မနက်မိုးလင်း အိပ်ရာနိုးတော့ အော်.. အပုတ်ကောင်ကြီး နိုးလာပြီ ဆိုပြီး တရားလေး မှတ်ပြီးတော့ အိပ်ရာကထ၊ ဟဲဟဲ.. ဒါဆို ကုသိုလ်စိတ်လေး ပေါ့နော်၊ ပြီးရင် အပုတ်ကောင် အရုပ်ဆောင် ဖို့အတွက် တစ်ကိုယ်ရေ သန့်ရှင်း မှု့လုပ်ရပါပြီ။ အလှအပ ပြင်ဆင်ရတော့ တဏှာဘက် နွယ်တဲ့ အကုသိုလ်စိတ် ရပြန်ပြီ။ အိမ်က ထွက်ခါနီး ဘုရားရှစ်ခိုး မေတ္တာပို့တော့ ကုသိုလ်စိတ်လေး ပြန်ရလာတာပေါ့။ အလုပ်သွားရာ လမ်းတစ်လျှောက်မှာ မြတ်စွာ ဘုရားရှင် ရဲ့ပဌါန်း ဒေသနာတော် နဲ့ဓမ္မစကြာ တရား ဒေသနာတော် ကိုဖုန်းထဲကနေ နားထောင်ရင်း ကားဂိတ်ဆီ ကိုလမ်းလျှောက် နေတာပေါ့။
ဟော..ဒီမှာ ကုသိုလ်စိတ်လေး ပြန်ဖြစ်နေပြန်ပြီ။ ကားပေါ်ကဆင်း၊ ရထားတစ်ဆင့် ပြန်စီးဖို့ လမ်းထပ် လျှောက် ရပြန်တော့ ၂လက်မဒေါက် စီးထားတဲ့ ခြေထောက်ကိုမှ တရုတ်မ တစ်ယောက်က လာတတ် နင်းမိတော့ ရုတ်တစ်ရက် ဟန်ချက်ပျက် သွားတဲ့အတွက် ဒေါသစိတ်လေး ပေါ်လာတယ်။ဒါကြောင့် အကုသိုလ်စိတ်လေး ပြန်ဝင်လာတယ်။ ရုပ်ခန္ဓာ နာကျင်ခြင်းမှ စိတ်နာကျင်ခြင်းဘက် မကူးရအောင် ဒေါသ ဆိုတဲ့ အ၀ိဇ္ဖာကို ဥာဏ်စဉ်နဲ့ အမြန်မှတ်တော့ ကုသိုလ်စိတ်လေးအဖြစ် ပြန်ပြောင်းသွားတယ်။ ထွက်လာတဲ့ ဒေါသကို အနိစ္စ တရားအဖြစ် ရူမှတ် ပြစ်လိုက်တယ်။ သင်္ခါရတရား အရဖြစ်ပြီး ပျက်သွားတော့ ကုသိုလ်စိတ်လေး ပြန်ဖြစ် သွားပါတယ်။ ရထားပေါ်မှာ တရားခွေ နားထောင်ရင်း စိတ်ကဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ပေါ့။ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် လွန်ဆွဲနေတာပေါ့။ ဟော.. ကောင်မလေးတယောက် ၀တ်ထားတဲ့ စကပ်က လက်တစ်ထွာကျော်ရုံလေး ၀တ်ထားတာ အမြင်မတော်တော့ စိတ်မှာ မစ္ဆရိယ လို့ခေါ်တဲ့ ငြူစူစိတ်လေး ဖြစ်ပေါ်သွားတယ်။ ဒီမှာ ကိုယ့်ဆီမှာ အကုသိုလ်ဖြစ်မဲ့ စိတ်လေး ထပ်ရရှိပြန်ပါတယ်။ မသိစိတ် ကြောင့်ဝင်လာတဲ့ အကုသိုလ် စိတ်လေးကို သိစိတ်က အမြန်ပြန်ထုတ်၊ ကုသိုလ် စိတ်လေး ရရှိပြန်ပါတယ်။
