သမီးလေး နေမကောင်းတော့ ဆရာဝန်နဲ့ ပြနေရတယ်လေ။ ဆေးခန်းကို နေ့တိုင်းသွား နေရပေမယ့် သမီးလေး မသက်သာဘူး၊ ဒါနဲ့ အထူးကု ဆရာဝန် ဆီမှာ သွားပြတော့ သမီးလေးမှာ ကိုယ်ဝန်ရှိ နေပြီတဲ့။ အဲဒါ ကိုယ်ဝန်ပျက်ကျပြီး ဗိုက်ထဲမှာ ကလေးသေ နေတယ်တဲ့။ ဆရာဝန်မကြီးက သမီးလေးကို ခွဲစိပ်ရမယ်၊ ဒါပေမယ့် သမီးလေးမှာ နှလုံးက အရမ်းအားနည်း နေတော့ ချက်ချင်း ခွဲစိပ်လို့မရဘူး၊ အသက် အန္တာရယ် ကလည်း စိုးရိမ်နေရတော့ အချိန်စောင့် ရဦးမယ်တယ်တဲ့။ ဒါကြောင့် သမီးလေးကို ဆေးထိုးပြီး အားမွေး နေရတယ်လေ။ မိသားစုဝင် တွေကလည်း အင်္ဂုလိမာလသုတ် ရွတ်ပေးတဲ့ လူနဲ့ ပရိတ်ရည် တိုက်တဲ့သူနဲ့ သမီးအတွက် စိုးရိမ်နေရပြီလေ။
ဒီလိုနဲ့ ခွဲစိပ်ရမယ့်နေ့ကို ရောက်ရှိလာပါတယ်။ သမီးလေးကို ခွဲစိပ်ခန်းထဲ ခေါ်သွားပါတယ်။ သမီးလေးကလေ ကျွန်မရှိနေတော့ ကျွန်မကို ချွဲလိုက်တာမှ တကယ့် ကလေးငယ်လေး တစ်ယောက်အတိုင်းပါပဲ။ လူနာကိုယ်တိုင်ကိုလည်း ခွဲစိပ်တာ ပေးမမြင်ချင်တော့ လူနာကို ကန့်လန့်ကာ အစိမ်းရောင်လေးကို ကာပေးထားတယ်လေ။ အခန်းထဲမှာ ခွဲစိပ်ခန်း ၀တ်စုံလေးနဲ့ သမီးလေး မေ့ဆေးကြောင့် မေ့နေပါပြီ။ အပြင်ကနေတော့ လူနာရှင်တွေက အဂုင်္လိမာလသုတ် ကိုရွတ်ပေးကြပါတယ်။ သမီးလေးကို အောင်မြင်စွာ ခွဲစိပ်နိုင်အောင် ဆုတောင်းနေ ကြတာပေါ့။ ဒီလိုနဲ့ ၁နာရီ ကျော်ကျော်လောက်မှာ သမီးလေးကို အောင်မြင်စွာနဲ့ ခွဲစိပ်နိုင်ခဲ့ပြီး ခွဲစိပ်ခန်းထဲကနေ ဆရာဝန်ကြီးက သမီးလေးကို ခေါ်ထုတ်လာပါတယ်။
သတိမေ့ နေသေးတဲ့ သမီးလေးကို ဆေးရုံမှာ မထားပဲ အိမ်ကိုပဲ တန်းခေါ် လာခဲ့ကြတယ်။ အိမ်မှာတော့ ဆရာဝန်ကြီးရဲ့ မှာကြားချက်နဲ့ ကြပ်ကြပ်မတ်မတ်နဲ့ ဂရုတစိုက် ပြုစုခဲ့ကြတယ်။ ဆရာဝန်နဲ့ လည်းတစ်ပတ်ကို ၃ကြိမ် ထပ်ထပ် သွားပြရသေးတယ်။ ချုပ်ရိုးဖြည်တော့လည်း ချုပ်သားတွေက သူများတွေနဲ့ လုံးဝမတူပဲ အရမ်းလှလို့ ဆရာဝန်ကတောင် ချီးကျူးရတယ်လေ။ အဲလိုနဲ့ ဆရာဝန်ကြီး မိသားစုတွေရဲ့ အချစ်တော် သမီးလေး ဖြစ်လာရ ပြန်တယ်လေ။ ဆရာဝန်ကြီး ကလည်း သမီးလေး မေစီမှ မေစီဖြစ်နေတာ။
ကြည့်စမ်းပါဦး။ ချစ်စရာ အရမ်းကောင်း၊ ချောလည်းချော၊ လှလည်းလှ၊ အရာရာကို သိတတ် နားလည်လွန်းတော့လည်း လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစား နေတာလေ။ ဒီလိုနဲ့ သမီးလေးလည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်ပြီး မိသားစုတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ချစ်ခင်မှုတွေရဲ့ အောက်မှာ ပျော်ရွှင်စွာနဲ့ သူဘ၀ကို ယခုအချိန်ထိ ဖြတ်သန်း နေပါတယ်။
