ဇာတ်လမ်း(၁)
"ခွမ်း..."
"ဟဲ့.. သမီးလေးအိပ်မက် ! ဘာဖြစ်တာလဲ"
"စိတ်တိုလို့တီတီဒွင်း၊ဒါကြောင့်ခွဲပစ်လိုက်တာ"
"အော်....သမီးလေးမက်မက်ရယ်၊ ဒီလိုသာ စိတ်တိုလို့ ခွဲရရင် ရှိသမျှ ပစ္စည်းကုန်ပြီပေါ၊့ နောက်မလုပ်နဲ့နော် သမီး၊ ကြားလား"
"ဟုတ်ကဲ့ တီတီဒွင်း"
၁။စိတ်တိုရင် တွေ့သမျှမြင်သမျှ ပစ္စည်း ကောက်လွင့် ပစ်တဲ့အကျင့် :# :@ :z
ဇာတ်လမ်း(၂)
"ခွပ်..."
"ဟဲ့..သမီးလေးအိပ်မက်....အမလေးလေး.. ကိုယ်ကျိုးနဲပါပြီ။ ဘာလို့ သူများမျက်နှာကို သွားထိုး လိုက်ရတာတုန်း"
"စကားပြော ရင့်ပြီး မောက်မာလို့ ။ အမြင်ကတ်လို့ ထိုးလိုက်တာ တီတီဒွင်းရ"
"အော်.. သမီးလေး မက်မက်ရယ်။ အဲဒါဆို ပါးစပ်ကနေ နားလည်လာအောင် ပြောပေါ့။ နောက်ကို ရန်မဖြစ်ရဘူး ကြားလား။တီတီဒွင်း မကြိုက်ဘူးနော်သမီး"
"ဟုတ်ကဲ့ တီတီဒွင်း"
၂။ထစ်ကနဲဆိုရင် စိတ်ဆတ်ပြီး ပါးစပ်က စကားသိပ် မပြောတော့ဘဲ လက်က တွယ်တတ်တဲ့အကျင့်။ :z
ဇာတ်လမ်း(၃)
"တီတီဒွင်းရေ.. တီတီဒွင်း... မက်မက် နာရီလေးကို ရှာလို့မတွေ့ဘူး။ အဲဒါတီတီဒွင်းတွေ့မိလားဟင်"
"အေး..တွေ့တယ် သမီးရဲ့။ မနေ့ကလေ ကလေးတစ်ယောက် အချိန် နောက်ကျလို့ ကျောင်းမတတ် လိုက်ရဘူး သမီးရယ်။ သူ့အိမ်မှာလည်း နာရီမရှိ ဘူးတဲ့လေ။ အဲဒါ သူ့ကိုသနားလို့ တီဒွင်းလေ သမီးနာရီလေး ပေးလိုက်တာပါ။ အသစ်သွားဝယ် ပေးဖို့ကလည်း အချိန်မရလို့ပါ သမီးရယ်။ ငါ့သမီးလေး မက်မက် အတွက် ဒီနေ့မှ အသစ်ပြန် ၀ယ်လာခဲ့တယ်။ ပတ်ကြည့်ပါဦး သမီးလေးရဲ့။ လှလိုက်တာ။
"ဘာ......အမ်းးး~~..အီးဟီးဟီး~~~ရဖူး..ရဖူး...တမီး နာယီဖဲ တမီး ရိုချင်ဒယ်။ အတစ်ယဲ မရိုချင်ဖူး။ အထုပန် တောင်းပေး... ဟင့်ဟင့်.... :c "
၃။ဘယ်လောက်ပဲ ဟောင်းနွမ်း စုတ်ပြတ် တန်ဖိုးကျ နေပါစေ အသစ်ကို စိတ်မ၀င်စားဘဲ ကိုယ်တန်ဖိုး ထားတဲ့ အရာကိုပဲ အစွဲအလမ်း ကြီးပြီး မြတ်နိုး တတ်တဲ့အကျင့်။
ဇာတ်လမ်း(၄)
တစ်နေ့ သိပ်ချစ်ရတဲ့ တီတီဒွင်းနဲ့ တူဝရီးနှစ်ယောက် ရှော့ပင်းထွက်ကြတယ်။ဟယ်... ကြည့်စမ်း.. ရုပ်ရုပ်လေးက လှလိုက်တာ။
"တီဒွင်း..တီဒွင်း.... အဲဒီ ရုပ်ရုပ်လေး လိုချင်တယ်။မက်မက်ကို အဲဒီရုပ်ရုပ်လေး ၀ယ်ပေး"