ဟော..ဒီမှာ ကုသိုလ်စိတ်လေး ပြန်ဖြစ်နေပြန်ပြီ။ ကားပေါ်ကဆင်း၊ ရထားတစ်ဆင့် ပြန်စီးဖို့ လမ်းထပ် လျှောက် ရပြန်တော့ ၂လက်မဒေါက် စီးထားတဲ့ ခြေထောက်ကိုမှ တရုတ်မ တစ်ယောက်က လာတတ် နင်းမိတော့ ရုတ်တစ်ရက် ဟန်ချက်ပျက် သွားတဲ့အတွက် ဒေါသစိတ်လေး ပေါ်လာတယ်။ဒါကြောင့် အကုသိုလ်စိတ်လေး ပြန်ဝင်လာတယ်။ ရုပ်ခန္ဓာ နာကျင်ခြင်းမှ စိတ်နာကျင်ခြင်းဘက် မကူးရအောင် ဒေါသ ဆိုတဲ့ အ၀ိဇ္ဖာကို ဥာဏ်စဉ်နဲ့ အမြန်မှတ်တော့ ကုသိုလ်စိတ်လေးအဖြစ် ပြန်ပြောင်းသွားတယ်။ ထွက်လာတဲ့ ဒေါသကို အနိစ္စ တရားအဖြစ် ရူမှတ် ပြစ်လိုက်တယ်။ သင်္ခါရတရား အရဖြစ်ပြီး ပျက်သွားတော့ ကုသိုလ်စိတ်လေး ပြန်ဖြစ် သွားပါတယ်။ ရထားပေါ်မှာ တရားခွေ နားထောင်ရင်း စိတ်ကဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ပေါ့။ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် လွန်ဆွဲနေတာပေါ့။ ဟော.. ကောင်မလေးတယောက် ၀တ်ထားတဲ့ စကပ်က လက်တစ်ထွာကျော်ရုံလေး ၀တ်ထားတာ အမြင်မတော်တော့ စိတ်မှာ မစ္ဆရိယ လို့ခေါ်တဲ့ ငြူစူစိတ်လေး ဖြစ်ပေါ်သွားတယ်။ ဒီမှာ ကိုယ့်ဆီမှာ အကုသိုလ်ဖြစ်မဲ့ စိတ်လေး ထပ်ရရှိပြန်ပါတယ်။ မသိစိတ် ကြောင့်ဝင်လာတဲ့ အကုသိုလ် စိတ်လေးကို သိစိတ်က အမြန်ပြန်ထုတ်၊ ကုသိုလ် စိတ်လေး ရရှိပြန်ပါတယ်။
ရုံးကို ရောက်ရောက်ချင်း မေတ္တာပို့၊ ပြီးတာနဲ့ အလုပ်ကို စတင်လုပ် လိုက်ပါတယ်။ တကယ်တော့ ချက်တင်ထိုင်တာ လဲပါတာပေါ့လေ။ မအားရတဲ့ အထဲ ရှိသမျှ ဖုန်းကောတွေကို ဒိုင်ခံ ဖြေရှင်းပေး နေရတော့ စိတ်က တိုချင်လာပြီ၊ ဒီမှာတင် ဖြစ်လာပါတယ် အကုသိုလ်စိတ်။ Customerတွေရဲ့ Complain တွေကို ဒိုင်ခံ ဖြေရှင်း ပေးနေရတော့ ဒေါသဆိုတဲ့ အ၀ိဇ္ဇာ ဖုံးလာပြီး အကုသိုလ်စိတ်လေး ပြန်တည် လာပြီလေ။ တစ်ခါတစ်ခါမှာ တစ်ချို့ Customer တွေရဲ့ချီးမွမ်းမှု့နဲ့ စကားပြော ချိုသာခြင်း တို့ကြောင့် ကြည်နူး စိတ်လေး ကြောင့်ဖြစ်တည် လာတဲ့ ကုသိုလ်စိတ် လေးဖြစ်တည် လာရပြန်ပါပြီ။
ရုံးဆင်းလို့ အိမ်ကို ပြန်ရောက်တော့ စားသောက်ဖို့ ပြင်ဆင် နေရတယ်လေ၊ တရားမှတ်ပြီး ချက်ဖို့စားဖို့ဆိုတာ ဝေးလေစွ၊ ဘလော့လည်လိုက် ဟင်းချက်လိုက်၊နဲ့ အကုသိုလ်စိတ်ကို မထုတ်နိုင်ပဲ ကွန်ပြူတာနဲ့ အချိန်ကုန် စေခဲ့တယ်။ အမြင်အာရုံ(စက္ခု)ကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ အကြားအာရုံ(သောတ)ကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ အနံ့(ဂန္ဓာ)အာရုံကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ အရသာ(သဒ္ဒါ)အာရုံကြောင့် ဖြစ်ပေါ်လာတဲ့အကုသိုလ် ၊အဆင်း(ရူပါ)အာရုံကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ ထိတွေ့မှု့(ဖောဋ္ဌဗ္ဗာ)ကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ စသည့်စသည့် အာရုံခြောက်ပါး တို့ကပ်ညှိနေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ ဒီလိုတစ်နေ့တာရဲ့ စိတ်ဆိုးစိတ်ညစ် တွေကြောင့် ဖြစ်လာရတဲ့ အကုသိုလ် စိတ်တွေကို ဆေးကြောဖို့ နိဂုံးချုပ်ဖို့ ကမ္မဋ္ဌာန်းတရား ထိုင်ပြီးအဆုံးသတ် လိုက်ပါတယ်။ ဒီတော့ကုသိုလ်စိတ် ဖြစ်သွားတဲ့ ခန္ဓာကိုယ်ဟာလည်း ညတစ်ညကို ကုန်ဆုံးဖို့ အိပ်ရာဝင် ခဲ့ရပြန်ပြီ၊
မက်မက်ရဲ့ အကုသိုလ်နဲ့ ကုသိုလ် ရှင်တွဲနေတဲ့ နေ့တစ်နေ့ ကတော့ ဒီလောက်ပါပဲ။ ကဲ..ဦးဦးတို့တီတီ တို့ရော၊ ဘယ်လိုတွေ ဖြတ်သန်းကြသလဲ ။ လောကီ လူ့ဘောင်မှာ နေနေသ၍ တရားချိန်ခွင်နဲ့ တိုင်းတာရင် ဘယ်အရာမှ အကုသိုလ် ဆိုတာနဲ့ မလွတ်တော့ပါဘူး။ စက္ကန့်တိုင်း စက္ကန့်တိုင်း၊ မိနစ်တိုင်း မိနစ်တိုင်း၊ နာရီတိုင်း နာရီတိုင်း၊ အချိန်တိုင်းဟာ ပြောင်းလဲ နေပါတယ်။ ပြောင်းလဲနေတဲ့ အရာတွေကို ဥာဏ်စဉ် သတိလေးတွေနဲ့ ကပ်ပြီး ၀ိပဿနာ တရား ရူမှတ်ပွားများရင်း နေထိုင်သွား ကြရင်ဖြင့် အပ္ပါယ်တံခါး ပိတ်၍ ချမ်းသာခြင်း အစစ်အမှန်ကို ရရှိကြမှာ မလွဲပါဘူး။
ကဲ..ဦးကောက်ရေ၊ ဒီလောက်နဲ့ပဲ ကျေနပ် ပါတော့နော်။ နောက်လူတွေကိုတော့ တက်ခ်ရခြင်းဝဋ်က လွတ်အောင် ထပ်မတက်ဂ် တော့ပါဘူးနော်... အမယ်အမယ်.. သူ့ကို မတက်ဂ် ခိုင်းတော့ဘူး ဆိုပြီး ကျိတ်ပျော် နေပြီပေါ့၊ ဟုတ်လား :P :P
မက်မက်နော်....
ReplyDeleteတီတီ့ ကိုတည့်တည့်ကြီး ပြောနေသလိုဘဲ..
အ..ဟီးးးးး :P
((((ဦးဦးတို့တီတီ တို့ရော၊ ဘယ်လိုတွေ ဖြတ်သန်းကြသလဲ ။ လောကီ လူ့ဘောင်မှာ နေနေသ၍ တရားချိန်ခွင်နဲ့ တိုင်းတာရင် ဘယ်အရာမှ အကုသိုလ် ဆိုတာနဲ့ မလွတ်တော့ပါဘူး။))))
မီးမီး မလွတ်သေးတာအမှန်ပါချင့်...
ဝန်ခံပါရယ်ချင့်... :P :P :P :P :P
ပုထုဇဉ် လူသားပေမို့၊ တစ်နေ့တစ်နေ့ ကုသိုလ် ထက် အကုသိုလ်က ပိုပိုများများ အလေးသာ လာတယ်ထင်ပါတယ်၊ beer ဗိုက်က ရှေ့ကို တိုးတိုး ထွက်လာလို့လေ .. ..