အခုပြောချင်တာက မေတ္တာ ရောင်ပြန်ဟပ်မှု ကိုပြောချင်တာပါ။ တစ်ဦးမေတ္တာတစ်ဦးမှာ ရောင်ပြန် ဟပ်တယ်ဆိုတာ လူသားတွေမှာမှ မဟုတ်ပါဘူး၊ မည်သည့် သတ္တ၀ါမဆို ဖြစ်ပေါ်တယ် ဆိုတာပါ ။သမီးလေးမေစီဟာ သေးငယ်တဲ့ တိရစ္ဆာန် ကြောင်မလေးပင် ဖြစ်လင့်ကစား သူ့ကို တိရစ္ဆာာန် အရာမှာ မထားပဲ လူသားတစ်ဦး အသွင်ပြုမူ ဆက်ဆံတဲ့ အတွက် မေတ္တာ ရောင်ပြန် ဟပ်တာကို ပြောချင်တာပါ။
မက်မက်ရဲ့ အဖေက အသက်အရွယ် အိုမင်းမှုကြောင့် လမ်းမလျှောက် နိုင်ပါဘူး၊ ခြေလေးချောင်း ထောက်တန်နဲ့ သွားရတာလေ။ အမြဲတမ်း လူအကူ ဘေးမှာရှိရတယ်။ တနေ့တော့ အဖေနဲ့ မိသားစုဝင်တွေ သတိမမူမိကြတဲ့ အချိန်မှာ မြွေတစ်ကောင် ဘယ်ကနေ ၀င်လာမှန်း မသိပဲ အဖေ့ကုတင်နားကို ရောက်လာပါတယ်။ အဖေကလည်း မြွေကိုမတွေ့ပါဘူး။ ဒါကိုသမီးလေး မေစီ တစ်ယောက်ပဲ မြင်တယ်လေ။ အဲဒီအချိန်မှာ အဖေ့အနားမှာ အိမ်သားတွေ ဘယ်သူမှ မရှိဘူး။ အဲဒီမှာ သတ္တိခဲမလေး မေစီက အဖေ့အသက်ကို သူ့အသက်နဲ့ လဲပြီး ကာကွယ် ပေးပါတယ်။ မြွေကိုခဲ ထားပြီး မြွေနဲ့ ရန်ဖြစ်နေတာပေါ့။ အသံကြားတော့မှအဖေက အိမ်သားတွေကို အော်ခေါ်တော့ အားလုံးက ထိတ်ထိတ်ပြာပြာနဲ့ ပြေးလာကြပြီး မြွေကိုေ ခြာက်လွတ်ပြီး သမီးလေး မေစီလေးကို လည်းဆွဲထား ရတာပေါ့။ တကယ်ဆို အဖေ မမြင်တဲ့မြွေ၊ အိမ်သားတွေ သတိမမူ မိတဲ့မြွေ အဖေ့အနားမှာ လူရှိမနေ တဲ့အချိန်၊ သမီးလေး မေစီသာ အနားမှာ မရှိခဲ့လျှင်.....??????
ဒီပို့စ်လေး နဲ့အတူ အင်မတန် ချစ်စရာ ကောင်းပြီး အရမ်းချောလှတဲ့ ကြောင်မလေး မေစီရတနာ လေးကိုဂုဏ်ပြုပါတယ်။ မေစီရတနာလေးကို ချွေးမတော် ချင်ရင်ပြောနော်၊ဟီးဟီး.. :P :P

အဟေး ဒရင်းမေစီက ကြောင်မကလေးလား၊ တော်ပါပေတယ် မက်မေစီရယ်။
ReplyDeleteထင်နေတယ် ထင်နေတယ် အပိုင်း(၁) ကတည်းက အကောင်ပလောင် တစ်ခုခုလာတော့မယ်ဆိုတာ သိနေတယ်... စာဖတ်ပါးက ဝပြီးသားလေ... :P
ReplyDeleteအဟီးဟီ.. မေစီနဲ့ လာဆော့မယ်နော်.. ညီမလေးပေါ့။ အဟီ.. ကြောင်လေးက အရမ်းချစ်ဖို့ ကောင်းတယ်ဆိုပဲ.. ဖွားလေးကတော့နော်.. သမီးက တကယ့် ညီမလေး အောက်မေ့နေတာ..
