လဲ ဘာတွေပဲရေးရေးတီတီလာခဲ့မယ်နော်
မက်မက်ဘလော့လေးကစိတ်ပေါ့တယ်
ကျေးဇူးကွယ်
အောင်မလေးဗျာ..ပိုင်ရှင်မှန်ရင် လာပြန်ယူနော်ဆိုလို့..အလန့်တကြားကို ပြေးချလာတာ.။ ဒီရောက်တော့ စီဘောက်မှာအရင်ဆုံး တက်လူငယ်ဆိုတဲ့နာမည်နဲ့ ရေးထားတဲ့ စာတွေကိုဝင်ရှာတယ်။ ဟီး..ဘာမှမထူးခြားပါလား။ ဒါနဲ့ ပို့စ်အသစ်ကိုကြည့်လိုက်မှ အမ်..ဒါကိုး။ ရေးလဲရေးတတ်ပါ့..ဒရင်းရယ်။ အနော်က ပိုင်ရှင်ဟုတ်ပါဘူးဂျာ..။
ReplyDeleteချစ်တော့ချစ်တယ်၊ ကြောက်လည်း ကြောက်တယ်။
ReplyDeleteပိုင်ရှင်လုပ်တော့ဘူး။ :P :P
ဟား ပျောက်လို့ လိုက်ရှာနေတာ တွေ့ပြီတွေ့ပြီ
ReplyDeleteအန်တီဒွင်း ခိုးသွားတာ ဟုတ်တယ်မို့လား
မရဘူး ပင်ဂွင်း တစ်ကောင် ခိုးထားတာ ပြန်မပေးတော့ဘူး ဒါပဲ :P
တော်တော်၁၀၀းရနေပြီပေါ့လေ။
ReplyDeleteခွေးလေးကလှသားဗျ။ အလကားပို့ပေးရင်ယူမယ် အစာဖိုးလဲ တလတခါပို့ပေးရမယ်နော်
ခွေးရေး ချစ်ချာရေးတော်...
ReplyDeleteမက်မက်ရေ...
ReplyDeleteခွေးလေးကချစ်စရာလေး...
ဟာ ... အဲဒါ ဦးဦးရဲ့ပျောက်သွားတဲ့ ခွေးမလေး လားမသိဘူး ... သူခိုးကြီးညကလေ ... မှန်းစမ်းကြည့်စမ်းမယ် ... ဟာ သေချာတယ် သေချာတယ် ... :D
ReplyDeleteခင်မင်စွာဖြင့်
အနော့်ခွေးလေးလည်းပျောက်သွားတယ်၊ ပြန်ပေးပါဗျာ အီးဟီးဟီး......
ReplyDelete