"နောက်နေ့ကျမှ ၀ယ်နော်သမီး.. အခုဝယ်ရင် ပစ္စည်းတွေ မနိုင်မနင်းနဲ့ သယ်နေ ရမှာပေါ့သမီးရဲ့"
"ဟင့်အင်း..ဟင့်အင်း.. ရဖူး..ရဖူး... အထုချို အထုဖဲ ရိုချင်ဒယ်။ဝယ်ပေး...အထုဖဲ ၀ယ်ပေး။ နောက်ချိုဒါ အထုယောက် ချိတ်မချ ရဖူးဒဲ့။ နောက်မှ ၀ယ်ပေးမယ် ချိုပြီး ထရေးဂို ညာတွားမှာ တိနေဒယ် နော် တီတီဒွင်း..ဟွန်း...မ၀ယ်ပေးရင် တီတီဒွင်းဂို မထော်ဒေါ့ဖူး.. ဒါဖဲ.. ဟင့်" :(
၎။လိုချင်တာကို မရမက ဇွတ်တောင်းတတ်တဲ့အကျင့်။ :p
ဇာတ်လမ်း(၅)
"ဟယ်..သမီးမက်မက်... နှမြောစရာကြီး သမီးရယ်။ ဒါက အကောင်း ကြီးဟာကို ဘာလို့ လွှင့်ပစ်လိုက် ရတာတုန်း"
"သမီး မလိုချင် တော့လို့ တီတီဒွင်း၊ ဒါကြောင့် မျက်စိရှုပ်လို့ လွင့်ပစ်လိုက်တာ"
၅။ကိုယ်မလို ချင်တော့ရင် ဘယ်အရာကိုမှ မျက်စိရှေ့မှာ မမြင်ချင်တဲ့ အကျင့်။ :p
ဇာတ်လမ်း(၆)
"အစ်မ..အကျီ င်္ ချုပ်ခ ဘယ်လောက် ကျလဲမသိဘူး နော်"
"5500ကျတယ် ညီမလေး"
"ဟုတ်..အစ်မ၊ ဒီမှာရော့5500"
"ဟဲ့...ဟဲ့...သမီးမိမက်..အခုမှ ရွေးလာတဲ့ အကျီ င်္ကိုဘာလို့ ကပ်ကြေးနဲ့ တစ်စစီ ညှပ်နေတာတုန်း"
"ကိုယ်လိုချင်တဲ့ ပုံစံကို မချုပ်ပေးလို့ တီဒွင်း။ လိုချင်တဲ့ ပုံစံကို ဒီလောက် နားလည်အောင် အခေါက်ခေါက် အခါခါ ပြောထားရဲ့သားနဲ့ ချုပ်ပေး လိုက်တာကိုလည်း ကြည့်ဦးတီဒွင်းရ"
"ဒါလေးလည်း တမျိုးလေး ကြည့်ကောင်းတာပဲ သမီးရဲ့၊ဘာတွေ စိတ်တိုင်း မကျဖြစ်လို့လဲ"
"ဟင့်အင်း... မကြိုက်ဘူး။ ကိုယ်ပြောတဲ့ အတိုင်း လိုချင်လို့ သူပြောတဲ့ ကျသင့်ငွေကို ဈေး မဆစ်ဘဲ အပ်လိုက်တာ။ မက်မက်က ပြောရင် ပြောတဲ့အတိုင်းပဲ လိုချင်တယ်"
၆။တိတိကျကျ ဖြစ်ရမှ ကြိုက်တတ်တဲ့ တိကျမှု့ကို ခုံမင်တဲ့ အကျင့်။
ဇာတ်လမ်း(၇)
"ကောင်မလေး နင့်ရဲ့ xxxကဒ် တော့ရပြီ၊ ဒါပေမယ့် ငါ့ကို ငွေxxxxx ကျပ်ပေးမှ ငါပေးမယ်။
