Subscribe:

Friday, November 7, 2008

ကိုယ့်ဘ၀နဲ့ကိုယ်၊မင်းဘ၀နဲ့မင်း

ဟိုးရှေးရှေးတုန်းကတဲ့ ခင်ပွန်းဖြစ်သူက တစ်နေကုန် အလုပ်လုပ် နေရတော့ ဇနီးဖြစ်သူက အိမ်မှာပဲ ကျန်ခဲ့တာကို ယောက်ျားဖြစ်သူက မကျေမနပ်ဘူးတဲ့။ ဒါကြောင့် သူဘယ်လောက် ပင်ပန်းတယ် ဆိုတာကို သူ့မိန်းမဖြစ်ကို သူသိစေချင်တယ်။ တစ်နေ့ယောင်္ကျား ဖြစ်သူက ဘုရားသခင်ဆီမှာ ဆုတောင်းတယ်။်ဘုရားသခင် ၊ကျွန်တော်မျိုးက အလုပ်ကို နေ့တိုင်းသွားလုပ်ရပြီး တစ်နေ့ကို အလုပ်ချိန် ၈နာရီ ကြာမြင့်အောင် ပင်ပင်ပန်းပန်း အလုပ်လုပ် နေရချိန်မှာ ကျွန်တော်မျိုးရဲ့ ဇနီးဖြစ် သူကတော့ အိမ်မှာ မပူမပင်နဲ့ နေနေရတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ နှစ်ယောက်၏ ခန္ဓာကိုယ်ကို တစ်ရက်လောက် ဖြစ်ဖြစ်ပြောင်းလဲ ပေးပါလို့ ဆုတောင်း လိုက်လေသည်။ ယောက်ျားဖြစ်သူရဲ့ တောင်းဆုကြောင့် နောက်နေ့မှာ ယောင်္ကျားလုပ်သူက မိန်းမဖြစ်သွားပြီး မိန်းမလုပ်သူက ယောင်္ကျားအဖြစ် ပြောင်းလဲသွားတယ်တဲ့။

မိန်းမဘ၀ ရောက်သွားတော့ မနက်အိပ်ရာ စောစောထ၊ အိမ်သားတွေအတွက် မနက်စာ ပြင်ဆင်၊ ကလေးတွေကို ကျောင်းသွားဖို့နိုး၊ သူတို့အတွက် ကျောင်းဝတ်စုံ ၀တ်ပေး ၊ပြီးရင်သူတို့တွေကို မနက်စာကျွေး၊ ကျောင်းမှာ အစာစားဖို့ အတွက်ထမင်းဘူး ပြင်ဆင်ပေး၊ ပြီးရင်ကလေးတွေကို ကျောင်းကိုလိုက်ပို့၊ အိမ်ကို ပြန်ရောက်တော့ ကလေးတွေ ၀တ်ခဲ့တဲ့ အ၀တ်အစားကို လျှော်ဖို့ ဒိုဘီိပို့၊ တစ်ခါတည်း ဘဏ်ကိုဝင်ငွေထုတ်၊ လိုအပ်တာတွေ အတွက်ဈေးဝယ်။ ပြီးရင်အိမ်ကိုပြန်လာ၊ ၀ယ်လာတဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူထား၊ ပေးစရာရှိတဲ့ ဘေလ်တွေဆောင်၊ လက်ကျန်ငွေကိုစစ်၊ စာရင်းဇယားလုပ် ၊ပြီးတာနဲ့ တိုလီမုတ်စတွေကို သန့်ရှင်းရေးလုပ် ၊ အိမ်မှာ မွေးထားတဲ့ ခွေးကို ရေချိုးပေး၊ နာရီကြည့် လိုက်တော့ နေ့လည်1နာရီ လောက်ရှိနေပြီ၊ အိပ်ခန်းကို သန့်ရှင်းရေးလုပ်၊ လျှော်စရာ ရှိတာကိုလျှော်၊ တံမျက်စည်းလှဲ၊ ကြမ်းတိုက်၊ မီးဖိုဆောင်ကို သန့်ရှင်းရေးလုပ်၊ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ ကလေးတွေကို ကျောင်းသွားကြို၊ ကလေးတွေနဲ့ အငြင်းအခုန် လုပ်တမ်း တစ်လမ်းလုံး အိမ်ရောက်တဲ့ အထိကစား လာခဲ့တယ်။ အိမ်ရောက်ရင် သူတို့အတွက် နွားနို့နဲ့မုန့် ကျွေးပြီး သူတို့နဲ့ အိမ်စာလုပ်တာကို ထိုင်စောင့်ပေးရတယ်။ အဲလိုထိုင်စောင့်ရင်းနဲ့ မီးပူတိုက်ရတယ်၊ မီးပူတိုက်ရင်းနဲ့ တီဗီကြည့်၊ ဒီလိုနဲ့ ညနေ43း0လောက်မှာ ညစာအတွက် အသုပ်လုပ်ဖို့ လိုအပ်တဲ့ ခရမ်းချဉ်သီး၊ အရွက်တွေနဲ့ ၀က်သားကို ရေဆေး၊ပြီးရင် ညနေစာ ပြင်ဆင်ချက်ပြုတ်၊ ညလယ်စာ အတွက်လည်း ပေါက်ပေါက်ဆုတ် လုပ်ထားရသေးတယ်။ အားလုံးပြီးတော့ ညနေစာစား၊ စားပြီးထား ပန်းကန်ဆေး၊ အ၀တ်လှန်းထားတာတွေရုတ်၊ အ၀တ်ခေါက် ၊ပြီးတာနဲ့ ကလေးတွေကို ရေချိုးပေး၊ ပြီးတော့ ကလေးတွေကို အိပ်ရာထဲမှာ ချော့သိပ်၊ ဒီလိုနဲ့ည9.30လောက် လူလည်း တော်တော် ပင်ပန်းနေပြီ၊ဒါတောင် အိမ်မှုကိစ္စတွေက မပြီးသေးဘူး။