ReplyDeleteလူကို အရူးလုပ်တယ်။ ဟွန်းးးး :P
သယ်ချင်း
ReplyDeleteဟုတ်နိုးနိုးနဲ့ ဖတ်နေတာ သူရဲကောင်းက သူလေးကိုး၊ မှတ်သားလောက်ပါရဲ့၊ အတွေး ကောင်း အရေးကောင်းမို့ အမှတ်ပြည့်ပါပဲ ။
http://winzaw-mdy.blogspot.com
မက်မက်ရေ -
ReplyDeleteဘလက်ကီးလို့ခေါ်တဲ့ ကောင်ကြီးရှိတယ် အရမ်းလှတယ် လှလွန်းလို့ မျက်လုံးနှစ်လုံးကိုထင်ထင်ရှားရှားကိုမြင်ရတယ်
ဘာလို့လဲဆိုတော့
တစ်ကိုယ်လုံးမဲနက်နေလို့လေ
အဆင်ပြေမယ်မဟုတ်လား
ချစ်မီညလေး.. မက်မက်ရေ...
ReplyDeleteရဲရဲတွတ်က မီညလေးကို “မက်မေစီ” တဲ့
ဟက်..ဟက်... ချစ်ခြာရေးနော်
မီညလေး.. စာရေးအရမ်းကောင်းလို့
တီတီငယ် ချီးကျူးတယ်နော်..
အာဘွားးးးးးးးးးးးးးးး
တူမလေးရေတော်ပါပေတယ်နော်...
ReplyDeleteတီတီမှာကကြောင်မလေးမရှိဘူးကွယ့် ချွေးမတော့တော်ချင်ပါတယ်ကွယ်
သူနဲ့မတည့်တဲ့ ခွေးလေး(အိုးလီ)ပဲတီတီမှာရှိတာ
ဖြစ်မှာမဟုတ်ပါဘူး...ဟတ်ဟတ်
အင်မတန်ကောင်းပါပေတယ်
ReplyDeleteတူးးမတေားးလေးး
ချီးကျူးပါတယ်။
ဟေး.. မက်မက်က စာရေးကောင်းလိုက်တာ..
ReplyDeleteရေးရတာ မောနေပြီ..
ကော်ကော်သောက်နော်..
အာဝါးးးးးးးးးးးးးး
မက်မက်ရေ
ReplyDeleteလုပ်ချလိုက်ပြီ.. ဒီကတော့ မက်မက်တစ်ယောက် ဘယ်တုံးက သမီးလေးရလိုက်ပါလိမ့်လို့ တွေးနေတာ
ကောင်းပါ့ ကောင်းပါ့ သံယောဇဉ်တွေ
ဒါနဲ့ မက်မက်ရေ သတိထားနော်
ကြောင်ချစ်သူတွေ အပျိုကြီးဖြစ်တတ်တယ်တဲ့နော်
မယုံရင် တန့်တန့်ကို မေးကြည့်ပါလား ဟဲဟဲ
ညီမတော် တန့်တန့်ရေ မျက်ခုံးတွေ လှုပ်နေလား
အိပ် အိပ် ကောင်းကောင်းအိပ် အကိုတော် ထောင် ခဲ့တယ်ကွဲ့ .....
ဦးရီးတော်
ကောင်းလိုက်တာဗျာ တိရိစ္ဆာန်တစ်ကောင်ရဲ့သစ္စာရှိမှုနဲ့ကျေးဇူးသိတတ်မှုကို
ReplyDeleteရင်ထဲရောက်အောင်ရေးတာကိုးဗျ
လုပ်ချလိုက်ပြန်ပြီ ဒေါ်ရွှေဒွင်းရယ်.
ReplyDeleteမီးမီး ကကြောင်မှန်းမသိခဲ့တာ.
ဘာများဆက်ဖြစ်မလဲလို့...
ဟွန်း..ဟွန်းးးး..ဟွန်းးး
ဟဟဟ
ReplyDeleteတကယ်မှတ်လို မေစီရတနာနဲ့
သားဆို့ သားကြီး ဂျက်ကီနဲ့ ပေးစားမယ်
ဘယ်လိုလဲ ခမီးခမက်လုပ်တာပေါ့
ဟီး ..အမေကိုတော်တော်ချစ်မယ်နော်
မေစီလေးက
သားဂျက်ကီနဲ့ သဘောတူလား
ကောင်းလိုက်တဲ့ ဇာတ်လမ်းလေး။ တော်တယ် တူမကြီးရေ။
ReplyDeleteကြောင်ကလေးတွေ ဇာတ်လမ်းထက် ခွေးကလေးတွေ ကယ်တင်ရှင်လုပ်တဲ ဇာတ်လမ်းလေးတွေပဲ ဖတ်ဖူးတယ်၊ အခုဟာက ကြောင်သူရဲကောင်းမလေးအကြောင်းဆိုတော့ ထူးခြားတယ်။ ဂုဏ်ယူပါတယ် မေစီရတနာ။
ခင်မင်လေးစားစွာဖြင့်
DREAM--ရေ
ReplyDeleteစကားပြေအရေးအသားကောင်းလိုက်တာ
ဆွဲဆောင်မှုရှိတယ်--
စိတ်ဝင်စားစရာဖြစ်အောင်ရေးတတ်တယ်
မက်မက်လေး-တော်ပါတယ်--
ဆက်ရေးနော်--
ချွေးမတော်မလားဆိုလို့ လာဖတ်ပါရဲ့
ReplyDeleteမက်မက်ရယ်
ကြောင်လေးမေစီဆိုတော့
ခဏနေဦးနော်
အိမ်ကဖိုးမည်းလေးကိုမေးကြည့်လိုက်မယ်
သူလေးကလဲ ချောချောဆိုသိပ်ကြိုက်
ကြိုက်တယ်ဆိုတာနဲ့ တီတီပယဲလာတောင်းမယ်နော်..