"ဘာ..ဘာ..အော်...အဲလိုလား...ရတယ်ဦးလေး..ဒါဆိုလည်း အဲဒီ xxxကဒ်ကို မယူတော့ဘူး.. ဒီရုံးမှာပဲ ထားလိုက်တော့။တစ်ချို့တွေ ဒီကဒ်မရှိဘဲ လူ့ဘ၀ကို သက်တမ်း ပြည့်နေပြီး သေသွားတဲ့ သူတွေတောင် ရှိသေးတာပဲ ဦးရယ်။ ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ။ ဦးလေးက ကိုယ့်ရာထူးကိုမှ အားမနာပဲ ဒီxxxကဒ်ကို ရောင်းစား သလိုများ ဖြစ်နေသလားလို့။ ကိစ္စမရှိဘူးဦးလေး၊ မျက်စိရှေ့မှာ ကိုယ့်xxxကဒ်ကို အခုမြင် နေရပေမယ့် မယူတော့ဘူး ဦးလေး။ကျေးဇူးပဲ"
၇။ အသေးအဖွဲ ငွေပမာဏပဲ ဖြစ်နေပါစေ။ ငွေစကားပြောပြီး ကိုယ့်ကို လာကတ်ရင် ပြန်ဂျစ်တွန်း တတ်တဲ့ အကျင့်။ :@
ဇာတ်လမ်း(၈)
.......ချုပ်ကြီးရုံးခန်း
"ဦး......ဦးရဲ့ လက်အောက် ၀န်ထမ်းက.........."
"သမီးရယ်...သူက အပြောမတတ် သာပါ။ အဲလို သဘောမျိုးလဲ မဟုတ်ပါဘူး။ ဦးတို့မှာက ရုံးအသစ် ဆိုတော့ လိုအပ်ချက်တွေ ဖြည့်ဖို့အတွက် ရန်ပုံငွေ ကောက်တာပါ သမီးရ။ ပန်ကာပဲ ဖြစ်ဖြစ်၊ ရုံးသုံး ကိရိယာတွေပဲ ဖြစ်ဖြစ်၊စာရေး စားပွဲတွေပဲ ဖြစ်ဖြစ် သမီးတတ် နိုင်သလောက် လှူလို့ရပါတယ်"
"ဟုတ်ကဲ့ဦး၊ ဦးလိုချိုချို သာသာနဲ့ ပြောပြီးတောင်းရင် အဲဒီလူ တောင်းတဲ့ ငွေပမာဏတင် မဟုတ်ဘူး။ ဒီရုံးတစ်ခုလုံးကို အစအဆုံး ပြင်ဆောက်ပေးပြီး ဦးတို့ရဲ့ ရုံးခန်းကိုပါ လိုအပ်တဲ့ Facility အပြည့် တပ်ဆင်ပေးလို့ ရတယ်။အခုဟာက ငွေပေးမှ xxxကဒ်ထုတ် ပေးမယ်။ငွေမပေးရင် မပေးဘူး ဆိုပြီး အံဆွဲထဲ ပြန်ထည့်ပစ် လိုက်တာကိုတော့ လုံးဝ မကြေနပ်ဘူးဦး။
၈။ကိုယ်မှန်နေရင် ပဲဖြစ်ဖြစ်၊ကိုယ်မကြိုက်ရင် ဘဲဖြစ်ဖြစ် ဘယ်အရာရှိ အရာခံ ရာထူးတွေ ဂုဏ်ပုဒ်တွေကို ဂရုမစိုက်ဘဲ မကြောက်မရွံ တိုက်ရိုက် အထက် တက်ပြော တတ်တဲ့အကျင့်။ :z :x
ဇာတ်လမ်း(၉)
"အား...! ခေါင်းကိုက် လိုက်တာ တီတီဒွင်းရယ်၊ မျက်ရိုးတွေလည်း အရမ်းကိုက်တယ်.. ဟင့်ဟင့်.." :(
"ကြည့်စမ်း၊ကြည့်စမ်း၊ ဒီလောက်နေမကောင်းဖြစ်နေတောင် သူများကို ကူညီပြီး ပုံတွေကို ဆွဲပေးနေရလား သမီးရဲ့၊ သက်သာမှ ဆက်လုပ်လဲ ရသားနဲ့ သမီးလေးရယ်"
"ဟုတ်ကဲ့ပါ တီဒွင်းရဲ့။ သူ့ကို ဒီနေ့အပြီး လုပ်ပေးမယ် ပြောထားလို့ပါ။ မြန်မြန်ပြီးအောင် ကူညီလိုက်တော့၊သူလည်း စောစောစီးစီး ပျော်လို့ ရတာပေါ့ တီဒွင်းရ...နော်"