ReplyDeleteအားပေးလျက်ပါ
http://winzaw-mdy.blogspot.com
တော်ပါပေတယ်
ReplyDeleteအားကျတယ်။
တူမတော်တို.များ တော်ချက်ဗျား ကုသိုလ်နဲ့  အကုသိုလ် ဘက်မျှပြီး ဆွဲယူနိုင်သေးတယ်။ ဦးရီးတော်ကတော့ ချိန်ကြည့် အကုသိုလ်ဘက်က ၂ပိသာခွဲလောက်တော့ အသာလေးရှိမယ် ထင်ပါ့။
ReplyDelete10 Nov 08, 22:33
ReplyDeleteုkom: သေချာဖတ်သွားသည်။ကောင်း၏
ဟုတ်ပါ့ မက်မက်ရေ... အဲဒီလို ကိုယ့်စိတ်ကိုယ် ပြန်ရှုမိတိုင်း ကိုယ့်ဘာသာတော်တော် ပြန်လန့်မိတယ်။ တရားအသိလေးနဲ့ နှလုံးသွင်းတတ် မြင်တတ်တဲ့ ညီမလေးကို ချီးကျူးပါတယ်။ နောင်လည်း ဒီလိုပို့စ်လေးတွေ များများရေးပါဦး။
ReplyDeleteတော်လိုက်တာညီမလေးရယ်-
ReplyDeleteဒီအတွေးမျိုးလေးတွေ
ရင်ထဲရှိနေတာကိုက လေးစားလောက်ပါပြီ။
ဘ၀သံတရာ အရှည်ကြီးကို ဖြတ်တောက်နိုင်မဲ့ ဒီလိုနည်းလမ်းလေးတွေကိုပဲ သုံးတော့ အတူတူလောက်ပဲပေါ့။
ဒီတစ်ခါတော့ ပီတိဖြစ်ရပါတယ် မက်မက်ရေ။
ငယ်ရွယ်သော်လည်း လိမ္မာယဉ်ကျေးသော--
ReplyDeleteတရားတွေကို နားလည်သော---
ဝိပဿနာ ကျင့်တတ်သော--
ဗုဒ္ဓဘာသာဝင်-မြန်မာအမျိုးသမီးကောင်းလေး--တယောက်-ဖြစ်သော--
DREAM ခေါ် မက်မက်--
အောင်မြင်မှု အပေါင်းနဲ့ သရဖူ ဆောင်းနိုင်ပါစေ--
“တစ်နေ့ကိုဘယ်လောက်ရလိုက်သလဲ” ဆိုလို့ ပိုက်ဆံတွေလားလို့ အပြေးအလွှားဖတ်လိုက်တာ။ ဟင်း.. သူ့ပို့စ် ခေါင်းစဉ်ကြောင့် လောဘအကုသိုလ်စိတ်ကြီး အလုံးလိုက်ဝင်သွားပြီ။ :P
ReplyDeleteသိပ်ကောင်းတဲ့ ပို့စ်ကလေးနော်။ မက်မက်ကိုတော့ အထင်ကြီးသွားပြီ။ ကော်ဖီတိုက်တော့။
စိတ်ရဲ့ ဖြစ်ပျက်စဉ်ကို စောင့်ကြည့်တဲ့ အလုပ်နဲ့ စိတ်ရဲ့ ဖြစ်ပျက်စဉ်တွေဟာ အကုသိုလ်လား၊ ကုသိုလ်လားဆိုတာကို ခွဲခြမ်းစိတ်ဖြာခြင်း အလုပ်ဟာ သိပ်ကို ခက်ခဲလှပါတယ်။ တူမလေး အခုလို စောင့်ကြည့်ပြီး ပြောပြနိုင်ခြင်းကို အထူးလေးစားချီးကျူး မိပါတယ်၊ သာဓုလည်း ခေါ်မိပါတယ်။ သာဓု၊ သာဓု၊ သာဓုပါ ခင်ဗျာ ... ။
ReplyDeleteခင်မင်လေးစားမှုများစွာဖြင့်
ဟူးးးးး
ReplyDeleteမက်မက် တော်တယ်ကွယ်
တီတီပယဲကတော့ အိမ်တွင်းပုန်းဆိုပေမယ့်
အကုသိုလ်ဆိုတာရော ကုသိုလ်ဆိုတာပါ
တစ်နေ့မှမဟုတ် အသက်ရှင်နေသရွေ့ရှိနေမှာပါ
မက်မက်ပို့စ်လေးဖတ်တုန်းတော့ ကုသိုလ်ရနေမှာပါ
ကုသိုလ်တွေကိုဆက်လက်ပြုနိုင်ပါစေ
အကုသိုလ်ဆိုတာကိုလည်းအသိမပျောက် ဖျောက်နိုင်ပါစေ
တီတီပယဲဖတ်သွားတယ်နော်
မက်မက်ရေ ကျွန်တော်ကတော့ တစ်နေ့ကို ပန်းဂံဆေးတာ နှစ်ဆယ်ရတယ်။
ReplyDeleteငါဟာ အကုသိုလ်ကောင်ကြီးပါလားနော်
ReplyDeleteရုပ်ခန္ဓာ နာကျင်ခြင်းမှ စိတ်နာကျင်ခြင်းဘက် မကူးရအောင် ဒေါသ ဆိုတဲ့ အ၀ိဇ္ဖာကို ဥာဏ်စဉ်နဲ့ အမြန်မှတ်တော့ ကုသိုလ်စိတ်လေးအဖြစ် ပြန်ပြောင်းသွားတယ်။.......