ဒီလိုနဲ့ သူလည်း ဖတ်ဖတ်မောပြီး ပန်းနေတာကြောင့် သူ့ကြင်ယာနဲ့ အတူတူ အိပ်ရာဝင် ခဲ့တယ်လေ။ နောက်တနေ့ နံနက်မှာ သူ့ဘ၀ကို ချက်ချင်းပြန် သတိရသွားပြီး ဘုရားသခင်ကို ဒူးထောက် ငိုကြွေးပြီး ပြောတာပေါ့။ အို...ဘုရားသခင်၊ ကျွန်တော်မျိုး အမှားကြီးမှား ခဲ့လေသည်။ ဇနီးသည်ကို နေ့တိုင်းအိမ်မှာ အေးအေးဆေးဆေး နေရတယ်ဆိုပြီး အရမ်းအားကျ ခဲ့မိပါတယ်၊ ဒါကြောင့် သူလိုနေချင်၍ မှားယွင်းစွာ ကြံစည်မိပါတယ်။ ညှာတာခွင့်လွတ်သော အားဖြင့် ကျွန်တော်မျိုး၏ ဘ၀အမှန်ကို ပြန်ပေးသနား တော်မူပါ၊ လို့တောင်းဆိုလေသည်။

ဘုရားသခင် ကလည်း ငါ့သား၊ မင်းလည်း သင်ခန်းစာ ရနေလောက်ပြီ လို့သိတော်မူတယ်၊ အကယ်၍ မင်းဘ၀အမှန်ကို မင်းပြန်လိုချင်ရင်တော့ ငါကိုယ်တော် ပြန်လည်ပြောင်းလဲ ပေးပါ့မယ်။ ဒါပေမယ့် နောက်၉လစောင့်ပါ။ မနေ့ညကစပြီး မင်းမှာ ကိုယ်ဝန် တည်နေပြီလို့ ပြောလိုက်လေသည်။

ကိုယ့်ဘ၀နဲ့ကိုယ်သာ~~~~ရှိပါစေတော့~~~ရှိပါစေတော့လေ~~~ ဟဲဟဲ...စိုးစန္ဒာထွန်း သီချင်းနဲ့ ရောကုန်ပြီ... ဟီးဟိ... :P :P

ကဲ..ဦးဦးတို့ရေ..တစ်ကယ်တော့ အိမ်ထောင်ရှင် မိန်းကလေးတွေရဲ့ ဘ၀မှာ အိမ်မှုကိစ္စ ဘယ်လောက်တောင် အလုပ်များ သလဲဆိုတာ သိပြီလား။ ဒါကြောင့် အဲဒီပုံပြင် ထဲကလို
အားကျပြီး မိန်းမဘ၀ကို လိုက်မပြောင်းနဲ့နော်။ အဲလို အလုပ်များနေတဲ့ ကိုယ့်အိမ်ထောင်ဖက်ကို စာနာရင် ကူညီပါ။ အိမ်ထောင်ရှင် အမျိုးသမီးတွေ ဘယ်လောက် ပင်ပန်းလဲဆိုတာ ခုတော့ သိပြီလား။ :P

English joke ကိုမတောက်တခေါက် ပညာလေးနဲ့ ဆီလျော်အောင် ဘာသာပြန် ရေးပေးတာပါ။ အမှားရှိခဲ့ရင် နားလည်ပေးပါ။
:)

13 comments:

  1. ဟုတ်ကဲ့ ဒိပါပီ၊ လိုက်မပြောင်းနိုင်ပါဘူး၊ ကြောက်တယ် .. .. တစ်ညထဲနဲ့ (၉)လတောင် စောင့်ရမယ်၊ ဒေပီဆြာ .. .. ..