"ကောင်းပါပြီရှင်၊ ကောင်းပါပြီ၊ ပြောမရမဲ့ အတူတူတော့ ပြီးအောင်သာ လုပ်တော့၊ ပြီးရင် ဆေးသောက်ပြီး စောစောစီးစီး နားလိုက်နော်"
"ဟုတ်ကဲ့ တီဒွင်း..အာဝါးးး :k "
၉။ကူညီစရာ ရှိရင် ကိုယ့်ကျန်းမာရေးတောင် ဂရုမစိုက်ဘဲ ကူညီပေး တတ်တဲ့အကျင့်။ :p
ဇာတ်လမ်း(၁၀)
"ဟဲ့..အိပ်မက်မလေး! အလုပ်ထဲမှာ ဒီလောက် အလုပ်များ နေတာတောင် မရတဲ့ အချိန်ကို ရအောင်ယူပြီး ပို့စ်ရေးနေတဲ့ ညည်းကိုတော့ ကျုပ်ဖြင့် အံ့ပါအေ၊ အံ့ပါ့။ တကယ်ပါပဲ၊ ညည်းကို ကျုပ် ခြေဖျားရော၊ လက်ဖျားရော မကဘူး၊ တစ်ကိုယ်လုံးကိုပါ ခါပါတယ်အေ"
"ဟားဟား..တီဒွင်းရယ်...တစ်ကိုယ်လုံး တော့မခါလိုက် ပါနဲ့၊ လက်ဖျား လောက်ပဲ ခါရင် တော်ပါပြီ၊ တော်နေ ပြုတ်ကျကုန် ပါဦးမယ်...ဟဲ..ဟဲ...:P :P သမီးကို ခင်လို့ တက်ဂ် ထားတာကို သမီးက Follow up လုပ်ရမယ်လေ၊ အခုတောင် နောက်ကျမှ ရေးပေးရလို့ သမီးက အရမ်းကို အားနာနေပြီ တီဒွင်းရ။ ခုရက်ပိုင်း မအားလို့ ပို့စ်အသစ် မတင်နိုင် ဖြစ်နေတာကိုလည်း စာဖတ်သူ တွေကို သမီး မက်မက်က အရမ်းကို အားနာနေတာ။ :)
၁၀။ သူများကို အားနာတတ်တဲ့အကျင့်။ :z :k
ဟဲဟဲ.. အဲဒါတွေကတော့ အဒေါ်ဖြစ်သူ DREAM နဲ့ တူမဖြစ်သူ အိပ်မက်(ခ)မက်မက်တို့ရဲ့ အပြန်အလှန် အသုံးပြုထားတဲ့ ဇာတ်လမ်းကို ဦးဦးပတ်ကျိလို့ ချစ်စနိုးခေါ်တဲ့ အဲ.. ဟုတ်ပါဘူး မောင်လေးပိစိ က တက်ဂ်ထားတာကို ရေးပေး လိုက်ပါတယ်။ :P ကျေနပ်တော့ ပတ်ကျိရေ... နော်... :P :z :r

အဟေး............... ဒီထက်မက ရေးမယ်ဆိုရင် အများကြီးကျန်ဦးမယ် ထင်တယ်နော်? စာအရေးအသားကတော့ တစ်နေ့တစ်ခြား လန်းလာတယ်နော်။ ခွပ်... အား.... နာလိုက်တာ''အိပ်မက်အော်သံ '' သူ့ရှေ့တွင် သံမျက်နှာဖုံး စွပ်၍ ရန်သွားစပါ။ အထိုးခံလိုက်ပါ မည်းမည်းမြင်ရာ ထိုးတတ်တာလည်း အိပ်မက် အကျင့်ပါ။
ReplyDeleteဒါဆို ပြုပြင်တော့မယ်ပေါ့.. အသေအချာပဲလား... အဲဒီဆယ်ချက်ကို တခြားတစ်ယောက်ယောက်က လုပ်တတ်တယ်ဆိုရင်ရော.. မုန်းတာပဲလား။ အဟိ..။
ReplyDeleteနောက်ပီး.... ဟိုကုလားမကြီးကို ဗိုက်စိပ် လိုက်တဲ့ ကိစ္စကရော မမုန်းမိဘူးလား..။
ဟဟ မက်မက်ကို စိတ်တိုအောင်စတော့ဘူး..