စာရေးကောင်လိုက်တာနော်
မျှော်တော်လေးလုပ်ပြီးမှ ကြောင်လေးတဲ့..
ဟင်းးးးး
ကောင်းတယ် မက်မက်
အားပေးသွားတယ်နော် အာာာာဝါးးးးးးး အဟိ :P
အရေးအသားကောင်းတော့ လုံးဝမထင်ခဲ့မိဘူးကြောင်ကလေးဖြစ်မယ်မှန်း
ReplyDeleteကောင်းလိုက်တာ ရေးသားထားတာ
အားပေးပါတယ်ညီမလေးရေ
ဟင်း တစ်မျိုးတော့ တစ်မျိုးပါလို့ ..
ReplyDeleteဗိုက်ထဲမှာ ကလေးသေနေတာကို ကျန်တာ မစိုးရိမ်ပဲ
ကျန်းမာရေးအတွက်ပဲ စိုးရိမ်နေလို့ ...
ခွေးလေးတွေ ကြောင်ကလေးတွေကို အန်တီဒွင်း ချစ်သလို အနော်လည်း ချစ်တာပဲ ..
ဒါပေမယ့် ကျနော် ချစ်တာက နည်းနည်းကြမ်းတယ် အဟဲ ..
ဥပမာ ကြောင်လေးကို အမြင့်မှာတင်ပြီး ခွေးလေးကို အောက်က စောင့်ခိုင်းတာမျိုးတို့ ... ပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ အညောင်းပြေ အညာပြေ ရေကူးနိုင်အောင် ရေကန်အလည်ခေါင်မှာ သွားထားတာမျိုးတို့ .. အဲ့လို အဲ့လို :D
ကလေး တုန်းကပါ အခုလုပ်တော့ဘူး အဟတ် ..
စာရေးတာကတော့ တစ်ကယ့် ရှယ်ပဲ .. အများကြီး ဆက်ရေး ..:P
သြော် ကြောင်လေးဖြစ်နေတာကိုးး
ReplyDeleteချစ်စရာလေးနေမှာနော်... ရေးထားတာကောင်းလိုက်တာ
:D
သြော် လောလောဆယ်တော့ ရန်ကုန်မှာထားခဲ့တဲ့ကြောင်လေးပဲရှိတယ်. ရုပ်ဆိုးတယ် .. ဟိဟိ.. ချွေးမတော်လို့ဖြစ်ရဲ့လား......
အာ တော်တော်နောက်တာပဲ
ReplyDeleteလူမှတ်လို့
လူဆိုးးးးးးးးးး
အင်း အစတည်းက တစ်ခုခုပဲ လို့  ထင်မိသား။ အရေးအသားက လန်းပါ့။ အဟဲ ခမည်းခမက် တော်မယ့်သူတွေ တယ်များနေပါလား။ တူမတော်ရေ သမီးကညာ အခါမလင့်စေနဲ့ တဲ့။ မြန်မြန် ရှာပေးလိုက်တော့ဟေ.။
ReplyDeleteကောင်းလိုက်တဲ့ အရေးသားဗျာ ဘာများဆက်ဖြစ်မလဲပေါ့ ကျတော်အဖွားလဲ အဲ့လိုပဲ နေမကောင်းရင် သူ.ကြောင်ကို ဆေးခန်းသွားသွားပြရတယ်လေ။ အဲ့ကြောင်ကတော့ သားအိမ်ထုတ်ထားတယ်ဗျ။ အဲ့တော့ ခမည်းခမက်တော်စရာတော့ မရှိပါဘူး။
ReplyDeleteမဆိုးပါဘူး စိတ်ဝင်စားစရာတော့ ကောင်းသား
ReplyDeleteဆက်ရေးပါ နောက်ဘယ်တော့မှ မဖတ်တော့ဘူး
လို့ မပြောပါဘူး။