    အားပေးလျက်ပါ
ံhttp://winzaw-mdy.blogspot.com

    ReplyDelete
  2. ဂျောက်ဒယ်
    ပြောင်းဘူး။
    သိသေးဘူး။

    ReplyDelete
  3. ခံပေါ့နော့် ကိုယ်ဝန်ရှိသွားပြီတဲ့... အဟဲ
    ဘာသာပြန်လေးကောင်း၏
    အမျိုးသမီးအလုပ်လေးကိုဖော်ပြထားလို့ကျေးဇူးကွယ် တခါတလေတော့လဲအဲဒီအလုပ်တွေကပျော်စရာကောင်းသလို တခါတခါတော့လဲကောင်းဝူး
    ဘာပဲဖြစ်ဖြစ်မက်မက်ကိုတော့အားပေးသွားပြီ
    ကျေးဇူးနော် :D

    ReplyDelete
  4. ဟားဟား နှိပ်တယ်ဟ
    လုပ်ရဲဘူး

    ReplyDelete
  5. မကြံကောင်း မစည်ရာ သွားလုပ်တာကိုး နဲတောင် နဲသေး
    တယ်။ :D မှတ်သားလောက်ပါပေတယ် ။ မှတ်သွားပြီ ။ :P

    ReplyDelete
  6. ဟဟား မက်မက်ကတော့လေ လုပ်ချလိုက်ပြန်ပြီ..
    ဟီးဟီး.. ရယ်ရတယ်... (၉) လနဲ့ မရဘူး မွေးပြီးရင် နို့တိုက်ရဦးမှာ (၃) နှစ်လောက်တော့ နေလေတော့.. :P

    ဦးနော်၊ တီတီငယ်၊ ကယေးယေး

    ReplyDelete
  7. အောင်မယ်....အောင်မယ် .... ဆင်သေကို ဆိတ်သားရေနဲ့ဖုံးဖို့ကြိုးစားတာပေါ့လေ။
    ထားပါ.... ပြောနေရင် စကားရှည်တယ်
    ဆိုးပါဘူး ဘာသာပြန်ထားတာလေး။
    ဒါနဲ့ တညထဲနဲ့ ဘယ်လိုကိုယ်ဝန်ရသွားတာလဲ
    ဟင်။
    အိမ်ကတော့ အဲဒီမိန်းမကို ဒေါ်မျိုးအောင်လို့ နာမည်ပေးလိုက်တယ်ဗျို့

    ReplyDelete
  8. တစ်ခါမှ စိတ်မကူးမိပါဘူးဗျာ... လူပြိုကြီး အဲအဲ လူပျိုကြီးဆိုတော့ အိမ်မှုကိစ္စတွေ ရှုပ်မှန်းနားလည်ပါတယ်ဗျာ... နောက်ပြီးကြောက်လဲကြောက်ပါတယ်...တော်ကြာ

    ReplyDelete
  9. ဟီးဟီး ကောင်းတယ် ၃မွှာပူးမွေးခိုင်းနော် မက်မက် .. ဒုတိယ ပိုင်းရေးပြီး :P

    ReplyDelete
  10. တော်ပါပေ့မက်မက်ရယ်-
    --------------------------
    ဦးဦးတိန်ကထုံတော့ တစ်ခုလောက်သိချင်တယ်
    အိမ်ထောင်ရှင်မတွေ အလုပ်များလား မများလားမသိပေမဲ့ အလုပ်အားတာနဲ့ဘာတွေလုပ်ကြလဲဟင်
    ငှဲ ငှဲ ငှဲ......

    ReplyDelete
  11. အဟဲ ပြည်ပရောက် ယောက်ကျားလေးတွေကို အထင်မသေးနဲ့နော် .. အားလုံးက အိမ်ရှင်မလိုပဲ နေရတာခင်ဗျ အဟဲ ..
    ရှေ့ကြည့်လည်း ကိုယ်ပဲ နောက်ကြည့်လည်း ကိုယ်ပဲ..
    ဘာပဲပြောပြော မိန်းမတော့ ဖြစ်ချင်ဘူး ..
    တွေးကြည့်တာနဲ့တင် ကျောချမ်းတယ် :P :P

    ReplyDelete
  12. ဟားဟား ရယ်ရတယ်။ အဲ ...
    နဂိုကတည်းက သိနေလို့၊ စိတ်ကူးနဲ့တောင် ယောင်လို့ မတွေး။ ပကတိအတိုင်းလေးပဲ ကောင်းပါတယ်နော်၊ ဦးဦးကြောက်ကြောက် ... ။ :D

    ReplyDelete
  13. ပြောင်းဖို့ လည်း လွယ်တာမှတ်လို့  ယားဒယိုးကို ပိုက်ပိုက်အကုန်ခံပြီး သွားရဦးမှာ။ အနော်ကတော့ ပြောင်းရဲပေါင်ဗျာ။ တားတားကြောက်ကြောက်။ ဟီး

    ReplyDelete