ReplyDeleteကြောက်တယ်. အဟီးး
ပညာယူသွားတယ်နော်.မမလည်းရေးရဦးမှာ .
ရေးတတ်ဖူးရယ်။
မမ၀ါ
ရေးသားထားတွေ ကောင်းတယ်၊ မကြိုက်တာတွေ ပေါ့နော်၊ ကြိုက်တာလေးလည်း ရေးပါအုန်းလား။ လမ်းတွေ့ရင် ရှောင်သင့်ရင် ရှောင်လို့ ရအောင်ပါ။
ReplyDeletehttp://winzaw-mdy.blogspot.com
မက်..မက်မက်..မက်မက်...မက်!
ReplyDeleteတူမကြီး တယ်ရေးတတ်တာကိုး..
ကောင်းတယ်ကွယ် ဖတ်ရတာ အဆင်ပြေပါ့..
ဦးနော်ကတော့ အထူးမပြောတော့ဘူး..
သမီး တီတီငယ်လာမှ အပြောလာထူးလိမ့်မယ်..
ဦးနော်
အကျင့်လေးတွေသိတော့ ကြောက်တောင်ကြောက်လာပြီ
ReplyDeleteဇွတ်လုပ်တတ်တယ်နော်။
ကောင်း တဲ့ အ ကျင့် လေး တွေ ယူ သွား ပါ တယ်။
ReplyDeleteတော်ပါပြီကွယ်**နောက်များတော့ တူမလေး**
ReplyDeleteအိမ်နားတောင်မကပ်ရဲ့တော့ဘူး***လက်သီးနဲ့
ထိုးခံရမှာကြောက်တယ်ကွယ်**
တူမတော်က
ReplyDeleteသပ်သပ်ရပ်ရပ်နဲ့
သေချာရေးထားတာကိုးကွယ့်
ဦးရီးတော်ကိုသာရေးခိုင်းရင်
ထွက်ပြေးမိမလားမသိ။
တစ်ချို့ အချက်တွေက
မကောင်းတာမှ မဟုတ်တာ
ဘာကြောင့်မုန်းရတာလဲ။
အင်းအင်း..
ဆင်ခြင်ဆင်ခြင်..
ပြောမကောင်းဆိုမကောင်းဆိုရင်တော့
ကိုဘူတားကို တိုင်ရလိမ့်မယ်။
တယောက်တမျိုးရေးကျတာ တော်လိုက်ကြတာ
ReplyDeleteတားတားလဲ လိုက်လို့မှီတော့ဘူး။
တားတားလဲ ဘယ်လိုရေးရပါ့။
တီတီမက်လဲ ရေးထားတာ Tag နဲ့တောင်မတူဘူး။
တော်လိုက်တာ သူများသားသမီးတွေများ
တားမှာသာ ပိန်းပြီးရင်း ပိန်းနေတာ။
အဟင့် အဟင့်
အဲဒါဆိုအစ်မကို အသစ်ကလေးတွေပေးပါ။ လွတ်ပစ်မယ် ဆိုရင် လည်း ကလမါမန်းတီးဘက် ပစ်လိုက်ပါ။
ReplyDeleteအင်း.... တယ်ဒေါသကြီးတတ်တာပဲ.. ဝေါင်ဝေါင်ရှေးမှ.. :P :P
ReplyDeleteတက် ပို့စ်ရေးထားတာ ရှယ်ပဲ။ ဝေလေးတော့ ရိုးရိုးပဲရေးလိုက်တယ်. ဟိ....