ReplyDeleteတော်တယ်ဗျာ။သာဓုပါဗျာ
ရွှင်လန်းချမ်းမြေ့ပါစေညီမလေးရေ
ReplyDeleteသောတပန်တည်ပါစေကွယ်
မက်မက်ရေ...
ReplyDeleteတော်တော်လုပ်နိုင်တာပဲနော်...
ချီးကျူးပါတယ်...
သာဓုခေါ်ပါတယ်... :)
ညီမလေးတော်တယ် ..ရေးထားတာလေးက
ReplyDeleteတကယ်ချီးကျုးစရာပဲ။
လိမ္မာတယ်..အာဝါးးးးးးးးးးးးးး
မြန်မြန်နေကောင်းပါစေနော်။
ချစ်တဲ့
တီဝါ
အားလုံးကချီးကျူးပေမဲ့ငါကတော့အပြစ်ပဲရှာပြောရမယ်ဟ။
ReplyDeleteဟဲဟဲ။ဘာလို့လည်းဆိုတော့အားနည်းတဲ့ဖက်နေအားပေးတာ
လေနော့်။နင့်ထဲမှာရေးထားတယ်နော်။သူများချီးကျူးလို့
ပီတိဖြစ်နေတာဟာ ကုသိုလ်တော့ဟုတ်ချင်ဟုတ်မယ်။
လောဘပါတဲ့ကုသိုလ်လေးဆိုတာပါ။စိတ်မဆိုးပါနဲ့။
သည်းခံ။ကုသိုလ်တစ်နော်။
ဟား ရေးတတ် သိတတ်လိုက်တာ အန်တီဒွင်းရယ်
ReplyDeleteအများကြီး အများကြီး လေးစားသွားပြီ
တစ်ကယ်
တွေ့ရင် မုန့်ကို လိုက်ကျွေးဦးမှာ :P
ကုသိုလ်စိတ်လေး ဖြစ်သွားပြီနော် အဟဲ
အိမ်တို့ကတော့ အိမ်ခေါ်နာမည်ကိုက အကုသိုလ်ကောင်
ReplyDeleteတဲ့
အရေးအသား တွေကောင်းပါတယ်...ချီးကျူးမိပါတယ် ၊ လေးစားမိပါတယ်... ဒါပေမယ့် Web Page ကိုမြင်တော့ ကျွန်တော့် စိတ်ထဲမှာ တစ်ခုခုခံစားရတယ် ။ အဲဒါ ဘာလဲဆိုတော့ အမျိုးသမီးက ဘုရားပုံတော်အထက်မှာ ရောက်နေတယ်...ဘုရားဆိုတာ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်လို့ ကျွန်တော်ထင်တယ်လေ ...အနိုင်းမဲ့ပေါ့..
ReplyDeleteကျွန်တော်စိတ်နဲ့ ကျွန်တော်တော့အဲလိုခံစားရတာပေါ့ ..ဆိုင်လားမဆိုင်လားတော့မသိဘူးနော် ..
အားလုံးအတွက်ကျေးဇူးတင်ပါတယ်..
အောင်မြင်ပါစေ လို့ဆုမွန်ကောင်းတောင်းပါတယ်