ဟေးဝေးဝေးကရှောင်မှာပဲနော်တော်တော်စိတ်ကြီးပုံရတယ်နော်သွားမစရဲတော့ဘူး တော်ကြာနေလက်သီးနဲ့ထိုးနေမှာကြောက်လို့လေ။
ReplyDeleteမက်မက်ရေ..(၁ဝ)ချက်ထဲမို့သာ တော်သေးတယ်နော်.။
ReplyDeleteအတဒ်ခံရတာကလည်း ကုန်နိုင်သေးဘူးလား။ အဟဲ...
ခွပ် ခနဲ တော့ထိုးပါနဲ့နော်..။ (ကြောက်ကြောက်)
မက်မက်ရေ..ပြီးရင် ပြန်ဖျက်လိုက်နော်..ညာဘက်က မိန်းဘောက်ကြီးပျောက်နေတယ်။ တမင်ဖျက်ထားတာလား။ မဟုတ်ရင်..ပြန်စစ်ကြည့်ဦး။ ဦးတို့အော်လို့မရလို့ ဒီမှာလာအော်သွားတယ်။
ReplyDeleteဟားဟား..ဦးရှင်ကြီး နောက်ဆို သံမျက်နှာဖုံးတွေ
ReplyDeleteဈေးတတ်ဦးမှာ မပူနဲ့။ :P
ကိုရင်ဝသန် ..ကုလားမကြီးကိုခုထိ မမေ့သေးဘူးပေါ့။ ဟုတ်လား... :P
တီတီဝါ မြန်မြန်ရေးပေတော့.. :P
ဦးဝင်းဇော်ရေ..ကြိုက်တာတွေ တူသွားမှာဆိုးလို့..မရေးတော့ဘူး.. ဟိဟိ
ဦးဦးနော်ရေ..အထူးမပြောနဲ့.. ဦးဦးနော်ပဲပြော.. တီတီငယ်ရေ မက်မက်စောင့်နေတယ်..
မကြောက်ပါနဲ့ ကိုအိမ်ရ.. ဟတ်ဟတ်..:P
ယူစေယူစေ..ဦးအညတြရေ...ဒါဆို
မျက်နှာဖုံးကြိုဝယ်ထားမယ်နော်..ဟတ်ဟတ်..:P
မကြောက်ပါနဲ့ ဦးဦးချင်တေ့ရ... အိမ်လာလည်ရင်
ကော်ဖီတိုက်ပါ့မယ်.. ဟိဟိ..:P
ီဦးရီးတော် အလှတရား..ကလည်း ဆင်နဲ့ခြင်နဲ့ ပဲ
ပြောနေတယ်...ခြင်ကိုက်ရင်ဆင်ခြေထောက်
ရောဂါဖြစ်လိမ့်မှာစိုးလို့လား :P :P
တားတားဂျယ်လီရေ..ကြိုးစားထား ကြိုးစားထား.. :P
တီတီကွန်း နောက်တခါ ပစ်လိုက်ရင် တကယ်ဖမ်းမှာလား.. ဟတ်ဟတ်.. အိမ်က ကွန်ပြူတာကို လွင့်ပစ်မလို့.. ဟိဟိ..:P :P
တီတီ60..ဘယ်ပြေးမလို့လဲ..ဝေးဝေးမပြေးပါနဲ့..
.. ဟတ်ဟတ်.. :P :P
ကိုတိုးလေး မကြောက်နဲ့ မကြောက်နဲ့..တကယ်မ
လုပ်ပါဘူး..ဟားဟား.. :P :P
ဦးဦးတက်လူရေ.. မိန်းဘောက်ကို တမင်ဖျောက်
တာမဟုတ်ပါဘူး..ကွန်နက်ရှင်ကြောင့်
ဖြစ်ပါလိမ့်မယ်.. :) :) :)
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်..အာဝါးးး
(အိပ်ချင်လို့..သန်းတာ.. ဟီးဟီး.. :P :P)
မမမက်မက် ရဲ့ နံပါတ် ၂ အချက်ကို ကြောက်တယ်ဗျာ
ReplyDeleteကျနော်ကို ငယ်တယ်ဆိုပြီးတော့ အနိုင်မကျင့်နဲ့ နော်
ဒါပေမဲ့ နံပါတ် ၈ အချက်ကိုတော့လေးစားသွားပြီဗျာ
တီတီဒွင်း တီတီဒွင်း
ReplyDeleteဘာရဲ ကြောလေ
မက်မက် အိပ်တော့မယ် တချင်းချိုပြ
ကဲ ကဲ ချိုပြမယ်
အိပ်ပါတော့ကွယ် ကလေးငယ်ရယ်
ကြောင်ကြီး ကိုက်လိမ့်မယ်
ခူး ခူး ခလော :P
ဂျီကျရင် လုပ်ပေးတတ်တဲ့ အကျင့် :P
မက်မက်လေးရေ.. ရေးထားတာ.. လန်ထွက်နေရောပဲ... (လေတိုက်လို့ စကတ်လန်? ခိခိ) သမီးရယ်... ဦးဦးတို့ဆီလာခဲ့ပါ... ကဒ်ကိစ္စ ဦး အဆင်ပြေအောင် လုပ်ပေးမယ်.. :D :D
ReplyDeleteရုံးတခုလုံးတော့ ပြင်ပီးမဆောက်ပေးပါနဲ့.. ဦးဦးကို လင်ခရူဆာလေး ပဲဝယ်ပေး
"ကိုယ်မလို ချင်တော့ရင် ဘယ်အရာကိုမှ မျက်စိရှေ့မှာ မမြင်ချင်တဲ့ အကျင့်။" ဟင့်..... ရက်စက်တယ်.. ;(
မက်မက်ရေ...
ReplyDeleteတီတီ မပါဘူးနော်...
နက်မကောင်းလို့ ခုမှမန့်ရတာနော့... :P
ဇာတ်လမ်းလေးနဲ့ အချက်တွေကို ရေးသွားတာ ဖတ်လို့ကောင်းပါတယ် မက်မက်ရေ... :)
မက်မက်လေးကတယ်တော်တာကိုးးး
ReplyDeleteဇာတ်လမ်းလေးနဲ့ရေးသွားတာ ဖတ်လို့လဲကောင်းတယ် လှလဲလှတယ်
ဒါပေမယ့် ...
ရေးထားတဲ့အချက်တွေကိုတော့ကြောက်တယ်
ဥပမာ ၂.ပေါ့ လက်တီးတော့အလုပ်ပါနဲ့ စိတ်ထိန်းနော်
၅.ကတော့ မိုက်တယ် မိုက်တာကိုပြောတာနော်
မက်မက်လေးကဇွတ်ကိုးးး :P
၇.ကတော့ဘေးနားမှာရှိရင်ခွိခွိနဲ့ရယ်မှာ ဂျစ်တွန်းတော့ချစ်စရာကောင်းတာပေါ့ လိမ္မာကလေး :P နော်..
အာာာာာာာာာာဝါးးးးးးးးးးကလေးရေ တီတီကတော့သန်းတာဟုတ်ဘူးနော် ချစ်လို့ .. အယ် ရှက်စရာ ဘာတွေပြောမိပါလိမ့် ;)
ကိုယ့်ကိုကိုယ်မုန်းတာတောင်မှ စာကြီးပေကြီးနဲ့ကိုမုန်းတာပါကလား..
ReplyDeleteပျော်ရွှင်စွာဖတ်ရှုသွားပါတယ် မီးမီးရေ..
မိုးကြယ်
အကုန်ပဲလားဗျာ ၊၊ ဖတ်လို့ကောင်းကောင်းနဲ့ လာဖတ်သွားတယ် ညီမ DREAM.
ReplyDeleteစာရေးကောင်းတယ်--မက်မက်ရေ---
ReplyDeleteစီစီရယ်...
ReplyDeleteမယ်မယ်ရင်တွေတုန်တော်မူလွန်းလှတယ်ကွယ်.
စီစီ့ အကျင့်တွေက မယ်မယ်နဲ့ တူတော်မူလှချီလား...!!
၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀
အားလုံး တူလွန်းတယ်...
ဗုဒ္ဒေါ....ရေ
(ချစ်မယ်မယ်)